Accessibility links

Breaking News

အေမရိကန္ တကၠသိုလ္ပရဝုဏ္ေတြထဲ တ႐ုတ္ကြန္ျမဴနစ္ထိုးေဖာက္မႈ ဟန္႔တားေရး


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ေဂ်ာ္ဂ်ီယာ စက္မႈတကၠသိုလ္တြင္ စကားေျပာခဲ့စဥ္ (ဒီဇင္ဘာ၊၉ ၊၂ဝ၂ဝ)
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ေဂ်ာ္ဂ်ီယာ စက္မႈတကၠသိုလ္တြင္ စကားေျပာခဲ့စဥ္ (ဒီဇင္ဘာ၊၉ ၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

လြတ္လပ္တဲ့ ကမၻာတခြင္အေနနဲ႔ ဒီေန႔ တရုတ္ႏိုင္ငံရဲ႕ ထိုးထြင္းဝင္ေရာက္မႈကို နားလည္ႏိုင္ဖို႔ အခ်ိန္အေတာ္ၾကာယူခဲ့ၾကရတယ္လို႔ Georgia စက္မႈတကၠသိုလ္မွ ာေျပာၾကားတဲ့မိန္႔ခြန္းမွာ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေျပာဆိုလိုက္ပါတယ္။

တရုတ္နဲ႔ ကုန္သြယ္ၾကမယ္၊ ထိေတြ႔ဆက္ဆံၾကမယ္ဆိုရင္၊ CCP တရုတ္ကြန္ျမဴနစ္ပါတီအေနနဲ႔ ေနာက္ဆံုးမွာ စီးပြားေရးနဲ႔ ႏိုင္ငံေရးလြတ္လပ္ခြင့္ေတြကို ပိုက္ေထြးလာလိမ့္မယ္၊ ကမၻာတဝန္း လြတ္ေျမာက္မႈကို အႏၱရာယ္ေပးတာေတြ ေလ်ာ့ပါးသြားလိမ့္မယ္လို႔ အမ်ားစုက ယူဆခဲ့ၾကတာ အခ်ိန္ေတာ္ၾကာခဲ့ပါၿပီလို႔ ဝန္ႀကီး Pompeo က အခုလိုရွင္းျပပါတယ္။

“တရုတ္ကြန္ျမဴနစ္ေတြဟာ ဒီလိုျပဳျပင္ေျပာင္းလဲရမယ့္အစား၊ ခ်မ္းသာၾကြယ္ဝမႈကို အသံုးခ်ၿပီး၊ သူတို႔အာဏာ ပိုခိုင္ၿမဲေအာင္ ဆုပ္ကိုင္ထားဖို႔ ဖန္တီးေနၾကတာပါ။ တရုတ္ျပည္သူေတြအေပၚ သူတို႔ၾသဇာ ပိုေညာင္းဖို႔အတြက္ ကမၻာမွာဘယ္တုန္းကမွ မေတြ႔ဘူးတဲ့ အဆင့္ျမင့္နည္းပညာနဲ႔ ဖိႏွိပ္တဲ့ ႏိုင္ငံကိုတည္ေဆာက္ေနၾကတာျဖစ္ပါတယ္လို႔ ေျပာသြားတာပါ။”

အေမရိကန္ရဲ႕ နည္းပညာတီထြင္မႈေတြကို ဘယ္ေတာ့မွ လိုက္လို႔မမွီဘူးဆိုတာကို တရုတ္ကြန္ျမဴနစ္ပါတီက ေကာင္းေကာင္းသေဘာေပါက္တယ္လို႔ ဝန္ႀကီး Pompeo ကေျပာပါတယ္။ ဒါ့ေၾကာင့္မို႕ CCP တရုတ္ကြန္ျမဴ နစ္ပါတီက ရန္ပံုေငြေတြသံုးၿပီး၊ အဖိုးတန္သုေတသနေတြကို ခိုးယူဖို႔ အထူးသျဖင့္ အေမရိကန္ေကာလိပ္ပရဝုဏ္ေတြမွာ လႈပ္ရွားေနတာျဖစ္တယ္လို႔ အခုလိုေျပာပါတယ္။

“အေမရိကန္အခြန္ထမ္းေတြရဲ႕ ရန္ပံုေငြေတြနဲ႔ သုေတသနလုပ္ေနတဲ့ အေမရိကန္ပညာသင္ေတြအမ်ားႀကီးရွိပါတယ္။ သူတို႔ကို CCP တရုတ္ကြန္ျမဴနစ္ပါတီက နည္းပညာကၽြမ္းက်င္သူ စုေဆာင္းတဲ့ အစီအစဥ္အတြက္ တဖက္လွည့္သိမ္းသြင္းေနပါတယ္။ ပညာသင္ေတြကို အေမရိကန္မွာ ေလာေလာဆယ္လုပ္ေနတဲ့ သုေတသနလုပ္ငန္းေတြအတြက္ျဖစ္ေစ၊ တရုတ္ျပည္မွာဘဲ ျဖစ္ေစ၊ အဆမတန္ေငြေၾကးေပးၿပီး တရုတ္စစ္ေရးစြမ္းရည္ခိုင္မာေအာင္ တည္ေဆာက္ဖို႔ အဲဒီပညာတတ္ေတြရဲ႕ ဉာဏ္ရည္စြမ္းအားေတြကို မၾကာခဏ အသံုးခ်ေနတယ္လို႔ ေျပာသြားတာပါ။”

CCP ရဲ႕ ဆြဲေဆာင္သိမ္းသြင္းတာကို အခံရဆံုးသူတခ်ိဳ ႔ကေတာ့ အေမရိကန္တကၠသိုလ္၊ ေကာလိပ္ေတြမွာရွိတဲ့ ရိုးသားတဲ့ တရုတ္ႏိုင္ငံသားပညာသင္ေတြဘဲျဖစ္ၾကပါတယ္။ အေမရိကန္တကၠသိုလ္ေတြမွာ ပညာသင္ေနၾကတဲ့ တရုတ္ေက်ာင္းသားတခ်ိဳ ဳ ႔အေနနဲ႔ CCP ရဲ႕ အျငင္းပြားဖြယ္ သို႔မဟုတ္ အထိမခံတဲ့ ကိစၥရပ္ေတြကို ပြင့္ပြင့္လင္းလင္းေဆြးေႏြးၾကမယ္ဆိုရင္၊ တရုတ္ျပည္မွာ ရွိတဲ့ သူတို႔မိသားစုေတြကို စစ္ေဆးေမးျမန္းတာေတြနဲ႔ ရင္ဆိုင္ရမွာ စိုးရိမ္ေနၾကပါတယ္။

သုေတသီအေတြအေနနဲ႔ မသမာမႈေတြနဲ႔ ခိုးယူတာေတြကို အၿမဲသတိထားၿပီး၊ CCP ရဲ႕ ရန္ပံုေငြေတြ လက္မခံဘဲ ျငင္းဆန္ၾကဖို႔ ဝန္ႀကီး Pompeo ကတိုက္တြန္းပါတယ္။ ဗိုလ္က်စိုးမိုးတဲ့ CCP ကြန္ျမဴနစ္ အစိုးရအေနနဲ႔ သူတို႔ရဲ႕ စစ္ေရးစြမ္းအင္ျမင့္မားေအာင္ တည္ေဆာက္ဖို႔ က်ေနာ္တို႔ရဲ႕ျပည္သူေတြကို ဝါဒျဖန္႔သိမ္းသြင္းတာ၊ က်ေနာ္တို႔ရဲ႕ တကၠသိုလ္၊ ေကာလိပ္ေတြကို ေငြေၾကးပ့ံပိုးၿပီး သူတို႔လႈပ္ရွားမႈေတြကို အသံုးခ်တာေတြနဲ႔ က်ေနာ္ရဲ႕ တီထြင္မႈေတြခိုးယူတာေတြကို လုပ္ခြင့္မျပဳႏိုင္ပါဘူးလို႔ ဝန္ႀကီး Pompeo ကေျပာပါတယ္။

အေမရိကန္တကၠသိုလ္ အုပ္ခ် ဳ ပ္ေရးမွဴ းေတြအေနနဲ႔ Confucius သိပၸံေတြကို ပိတ္ပစ္ၿပီး၊ အဲဒီ တကၠသိုလ္ေတြမွာ CCP ရဲ႕ ပံ့ပိုးမႈနဲ႔ အေယာင္ေဆာင္ ေက်ာင္းတက္ေနသူေတြကို စစ္ေဆးေမးျမန္းပါလို႔ ဝန္ႀကီး Pompeo ကတိုက္တြန္းပါတယ္။ အေမရိကန္ေက်ာင္းသားေတြကလည္း လြတ္လပ္စြာထုတ္ေဖၚေျပာဆိုခြင့္ကို သူတို႔အတြက္တင္မဟုတ္ဘဲ၊ တရုတ္ေက်ာင္းေနဘက္ေတြအတြက္ပါ သတၱိရွိရွိ မားမားမတ္မတ္ရပ္တည္ၾကဖို႔ လိုအပ္တယ္လို႔လည္း ဆိုပါတယ္။

ဒါဟာ က်ေနာ္တို႔ရဲ႕ အမ်ိဳးသားလံုၿခံဳေရးအတြက္ အေထာက္အကူျဖစ္ေစပါတယ္။ CCP တရုတ္ကြန္ျမဴ နစ္ပါတီဟာ က်ေနာ္တို႔ေခတ္ရဲ႕ ဗဟိုက်တဲ့ ၿခိမ္းေျခာက္မႈျဖစ္ပါတယ္။ က်ေနာ္တို႔ တကၠသိုလ္ေတြ အေျခခံတည္ေထာင္ထားတဲ့ လြတ္ေျမာက္မႈဆိုတဲ့ ေခါင္းစီးကို ဆက္လက္သယ္ပိုးရင္း က်ေနာ္တို႔ရဲ႕ တကၠသိုလ္ေက်ာင္းေတြကို ကာကြယ္ၾကပါစို႔လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က တိုက္တြန္းလိုက္ေၾကာင္းပါခင္ဗ်ား။

....................................

{{Unicode}}

လွတ်လပ်တဲ့ ကမ္ဘာတခွင်အနေနဲ့ ဒီနေ့ တရုတ်နိုင်ငံရဲ့ ထိုးထွင်းဝင်ရောက်မှုကို နားလည်နိုင်ဖို့ အချိန်အတော်ကြာယူခဲ့ကြရတယ်လို့ Georgia စက်မှုတက္ကသိုလ်မှ ာပြောကြားတဲ့မိန့်ခွန်းမှာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောဆိုလိုက်ပါတယ်။

တရုတ်နဲ့ ကုန်သွယ်ကြမယ်၊ ထိတွေ့ဆက်ဆံကြမယ်ဆိုရင်၊ CCP တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ နောက်ဆုံးမှာ စီးပွားရေးနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တွေကို ပိုက်ထွေးလာလိမ့်မယ်၊ ကမ္ဘာတဝန်း လွတ်မြောက်မှုကို အန္တရာယ်ပေးတာတွေ လျော့ပါးသွားလိမ့်မယ်လို့ အများစုက ယူဆခဲ့ကြတာ အချိန်တော်ကြာခဲ့ပါပြီလို့ ဝန်ကြီး Pompeo က အခုလိုရှင်းပြပါတယ်။

“တရုတ်ကွန်မြူနစ်တွေဟာ ဒီလိုပြုပြင်ပြောင်းလဲရမယ့်အစား၊ ချမ်းသာကြွယ်ဝမှုကို အသုံးချပြီး၊ သူတို့အာဏာ ပိုခိုင်မြဲအောင် ဆုပ်ကိုင်ထားဖို့ ဖန်တီးနေကြတာပါ။ တရုတ်ပြည်သူတွေအပေါ် သူတို့သြဇာ ပိုညောင်းဖို့အတွက် ကမ္ဘာမှာဘယ်တုန်းကမှ မတွေ့ဘူးတဲ့ အဆင့်မြင့်နည်းပညာနဲ့ ဖိနှိပ်တဲ့ နိုင်ငံကိုတည်ဆောက်နေကြတာဖြစ်ပါတယ်လို့ ပြောသွားတာပါ။”

အမေရိကန်ရဲ့ နည်းပညာတီထွင်မှုတွေကို ဘယ်တော့မှ လိုက်လို့မမှီဘူးဆိုတာကို တရုတ်ကွန်မြူနစ်ပါတီက ကောင်းကောင်းသဘောပေါက်တယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။ ဒါ့ကြောင့်မို့ CCP တရုတ်ကွန်မြူ နစ်ပါတီက ရန်ပုံငွေတွေသုံးပြီး၊ အဖိုးတန်သုတေသနတွေကို ခိုးယူဖို့ အထူးသဖြင့် အမေရိကန်ကောလိပ်ပရဝုဏ်တွေမှာ လှုပ်ရှားနေတာဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“အမေရိကန်အခွန်ထမ်းတွေရဲ့ ရန်ပုံငွေတွေနဲ့ သုတေသနလုပ်နေတဲ့ အမေရိကန်ပညာသင်တွေအများကြီးရှိပါတယ်။ သူတို့ကို CCP တရုတ်ကွန်မြူနစ်ပါတီက နည်းပညာကျွမ်းကျင်သူ စုဆောင်းတဲ့ အစီအစဉ်အတွက် တဖက်လှည့်သိမ်းသွင်းနေပါတယ်။ ပညာသင်တွေကို အမေရိကန်မှာ လောလောဆယ်လုပ်နေတဲ့ သုတေသနလုပ်ငန်းတွေအတွက်ဖြစ်စေ၊ တရုတ်ပြည်မှာဘဲ ဖြစ်စေ၊ အဆမတန်ငွေကြေးပေးပြီး တရုတ်စစ်ရေးစွမ်းရည်ခိုင်မာအောင် တည်ဆောက်ဖို့ အဲဒီပညာတတ်တွေရဲ့ ဉာဏ်ရည်စွမ်းအားတွေကို မကြာခဏ အသုံးချနေတယ်လို့ ပြောသွားတာပါ။”

CCP ရဲ့ ဆွဲဆောင်သိမ်းသွင်းတာကို အခံရဆုံးသူတချို ့ကတော့ အမေရိကန်တက္ကသိုလ်၊ ကောလိပ်တွေမှာရှိတဲ့ ရိုးသားတဲ့ တရုတ်နိုင်ငံသားပညာသင်တွေဘဲဖြစ်ကြပါတယ်။ အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်နေကြတဲ့ တရုတ်ကျောင်းသားတချို ု့အနေနဲ့ CCP ရဲ့ အငြင်းပွားဖွယ် သို့မဟုတ် အထိမခံတဲ့ ကိစ္စရပ်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြမယ်ဆိုရင်၊ တရုတ်ပြည်မှာ ရှိတဲ့ သူတို့မိသားစုတွေကို စစ်ဆေးမေးမြန်းတာတွေနဲ့ ရင်ဆိုင်ရမှာ စိုးရိမ်နေကြပါတယ်။

သုတေသီအတွေအနေနဲ့ မသမာမှုတွေနဲ့ ခိုးယူတာတွေကို အမြဲသတိထားပြီး၊ CCP ရဲ့ ရန်ပုံငွေတွေ လက်မခံဘဲ ငြင်းဆန်ကြဖို့ ဝန်ကြီး Pompeo ကတိုက်တွန်းပါတယ်။ ဗိုလ်ကျစိုးမိုးတဲ့ CCP ကွန်မြူနစ် အစိုးရအနေနဲ့ သူတို့ရဲ့ စစ်ရေးစွမ်းအင်မြင့်မားအောင် တည်ဆောက်ဖို့ ကျနော်တို့ရဲ့ပြည်သူတွေကို ဝါဒဖြန့်သိမ်းသွင်းတာ၊ ကျနော်တို့ရဲ့ တက္ကသိုလ်၊ ကောလိပ်တွေကို ငွေကြေးပံ့ပိုးပြီး သူတို့လှုပ်ရှားမှုတွေကို အသုံးချတာတွေနဲ့ ကျနော်ရဲ့ တီထွင်မှုတွေခိုးယူတာတွေကို လုပ်ခွင့်မပြုနိုင်ပါဘူးလို့ ဝန်ကြီး Pompeo ကပြောပါတယ်။

အမေရိကန်တက္ကသိုလ် အုပ်ချ ု ပ်ရေးမှူ းတွေအနေနဲ့ Confucius သိပ္ပံတွေကို ပိတ်ပစ်ပြီး၊ အဲဒီ တက္ကသိုလ်တွေမှာ CCP ရဲ့ ပံ့ပိုးမှုနဲ့ အယောင်ဆောင် ကျောင်းတက်နေသူတွေကို စစ်ဆေးမေးမြန်းပါလို့ ဝန်ကြီး Pompeo ကတိုက်တွန်းပါတယ်။ အမေရိကန်ကျောင်းသားတွေကလည်း လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို သူတို့အတွက်တင်မဟုတ်ဘဲ၊ တရုတ်ကျောင်းနေဘက်တွေအတွက်ပါ သတ္တိရှိရှိ မားမားမတ်မတ်ရပ်တည်ကြဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒါဟာ ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ CCP တရုတ်ကွန်မြူ နစ်ပါတီဟာ ကျနော်တို့ခေတ်ရဲ့ ဗဟိုကျတဲ့ ခြိမ်းခြောက်မှုဖြစ်ပါတယ်။ ကျနော်တို့ တက္ကသိုလ်တွေ အခြေခံတည်ထောင်ထားတဲ့ လွတ်မြောက်မှုဆိုတဲ့ ခေါင်းစီးကို ဆက်လက်သယ်ပိုးရင်း ကျနော်တို့ရဲ့ တက္ကသိုလ်ကျောင်းတွေကို ကာကွယ်ကြပါစို့လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တိုက်တွန်းလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG