မေလရဲ့ နောက်ဆုံးတနင်္လာနေ့မှာ အမေရိကန်တွေဟာ အောက်မေ့ဖွယ်နေ့ကို ကျင်းပကြပါတယ်။ ဒီနေ့မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ပြီး စစ်မှုထမ်းခဲ့ကြတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေကို အောက်မေ့သတိရ ဂုဏ်ပြုကြတာဖြစ်ပါတယ်။
“အာလင်တန် စစ်သင်္ချိုင်းမှာ၊ ဥရောပမှာ၊ တိုင်းပြည်တဝန်းက မြို့ကြီး မြို့ငယ် အသီးသီးက သုသာန်တွေမှာ တိတ်ဆိတ်ငြိမ်သက်စွာ၊ ဂုဏ်သရေရှိစွာနဲ့ သူတို့လဲလျောင်း အိပ်စက်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ချစ်လှစွာသော သားသမီး ရင်သွေးတွေဟာ အဆုံးစွန် ရဲဝံ့ခဲ့ကြပါတယ်။ အလုံးစုံ စွန့်စားခဲ့ကြပါတယ်။ လူသားသမိုင်းမှာ တခြား ဘယ်အရာနဲ့မှ နှိုင်းယှဥ်လို့ မရနိုင်တဲ့အယူအဆကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပါတယ်။ ဒါကတော့ 'အမေရိကန်ပြည်ထောင်စု'ဆိုတဲ့ အယူအဆ ပါပဲ။
“မျိုးဆက်တိုင်းဟာ ဒီမိုကရေစီရဲ့ ရန်သူတွေကို အနိုင်ယူရပါမယ်။ မျိုးဆက်တိုင်းမှာ သူရဲကောင်းတွေ မွေးဖွားခဲ့ကြပါတယ်။ သူတို့ဟာ သူတို့နဲ့ ကျနော်တို့ အားလုံး ချစ်ခင်မြတ်နိုးတန်ဖိုးထားရတဲ့အရာအတွက် သွေးတွေပက်ဖျန်း ပေးဆပ်ခဲ့ကြပါတယ်။
"ခရီးလမ်းတလျှောက် ပေးဆပ် ဆုံးရှုံးခဲ့ရသူတွေရဲ့ မြင့်မြင့်မြတ်မြတ်နဲ့ရင်းပြီး တည်ဆောက်ခဲ့ရတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီဟာ တိုင်းပြည်အတွက် အကြီးကျယ် အမြင့်မြတ်ဆုံးသော လက်ဆောင်ဖြစ်ပါတယ်။”
"ဒါဟာ ကျနော်တို့ခေတ်ကြီးရဲ့ တာဝန်ဖြစ်ပါတယ်။ သူတို့အတွက် အမှတ်တရနေ့အဖြစ် ဂုဏ်ပြုကြတယ်ဆိုတာက ခေတ္တခဏ ရပ်နား ဆုတောင်းရုံနဲ့ မပြီးပါဘူး။ သူတို့ရဲ့ပေးဆပ်မှုတွေနဲ့ ထိုက်တန်ဖို့ရာ နေ့စဉ်အတူတကွရပ်တည်ပြီး မပျက်မကွက် လုပ်ဆောင်ရမယ့် ကတိကဝတ်တခုလည်း ဖြစ်ရပါမယ်။"