Accessibility links

Breaking News

၂၀၂၃ ခုနှစ် အမေရိကန်လွတ်လပ်ရေးနေ့


Independence Day fireworks celebration in Washington
Independence Day fireworks celebration in Washington

ဒီနေ့မှာအမေရိကန်ပြည်ထောင်စု တည်ထောင်ခြင်း ၂၄၇ နှစ်မြောက် နှစ်ပတ်လည်ကို အမေရိကန်နိုင်ငံသားတွေ ကျင်းပနေကြပါတယ်။

၁၇၇၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ မြောက်အမေရိက ကိုလိုနီခေတ် အစိုးရ ၁၃ ခုရဲ့ အုပ်ချုပ်မှု အဖွဲ့ဟာ လွတ်လပ်ရေးကြေငြာစာတမ်းရဲ့ အဆုံးသတ် ပြင်ဆင်ရေးသားချက်ကို အတည်ပြုခဲ့ ကြပါတယ်။

ဒီလုပ်ဆောင်ချက်ကြောင့် အနာဂတ် ပြည်နယ် ၁၃ ခုဟာ ဗြိတိသျှအင်ပါယာကနေ လွတ်လပ်ရေး ရယူကြောင်း ကမ္ဘာကို အသိပေးကြေညာခဲ့ကြပါတယ်။

လွတ်လပ်ရေးကြေညာစာတမ်းဟာ ကိုလိုနီနယ်ချဲ့သူတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို တွန်းလှန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့မှုရဲ့ အထွတ်အထိပ် အောင်ပွဲ ဖြစ်ပါတယ်။


“အမေရိကဟာ အမြဲတမ်း ဖြစ်ပေါ် လှုပ်ရှား အမြဲတမ်း တိုးတက်နေတာပါ။ ဒါက ကျွန်တော်တို့ နိုင်ငံရဲ့ အသက်သွေးကြောအတွက် အဓိကကျတဲ့ စကားလုံး၊ သော့ချက်ကျတဲ့ အယူအဆ၊ အဓိကကျတဲ့ မှတ်ချက် သတင်းစကားပါ။ ဒါက တိုးတက်မှု၊ ရှေ့သို့ ရွေ့လျားနေမှု၊ ဖြစ်နိုင်သမျှအားလုံး ဖန်တီးပေးမှုနဲ့ ကတိကဝတ်တွေကို ဖြည့်စွမ်းပေးနိုင်မှုတွေပါ။ "

"ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အမြဲတမ်း အာမခံချက်ရှိမနေဘူးဆိုတာနဲ့ ကျွန်တော်တို့ရဲ့ဘဝပုံစံနဲ့ ပတ်သက်ပြီး ဘာအာမခံချက်မှ မရှိဘူးဆိုတာကို ကျွန်တော်တို့ နေ့တိုင်း သတိပေးနေဖို့လိုပါတယ်။"

၂၀၂၃ ခုနှစ် အမေရိကန်လွတ်လပ်ရေးနေ့
please wait

No media source currently available

0:00 0:02:58 0:00

"ကျွန်တော်တို့ ဒီ့အတွက် တိုက်ပွဲဝင်ရမယ်၊ ကာကွယ်ရမယ်၊ ဒါနဲ့ ထိုက်တန်ဖို့ အလုပ်တွေ လုပ်ပြီး ရအောင်ယူရပါမယ်။"

“ဒီနေ့ဟာ ကျွန်တော်တို့ကို ဟိုးအရင် နှစ်ကာလကြာရှည်ကတည်းက ဘယ်အရာတွေက ပေါင်းစည်းပေးခဲ့လဲ၊ ကျွန်တော်တို့ကို ဘယ်အရာတွေက အတူတကွ စုစည်း ချည်နှောင်ထားခဲ့လဲ ဆိုတာနဲ့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး အနေအထားနဲ့ ဘယ်အရာတွေ အတွက် အစွမ်းကုန် ကြိုးစား တိုက်ပွဲဝင်ခဲ့လဲ ဆိုတာကို သတိရစေပါတယ်။”

“ဒါက ‘ကျွန်တော်တို့ ပြည်သူတွေပါ’။ ဒီစကားလုံးဟာ အမေရိကန်ပြည်ထောင်စုမှာ အနှစ်မပါတဲ့ အကာသက်သက် စကားတခွန်းတော့ မဟုတ်ပါဘူး။”

"ကျွန်တော်တို့ ပြည်သူအားလုံးဟာ အမေရိကပြည်ထောင်စုရဲ့ အယူအဆ၊ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှု ရင်းခံအကြောင်းကြီးတွေက ကျွန်တော်တို့ရဲ့ ခေတ်ကာလ ကွဲပြားခြားနားနေမှုတွေကို ရှင်သန်ကျော်လွှားနိုင်ကြောင်း သေချာစေဖို့ရာ ကျွန်တော်တို့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်နေပါတယ်။ ဒါဟာ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ အနာဂတ် ထွန်းလင်းဖို့ရာလည်း နေရောင်လို တောက်ပနေမှာ ဖြစ်ပါတယ်။”

XS
SM
MD
LG