Accessibility links

Breaking News

 Holocaust အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခံရမႈ အထိမ္းအမွတ္ေန႔


HOLOCAUST-MEMORIAL/AUSCHWITZ
HOLOCAUST-MEMORIAL/AUSCHWITZ

[[Zawgyi/Unicode]]


အတိတ္ကအျဖစ္ေတြကို အမွတ္မရွိၾကသူေတြဟာ ဒါမ်ိဳး ထပ္က်ဴးလြန္ႏိုင္ၾကတယ္ဆိုတဲ့ Geroge Santayana ရဲ႕ အေက်ာ္ၾကားဆုံးေျပာစကားကို Baltimore ၿမိဳ႕က Holocaust အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခံရမႈအထိမ္းအမွတ္ပန္းပုရဲ႕ ေအာက္ခံအမည္းေရာင္ ေက်ာက္ျပားမွာ ေရးထိုးထားပါတယ္။ ဒါေၾကာင့္လည္း ၁၉၄၅ ခုႏွစ္ ဇန္နဝါရီလ ၂၇ ရက္ ေန႔က Auschwitz-Birkenau လူသတ္အက်ဥ္းစခန္းကလူေတြကို ကယ္တင္ႏိုင္ခဲ့တဲ့ေန႔ကို ႏိုင္ငံတကာ Holocust အမွတ္ရေအာက္ေမ့ဖြယ္ေန႔အျဖစ္ သတ္မွတ္က်င္းပတာျဖစ္ပါတယ္။

နာဇီဂ်ာမနီရဲ႕အဆိုအရ ဂ်ဴးျပႆနာကို အၿပီးတိုင္ေျဖရွင္းတဲ့လုပ္ရပ္ကေန အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္တဲ့ Holocaust ျဖစ္ခဲ့ရတာပါ။ ဥေရာပကဂ်ဴးလူမ်ိဳးေတြကို မ်ိဳးျဖဳတ္ရွင္းလင္းဖို႔ စနစ္တက်ႀကံစည္မႈျဖစ္ပါတယ္။ ဒါဟာ နာဇီတို႔ရဲ႕ စစ္ေရးႀကိဳးပမ္းခ်က္နဲ႔ သီးျခားျဖစ္ပါတယ္။ ဒီ အၿပီးတိုင္ေျဖရွင္းေရး အစီအစဥ္ဟာဆိုရင္ စစ္ေရး ႀကိဳးပမ္းခ်က္ထက္ေတာင္ ေယဘုယ်အားျဖင့္ ဦးစားေပးေဆာင္႐ြက္ခဲ့တာပါ။ ေရွ႕တန္း စစ္ေျမျပင္ေတြမွာ လူအင္အား၊ ပစၥည္းအင္အား၊ အလြန္အမင္းလိုအပ္ေနခ်ိန္မွာပင္လ်င္ ေသဒဏ္ စခန္းက တာဝန္ခ်ထားမႈေတြကေန လႊဲေျပာင္းမေပးခဲ့ၾကပါဘူး။ အဆုံးမွာေတာ့ ဒီ အဆုံးသတ္ေျဖရွင္းခ်က္ရဲ႕ ရလဒ္ကေတာ့ ဂ်ဴးလူမ်ိဳး ၆ သန္း သတ္ျဖတ္ခံရမႈ ျဖစ္ပါတယ္။

ဒုတိယကမာၻစစ္ရဲ႕ ေၾကာက္မက္ဖြယ္ေကာင္းလွတဲ့ အျဖစ္အပ်က္ေတြကို ေမ့ေလ်ာ့လာၾကတာနဲ႔အတူ ဒီကေန႔ ဒီအခ်ိန္မွာေတာ့ ႏိုင္ငံအမ်ားအျပားမွာ Holocaust ကို ပုံဖ်က္တာေတြနဲ႔ လက္မခံတာေတြ တိုးလာေနပါတယ္။

Holocaust နဲ႔ ဒုတိယကမာၻစစ္ၿပီးဆုံးခဲ့တာ ၇၅ ႏွစ္ေက်ာ္ရွိလာခဲ့ခ်ိန္မွာ လူ႔သမိုင္းမွာ အစုလိုက္အၿပဳံလိုက္ ၾကမ္းၾကဳတ္ရက္စက္ခံရတဲ့ အခိုင္မာဆုံး သက္ေသတခုျဖစ္တဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈ ျဖစ္ရပ္မွန္ေတြကိုျငင္းပယ္ၿပီး လိုရာဆြဲေျပာဆိုသူေတြရွိေနတာဟာဆိုရင္ မယုံၾကည္ႏိုင္စရာ ျဖစ္ပါတယ္လို႔ Holocaust ကိစၥမ်ားဆိုင္ရာ ဥေရာပနဲ႔ အေရွ႕ဥေရာပဆိုင္ရာ ဗ်ဴ႐ိုရဲ႕အထူးကိုယ္စားလွယ္ Ellen Germain က ေျပာပါတယ္။

သက္ေသအေထာက္အထားေတြ ေတာင္ပုံရာပုံ ရွိပါတယ္။ အသက္ရွင္ လြတ္ေျမာက္လာသူေတြရဲ႕ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ဆိုခ်က္ေတြ ရွိပါတယ္။ ေသဒဏ္ အက်ဥ္းစခန္းေတြကေန လြတ္ေျမာက္လာသူေတြထံက မ်က္ျမင္သက္ေသေတြ ရွိေနပါတယ္။ ဒါေတာင္မွပဲ Holocaust ကို ျငင္းပယ္မႈေတြနဲ႔ ပုံဖ်က္ၾကတာေတြ ဆက္ၿပီး ရွိေနပါတယ္လို႔ သူမက ေျပာပါတယ္။

Holocaust ကို လက္မခံသူေတြဟာဆိုရင္ Holocaust ရဲ႕ သမိုင္းကို ေခ်ဖ်က္ဖို႔ ႀကိဳးစားေနၾကတာျဖစ္တယ္လို႔ ႏိုင္ငံတကာ Holocaust အမွတ္ရေအာက္ေမ့ဖြယ္ မဟာမိတ္အဖြဲ႕ က ေျပာပါတယ္။ ဒီလို လုပ္ေဆာင္ေနၾကတာကလည္း နာဇီဝါဒနဲ႔ ဂ်ဴးဆန႔္က်င္ေရး ဝါဒကို တရားဝင္ျဖစ္ေအာင္ ႀကိဳးစားေနၾကတာ ျဖစ္ပါတယ္။ Holocaust ကို ပုံဖ်က္မႈေတြဟာဆိုရင္ Holocaust ရဲ႕ အျဖစ္မွန္ေတြကို အသိအမွတ္ျပဳေနတာလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ မီဒီယာမ်ိဳးစုံကေန နည္းလမ္းေပါင္းစုံနဲ႔ Holocust အျဖစ္ကို ဆင္ေျခေတြ၊ ေလွ်ာ့ေပါ့ေျပာဆိုမႈေတြ ဒါမွမဟုတ္လည္း မမွန္မကန္ေျပာဆိုမႈေတြ ရွိေနပါတယ္။ Holocaust ကို လက္မခံ၊ ပုံဖ်က္မႈေတြကို တန္ျပန္ေဆာင္႐ြက္ဖို႔က အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလုပ္ရပ္ေတြဟာဆိုရင္ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ အခ်က္အလက္ အမွန္ေတြကို ေမွးမွိန္သြားေစတာမ်ိဳး ဒါမွမဟုတ္လည္း ေလ်ာ့ပါးသြားေအာင္ ႀကိဳးပမ္းမႈ ျဖစ္သလိုဘဲ ဒီလုပ္ရပ္မွာ ပါဝင္သူေတြဟာ Holocaust မွာ ေသဆုံးခဲ့ၾကသူေတြနဲ႔ အသက္မေသ လြတ္ေျမာက္လာသူေတြကို ေစာ္ကားေနတာေၾကာင့္ ျဖစ္ပါတယ္။

ဂ်ဴး ဆန႔္က်င္ေရးဝါဒကို ဆက္လက္တည္တံ့သြားေစႏိုင္တာေၾကာင့္လည္း ဒါေတြကို တန္ျပန္ေဆာင္႐ြက္ေရးက အေရးႀကီးပါတယ္။ ဒါ့အျပင္ အၾကမ္းဖက္ အစြန္းေရာက္ဝါဒကို မီးထိုးေပးသလို ျဖစ္သြားေစႏိုင္တာေၾကာင့္လည္း အခုလို တန္ျပန္ေဆာင္႐ြက္ေရးက အေရးႀကီးပါတယ္လို႔ အထူးကိုယ္စားလွယ္ Germain က ေျပာပါတယ္။

Holocaust ရဲ႕ သမိုင္းေၾကာင္းကေန နားလည္သင္ယူႏိုင္စြမ္းကို ၿခိမ္းေျခာက္လာတာေၾကာင့္လည္း Holocaust ကို ျငင္းပယ္ ပုံဖ်က္မႈေတြကို တန္ျပန္ေဆာင္႐ြက္ေရးက အေရးႀကီးပါတယ္လို႔လည္း သူမက ေျပာပါတယ္။ ဒါမ်ိဳး ထပ္ၿပီး မျဖစ္ေစရဘူးဆိုတဲ့ အေရးႀကီးဆုံး ကိုယ္က်င့္တရားဆိုင္ရာ သင္ခန္းစာကို Holocaust ကေန ကမာၻႀကီး အေနနဲ႔ ရယူႏိုင္ပါတယ္လို႔လည္း သူမက ေျပာပါတယ္။

==============

[[Unicode]]

Holocaust အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အထိမ်းအမှတ်နေ့


အတိတ်ကအဖြစ်တွေကို အမှတ်မရှိကြသူတွေဟာ ဒါမျိုး ထပ်ကျူးလွန်နိုင်ကြတယ်ဆိုတဲ့ Geroge Santayana ရဲ့ အကျော်ကြားဆုံးပြောစကားကို Baltimore မြို့က Holocaust အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအထိမ်းအမှတ်ပန်းပုရဲ့ အောက်ခံအမည်းရောင် ကျောက်ပြားမှာ ရေးထိုးထားပါတယ်။ ဒါကြောင့်လည်း ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် နေ့က Auschwitz-Birkenau လူသတ်အကျဉ်းစခန်းကလူတွေကို ကယ်တင်နိုင်ခဲ့တဲ့နေ့ကို နိုင်ငံတကာ Holocust အမှတ်ရအောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ကျင်းပတာဖြစ်ပါတယ်။

နာဇီဂျာမနီရဲ့အဆိုအရ ဂျူးပြဿနာကို အပြီးတိုင်ဖြေရှင်းတဲ့လုပ်ရပ်ကနေ အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့ Holocaust ဖြစ်ခဲ့ရတာပါ။ ဥရောပကဂျူးလူမျိုးတွေကို မျိုးဖြုတ်ရှင်းလင်းဖို့ စနစ်တကျကြံစည်မှုဖြစ်ပါတယ်။ ဒါဟာ နာဇီတို့ရဲ့ စစ်ရေးကြိုးပမ်းချက်နဲ့ သီးခြားဖြစ်ပါတယ်။ ဒီ အပြီးတိုင်ဖြေရှင်းရေး အစီအစဉ်ဟာဆိုရင် စစ်ရေး ကြိုးပမ်းချက်ထက်တောင် ယေဘုယျအားဖြင့် ဦးစားပေးဆောင်ရွက်ခဲ့တာပါ။ ရှေ့တန်း စစ်မြေပြင်တွေမှာ လူအင်အား၊ ပစ္စည်းအင်အား၊ အလွန်အမင်းလိုအပ်နေချိန်မှာပင်လျင် သေဒဏ် စခန်းက တာဝန်ချထားမှုတွေကနေ လွှဲပြောင်းမပေးခဲ့ကြပါဘူး။ အဆုံးမှာတော့ ဒီ အဆုံးသတ်ဖြေရှင်းချက်ရဲ့ ရလဒ်ကတော့ ဂျူးလူမျိုး ၆ သန်း သတ်ဖြတ်ခံရမှု ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ရဲ့ ကြောက်မက်ဖွယ်ကောင်းလှတဲ့ အဖြစ်အပျက်တွေကို မေ့လျော့လာကြတာနဲ့အတူ ဒီကနေ့ ဒီအချိန်မှာတော့ နိုင်ငံအများအပြားမှာ Holocaust ကို ပုံဖျက်တာတွေနဲ့ လက်မခံတာတွေ တိုးလာနေပါတယ်။

Holocaust နဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့တာ ၇၅ နှစ်ကျော်ရှိလာခဲ့ချိန်မှာ လူ့သမိုင်းမှာ အစုလိုက်အပြုံလိုက် ကြမ်းကြုတ်ရက်စက်ခံရတဲ့ အခိုင်မာဆုံး သက်သေတခုဖြစ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ရပ်မှန်တွေကိုငြင်းပယ်ပြီး လိုရာဆွဲပြောဆိုသူတွေရှိနေတာဟာဆိုရင် မယုံကြည်နိုင်စရာ ဖြစ်ပါတယ်လို့ Holocaust ကိစ္စများဆိုင်ရာ ဥရောပနဲ့ အရှေ့ဥရောပဆိုင်ရာ ဗျူရိုရဲ့အထူးကိုယ်စားလှယ် Ellen Germain က ပြောပါတယ်။

သက်သေအထောက်အထားတွေ တောင်ပုံရာပုံ ရှိပါတယ်။ အသက်ရှင် လွတ်မြောက်လာသူတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ဆိုချက်တွေ ရှိပါတယ်။ သေဒဏ် အကျဉ်းစခန်းတွေကနေ လွတ်မြောက်လာသူတွေထံက မျက်မြင်သက်သေတွေ ရှိနေပါတယ်။ ဒါတောင်မှပဲ Holocaust ကို ငြင်းပယ်မှုတွေနဲ့ ပုံဖျက်ကြတာတွေ ဆက်ပြီး ရှိနေပါတယ်လို့ သူမက ပြောပါတယ်။

Holocaust ကို လက်မခံသူတွေဟာဆိုရင် Holocaust ရဲ့ သမိုင်းကို ချေဖျက်ဖို့ ကြိုးစားနေကြတာဖြစ်တယ်လို့ နိုင်ငံတကာ Holocaust အမှတ်ရအောက်မေ့ဖွယ် မဟာမိတ်အဖွဲ့ က ပြောပါတယ်။ ဒီလို လုပ်ဆောင်နေကြတာကလည်း နာဇီဝါဒနဲ့ ဂျူးဆန့်ကျင်ရေး ဝါဒကို တရားဝင်ဖြစ်အောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ Holocaust ကို ပုံဖျက်မှုတွေဟာဆိုရင် Holocaust ရဲ့ အဖြစ်မှန်တွေကို အသိအမှတ်ပြုနေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မီဒီယာမျိုးစုံကနေ နည်းလမ်းပေါင်းစုံနဲ့ Holocust အဖြစ်ကို ဆင်ခြေတွေ၊ လျှော့ပေါ့ပြောဆိုမှုတွေ ဒါမှမဟုတ်လည်း မမှန်မကန်ပြောဆိုမှုတွေ ရှိနေပါတယ်။ Holocaust ကို လက်မခံ၊ ပုံဖျက်မှုတွေကို တန်ပြန်ဆောင်ရွက်ဖို့က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ရပ်တွေဟာဆိုရင် ဖြစ်ခဲ့တဲ့ အဖြစ်အပျက် အချက်အလက် အမှန်တွေကို မှေးမှိန်သွားစေတာမျိုး ဒါမှမဟုတ်လည်း လျော့ပါးသွားအောင် ကြိုးပမ်းမှု ဖြစ်သလိုဘဲ ဒီလုပ်ရပ်မှာ ပါဝင်သူတွေဟာ Holocaust မှာ သေဆုံးခဲ့ကြသူတွေနဲ့ အသက်မသေ လွတ်မြောက်လာသူတွေကို စော်ကားနေတာကြောင့် ဖြစ်ပါတယ်။

ဂျူး ဆန့်ကျင်ရေးဝါဒကို ဆက်လက်တည်တံ့သွားစေနိုင်တာကြောင့်လည်း ဒါတွေကို တန်ပြန်ဆောင်ရွက်ရေးက အရေးကြီးပါတယ်။ ဒါ့အပြင် အကြမ်းဖက် အစွန်းရောက်ဝါဒကို မီးထိုးပေးသလို ဖြစ်သွားစေနိုင်တာကြောင့်လည်း အခုလို တန်ပြန်ဆောင်ရွက်ရေးက အရေးကြီးပါတယ်လို့ အထူးကိုယ်စားလှယ် Germain က ပြောပါတယ်။

Holocaust ရဲ့ သမိုင်းကြောင်းကနေ နားလည်သင်ယူနိုင်စွမ်းကို ခြိမ်းခြောက်လာတာကြောင့်လည်း Holocaust ကို ငြင်းပယ် ပုံဖျက်မှုတွေကို တန်ပြန်ဆောင်ရွက်ရေးက အရေးကြီးပါတယ်လို့လည်း သူမက ပြောပါတယ်။ ဒါမျိုး ထပ်ပြီး မဖြစ်စေရဘူးဆိုတဲ့ အရေးကြီးဆုံး ကိုယ်ကျင့်တရားဆိုင်ရာ သင်ခန်းစာကို Holocaust ကနေ ကမ္ဘာကြီး အနေနဲ့ ရယူနိုင်ပါတယ်လို့လည်း သူမက ပြောပါတယ်။

XS
SM
MD
LG