Accessibility links

Breaking News

လူကုန်ကူးမှုတိုက်ဖျက်ရေး (အမေရိကန်အစိုးရအာဘော်)


EU-CANDIDATES/TRAFFICKING
EU-CANDIDATES/TRAFFICKING

လူကုန်ကူးမှု တားဆီးရေးနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထိုနီ ဘလင်ကန် ပြောတာက “လူကုန်ကူးမှုဆိုတာ လူတဦးချင်းစီရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တဲ့ ကိုယ်ပိုင်ဘဝနဲ့ အလုပ်တွေ အပေါ် ဆုံးဖြတ် လုပ်ပိုင်နိုင်ခွင့် ချိုးဖောက်ခံရခြင်း” ဖြစ်တယ်လို့ ဆိုပါတယ်။

“မျက်မှောက်ခေတ်မှာ ကမ္ဘာတဝန်းက လူပေါင်း ၂၇ သန်းကျော်ဟာ ဒီအခွင့်အရေးကို ငြင်းပယ်ခံနေရပါတယ်။”

"လူကုန်ကူးခံရမှုဟာ အချိုးမညီမမျှစွာနဲ့ပဲ အစဉ်အလာအရ ခွဲခြား ဖယ်ကျဥ် ခံရသူတွေ အပေါ် ထိခိုက် သက်ရောက်နေပါတယ်။ ဒီထဲမှာ အမျိုးသမီးတွေ၊ လိင်တူချင်း တိမ်းညွတ်သူ လိင်စိတ်ကွဲပြားသူတွေ ဖြစ်ကြတဲ့ LGBTQI+ အုပ်စုဝင်တွေ၊ မသန်စွမ်းသူတွေနဲ့ လူမျိုးရေး၊ ဘာသာရေး လူနည်းစု အုပ်စုဝင်တွေ ပါဝင်ပါတယ်။ လူကုန်ကူးမှုဟာ တရားဥပဒေစိုးမိုးမှုအားနည်းတာ၊ အဂတိလိုက်စားတာ၊ လုပ်အားအမြတ်ထုတ်တာ၊ အကြမ်းဖက်စေတာတွေ ဖြစ်လာစေပြီး လူ့အသိုင်းအဝိုင်းကို ထိခိုက်စေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့တုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လူကုန်ကူးမှုနဲ့ ပတ်သတ်ပြီး နှစ်ပတ်လည် အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပါတယ်။

“ဒီနှစ် အစီရင်ခံစာမှာ ကမ္ဘာတဝန်း ပုံမှန် အနေအထားနဲ့ တိုးတက်လာတာကို တွေ့ရပါတယ်။

အရှေ့အာဖရိက အနီး အိန္ဒိယ သမုဒ္ဒရာထဲက ဆေရှဲလ် (Seychelles) ကျွန်းစု နိုင်ငံမှာ ဆိုရင် အစိုးရက လူကုန်ကူးမှုတွေကို ပိုမို ဖော်ထုတ် တားဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ လေဆိပ်ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးမှုတွေ မြှင့်တင်ခဲ့ပါတယ်။

ဟောင်ကောင်မှာဆိုရင်လည်း လူကုန်ကူးခံရသူတွေ အနေနဲ့ ပြည်ပအလုပ်အကိုင် အခွင့်အရေး ဆိုပြီး အယောင်ဆောင်တဲ့ လိမ်လည်မှုတွေကို သတင်းပို့ အကူအညီရယူနိုင်ဖို့ အရေးပေါ် ဆက်သွယ်ရေး လမ်းကြောင်း အသစ်တခုကို စတင်ခဲ့ပါတယ်။

လူကုန်ကူမှုတိုက်ဖျက်ရေး
please wait

No media source currently available

0:00 0:03:06 0:00


ဒိန်းမတ်နိုင်ငံမှာဆိုရင်လည်း လူကုန်ကူးခံခဲ့ရသူတွေကို ဖော်ထုတ်နိုင်ဖို့နဲ့ လူကုန်ကူးသူတွေကို အရေးယူ တရားစွဲနိုင်ဖို့ အရင်းအမြစ်တွေ ပိုမို ထားရှိရေး လုပ်ဆောင်ခဲ့ပါတယ်။

"အခု အစီရင်ခံစာဟာ လက်ရှိ ဖြစ်ပျက်နေတဲ့ စိုးရိမ်စရာ အခြေအနေ အတော်များများကိုလည်း မီးမောင်းထိုးပြနေပါတယ်။"

"ပထမအချက်က အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာပါ။"

"ဒုတိယအချက်က အွန်လိုင်းကနေ လိမ်လည်လှည့်ဖြားပြီး အလုပ်သမားတွေကို တရားမဝင် လူကုန်ကူးမှုတွေ မြင့်တက်လာတာပါ။"

"တတိယအချက် အဖြစ်နဲ့ လူကုန်ကူးခံရသူ သားကောင် အဖြစ် အရင်က မကြာခဏ သတိမမူမိဖြစ်တတ်တဲ့ ယောက်ျားလေးတွေနဲ့ လူငယ် အမျိုးသားတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကို ဒီ အစီရင်ခံစာက ထုတ်ဖော် ထားပါတယ်။"

“လူကုန်ကူးသူတွေကို တရားစွဲဖို့ တရားဥပဒေစိုးမိုးရေး ဝန်ထမ်းတွေ လိုအပ်တယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသူတွေကို ကုစားပေးနိုင်တဲ့ လူမှုဝန်ထမ်းတွေ လိုအပ်ပါတယ်။ အစိုးရတွေကို တာဝန်ခံစေတဲ့ တက်ကြွလှုပ်ရှားသူတွေ လိုပါတယ်။ လူကုန်ကူးခံရသူတွေကို ဖေးမကူညီဖို့ အတွက် လူမှု ရပ်ရွာ အသိုင်းအဝိုင်းတွေ အတူတကွ ပေါင်းစည်း စုဖွဲ့မှု လိုပါတယ်။”

အမေရိကန်ပြည်ထောင်စုဟာ အရေးကြီးလှတဲ့ လူကုန်ကူးမှု အဆုံးသတ်ရေး တာဝန်ကို ဆက်လက် ထမ်းဆောင်နေပါတယ်။

XS
SM
MD
LG