Accessibility links

Breaking News

တရုတ္ရဲ႕ ျပည္တြင္း ျပည္ပ အၾကပ္ကိုင္ၿခိမ္းေျခာက္မႈမ်ား


Đại hội 19 của Đảng Cộng sản Trung Quốc, ngày 24/10/2017.
Đại hội 19 của Đảng Cộng sản Trung Quốc, ngày 24/10/2017.

{{Zawgyi/Unicode}}

CCP တရုတ္ကြန္ျမဴ နစ္ပါတီဟာ မာ့က္စ္-လီနင္ဝါဒ အေတြးအေခၚေတြကို ကမၻာတဝန္းလႊမ္းမိုး ျပန္႔ႏွံ႔ ေအာင္ သြတ္သြင္းဖို႔ ႀကံစည္ေနတာ ကာလအေတာ္ၾကာေနပါၿပီလို႔ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပလိုက္ပါတယ္။ အဲဒီထဲက CCP ရဲ႕ နည္းလမ္းတခုကေတာ့ ျပည္တြင္းနဲ႔ ႏိုင္ငံရပ္ျခားမွာ ဝါဒျဖန္႔ခ်ီေရးနဲ႔ အၾကပ္ကိုင္တဲ့နည္းလမ္းေတြအတြက္ ရန္ပံုေငြပံ့ပိုးေပးေနတဲ့ အစိုးရဌာနတခုျဖစ္တဲ့ ညီညြတ္ေသာတပ္ဦးဌာနက တဆင့္ ေဆာင္ရြက္ေနတာျဖစ္ပါတယ္။

အသိပညာရွင္ေတြ၊ စီးပြားေရးသမားေတြ၊ လူထုအေျချပဳအဖြဲ႔အစည္းေတြ၊ ျပည္ပေရာက္တရုတ္အသိုင္းအဝိုင္းေတြ၊ ရွင္ဂ်န္း၊ တိဗက္နဲ႔ တရုတ္ႏိုင္ငံရဲ႕ တျခားေဒသေတြမွာ လူ႔အခြင့္အေရး ဆိုးဆိုးဝါးဝါးခ်ိဳးေဖါက္တာေတြကို ဆန္႔က်င္ေဝဖန္သူေတြကို တရုတ္ညီညြတ္ေသာတပ္ဦးက မၾကာခဏ ၿခိမ္းေျခာက္အၾကပ္ကိုင္တာေတြ လုပ္ေနတယ္လို႔ ဝန္ႀကီး Pompeo က ေထာက္ျပပါတယ္။

ပါတီရဲ႕ အက်ိဳးစီးပြားကို ဆန္႔က်င္တယ္လို႔ သူတို႔ ရႈျမင္ရင္၊ အဲဒီလူတဦးခ်င္းစီကို CCP ရဲ႕ ဖိႏွိပ္အၾကပ္ကိုင္တဲ့ နည္းဗ်ဴ ဟာနဲ႔ ပစ္မွတ္ထားတာျဖစ္ပါတယ္။ သူတို႔ ပစ္မွတ္ထားသူ တဦးခ်င္းစီကိုေရာ၊ မိသားစုေတြပါမက်န္၊ Doxing လို႔ေခၚတဲ့ ကိုယ္ေရးအခ်က္အလက္ အေသးစိတ္ေတြကို Online မွာ တင္ၿပီး ႏိုင္ငံေရးအၾကပ္ကိုင္တဲ့အေနနဲ႔ ျခိမ္းေျခာက္တဲ့ နည္းဗ်ဴ ဟာေတြ ပါဝင္ပါတယ္။

ဒီလို ၿခိမ္းေျခာက္အၾကပ္ကိုင္တာေတြကို ဟန္႔တားတဲ႔ ႀကိဳးပမ္းမႈ တရပ္ကေတာ့ တာဝန္ရွိသူေတြကို အေရးယူဒဏ္ခတ္လိုက္တာျဖစ္တယ္လို႔ ဝန္ႀကီး Pompeo က ဆိုပါတယ္။ ျပည္တြင္းႏိုင္ငံေရးလႈပ္ရွားသူေတြ၊ အသိပညာရွင္၊ အတတ္ပညာရွင္ေတြရဲ႕ လြတ္လပ္ခြင့္၊ ကိုယ္ေရးကိုယ္တာလြတ္လပ္ခြင့္၊ သို႔မဟုတ္ စီးပြားေရးလုပ္ငန္းေတြကို အလြန္အကၽြံစြက္ဖက္တာ၊ ဖ်က္လိုဖ်က္ဆီးလုပ္တာ၊ ေထာက္လွမ္းတာ၊ ကိုယ္ေရးအခ်က္အလက္ေတြ ခိုးယူ ထုတ္ျပန္တာေတြနဲ႔ ကိုယ္ထိလက္ေရာက္အၾကမ္းဖက္ ၿခိမ္းေျခာက္တာေတြလုပ္ေနတဲ့ ညီညြတ္ေသာတပ္ဦးအပါအဝင္၊တရုတ္ျပည္သူ႔သမၼတႏိုင္ငံနဲ႔ ကြန္ျမဴ နစ္ပါတီ တာဝန္ရွိသူေတြကို အေမရိကန္လူဝင္မႈ ႀကီးၾကပ္ေရးနဲ႔ အမ်ိဳးသားအက္ဥပေဒအရ ျပည္ဝင္ခြင့္ဗီဇာ ပိတ္ပင္လိုက္တာျဖစ္ပါတယ္။

CCP ရဲ႕ အာဏာရွင္မူဝါဒေတြ ပိုၿပီး တန္ခိုးထြားေစဖို႔၊ အေမရိကန္ျပည္ေထာင္စုနဲ႕ တျခားႏိုင္ငံေတြမွာရွိတဲ့ တရုတ္အသိုင္းအဝိုင္း၊ ပညာရွင္ေတြနဲ႔ လူထုအေျချပဳအဖြဲ႔အစည္းေတြ၊ ေဒသခံ နဲ႔ ေဒသတြင္း ေခါင္းေဆာင္ေတြကို အၾကပ္ကိုင္၊ ၿခိမ္းေျခာက္တာနဲ႔ သူတို႔ ဝါဒျဖန္႔ဖို႔ ေစခိုင္းတာေတြအတြက္ ရည္ရြယ္တာျဖစ္ပါတယ္။

ႏိုင္ငံတကာစံႏႈန္းေတြကို ခ်ိဳးေဖါက္တဲ့ လုပ္ရပ္ေတြအတြက္ တာဝန္ရွိသူေတြကို အေမရိကန္ျပည္ေထာင္စုက လက္မခံဘဲ၊ သူတို႔ကို ျပည္ဝင္ခြင့္ပိတ္ပင္တာမ်ိဳးနဲ႔ ျပတ္ျပတ္သားသား ဆက္ၿပီးအေရးယူသြားမွာျဖစ္တယ္လို႔ ဝန္ႀကီး Pompeo ကေၾကညာလိုက္ပါတယ္။

တရုတ္ျပည္သူ႔သမၼတႏိုင္ငံအေနနဲ႔ လြတ္လပ္စြာထုတ္ေဖၚေျပာဆိုခြင့္ကို ဖိႏွိပ္တဲ့ အၾကပ္ကိုင္ ၿခိမ္းေျခာက္တဲ့ နည္းဗ်ဴ ဟာေတြ အသံုးခ်ေနတာကို ရပ္တန္းကရပ္ဖို႔ အေမရိကန္ျပည္ေထာင္စုက ေတာင္းဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

............................................

{{Unicode}}

CCP တရုတ်ကွန်မြူ နစ်ပါတီဟာ မာ့က်စ်-လီနင်ဝါဒ အတွေးအခေါ်တွေကို ကမ္ဘာတဝန်းလွှမ်းမိုး ပြန့်နှံ့ အောင် သွတ်သွင်းဖို့ ကြံစည်နေတာ ကာလအတော်ကြာနေပါပြီလို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြလိုက်ပါတယ်။ အဲဒီထဲက CCP ရဲ့ နည်းလမ်းတခုကတော့ ပြည်တွင်းနဲ့ နိုင်ငံရပ်ခြားမှာ ဝါဒဖြန့်ချီရေးနဲ့ အကြပ်ကိုင်တဲ့နည်းလမ်းတွေအတွက် ရန်ပုံငွေပံ့ပိုးပေးနေတဲ့ အစိုးရဌာနတခုဖြစ်တဲ့ ညီညွတ်သောတပ်ဦးဌာနက တဆင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။

အသိပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ ပြည်ပရောက်တရုတ်အသိုင်းအဝိုင်းတွေ၊ ရှင်ဂျန်း၊ တိဗက်နဲ့ တရုတ်နိုင်ငံရဲ့ တခြားဒေသတွေမှာ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါးချိုးဖေါက်တာတွေကို ဆန့်ကျင်ဝေဖန်သူတွေကို တရုတ်ညီညွတ်သောတပ်ဦးက မကြာခဏ ခြိမ်းခြောက်အကြပ်ကိုင်တာတွေ လုပ်နေတယ်လို့ ဝန်ကြီး Pompeo က ထောက်ပြပါတယ်။

ပါတီရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တယ်လို့ သူတို့ ရှုမြင်ရင်၊ အဲဒီလူတဦးချင်းစီကို CCP ရဲ့ ဖိနှိပ်အကြပ်ကိုင်တဲ့ နည်းဗျူ ဟာနဲ့ ပစ်မှတ်ထားတာဖြစ်ပါတယ်။ သူတို့ ပစ်မှတ်ထားသူ တဦးချင်းစီကိုရော၊ မိသားစုတွေပါမကျန်၊ Doxing လို့ခေါ်တဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်တွေကို Online မှာ တင်ပြီး နိုင်ငံရေးအကြပ်ကိုင်တဲ့အနေနဲ့ ခြိမ်းခြောက်တဲ့ နည်းဗျူ ဟာတွေ ပါဝင်ပါတယ်။

ဒီလို ခြိမ်းခြောက်အကြပ်ကိုင်တာတွေကို ဟန့်တားတဲ့ ကြိုးပမ်းမှု တရပ်ကတော့ တာဝန်ရှိသူတွေကို အရေးယူဒဏ်ခတ်လိုက်တာဖြစ်တယ်လို့ ဝန်ကြီး Pompeo က ဆိုပါတယ်။ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားသူတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ လွတ်လပ်ခွင့်၊ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်၊ သို့မဟုတ် စီးပွားရေးလုပ်ငန်းတွေကို အလွန်အကျွံစွက်ဖက်တာ၊ ဖျက်လိုဖျက်ဆီးလုပ်တာ၊ ထောက်လှမ်းတာ၊ ကိုယ်ရေးအချက်အလက်တွေ ခိုးယူ ထုတ်ပြန်တာတွေနဲ့ ကိုယ်ထိလက်ရောက်အကြမ်းဖက် ခြိမ်းခြောက်တာတွေလုပ်နေတဲ့ ညီညွတ်သောတပ်ဦးအပါအဝင်၊တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ကွန်မြူ နစ်ပါတီ တာဝန်ရှိသူတွေကို အမေရိကန်လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသားအက်ဥပဒေအရ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

CCP ရဲ့ အာဏာရှင်မူဝါဒတွေ ပိုပြီး တန်ခိုးထွားစေဖို့၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေမှာရှိတဲ့ တရုတ်အသိုင်းအဝိုင်း၊ ပညာရှင်တွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ ဒေသခံ နဲ့ ဒေသတွင်း ခေါင်းဆောင်တွေကို အကြပ်ကိုင်၊ ခြိမ်းခြောက်တာနဲ့ သူတို့ ဝါဒဖြန့်ဖို့ စေခိုင်းတာတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။

နိုင်ငံတကာစံနှုန်းတွေကို ချိုးဖေါက်တဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိသူတွေကို အမေရိကန်ပြည်ထောင်စုက လက်မခံဘဲ၊ သူတို့ကို ပြည်ဝင်ခွင့်ပိတ်ပင်တာမျိုးနဲ့ ပြတ်ပြတ်သားသား ဆက်ပြီးအရေးယူသွားမှာဖြစ်တယ်လို့ ဝန်ကြီး Pompeo ကကြေညာလိုက်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ဖိနှိပ်တဲ့ အကြပ်ကိုင် ခြိမ်းခြောက်တဲ့ နည်းဗျူ ဟာတွေ အသုံးချနေတာကို ရပ်တန်းကရပ်ဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG