Accessibility links

Breaking News

ရက္စက္ႏွိပ္ကြပ္မႈ ေလွ်ာ႔ခ်ႏိုင္ေရး အေမရိကန္အစိုးရ အခိုင္အမာကတိျပဳ


US Congress

{{Zawgyi/Unicode}}

လူမ်ိဳးတုန္းသတ္ျဖတ္မႈနဲ႔ ရက္စြာညႇင္းပန္းႏွိပ္စက္မႈကာကြယ္ေရးဆိုင္ရာ Elie Wiesal (အဲလီဝီဇဲလ္) အက္ဥပေဒ အရ၊ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေန ၂၀၂၁ ခုႏွစ္အတြက္ ကြန္ကရက္လႊတ္ေတာ္ ႏွစ္ပတ္လည္အစီရင္ခံစာကို မၾကာခင္ကထုတ္ျပန္လိုက္ပါတယ္။

လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ ရာဇဝတ္မႈ၊ လူသားမ်ိဳးႏြယ္စုအေပၚ ျပစ္မႈက်ဴးလြန္တာေတြကို ကာကြယ္ေရး တိုးတက္မႈရွိလာတာနဲ႔အမွ်၊ ဒီထက္မက ပိုတိုးလုပ္စရာေတြ ရွိေနေသးတယ္ဆိုတာကို ဒီအစီရင္ခံစာက ထပ္ေလာင္း သတိေပးလိုက္ပါဘဲလို႔ ပဋိပကၡမ်ား တည္ၿငိမ္ေအးခ်မ္းေရးဌာနဆိုင္ရာ အေမရိကန္ ယာယီလက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Robert Faucher က ေျပာဆိုလိုက္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္ပိုင္းေတြအတြင္း ရက္စက္ၾကမ္းၾကဳတ္မႈေတြ ျဖစ္ပြားခဲ့တဲ့ႏိုင္ငံအေတာ္မ်ားမ်ားမွာ အလားတူထပ္ျဖစ္ႏိုင္တဲ့ အႏၲရာယ္ရွိေနတာကို ဒီႏွစ္အစီရင္ခံစာက မီးေမာင္းထိုးျပထားတယ္လို႔ Mr. Faucher က အခုလိုေျပာပါတယ္။

[ACT 1 0:14 DALET:POLICY/ACTUALITIES] “ဥပမာ၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ရွင္က်န္းျပည္နယ္က မူဆလင္အမ်ားစုျဖစ္တဲ့ ဝီဂါ လူမ်ိဳးစုေတြ၊ တျခားတိုင္းရင္းသားလူနည္းစုေတြနဲ႔ လူနည္းစုဘာသာေရးအဖြဲ႔အစည္းေတြ အေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈစတာေတြ ဆက္လက္ ျဖစ္ပြားေနတာကို ဒီအစီရင္ခံစာက အေလးေပးေဖၚျပထားတယ္လို႔ ေျပာသြားတာပါ။” [END ACT]

အီသီယိုပီးယားႏိုင္ငံ Tigray ေဒသမွာ အရပ္သားေတြ၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ လူမႈကယ္ဆယ္ေရး ဝန္ထမ္းေတြပါမက်န္၊ တိုက္ခိုက္ခံၾကရတာအပါအဝင္၊ ရက္စက္တဲ့ လိင္အၾကမ္းဖက္မႈေတြနဲ႔ လူ႔အခြင့္အေရးအႀကီးအက်ယ္ခ်ိဳးေဖါက္မႈေတြကိုလည္း ဒီအစီရင္ခံစာက မွတ္တမ္းတင္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အစိုးရက ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖၚသူေတြနဲ႔ လူ႔အခြင့္အေရးခုခံကာကြယ္သူေတြကို ရက္စက္စြာ ႏွိပ္ကြပ္ၿဖိဳခြင္းေနတာေတြကိုလည္းဂ႐ုျပဳႏိုင္ေစဖို႔ ဒီအစီရင္ခံစာက အေလးေပးေဖၚျပထားပါတယ္။ မူဆလင္႐ိုဟင္ဂ်ာေတြကို လူမ်ိဳးစုအလိုက္ရွင္းလင္းဖယ္ရွားတာ၊ တျခားတိုင္းရင္းသားေတြနဲ႔ လူနည္းစုဘာသာေရးအဖြဲ႔အစည္းေတြအေပၚ အၾကမ္းဖက္ ဖိႏွိပ္တာေတြအတြက္ စစ္အစိုးရမွာ တာဝန္ရွိတယ္လို႔ မီးေမာင္းထိုးျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရး ႀကိဳးပမ္းမႈအတြက္ ရက္စက္စြာႏွိပ္ကြပ္မႈကာကြယ္ေရးက ေရွ႕ဆံုးက ဦးစားေပးအျဖစ္ရွိေနဆဲ ဆိုတာကို ဒီအစီရင္ခံစာတင္သြင္းမႈက ထပ္ေလာင္းအတည္ျပဳလိုက္တာျဖစ္တယ္လို႔ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Faucher က အခုလိုေျပာပါတယ္။

[ACT 2 0:09 DALET:POLICY/ACTUALITIES] “တခ်ိဳ႕ ရက္စက္စြာႏွိပ္ကြပ္တဲ့ ရာဇဝတ္မႈေတြက အႏွစ္ ၇၀ ေက်ာ္ကာလအတြင္း ၿငိမ္းခ်မ္းေရးနဲ႔ သာယာဝေျပာေရးကို ေဆာင္က်ဥ္းေပးေနတဲ့ ႏိုင္ငံတကာအစဥ္အလာေတြကို အႏၲရာယ္ေပးၿခိမ္းေျခာက္တာေတြရွိေနတယ္လို႔ ေျပာသြားတာပါ။ ”[END ACT]

ဒီကာကြယ္ေရးယႏၲယားမွာ အိမ္ျဖဴေတာ္ဦးေဆာင္တဲ့ ရက္စက္စြာႏွိပ္ကြပ္မႈ ႀကိဳတင္သတိေပးတဲ့ Task Force အထူးလုပ္ငန္းအဖြဲ႔လည္းပါဝင္ပါတယ္။ ရက္စက္စြာႏွိပ္ကြပ္မႈေတြကို ႀကိဳတင္ ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရးနဲ႔ တုန္႔ျပန္ေရးအတြက္ ဒီ Task Force က အစိုးရတရပ္လံုးနဲ႔ ပူးေပါင္း ၫွိႏိႈင္းေဆာင္ရြက္ေနပါတယ္။

အေမရိကန္ျပည္ေထာင္စုက ေထာင္ေသာင္းခ်ီတဲ့ သံတမန္ေတြ၊ ဖြံၿဖိဳးေရးအေထာက္အကူျပဳဝန္ထမ္းေတြနဲ႔ ကာကြယ္ေရးဝန္ထမ္းေတြကို ကာကြယ္ေရးနဲ႔ ပတ္သက္တဲ့ အေရးပါတဲ့ လုပ္ငန္းေတြကို သင္တန္းေပးခဲ့ၿပီးျဖစ္ပါတယ္။ အၾကမ္းဖက္မႈေတြျဖစ္ပြားႏိုင္တဲ့ အလားအလာရွိတဲ့ အေျခအေနေတြကို ၿဂိဳလ္တု Satellite ဓါတ္ပံုေတြကေန ႀကိဳတင္ေလ့လာလို႔ရပါတယ္။

ဖိႏွိပ္တဲ့ အစိုးရေတြက လူ႔အခြင့္အေရးခုခံကာကြယ္သူေတြနဲ႔ လူထူအေျချပဳ အဖြဲ႔အစည္းေခါင္းေဆာင္ေတြကို ၿခိမ္းေျခာက္မႈအႏၲရာယ္ျပဳခဲ့ရင္ ဒီကာကြယ္ေရး Task Force ကေန အသက္ကယ္ဆယ္ေရးအကူအညီေတြ ေပးပို႔ေနပါတယ္။ ဒီေျခလွမ္းေတြဟာ ရက္စက္တဲ့ႏွိပ္ကြပ္မႈေတြ ေနာက္ဘယ္ေတာ့မွ ထပ္မျဖစ္ရေအာင္ အတူတကြ ေရွ႕တလွမ္းထိုးတဲ့ လႈပ္ရွားမႈျဖစ္ပါတယ္လို႔ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Faucher ကေထာက္ျပပါတယ္။

အနာဂတ္မွာ ရက္စက္စြာႏွိပ္ကြပ္မႈ အႏၲရာယ္ေတြ ေလ်ာ့ပါးေရး၊ ပိုၿပီးၿငိမ္းခ်မ္းတဲ့၊ သာယာဝေျပာတဲ့ ကမ႓ာႀကီးအျဖစ္ တစိုက္မတ္မတ္ စိတ္ပိုင္းခ်က္နဲ႔ ဖန္တီးၾကဖို႔၊ အေမရိကန္ျပည္ေထာင္စုက သံဓိဌာန္ခ်မွတ္ထားေၾကာင္းပါခင္ဗ်ား။

...............................

{{Unicode}}

လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရက်စွာညှင်းပန်းနှိပ်စက်မှုကာကွယ်ရေးဆိုင်ရာ Elie Wiesal (အဲလီဝီဇဲလ်) အက်ဥပဒေ အရ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ၂၀၂၁ ခုနှစ်အတွက် ကွန်ကရက်လွှတ်တော် နှစ်ပတ်လည်အစီရင်ခံစာကို မကြာခင်ကထုတ်ပြန်လိုက်ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှု၊ ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ပြစ်မှုကျူးလွန်တာတွေကို ကာကွယ်ရေး တိုးတက်မှုရှိလာတာနဲ့အမျှ၊ ဒီထက်မက ပိုတိုးလုပ်စရာတွေ ရှိနေသေးတယ်ဆိုတာကို ဒီအစီရင်ခံစာက ထပ်လောင်း သတိပေးလိုက်ပါဘဲလို့ ပဋိပက္ခများ တည်ငြိမ်အေးချမ်းရေးဌာနဆိုင်ရာ အမေရိကန် ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robert Faucher က ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပွားခဲ့တဲ့နိုင်ငံအတော်များများမှာ အလားတူထပ်ဖြစ်နိုင်တဲ့ အန္တရာယ်ရှိနေတာကို ဒီနှစ်အစီရင်ခံစာက မီးမောင်းထိုးပြထားတယ်လို့ Mr. Faucher က အခုလိုပြောပါတယ်။

[ACT 1 0:14 DALET:POLICY/ACTUALITIES] “ဥပမာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှင်ကျန်းပြည်နယ်က မူဆလင်အများစုဖြစ်တဲ့ ဝီဂါ လူမျိုးစုတွေ၊ တခြားတိုင်းရင်းသားလူနည်းစုတွေနဲ့ လူနည်းစုဘာသာရေးအဖွဲ့အစည်းတွေ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုစတာတွေ ဆက်လက် ဖြစ်ပွားနေတာကို ဒီအစီရင်ခံစာက အလေးပေးဖေါ်ပြထားတယ်လို့ ပြောသွားတာပါ။” [END ACT]

အီသီယိုပီးယားနိုင်ငံ Tigray ဒေသမှာ အရပ်သားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုကယ်ဆယ်ရေး ဝန်ထမ်းတွေပါမကျန်၊ တိုက်ခိုက်ခံကြရတာအပါအဝင်၊ ရက်စက်တဲ့ လိင်အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖေါက်မှုတွေကိုလည်း ဒီအစီရင်ခံစာက မှတ်တမ်းတင်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူတွေနဲ့ လူ့အခွင့်အရေးခုခံကာကွယ်သူတွေကို ရက်စက်စွာ နှိပ်ကွပ်ဖြိုခွင်းနေတာတွေကိုလည်းဂရုပြုနိုင်စေဖို့ ဒီအစီရင်ခံစာက အလေးပေးဖေါ်ပြထားပါတယ်။ မူဆလင်ရိုဟင်ဂျာတွေကို လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားတာ၊ တခြားတိုင်းရင်းသားတွေနဲ့ လူနည်းစုဘာသာရေးအဖွဲ့အစည်းတွေအပေါ် အကြမ်းဖက် ဖိနှိပ်တာတွေအတွက် စစ်အစိုးရမှာ တာဝန်ရှိတယ်လို့ မီးမောင်းထိုးပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကြိုးပမ်းမှုအတွက် ရက်စက်စွာနှိပ်ကွပ်မှုကာကွယ်ရေးက ရှေ့ဆုံးက ဦးစားပေးအဖြစ်ရှိနေဆဲ ဆိုတာကို ဒီအစီရင်ခံစာတင်သွင်းမှုက ထပ်လောင်းအတည်ပြုလိုက်တာဖြစ်တယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Faucher က အခုလိုပြောပါတယ်။

[ACT 2 0:09 DALET:POLICY/ACTUALITIES] “တချို့ ရက်စက်စွာနှိပ်ကွပ်တဲ့ ရာဇဝတ်မှုတွေက အနှစ် ၇၀ ကျော်ကာလအတွင်း ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ဆောင်ကျဉ်းပေးနေတဲ့ နိုင်ငံတကာအစဉ်အလာတွေကို အန္တရာယ်ပေးခြိမ်းခြောက်တာတွေရှိနေတယ်လို့ ပြောသွားတာပါ။ ”[END ACT]

ဒီကာကွယ်ရေးယန္တယားမှာ အိမ်ဖြူတော်ဦးဆောင်တဲ့ ရက်စက်စွာနှိပ်ကွပ်မှု ကြိုတင်သတိပေးတဲ့ Task Force အထူးလုပ်ငန်းအဖွဲ့လည်းပါဝင်ပါတယ်။ ရက်စက်စွာနှိပ်ကွပ်မှုတွေကို ကြိုတင် ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ တုန့်ပြန်ရေးအတွက် ဒီ Task Force က အစိုးရတရပ်လုံးနဲ့ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။

အမေရိကန်ပြည်ထောင်စုက ထောင်သောင်းချီတဲ့ သံတမန်တွေ၊ ဖွံဖြိုးရေးအထောက်အကူပြုဝန်ထမ်းတွေနဲ့ ကာကွယ်ရေးဝန်ထမ်းတွေကို ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အရေးပါတဲ့ လုပ်ငန်းတွေကို သင်တန်းပေးခဲ့ပြီးဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေဖြစ်ပွားနိုင်တဲ့ အလားအလာရှိတဲ့ အခြေအနေတွေကို ဂြိုလ်တု Satellite ဓါတ်ပုံတွေကနေ ကြိုတင်လေ့လာလို့ရပါတယ်။

ဖိနှိပ်တဲ့ အစိုးရတွေက လူ့အခွင့်အရေးခုခံကာကွယ်သူတွေနဲ့ လူထူအခြေပြု အဖွဲ့အစည်းခေါင်းဆောင်တွေကို ခြိမ်းခြောက်မှုအန္တရာယ်ပြုခဲ့ရင် ဒီကာကွယ်ရေး Task Force ကနေ အသက်ကယ်ဆယ်ရေးအကူအညီတွေ ပေးပို့နေပါတယ်။ ဒီခြေလှမ်းတွေဟာ ရက်စက်တဲ့နှိပ်ကွပ်မှုတွေ နောက်ဘယ်တော့မှ ထပ်မဖြစ်ရအောင် အတူတကွ ရှေ့တလှမ်းထိုးတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Faucher ကထောက်ပြပါတယ်။

အနာဂတ်မှာ ရက်စက်စွာနှိပ်ကွပ်မှု အန္တရာယ်တွေ လျော့ပါးရေး၊ ပိုပြီးငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ ကမ္ဘာကြီးအဖြစ် တစိုက်မတ်မတ် စိတ်ပိုင်းချက်နဲ့ ဖန်တီးကြဖို့၊ အမေရိကန်ပြည်ထောင်စုက သံဓိဌာန်ချမှတ်ထားကြောင်းပါခင်ဗျား။

XS
SM
MD
LG