Accessibility links

Breaking News

႐ုရွားမွာ လုပ္ၾကံခံရသူ သတင္းသမား ၂ ဦး အေမရိကန္ဂုဏ္ျပဳ 


Paul Klebnikov, Natalya Estemirova
Paul Klebnikov, Natalya Estemirova

{{Zawgyi/Unicode}}
သတင္းေထာက္ႏွစ္ေယာက္ျဖစ္တဲ့ Natalia Estemirova [Eh-stye-mee-roh-vah နဲ႔ Paul Klebnikov တို႔ကို ဒီ ဇူလိုင္လအတြင္းမွာ အမွတ္တရ ခ်ီးက်ဴး ဂုဏ္ျပဳၾကပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အခ်ိန္ကာလ ၅ ႏွစ္ျခားၿပီး ႐ုရွားႏိုင္ငံမွာ လုပ္ၾကံသတ္ျဖတ္ခံခဲ့ရတာပါ။ သူတို႔ ႏွစ္ေယာက္စလံုးဟာ သတင္းေထာက္အလုပ္ကို တန္ဖိုးထားၿပီး၊ အဂတိလိုက္စားမႈေတြနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြကို ေဖၚထုတ္ေရးသားၾကသူေတြျဖစ္ပါတယ္။

Paul Klebnikov ဟာ ႐ုရွားႏြယ္ဖြားအေမရိကန္ႏိုင္ငံသားျဖစ္ပါတယ္။ လစဥ္ထုတ္ စီးပြားေရးနဲ႔ ကုန္သြယ္ေရးသတင္းေတြ ဦးစားေပးေဖၚျပတဲ့ Forbes Russia Magazine ရဲ႔ အယ္ဒီတာခ်ဳပ္ျဖစ္ပါတယ္။

Mr. Klebnikov ဟာ အထူးသျဖင့္၊ ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲၿပီးေနာက္ပိုင္း၊ ႐ုရွားႏိုင္ငံရဲ႕ ရႈတ္ေထြးလွတဲ့ စီးပြားေရးလုပ္ငန္းေတြကို စံုစမ္းေထာက္လွမ္းၿပီး အဂတိလိုက္စားမႈေတြကို ေဖၚထုတ္တဲ့ သတင္းေတြကိုေရးသားခဲ့ပါတယ္။ ၂၀၀၄ ခုႏွစ္ ဇူလိုင္လ ၉ ရက္ေန႔မွာ Mr. Klebnikov ေမာ္စကိုၿမိဳ႕က သူ႔ရံုးခန္းအျပင္ကို ထြက္ခ်ိန္မွာ ျဖတ္သြားတဲ့ကားေပၚကေန သူ႔ကို ေသနတ္နဲ႔ ၉ ခ်က္ပစ္ လုပ္ၾကံခံခဲ့ရပါတယ္။

သတင္းေထာက္ Natalia Estemirova [Eh-stye-mee-roh-vah က ေတာ့ ခ်က္ခ်နီယာျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ Grozny မွာေနထိုင္ခဲ့တဲ့ လူ႔အခြင့္အေရးခုခံကာကြယ္သူ သုေတသီ တဦးျဖစ္သလို၊ Memorial Human Rights Center ရဲ႔ အုပ္ခ်ဳပ္မႈဘုတ္အဖြဲ႔ဝင္လည္းျဖစ္ပါတယ္။

Ms. Estemirova [Eh-stye-mee-roh-vah] ဟာ ၁၉၉၉ ခုႏွစ္ကျဖစ္ပြားခဲ့တဲ့ ခ်က္ခ်နီယာခြဲထြက္ေရး ဒုတိယစစ္ပြဲ စတင္ခ်ိန္မွာ ျပန္ေပးဆြဲခံရမႈေတြ၊ ႏွိပ္စက္ၫွင္းပန္းမႈေတြနဲ႔ သတ္ျဖတ္ခံရမႈေတြနဲ႔ ပတ္သက္တဲ့ သက္ေသအေထာက္အထားေတြကို သုေတသနျပဳစုခဲ့သူျဖစ္ပါတယ္။

ဒါ့အျပင္ ခ်က္ခ်နီယာမွာ ဥပေဒျပင္ပ ကြပ္မ်က္တာေတြ၊ အိမ္ေတြမီးရိႈ႔တာေတြ၊ ျပန္ေပးဆြဲတာေတြနဲ႔ မတရားဖမ္းဆီးထိန္းသိမ္းတာေတြကိုပါ အာရံုစိုက္ ေဖၚထုတ္ တင္ဆက္ခဲ့ပါတယ္။ ဒီျပစ္မႈ က်ဴးလြန္သူေတြကို တရားဥပေဒအရ အေရးယူဖို႔ ပ်က္ကြက္တဲ့ အစိုးရအာဏာပိုင္ေတြကို သူက အျပစ္တင္ေဝဖန္ခဲ့ပါတယ္။

Ms. Estemirova [Eh-stye-mee-roh-vah] ဟာ ၂၀၀၆ ခုႏွစ္က ေမာ္စကိုမွာ လုပ္ၾကံသတ္ျဖတ္ခံရတဲ့ ႐ုရွား သတင္းေထာက္ Anna Politkovskaya, Pah-litt-KOFFS-kah-yah နဲ႔ အနီးကပ္ အလုပ္လုပ္ခဲ့သူျဖစ္ပါတယ္။ သတင္းေထာက္ Anna Politkovskaya, Pah-litt-KOFFS-kah-yah ဟာ လူ႔အခြင့္အေရးခုခံကာကြယ္သူျဖစ္ၿပီး၊ ႐ုရွားအစိုးရကိုလည္း ေဝဖန္ခဲ့သူျဖစ္ပါတယ္။

ကမ႓ာတဝန္း ပဋိပကၡျဖစ္ပြားတဲ့ေဒသေတြမွာ လူ႔အခြင့္အေရးခုခံကာကြယ္သူ အမ်ိဳးသမီးေတြကို ႏွစ္စဥ္ ခ်ီးျမင့္တဲ့ Anna Politkovskaya [Pah-litt-KOFFS-kah-yah] ဆုကို ၂၀၀၇ ခုႏွစ္မွာ Ms. Estemirova [Eh-stye-mee-roh-vah] က ပထမဆံုးလက္ခံရရွိခဲ့ပါတယ္။

၂၀၀၉ ခုႏွစ္ ဇူလိုင္လ ၁၅ ရက္ေန႔ မနက္ခင္းမွာ Natalia Estemirova [Eh-stye-mee-roh-vah] က အလုပ္သြားတဲ့ လမ္းမွာ၊ လူတေယာက္ကအနားကပ္လာၿပီး သူ႔ကို ကားတစင္းေပၚ အတင္းတြန္းတင္ျခင္းလိုက္ရပါတယ္။ ေန႔လယ္ပိုင္းက်ေတာ့ ျပည္နယ္ခ်င္းကပ္ရက္ Ingushetia ျပည္နယ္က လမ္းမႀကီးနားမွာ ဦးေခါင္းနဲ႔ ရင္ဘတ္မွာ ေသနတ္ဒဏ္ရာေတြနဲ႔ သူ႔ရဲ႕ အေလာင္းကို ေတြ႕ခဲ့ရပါတယ္။

Paul Klebnikov နဲ႔ Natalia Estemirova [Eh-stye-mee-roh-vah] တို႔ လုပ္ၾကံခံရတာနဲ႔ ပတ္သက္လို႔ ဒီေန႔အထိ လက္သည္မေပၚေသးပါဘူး။ ႐ုရွားႏိုင္ငံမွာ ရက္စက္တဲ့ လူသတ္မႈေတြက်ဴးလြန္သူေတြ၊ ၾကံစည္သူေတြနဲ႔ ၾကံရာပါေတြကို ကင္းလြတ္ခြင့္ေပးထားၿပီး၊ တရားဥပေဒအရ အေရးယူဖို႔ ပ်က္ကြက္ေနၿပီး သတင္းေထာက္ေတြကို ဆက္လက္ဖိႏွိပ္ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ထုတ္ျပန္ခ်က္မွာေဖၚျပထားပါတယ္။

႐ုရွားအစိုးရက လြတ္လပ္တဲ့ သတင္းမီဒီယာေတြကို ဆက္လက္ၿဖိဳခြဲေနတဲ့အတြက္ ျပစ္တင္ရႈတ္ခ်ၿပီး၊ လြတ္လပ္တဲ့မီဒီယာက ႐ုရွားသတင္းေထာက္ေတြနဲ႔ လူ႔အခြင့္အေရးခုခံကာကြယ္သူေတြနဲ႔အတူ အေမရိကန္ျပည္ေထာင္စုက ေသြးစည္းညီညတ္စြာ ရပ္တည္ေနပါတယ္။

႐ုရွားႏိုင္ငံက အဂတိလိုက္စားမႈေတြကို ေဖၚထုတ္ၿပီး၊ လူ႔အခြင့္အေရးအတြက္ တိုက္ပြဲဝင္ၾကတဲ့ သတၱိရွိတဲ့ မ်ိဳးဆက္သစ္ သတင္းေထာက္ေတြအတြက္ Estemirova နဲ႔ Klebnikov တို႔ရဲ႕ အလုပ္ေတြက သူတို႔ရဲ႕ အေမြ အျဖစ္ရွင္သန္ေနမွာျဖစ္ပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က မွတ္ခ်က္လိုက္ေၾကာင္းပါခင္ဗ်ား။

............................................

{{Unicode}}

ရုရှားမှာ လုပ်ကြံခံရသူ သတင်းသမား ၂ ဦး အမေရိကန်ဂုဏ်ပြု

သတင်းထောက်နှစ်ယောက်ဖြစ်တဲ့ Natalia Estemirova [Eh-stye-mee-roh-vah နဲ့ Paul Klebnikov တို့ကိုဒီ ဇူလိုင်လအတွင်းမှာ အမှတ်တရ ချီးကျူး ဂုဏ်ပြုကြပါတယ်။ သူတို့နှစ်ယောက်ဟာ အချိန်ကာလ ၅ နှစ်ခြားပြီး ရုရှားနိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။ သူတို့ နှစ်ယောက်စလုံးဟာ သတင်းထောက်အလုပ်ကို တန်ဖိုးထားပြီး၊ အဂတိလိုက်စားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဖေါ်ထုတ်ရေးသားကြသူတွေဖြစ်ပါတယ်။

Paul Klebnikov ဟာ ရုရှားနွယ်ဖွားအမေရိကန်နိုင်ငံသားဖြစ်ပါတယ်။ လစဉ်ထုတ် စီးပွားရေးနဲ့ ကုန်သွယ်ရေးသတင်းတွေ ဦးစားပေးဖေါ်ပြတဲ့ Forbes Russia Magazine ရဲ့ အယ်ဒီတာချုပ်ဖြစ်ပါတယ်။

Mr. Klebnikov ဟာ အထူးသဖြင့်၊ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း၊ ရုရှားနိုင်ငံရဲ့ ရှုတ်ထွေးလှတဲ့ စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းထောက်လှမ်းပြီး အဂတိလိုက်စားမှုတွေကို ဖေါ်ထုတ်တဲ့ သတင်းတွေကိုရေးသားခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှာ Mr. Klebnikovမော်စကိုမြို့က သူ့ရုံးခန်းအပြင်ကို ထွက်ချိန်မှာ ဖြတ်သွားတဲ့ကားပေါ်ကနေ သူ့ကို သေနတ်နဲ့ ၉ ချက်ပစ် လုပ်ကြံခံခဲ့ရပါတယ်။

သတင်းထောက် Natalia Estemirova [Eh-stye-mee-roh-vah က တော့ ချက်ချနီယာပြည်နယ်ရဲ့ မြို့တော် Grozny မှာနေထိုင်ခဲ့တဲ့ လူ့အခွင့်အရေးခုခံကာကွယ်သူ သုတေသီ တဦးဖြစ်သလို၊ Memorial Human Rights Center ရဲ့ အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

Ms. Estemirova [Eh-stye-mee-roh-vah] ဟာ ၁၉၉၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ချက်ချနီယာခွဲထွက်ရေး ဒုတိယစစ်ပွဲ စတင်ချိန်မှာ ပြန်ပေးဆွဲခံရမှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေနဲ့ သတ်ဖြတ်ခံရမှုတွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို သုတေသနပြုစုခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် ချက်ချနီယာမှာ ဥပဒေပြင်ပ ကွပ်မျက်တာတွေ၊ အိမ်တွေမီးရှို့တာတွေ၊ ပြန်ပေးဆွဲတာတွေနဲ့ မတရားဖမ်းဆီးထိန်းသိမ်းတာတွေကိုပါ အာရုံစိုက် ဖေါ်ထုတ် တင်ဆက်ခဲ့ပါတယ်။ ဒီပြစ်မှု ကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူဖို့ ပျက်ကွက်တဲ့ အစိုးရအာဏာပိုင်တွေကို သူက အပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Ms. Estemirova [Eh-stye-mee-roh-vah] ဟာ ၂၀၀၆ ခုနှစ်က မော်စကိုမှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ရုရှား သတင်းထောက် Anna Politkovskaya, Pah-litt-KOFFS-kah-yah နဲ့ အနီးကပ် အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ သတင်းထောက် Anna Politkovskaya, Pah-litt-KOFFS-kah-yah ဟာ လူ့အခွင့်အရေးခုခံကာကွယ်သူဖြစ်ပြီး၊ ရုရှားအစိုးရကိုလည်း ဝေဖန်ခဲ့သူဖြစ်ပါတယ်။

ကမ္ဘာတဝန်း ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာ လူ့အခွင့်အရေးခုခံကာကွယ်သူ အမျိုးသမီးတွေကို နှစ်စဉ် ချီးမြင့်တဲ့ Anna Politkovskaya [Pah-litt-KOFFS-kah-yah] ဆုကို ၂၀၀၇ ခုနှစ်မှာ Ms. Estemirova [Eh-stye-mee-roh-vah] က ပထမဆုံးလက်ခံရရှိခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ မနက်ခင်းမှာ Natalia Estemirova [Eh-stye-mee-roh-vah] က အလုပ်သွားတဲ့ လမ်းမှာ၊လူတယောက်ကအနားကပ်လာပြီး သူ့ကို ကားတစင်းပေါ် အတင်းတွန်းတင်ခြင်းလိုက်ရပါတယ်။ နေ့လယ်ပိုင်းကျတော့ ပြည်နယ်ချင်းကပ်ရက် Ingushetia ပြည်နယ်က လမ်းမကြီးနားမှာ ဦးခေါင်းနဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သူ့ရဲ့ အလောင်းကို တွေ့ခဲ့ရပါတယ်။

Paul Klebnikov နဲ့ Natalia Estemirova [Eh-stye-mee-roh-vah] တို့ လုပ်ကြံခံရတာနဲ့ ပတ်သက်လို့ ဒီနေ့အထိ လက်သည်မပေါ်သေးပါဘူး။ ရုရှားနိုင်ငံမှာရက်စက်တဲ့ လူသတ်မှုတွေကျူးလွန်သူတွေ၊ ကြံစည်သူတွေနဲ့ ကြံရာပါတွေကို ကင်းလွတ်ခွင့်ပေးထားပြီး၊ တရားဥပဒေအရ အရေးယူဖို့ ပျက်ကွက်နေပြီး သတင်းထောက်တွေကို ဆက်လက်ဖိနှိပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ရုရှားအစိုးရက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ဆက်လက်ဖြိုခွဲနေတဲ့အတွက်ပြစ်တင်ရှုတ်ချပြီး၊ လွတ်လပ်တဲ့မီဒီယာက ရုရှားသတင်းထောက်တွေနဲ့ လူ့အခွင့်အရေးခုခံကာကွယ်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက သွေးစည်းညီညတ်စွာ ရပ်တည်နေပါတယ်။

ရုရှားနိုင်ငံက အဂတိလိုက်စားမှုတွေကို ဖေါ်ထုတ်ပြီး၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြတဲ့ သတ္တိရှိတဲ့ မျိုးဆက်သစ် သတင်းထောက်တွေအတွက် Estemirova နဲ့ Klebnikov တို့ရဲ့ အလုပ်တွေက သူတို့ရဲ့ အမွေ အဖြစ်ရှင်သန်နေမှာဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မှတ်ချက်လိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG