Accessibility links

Breaking News

 ျမန္မာႏိုင္ငံ အၾကမ္းဖက္မႈ အရွိန္ျမင့္လာေၾကာင္း လြတ္လပ္ေရးေန႔ သဝဏ္မွာ ကန္ဝန္ႀကီးေဖာ္ျပ


Antony Blinken
Antony Blinken

ျမန္မာႏိုင္ငံ အၾကမ္းဖက္မႈ အရွိန္ျမင့္လာေၾကာင္း လြတ္လပ္ေရးေန႔ သဝဏ္မွာ ကန္ဝန္ႀကီးေဖာ္ျပ

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံသားေတြ ဇန္နဝါရီလ ၄ ရက္ေန႔က လြတ္လပ္ေရးေန႔ ဆင္ႏြဲၾကတဲ့ အခါသမယမွာဘဲ ျမန္မာျပည္သူေတြကို ေထာက္ခံ အားေပးေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ “ျမန္မာႏိုင္ငံမွာ အားလုံးပါဝင္တဲ့ ဒီမိုကေရစီ ရရွိေရး ႀကိဳးပမ္းေနၾကသူေတြ၊ ႏိုင္ငံအတြင္းမွာ ရွိေနၾကသူ အားလုံးအတြက္ လူ႔အခြင့္အေရးနဲ႔ တရားဥပေဒ စိုးမိုးေရးတို႔အတြက္ ေဆာင္႐ြက္ေနၾကသူ ျမန္မာႏိုင္ငံသားေတြကို ကြၽန္ေတာ္တို႔ ေလးစား ဂုဏ္ျပဳပါတယ္။ စစ္တပ္အုပ္ခ်ဳပ္မႈေအာက္မွာ ဆိုး႐ြားလွတဲ့ ဖိႏွိပ္ညႇင္းပမ္းမႈေတြ ခံစားေနရတဲ့ၾကားကဘဲ ေကာင္းမြန္တဲ့အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္မေလ်ာ့ဘဲ ႀကိဳးစား လုပ္ေဆာင္ေနၾကတဲ့ ျမန္မာျပည္သူေတြကို အေမရိကန္ျပည္ေထာင္စုက ဆက္လက္ ေထာက္ခံေပးသြားမွာ ျဖစ္ပါတယ္” လို႔ ဝန္ႀကီး Blinken က ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံေခါင္းေဆာင္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ အျပတ္အသတ္ အႏိုင္ရခဲ့ၾကတဲ့ လႊတ္ေတာ္အမတ္ေတြကို ဖမ္းဆီးထိန္းခ်ဳပ္ၿပီး ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းယူလိုက္ၿပီး ကတည္းက ျမန္မာစစ္တပ္ဟာ အၾကမ္းဖက္မႈေတြကို အရွိန္ျမင့္ က်ဴးလြန္ေနပါတယ္။ စစ္အာဏာသိမ္းၿပီးတဲ့အခ်ိန္ကစလို႔ ကေလးငယ္ေတြ အပါအဝင္ လူေပါင္း အနည္းဆုံး ၁,၃၀၀ ေသဆုံးခဲ့ရၿပီးျဖစ္သလို လူေပါင္း ၁၀,၀၀၀ ေလာက္ ဖမ္းဆီး ထိန္းသိမ္းခံခဲ့ရပါတယ္။

ဒီဇင္ဘာလ ၂၄ ရက္ေန႔မွာေတာ့ စစ္တပ္ဟာ ကယားျပည္နယ္အတြင္း အင္မတန္ ဆိုး႐ြားလွတဲ့ ရက္စက္ ၾကမ္းၾကဳတ္မႈႀကီးကို က်ဴးလြန္ခဲ့ပါတယ္။ Save the Children စာနာမႈအကူအညီေပးေရးအဖြဲ႕က ဝန္ထမ္း ၂ ဦးနဲ႔ ႏိုင္ငံတကာ အကူအညီေပးေရး အဖြဲ႕အစည္းေတြက ဝန္ထမ္းေတြ၊ ကေလးငယ္ေတြ၊ အမ်ိဳးသမီးေတြအပါအဝင္ လူေပါင္း ၃၅ ေယာက္ကို စစ္တပ္က သတ္ျဖတ္ မီးရႈိ႕ခဲ့ပါတယ္။ မီးေလာင္ကြၽမ္းေနတဲ့ ႐ုပ္အေလာင္းေတြကို ခရစၥမတ္ေန႔မွာ ေတြ႕ရွိခဲ့ပါတယ္။ အဲဒီ ျဖစ္ရပ္အတြက္ ျပင္းထန္စြာ ႏိုင္ငံတကာအသိုင္းဝိုင္းက အမ်က္ေဒါသထြက္ခဲ့ၿပီး ကုလသမဂၢ လုံၿခဳံေရးေကာင္စီကလည္း ဒီကိစၥမွာ တာဝန္ရွိသူေတြကို အျပစ္ေပး အေရးယူရမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဝမ္းနည္းဘြယ္ေကာင္းလွစြာဘဲ ျမန္မာစစ္တပ္ဟာ ဆိုး႐ြားလွတဲ့ အၾကမ္းဖက္မႈေတြကို ဆက္လက္ က်ဴးလြန္ေနပါတယ္။ စစ္တပ္ဟာ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို ေသနတ္နဲ႔ပစ္သတ္၊ အိမ္ေတြကို မီးရႈိ႕၊ ကေလးငယ္ေတြကို ျပန္ေပးဆြဲ၊ သတ္ျဖတ္၊ ဖမ္းဆီးထားသူေတြကို ညႇဥ္းပန္း ႏွိပ္စက္ၿပီး လိင္ပိုင္းးဆိုင္ရာ ေစာ္ကားမႈေတြက်ဴးလြန္တာနဲ႔ ႐ြာလုံးကြၽတ္ မီးရႈိ႕ ဖ်က္ဆီးတာေတြ လုပ္ေဆာင္ေနပါတယ္။

ကယားျပည္နယ္မွာ ခရစၥမတ္ေန႔မတိုင္ခင္ တရက္အလိုက က်ဴးလြန္ခဲ့တဲ့ ျဖစ္ရပ္နဲ႔ပတ္သက္လို႔ ဝန္ႀကီး Blinken က သီးျခားထုတ္ျပန္တဲ့ ေၾကညာခ်က္တခုမွာေတာ့ - “အျပစ္မဲ့ျပည္သူေတြနဲ႔ စာနာမႈဆိုင္ရာ အကူအညီေပးတဲ့ ဝန္ထမ္းေတြကို ပစ္မွတ္ထား တိုက္ခိုက္မႈဟာ လက္ခံလို႔မရႏိုင္တဲ့ကိစၥျဖစ္ေၾကာင္း၊ ျမန္မာျပည္သူေတြအေပၚ စစ္တပ္က က်ယ္က်ယ္ျပန႔္ျပန႔္ က်ဴးလြန္ေနတဲ့ ရက္စက္ ယုတ္မာမႈေတြကို ၾကည့္ျခင္းအားျဖင့္ အဲဒီ က်ဴးလြန္ေနသူေတြကို အျမန္ဆုံး အျပစ္ေပး အေရးယူဖို႔ လိုအပ္ေနၿပီဆိုတာကို မီးေမာင္းထိုးျပရာ ေရာက္ပါတယ္” လို႔ ေဖာ္ျပထားပါတယ္။

စစ္တပ္က အာဏာသိမ္းလိုက္တဲ့ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔စကလို႔ ျမန္မာစစ္တပ္နဲ႔ စစ္တပ္နဲ႔ ဆက္ႏြယ္ ပတ္သက္မႈရွိတဲ့ လုပ္ငန္း၊ အဖြဲ႕အစည္းေတြအေပၚ ပစ္မွတ္ထား ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ခဲ့ၿပီးျဖစ္ေၾကာင္း ဝန္ႀကီး Blinken က အေလးေပး ေျပာၾကားခဲ့သလို ျမန္မာႏိုင္ငံမွာ ရက္စက္ ၾကမ္းၾကဳတ္မႈေတြ ထပ္မံ မျဖစ္ေပၚေရးအတြက္ ႏိုင္ငံတကာအသိုင္းဝိုင္းကလည္း ဝိုင္းဝန္း လုပ္ေဆာင္ၾကဖို႔ တိုက္တြန္းပါေၾကာင္း ေျပာဆိုပါတယ္။

ျမန္မာစစ္တပ္အေနနဲ႔ “အၾကမ္းဖက္လုပ္ရပ္ေတြကို ခ်က္ျခင္း ရပ္တန႔္ၿပီး မတရားသျဖင့္ ဖမ္းဆီးခံထားရသူေတြ ျပန္လြတ္ေပးဖို႔၊ ျမန္မာႏိုင္ငံကို စစ္မွန္တဲ့ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္လာေရး လုပ္ေဆာင္ဖို႔အတြက္ ေတာင္းဆိုပါေၾကာင္း ျမန္မာႏိုင္ငံ လြတ္လပ္ေရးေန႔အတြက္ ဝန္ႀကီး Blinken က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္ ခင္ဗ်ား။

......................................................

မြန်မာနိုင်ငံ အကြမ်းဖက်မှု အရှိန်မြင့်လာကြောင်း လွတ်လပ်ရေးနေ့ သဝဏ်မှာ ကန်ဝန်ကြီးဖော်ပြ

{{Unicode}}

မြန်မာနိုင်ငံသားတွေ ဇန်နဝါရီလ ၄ ရက်နေ့က လွတ်လပ်ရေးနေ့ ဆင်နွဲကြတဲ့ အခါသမယမှာဘဲ မြန်မာပြည်သူတွေကို ထောက်ခံ အားပေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ “မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းနေကြသူတွေ၊ နိုင်ငံအတွင်းမှာ ရှိနေကြသူ အားလုံးအတွက် လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် ဆောင်ရွက်နေကြသူ မြန်မာနိုင်ငံသားတွေကို ကျွန်တော်တို့ လေးစား ဂုဏ်ပြုပါတယ်။ စစ်တပ်အုပ်ချုပ်မှုအောက်မှာ ဆိုးရွားလှတဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေ ခံစားနေရတဲ့ကြားကဘဲ ကောင်းမွန်တဲ့အနာဂတ်အတွက် မျှော်လင့်ချက်မလျော့ဘဲ ကြိုးစား လုပ်ဆောင်နေကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက် ထောက်ခံပေးသွားမှာ ဖြစ်ပါတယ်” လို့ ဝန်ကြီး Blinken က ပြောကြားခဲ့ပါတယ်။

နိုင်ငံခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ကြတဲ့ လွှတ်တော်အမတ်တွေကို ဖမ်းဆီးထိန်းချုပ်ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူလိုက်ပြီး ကတည်းက မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှုတွေကို အရှိန်မြင့် ကျူးလွန်နေပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ ကလေးငယ်တွေ အပါအဝင် လူပေါင်း အနည်းဆုံး ၁,၃၀၀ သေဆုံးခဲ့ရပြီးဖြစ်သလို လူပေါင်း ၁၀,၀၀၀ လောက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ စစ်တပ်ဟာ ကယားပြည်နယ်အတွင်း အင်မတန် ဆိုးရွားလှတဲ့ ရက်စက် ကြမ်းကြုတ်မှုကြီးကို ကျူးလွန်ခဲ့ပါတယ်။ Save the Children စာနာမှုအကူအညီပေးရေးအဖွဲ့က ဝန်ထမ်း ၂ ဦးနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် လူပေါင်း ၃၅ ယောက်ကို စစ်တပ်က သတ်ဖြတ် မီးရှို့ခဲ့ပါတယ်။ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို ခရစ္စမတ်နေ့မှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်အတွက် ပြင်းထန်စွာ နိုင်ငံတကာအသိုင်းဝိုင်းက အမျက်ဒေါသထွက်ခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဒီကိစ္စမှာ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဝမ်းနည်းဘွယ်ကောင်းလှစွာဘဲ မြန်မာစစ်တပ်ဟာ ဆိုးရွားလှတဲ့ အကြမ်းဖက်မှုတွေကို ဆက်လက် ကျူးလွန်နေပါတယ်။ စစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်သတ်၊ အိမ်တွေကို မီးရှို့၊ ကလေးငယ်တွေကို ပြန်ပေးဆွဲ၊ သတ်ဖြတ်၊ ဖမ်းဆီးထားသူတွေကို ညှဉ်းပန်း နှိပ်စက်ပြီး လိင်ပိုင်းးဆိုင်ရာ စော်ကားမှုတွေကျူးလွန်တာနဲ့ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။

ကယားပြည်နယ်မှာ ခရစ္စမတ်နေ့မတိုင်ခင် တရက်အလိုက ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ဝန်ကြီး Blinken က သီးခြားထုတ်ပြန်တဲ့ ကြေညာချက်တခုမှာတော့ - “အပြစ်မဲ့ပြည်သူတွေနဲ့ စာနာမှုဆိုင်ရာ အကူအညီပေးတဲ့ ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုဟာ လက်ခံလို့မရနိုင်တဲ့ကိစ္စဖြစ်ကြောင်း၊ မြန်မာပြည်သူတွေအပေါ် စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ ရက်စက် ယုတ်မာမှုတွေကို ကြည့်ခြင်းအားဖြင့် အဲဒီ ကျူးလွန်နေသူတွေကို အမြန်ဆုံး အပြစ်ပေး အရေးယူဖို့ လိုအပ်နေပြီဆိုတာကို မီးမောင်းထိုးပြရာ ရောက်ပါတယ်” လို့ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့စကလို့ မြန်မာစစ်တပ်နဲ့ စစ်တပ်နဲ့ ဆက်နွယ် ပတ်သက်မှုရှိတဲ့ လုပ်ငန်း၊ အဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီး Blinken က အလေးပေး ပြောကြားခဲ့သလို မြန်မာနိုင်ငံမှာ ရက်စက် ကြမ်းကြုတ်မှုတွေ ထပ်မံ မဖြစ်ပေါ်ရေးအတွက် နိုင်ငံတကာအသိုင်းဝိုင်းကလည်း ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ တိုက်တွန်းပါကြောင်း ပြောဆိုပါတယ်။

မြန်မာစစ်တပ်အနေနဲ့ “အကြမ်းဖက်လုပ်ရပ်တွေကို ချက်ခြင်း ရပ်တန့်ပြီး မတရားသဖြင့် ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်ပေးဖို့၊ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာရေး လုပ်ဆောင်ဖို့အတွက် တောင်းဆိုပါကြောင်း မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် ဝန်ကြီး Blinken က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ် ခင်ဗျား။

XS
SM
MD
LG