Accessibility links

Breaking News

ျမန္မာႏိုင္ငံတြင္း ခရစ္ယာန္ဘာသာေရးေခါင္းေဆာင္တဦးကို ျပန္လႊတ္ဖို႔ ကန္ေတာင္းဆို

အိမ္ျဖဴေတာ္မွာ သမၼတ Trump ကိုတင္ျပေနတဲ့ KBC ကခ်င္ႏွစ္ခ်င္းအဖြဲ႔ခ်ဳပ္ရဲ ႔ အေထြေထြအတြင္းေရးမွဴး Dr. Samson Hkalam
အိမ္ျဖဴေတာ္မွာ သမၼတ Trump ကိုတင္ျပေနတဲ့ KBC ကခ်င္ႏွစ္ခ်င္းအဖြဲ႔ခ်ဳပ္ရဲ ႔ အေထြေထြအတြင္းေရးမွဴး Dr. Samson Hkalam

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံတြင္းဖမ္းဆီးထိန္းသိမ္းခံရၿပီး တရားရင္ဆိုင္ေနရတဲ့ ကခ်င္လူမ်ိဳးေခါင္းေဆာင္ ခရစ္ယာန္သိကၡာေတာ္ရ Dr. Hkalam Samson ကို လႊတ္ေပးဖို႔ အေမရိကန္အစိုးရက ေတာင္းဆိုလိုက္ပါတယ္။

သိကၡာေတာ္ရ Dr Samson ဟာ ျပည္တြင္းမွာ ထင္ရွားတဲ့ဘာသာေရးေခါင္းေဆာင္ တေယာက္ျဖစ္ပါတယ္။ သူက ကခ်င္ ႏွစ္ျခင္းအသင္းေတာ္ရဲ႕(Kachin Baptist Convention) ဥကၠ႒၊ အေထြေထြအတြင္းေရးမႉးတာဝန္ေတြကို ထမ္းေဆာင္ခဲ့ၿပီး ယခုအခါ အသင္းေတာ္ကို အႀကံေပးအျဖစ္ေဆာင္႐ြက္ေပးေနသူျဖစ္ပါတယ္။ ဒီ အသင္းေတာ္မွာ အသင္းဝင္ ၄၀၀,၀၀၀ ခန႔္ရွိၿပီး အမ်ားစုက ကခ်င္လူမ်ိဳးမ်ား ျဖစ္ၾကပါတယ္။ ဒါ့ျပင္ ကခ်င္အမ်ိဳးသားအတိုင္ပင္ခံ အဖြဲ႕အစည္း (Kachin National Consultative Assembly) ရဲ႕ ဥကၠ႒လည္း ျဖစ္ပါတယ္။


သိကၡာေတာ္ရ Dr Samson ဟာ လူသားအားလုံး ဘာသာေပါင္းစုံ လြတ္လပ္စြာကိုးကြယ္ႏိုင္ေရးအတြက္ ဘာသာေရးလြတ္လပ္ခြင့္အပါအဝင္ လူ႔အခြင့္အေရးေတြအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ရာမွာ ထင္ရွားသူတဦးျဖစ္ပါတယ္။ လူသားခ်င္းစာနာမႈဆိုင္ရာ ကူညီေဆာင္႐ြက္ရာမွာလည္း လူသိမ်ားထင္ရွားသူျဖစ္ပါတယ္။


၂၀၂၂ ခု၊ ဒီဇင္ဘာလ ၄ ရက္မွာ Dr Samson က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ကို ေဆးကုသမႈခံယူရန္ ထြက္ခြါခ်ိန္မွာ ျမန္မာအစိုးရအာဏာပိုင္တို႔က ဖမ္းဆီးထိန္းသိမ္းတာကို ခံခဲ့ရပါတယ္။ အၾကမ္းဖက္မႈ တန္ျပန္ဥပေဒေအာက္က အၾကမ္းဖက္ရန္လႈံ႕ေဆာ္မႈအပါအဝင္ ပုဒ္မ ၃ ခုနဲ႔ စြဲခ်က္တင္ထားျခင္းခံေနရပါတယ္။

Radio Free Asia လြတ္လပ္ေသာ အာရွအသံနဲ႔ သူ႔ရဲ႕ ေရွ႕ေန ေမးျမန္းခန္းမွာေတာ့ Dr Samson ဟာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံခဲ့တာေၾကာင့္ အၾကမ္းဖက္မႈ ပုဒ္မေတြနဲ႔ စြဲခ်က္တင္ခံရတာလို႔ ေျပာၾကားသြားပါတယ္။ စြပ္စြဲခ်က္ေတြ ျပစ္မႈေျမာက္တယ္လို႔ တရား႐ုံးက စီရင္ခ်က္ခ်ခဲ့ရင္ေတာ့ ႏွစ္ေပါင္း ၁၀ ႏွစ္ေက်ာ္ ျပစ္ဒဏ္က်ခံရဖြယ္ ရွိေနပါတယ္။

“သိကၡာေတာ္ရ Dr Samson ရဲ႕ ေနေရးထိုင္ေရးနဲ႔ လုံၿခဳံေရးကို အထူးစိုးရိမ္သလို သူ႔ကို စြဲခ်က္တင္ထားတာေတြကို ႐ုပ္သိမ္းၿပီး ႁခြင္းခ်က္မရွိဘဲ အျမန္ဆုံး လႊတ္ေပးေရး အာဏာပိုင္ေတြကိုေတာင္းဆိုရာမွာ မဟာမိတ္ မိတ္ေဆြေတြအေနနဲ႔လည္း က်ေနာ္တို႔နဲ႔အတူ ပူးေပါင္းပါဝင္ဖို႔ ေတာင္းဆိုပါတယ္” လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Ned Price က ေျပာပါတယ္။

ဘာသာေရးလြတ္လပ္မႈ၊ တရားမွ်တမႈ၊ ၿငိမ္းခ်မ္းမႈနဲ႔ အေရးယူတာဝန္ခံမႈေတြရွိလာေရးအတြက္ သိကၡာေတာ္ရ Dr Samson ရဲ႕ ေျပာင္ေျမာက္တဲ့စြမ္းေဆာင္မႈေတြဟာ အျပစ္ေပးရႈတ္ခ်ဖို႔မဟုတ္ပဲ ခ်ီးမြန္းအတုယူေဆာင္႐ြက္ရမွာျဖစ္တယ္လို႔လည္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Ned Price က ေျပာပါတယ္။

HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕အပါအဝင္ လူ႔အခြင့္အေရးနဲ႔အရပ္ဖက္အဖြဲ႕အစည္းေတြကလည္း သူ လြတ္ေျမာက္ေရးအတြက္ ဝိုင္ဝန္းေတာင္းဆိုေနၾကပါတယ္။ HRW ကေတာ့ သူ႔ကိုဖမ္းဆီးတာဟာ ႏိုင္ငံေရး ပေယာဂေတြပါဝင္ေနတယ္လို႔ ဆိုၿပီး၊ အျမင္မတူတဲ့ လူနည္းစု တိုင္းရင္းသား ေခါင္းေဆာင္ေတြ တမင္ ၾကမ္းၾကမ္းတမ္းတမ္းကိုင္တြယ္တာလို႔ ဆိုထားပါတယ္။

ရခိုင္ေဒသ လူနည္းစုမြတ္စလင္ဘာသာဝင္ ႐ိုဟင္ဂ်ာေတြအေျခအေန၊ အၾကမ္းဖက္မႈေတြအၾကား ကခ်င္ ခ်င္းနဲ႔ ရွမ္းျပည္ေျမာက္ပိုင္းက ခရစန္ယာန္ဘာသာဝင္ေတြရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့အခက္အခဲ စတဲ့ ဘာသာေရးလြတ္လပ္ခြင့္နဲ႔ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စုရဲ႕ စိုးရိမ္ခ်က္ေတြနဲ႔ပတ္သက္လို႔ အေမရိကန္အစိုးရ အႀကီးတန္းတာဝန္ရွိသူေတြက ျမန္မာစစ္ေကာင္စီကို အစဥ္ေျပာဆိုေနတယ္လို႔ မၾကာခင္ကထုတ္ျပန္တဲ့ ႏိုင္ငံတကာလြတ္လပ္ခြင့္အစီရင္ခံစာမွာပါရွိပါတယ္။

ဘာသာေရးဆိုင္ရာ လႈပ္ရွားေဆာင္႐ြက္ေနသူေတြနဲ႔ ျမန္မာလူမႈအသိုင္းအဝိုင္းအေပၚ အလြန္အမင္း ဖိႏွိပ္ခ်ဳပ္ခ်ယ္တာေတြ ရပ္တန႔္ၿပီး အၾကမ္းဖက္မႈေတြအဆုံးသတ္ဖို႔ ျမန္မာစစ္ေကာင္စီကို တိုက္တြန္းတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Ned Price က ေျပာဆိုထားပါတယ္။

==================

{{Unicode}}

မြန်မာနိုင်ငံတွင်း ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တဦးကို ပြန်လွှတ်ဖို့ ကန်တောင်းဆို

မြန်မာနိုင်ငံတွင်းဖမ်းဆီးထိန်းသိမ်းခံရပြီး တရားရင်ဆိုင်နေရတဲ့ ကချင်လူမျိုးခေါင်းဆောင် ခရစ်ယာန်သိက္ခာတော်ရ Dr. Hkalam Samson ကို လွှတ်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။

သိက္ခာတော်ရ Dr Samson ဟာ ပြည်တွင်းမှာ ထင်ရှားတဲ့ဘာသာရေးခေါင်းဆောင် တယောက်ဖြစ်ပါတယ်။ သူက ကချင် နှစ်ခြင်းအသင်းတော်ရဲ့(Kachin Baptist Convention) ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးတာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး ယခုအခါ အသင်းတော်ကို အကြံပေးအဖြစ်ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။ ဒီ အသင်းတော်မှာ အသင်းဝင် ၄၀၀,၀၀၀ ခန့်ရှိပြီး အများစုက ကချင်လူမျိုးများ ဖြစ်ကြပါတယ်။ ဒါ့ပြင် ကချင်အမျိုးသားအတိုင်ပင်ခံ အဖွဲ့အစည်း (Kachin National Consultative Assembly) ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

သိက္ခာတော်ရ Dr Samson ဟာ လူသားအားလုံး ဘာသာပေါင်းစုံ လွတ်လပ်စွာကိုးကွယ်နိုင်ရေးအတွက် ဘာသာရေးလွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေးတွေအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ ထင်ရှားသူတဦးဖြစ်ပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ ကူညီဆောင်ရွက်ရာမှာလည်း လူသိများထင်ရှားသူဖြစ်ပါတယ်။

၂၀၂၂ ခု၊ ဒီဇင်ဘာလ ၄ ရက်မှာ Dr Samson က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကို ဆေးကုသမှုခံယူရန် ထွက်ခွါချိန်မှာ မြန်မာအစိုးရအာဏာပိုင်တို့က ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရပါတယ်။ အကြမ်းဖက်မှု တန်ပြန်ဥပဒေအောက်က အကြမ်းဖက်ရန်လှုံ့ဆော်မှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ထားခြင်းခံနေရပါတယ်။

Radio Free Asia လွတ်လပ်သော အာရှအသံနဲ့ သူ့ရဲ့ ရှေ့နေ မေးမြန်းခန်းမှာတော့ Dr Samson ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာကြောင့် အကြမ်းဖက်မှု ပုဒ်မတွေနဲ့ စွဲချက်တင်ခံရတာလို့ ပြောကြားသွားပါတယ်။ စွပ်စွဲချက်တွေ ပြစ်မှုမြောက်တယ်လို့ တရားရုံးက စီရင်ချက်ချခဲ့ရင်တော့ နှစ်ပေါင်း ၁၀ နှစ်ကျော် ပြစ်ဒဏ်ကျခံရဖွယ် ရှိနေပါတယ်။

“သိက္ခာတော်ရ Dr Samson ရဲ့ နေရေးထိုင်ရေးနဲ့ လုံခြုံရေးကို အထူးစိုးရိမ်သလို သူ့ကို စွဲချက်တင်ထားတာတွေကို ရုပ်သိမ်းပြီး ခြွင်းချက်မရှိဘဲ အမြန်ဆုံး လွှတ်ပေးရေး အာဏာပိုင်တွေကိုတောင်းဆိုရာမှာ မဟာမိတ် မိတ်ဆွေတွေအနေနဲ့လည်း ကျနော်တို့နဲ့အတူ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ပြောပါတယ်။

ဘာသာရေးလွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ အရေးယူတာဝန်ခံမှုတွေရှိလာရေးအတွက် သိက္ခာတော်ရ Dr Samson ရဲ့ ပြောင်မြောက်တဲ့စွမ်းဆောင်မှုတွေဟာ အပြစ်ပေးရှုတ်ချဖို့မဟုတ်ပဲ ချီးမွန်းအတုယူဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ပြောပါတယ်။

HRW လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့အပါအဝင် လူ့အခွင့်အရေးနဲ့အရပ်ဖက်အဖွဲ့အစည်းတွေကလည်း သူ လွတ်မြောက်ရေးအတွက် ဝိုင်ဝန်းတောင်းဆိုနေကြပါတယ်။ HRW ကတော့ သူ့ကိုဖမ်းဆီးတာဟာ နိုင်ငံရေး ပယောဂတွေပါဝင်နေတယ်လို့ ဆိုပြီး၊ အမြင်မတူတဲ့ လူနည်းစု တိုင်းရင်းသား ခေါင်းဆောင်တွေ တမင် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တာလို့ ဆိုထားပါတယ်။

ရခိုင်ဒေသ လူနည်းစုမွတ်စလင်ဘာသာဝင် ရိုဟင်ဂျာတွေအခြေအနေ၊ အကြမ်းဖက်မှုတွေအကြား ကချင် ချင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းက ခရစန်ယာန်ဘာသာဝင်တွေရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲ စတဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ စိုးရိမ်ချက်တွေနဲ့ပတ်သက်လို့ အမေရိကန်အစိုးရ အကြီးတန်းတာဝန်ရှိသူတွေက မြန်မာစစ်ကောင်စီကို အစဉ်ပြောဆိုနေတယ်လို့ မကြာခင်ကထုတ်ပြန်တဲ့ နိုင်ငံတကာလွတ်လပ်ခွင့်အစီရင်ခံစာမှာပါရှိပါတယ်။

ဘာသာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူတွေနဲ့ မြန်မာလူမှုအသိုင်းအဝိုင်းအပေါ် အလွန်အမင်း ဖိနှိပ်ချုပ်ချယ်တာတွေ ရပ်တန့်ပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ပြောဆိုထားပါတယ်။

XS
SM
MD
LG