ဒီမိုကေရစီေရးထိပ္သီးညီလာခံတရပ္ကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလအတြင္ Online ကေန က်င္းပခဲ့ရာမွာ အစိုးရေတြ၊ လူထုအေျချပဳအဖြဲ႔အစည္းေတြနဲ႔ ပုဂၢလိကက႑ေတြရဲ႕ ကိုယ္စားလွယ္ေပါင္း ၂၇၅ ဦးတက္ေရာက္ခဲ့ၾကၿပီး ကမ႓ာတဝန္း ဒီမိုကေရစီေဆာင္က်ဥ္းေရးအတြက္ ဘယ္လိုသယ္ပိုးၾကမလဲဆိုတာနဲ႔ပတ္သက္လို႔ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကပါတယ္။
ျပည္သူေတြရဲ႕ မေက်နပ္ခ်က္ေတြ ကမ႓ာတဝန္းတိုးလာတာဟာ လိုအပ္ခ်က္ကိုျဖည့္ဆည္းေပးဖို႔ ပ်က္ကြက္တာျဖစ္တယ္လို႔ ဒီမိုကေရစီအစိုးရေတြက ခံယူထားၿပီး၊ ဒါဟာ က်ေနာ္တို႔ေခတ္ရဲ႕ အကဲစမ္းမႈအျဖစ္ အဓိပၸါယ္ဖြင့္ႏိုင္ပါတယ္လို႔ အိမ္ရွင္အျဖစ္ လက္ခံက်င္းပေပးတဲ့ သမၼတ Joe Biden က အဖြင့္မိန္႔ခြန္းမွာ ေျပာဆိုခဲ့ပါတယ္။ မေက်နပ္ခ်က္ေတြအျပင္ ဒီကေန႔ ရဲ႕ စိန္ေခၚမႈေတြကို ကိုင္တြယ္တဲ့ေနရာမွာ၊ ဖိႏွိပ္တဲ့မူဝါဒေတြက ပိုၿပီးထိေရာက္တယ္ဆိုတဲ့ အာဏာရွင္ေတြရဲ႕ဖိအား အႏၲရာယ္နဲ႔ လည္း ဒီမိုကေရစီေရးက ရင္ဆိုင္ေနရတယ္လို႔ ဆိုပါတယ္။
ျပည္သူေတြအတြက္၊ ျပည္သူေတြကေရြးခ်ယ္ေပးတဲ့၊ ျပည္သူ႔ အစိုးရဆိုတာ ဒီမိုကေရစီရဲ႕ အႏွစ္သာရျဖစ္ၿပီး၊ တခါတေလ အင္မတန္မွ ထိခိုက္လြယ္ပါတယ္တဲ့။ ဒါေပမဲ့လည္း ထာဝစဥ္ ၾကံ့ၾကံခံႏိုင္စြမ္းရွိပါတယ္လို႔ သမၼတ Biden က ေထာက္ျပပါတယ္။ မွားတာကို ကိုယ္တိုင္ျပန္ျပင္ႏိုင္စြမ္းရွိသလို တိုးတက္ေအာင္လည္း စြမ္းေဆာင္ႏိုင္စြမ္းရွိတယ္လို႔ ေျပာပါတယ္။
လူသားထုရဲ႕ အလားအလာေကာင္းေတြကို ထုတ္ေဖၚဖို႔၊ လူ႔ဂုဏ္သိကၡာကို အကာအကြယ္ေပးဖို႔နဲ႔ ႀကီးက်ယ္တဲ့ ျပႆနာေတြကိုေျဖရွင္းဖို႔ အတြက္ ဒီမိုကေရစီဟာ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္တဲ့။ ဒါေတြကို သက္ေသျပဖို႔ က်ေနာ္တို႔ေပၚမွာ မူတည္ပါတယ္။ တရားမွ်တေရး၊ တရားဥပေဒစိုးမိုးေရး၊ လြတ္လပ္စြာေျပာဆိုခြင့္၊ လြတ္လပ္စြာစုေဝးခြင့္၊ သတင္းလြတ္လပ္ခြင့္၊ ဘာသာေရးလြတ္လပ္ခြင့္နဲ႔ လူတဦးခ်င္းစီအတြက္ အားလံုးေသာ လူ႔အခြင့္အေရးတည္ၿမဲဖို႔အတြက္၊ က်ေနာ္တို႔ မားမားမတ္မတ္ရပ္တည္ေပးရပါလိမ့္မယ္။
အေျပာမဟုတ္ အေရးတယူလုပ္ေဆာင္ေပးရမွာျဖစ္တယ္လို႔ သမၼတ Biden က အေလးအနက္ေျပာပါတယ္။ အေမရိကန္ျပည္ေထာင္စုက စံျပအေနနဲ႔ ဦးေဆာင္မွာျဖစ္ၿပီး၊ ဒီမိုကေရစီအတြက္ ျပည္တြင္းမွာ ရင္းႏွီးႁမွဳပ္ႏွံေနတဲ့ တခ်ိန္တည္းမွာဘဲ ကမ႓ာတဝန္းမိတ္ဖက္ေတြကို ေထာက္ခံ ပံ့ပိုးသြားမွာျဖစ္တယ္လို႔ဆိုပါတယ္။
အေမရိကန္ဒီမိုကေရစီဟာ ႀကီးမားတဲ့ကိစၥေတြကို ကိုင္တြယ္ႏိုင္ဆဲျဖစ္သလို၊ အေရးပါဆံုးကိစၥရပ္ေတြရဲ႕ စိန္ေခၚမႈေတြကိုလည္း ကိုင္တြယ္ႏိုင္တယ္ဆိုတာကို သူ႔ရဲ႕ ျပည္တြင္းဦးေဆာင္ဦးရြက္ျပဳမႈေတြက သက္ေသျပေနပါတယ္လို႔ သမၼတ Biden က ေထာက္ျပပါတယ္။ COVID-19 ကပ္ေရာဂါနဲ႔ ဆက္စပ္ၿပီးလိုအပ္တဲ့ ဥပေဒေတြခ်မွတ္တာ၊ အေျခခံေဆာက္အဦနဲ႔ အလုပ္အကိုင္ေတြအတြက္ ရင္းႏွီးႁမွဳပ္ႏွံတာ၊ လူမ်ိဳးေရးတရားမွ်တမႈတိုးတက္ေအာင္ေဆာင္ရြက္တာ၊ က်ား-မတန္းတူညီမွ်ေရး၊ လြတ္လပ္မွ်တ၊ ယံုၾကည္စိတ္ခ်ရတဲ့ေရြးေကာက္ပြဲအတြက္ အေမရိကန္ႏိုင္ငံသားတိုင္းမဲေပးပိုင္ခြင့္ရရွိေရးတြန္းအားေပးတာေတြ ပါဝင္တယ္လို႔ ရွင္းျပပါတယ္။
ကမ႓ာတဝန္းလူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီၾကံ့ၾကံ့ခံႏိုင္ေရး တိုးတက္ေစဖို႔၊ အေမရိကန္သံခင္းတမန္ခင္းနဲ႔ ႏိုင္ငံရပ္ျခားအေထာက္အပံ့ေပးေရးကို၊ အာရံုစိုက္ႀကိဳးပမ္းမယ့္ သမၼတရဲ႕ဒီမိုကေရစီအားသစ္ေလာင္းတဲ့ ဦးေဆာင္ဦးရြက္ျပဳမႈအစီအစဥ္ကိုလည္း ေၾကညာလိုက္ပါတယ္။သတင္းလြတ္လပ္ခြင့္ ပံ့ပိုးေရး၊ အဂတိတိုက္ဖ်က္ေရး၊ ဒီမိုကေရစီထြန္းကားေရး၊ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးတိုးတက္ေစဖို႔အျပင္ လြတ္လပ္မွ်တတဲ့ေရြးေကာက္ပြဲေတြအကာအကြယ္ေပးႏိုင္ဖို႔ နည္းပညာကူညီေရးအပါအဝင္ ေဒၚလာ ၄၂၄ သန္း ပံ့ပိုးမယ့္ အစီအစဥ္ကို သမၼတဘိုင္ဒင္အစိုးရက ကြန္ကရက္လႊတ္ေတာ္နဲ႔ ၫွိႏိႈင္းေနပါၿပီ။
သမၼတဘိုင္ဒင္က လူသားထုလြတ္ေျမာက္ေရးကိုေရွးရႈၿပီး၊ လူသားထုတိုးတက္ေရးအတြက္ ခ်ီတက္ၾကရာမွာ ကမ႓ာ့ဒီမိုကေရစီႏိုင္ငံႀကီးေတြအေနနဲ႔ ေနာက္ထပ္တႀကိမ္ ဦးေဆာင္ၾကဖို႔ သူေမွ်ာ္မွန္းထားတယ္လို႔ေဆာ္ၾသလိုက္ပါတယ္။ဒီမိုကေရစီထြန္းကားတဲ့ ႏိုင္ငံေတြအခ်င္းခ်င္း၊ အျပန္အလွန္ယံုၾကည္မႈရွိၾကသလို၊ စြမ္းေဆာင္ႏိုင္စြမ္းနဲ႔အတူ ေဆာင္က်ဥ္းၾကလိမ့္မယ္လို႔ ယံုၾကည္ေၾကာင္း သမၼတ Joe Biden က ေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။
Unicode
ဒီမိုကရေစီရေးထိပ်သီးညီလာခံတရပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင် Online ကနေ ကျင်းပခဲ့ရာမှာ အစိုးရတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေရဲ့ ကိုယ်စားလှယ်ပေါင်း ၂၇၅ ဦးတက်ရောက်ခဲ့ကြပြီး ကမ္ဘာတဝန်း ဒီမိုကရေစီဆောင်ကျဉ်းရေးအတွက် ဘယ်လိုသယ်ပိုးကြမလဲဆိုတာနဲ့ပတ်သက်လို့ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။
ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ ကမ္ဘာတဝန်းတိုးလာတာဟာ လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ ပျက်ကွက်တာဖြစ်တယ်လို့ ဒီမိုကရေစီအစိုးရတွေက ခံယူထားပြီး၊ ဒါဟာ ကျနော်တို့ခေတ်ရဲ့ အကဲစမ်းမှုအဖြစ် အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်လို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးတဲ့ သမ္မတ Joe Biden က အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ မကျေနပ်ချက်တွေအပြင် ဒီကနေ့ ရဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်တဲ့နေရာမှာ၊ ဖိနှိပ်တဲ့မူဝါဒတွေက ပိုပြီးထိရောက်တယ်ဆိုတဲ့ အာဏာရှင်တွေရဲ့ဖိအား အန္တရာယ်နဲ့ လည်း ဒီမိုကရေစီရေးက ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ပြည်သူတွေအတွက်၊ ပြည်သူတွေကရွေးချယ်ပေးတဲ့၊ ပြည်သူ့ အစိုးရဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပြီး၊ တခါတလေ အင်မတန်မှ ထိခိုက်လွယ်ပါတယ်တဲ့။ ဒါပေမဲ့လည်း ထာဝစဉ် ကြံ့ကြံခံနိုင်စွမ်းရှိပါတယ်လို့ သမ္မတ Biden က ထောက်ပြပါတယ်။ မှားတာကို ကိုယ်တိုင်ပြန်ပြင်နိုင်စွမ်းရှိသလို တိုးတက်အောင်လည်း စွမ်းဆောင်နိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။
လူသားထုရဲ့ အလားအလာကောင်းတွေကို ထုတ်ဖေါ်ဖို့၊ လူ့ဂုဏ်သိက္ခာကို အကာအကွယ်ပေးဖို့နဲ့ ကြီးကျယ်တဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ အတွက် ဒီမိုကရေစီဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်တဲ့။ ဒါတွေကို သက်သေပြဖို့ ကျနော်တို့ပေါ်မှာ မူတည်ပါတယ်။ တရားမျှတရေး၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ သတင်းလွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူတဦးချင်းစီအတွက် အားလုံးသော လူ့အခွင့်အရေးတည်မြဲဖို့အတွက်၊ ကျနော်တို့ မားမားမတ်မတ်ရပ်တည်ပေးရပါလိမ့်မယ်။
အပြောမဟုတ် အရေးတယူလုပ်ဆောင်ပေးရမှာဖြစ်တယ်လို့ သမ္မတ Biden က အလေးအနက်ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက စံပြအနေနဲ့ ဦးဆောင်မှာဖြစ်ပြီး၊ ဒီမိုကရေစီအတွက် ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံနေတဲ့ တချိန်တည်းမှာဘဲ ကမ္ဘာတဝန်းမိတ်ဖက်တွေကို ထောက်ခံ ပံ့ပိုးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
အမေရိကန်ဒီမိုကရေစီဟာ ကြီးမားတဲ့ကိစ္စတွေကို ကိုင်တွယ်နိုင်ဆဲဖြစ်သလို၊ အရေးပါဆုံးကိစ္စရပ်တွေရဲ့ စိန်ခေါ်မှုတွေကိုလည်း ကိုင်တွယ်နိုင်တယ်ဆိုတာကို သူ့ရဲ့ ပြည်တွင်းဦးဆောင်ဦးရွက်ပြုမှုတွေက သက်သေပြနေပါတယ်လို့ သမ္မတ Biden က ထောက်ပြပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ဆက်စပ်ပြီးလိုအပ်တဲ့ ဥပဒေတွေချမှတ်တာ၊ အခြေခံဆောက်အဦနဲ့ အလုပ်အကိုင်တွေအတွက် ရင်းနှီးမြှုပ်နှံတာ၊ လူမျိုးရေးတရားမျှတမှုတိုးတက်အောင်ဆောင်ရွက်တာ၊ ကျား-မတန်းတူညီမျှရေး၊ လွတ်လပ်မျှတ၊ ယုံကြည်စိတ်ချရတဲ့ရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်ရရှိရေးတွန်းအားပေးတာတွေ ပါဝင်တယ်လို့ ရှင်းပြပါတယ်။
ကမ္ဘာတဝန်းလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကြံ့ကြံ့ခံနိုင်ရေး တိုးတက်စေဖို့၊ အမေရိကန်သံခင်းတမန်ခင်းနဲ့ နိုင်ငံရပ်ခြားအထောက်အပံ့ပေးရေးကို၊ အာရုံစိုက်ကြိုးပမ်းမယ့် သမ္မတရဲ့ဒီမိုကရေစီအားသစ်လောင်းတဲ့ ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်ကိုလည်း ကြေညာလိုက်ပါတယ်။သတင်းလွတ်လပ်ခွင့် ပံ့ပိုးရေး၊ အဂတိတိုက်ဖျက်ရေး၊ ဒီမိုကရေစီထွန်းကားရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတိုးတက်စေဖို့အပြင် လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲတွေအကာအကွယ်ပေးနိုင်ဖို့ နည်းပညာကူညီရေးအပါအဝင် ဒေါ်လာ ၄၂၄ သန်း ပံ့ပိုးမယ့် အစီအစဉ်ကို သမ္မတဘိုင်ဒင်အစိုးရက ကွန်ကရက်လွှတ်တော်နဲ့ ညှိနှိုင်းနေပါပြီ။
သမ္မတဘိုင်ဒင်က လူသားထုလွတ်မြောက်ရေးကိုရှေးရှုပြီး၊ လူသားထုတိုးတက်ရေးအတွက် ချီတက်ကြရာမှာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေအနေနဲ့ နောက်ထပ်တကြိမ် ဦးဆောင်ကြဖို့ သူမျှော်မှန်းထားတယ်လို့ဆော်သြလိုက်ပါတယ်။ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေအချင်းချင်း၊ အပြန်အလှန်ယုံကြည်မှုရှိကြသလို၊ စွမ်းဆောင်နိုင်စွမ်းနဲ့အတူ ဆောင်ကျဉ်းကြလိမ့်မယ်လို့ ယုံကြည်ကြောင်း သမ္မတ Joe Biden က ပြောဆိုလိုက်ကြောင်းပါခင်ဗျား။