Accessibility links

Breaking News

ျမန္မာ့ဒီမိုကေရစီအေပၚ ေနာက္ထပ္ထိုးႏွက္မႈ (အေမရိကန္အစိုးရအာေဘာ္)


သတင္းစာရွင္းလင္းပြဲတခုအတြႈ္းေတြ႕ရတဲ့ အေမရိကန္ႏိုင္ငံျခားေရးဌာန ဒုတိယေျပာခြင့္ရ Vedant Patel (မတ္ ၂၉၊ ၂၀၂၃)
သတင္းစာရွင္းလင္းပြဲတခုအတြႈ္းေတြ႕ရတဲ့ အေမရိကန္ႏိုင္ငံျခားေရးဌာန ဒုတိယေျပာခြင့္ရ Vedant Patel (မတ္ ၂၉၊ ၂၀၂၃)


{{Zawgyi/Unicode}}

ျမန္မာစစ္ေကာင္စီက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD အပါအဝင္ ႏိုင္ငံေရးပါတီ ၄၀ ကိုဖ်က္သိမ္းခဲ့တဲ့အေပၚ အေမရိကန္အစိုးရအေနနဲ႔ အျပင္းအထန္ကန႔္ကြက္ရႈတ္ခ်ပါတယ္။

NLD ဟာ ၂၀၂၀ ခုႏွစ္ေ႐ြးေကာက္ပြဲကို အျပတ္အသတ္အႏိုင္ရရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း စစ္တပ္က ၂၀၂၁ ခုႏွစ္ မွာအာဏာသိမ္းခဲ့ၿပီး စစ္အုပ္ခ်ဳပ္ေရးကို ဆန႔္က်င္ဆႏၵျပသူေတြအေပၚ ရက္ရက္စက္စက္ႏွိမ္နင္းခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္အပါအဝင္ အေရးပါတဲ့အေ႐ြးခ်ယ္ခံေခါင္းေဆာင္ေတြဟာ ႏိုင္ငံေရးအရဖန္တီးထားတဲ့စြပ္စြဲခ်က္ေတြနဲ႔ တရားစြဲဆိုေထာင္ခ်ခံထားရပါတယ္။ အျခား NLD အဖြဲ႕ဝင္အမ်ားအျပားဟာလည္း ေထာင္ သြင္းအက်ဥ္းခ်ခံထားရပါတယ္။

ႏိုင္ငံေရးပါတီ ၄၀ ကိုဖ်က္သိမ္းရတာဟာ က်င္းပမယ့္ရက္ေတာင္ သတ္မွတ္ထားႏိုင္ျခင္းမရွိေသးတဲ့ ေ႐ြးေကာက္ပြဲဝင္ဖို႔ ပါတီမွတ္ပုံမတင္တာေၾကာင့္လို႔ စစ္ေကာင္စီကအေၾကာင္းျပပါတယ္။ NLD မွတ္ပုံမတင္တဲ့အေၾကာင္းကေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ တရားဝင္မႈမရွိတဲ့ စစ္ေကာင္စီကဖြဲ႕စည္းေပးထားတဲ့အတြက္ျဖစ္တယ္လို႔ NLD ကေျပာပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယေျပာေရးဆိုခြင့္ရွိသူ Vedant Patel ကေျပာဆိုရာမွာေတာ့ “ ျမန္မာျပည္မွာ ဘယ္ေ႐ြးေကာက္ပြဲမဆို တိုင္းျပည္အေရးကိစၥမွာ ပါဝင္ပတ္သက္သူအားလုံး မပါဝင္ဘူးဆိုရင္ ဒီေ႐ြးေကာက္ပြဲကို လြတ္လပ္ၿပီးတရားမွ်တတဲ့ေ႐ြးေကာက္ပြဲအျဖစ္သတ္မွတ္ႏိုင္မွာမဟုတ္ဘူး” လို႔ေျပာဆိုခဲ့ပါတယ္။ စစ္အုပ္ခ်ဳပ္ေရးကို က်ယ္က်ယ္ျပန႔္ျပန႔္ ဆန႔္က်င္တိုက္ခိုက္မႈေတြရွိေနၿပီး စစ္ေကာင္စီတဖြဲ႕တည္းကပဲ ေ႐ြးေကာက္ပြဲျဖစ္ဖို႔တြန္းလုပ္ေနရင္ မတည္ၿငိမ္မႈေတြဟာ ပိုဆိုးလာႏိုင္ပါတယ္။

မတည္ၿငိမ္မႈေတြဟာ ျမန္မာျပည္သူေတြအလိုရွိတဲ့အရာေတြ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ ၂ ႏွစ္က စစ္တပ္ကအာဏာသိမ္းၿပီး ေနာက္ႀကဳံေတြ႕ခဲ့ရတဲ့ ေၾကကြဲစရာအျဖစ္အပ်က္ေတြကေတာ့ လူေပါင္း ၃ ေထာင္ေလာက္ အသတ္ခံခဲ့ရၿပီး ၁၇,၀၀၀ ေလာက္အဖမ္းခံခဲ့ရပါတယ္။ လူေပါင္း ၁.၃ သန္းေလာက္ အိုးအိမ္စြန႔္ခြါထြက္ေျပးခဲ့ရပါတယ္။ မၾကာေသးမီကမွ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့လူ႔အခြင့္အေရးအစီရင္ခံစာထဲမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေဖၚျပထားတာကေတာ့ “ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာ ဆိုး႐ြားယုတ္မာမႈေတြကိုဆက္လက္လုပ္ေဆာင္ေနၿပီး တိုင္းျပည္အႏွံ႔ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြ ပိုၿပီး က်ဴးလြန္လာေနတယ္” လို႔ေဖၚျပထားပါတယ္။

အေထြေထြေ႐ြးေကာက္ပြဲမတိုင္မီ ဒါဇင္နဲ႔ခ်ီတဲ့ ႏိုင္ငံေရးပါတီေတြကို စစ္ေကာင္စီက ဖ်က္သိမ္းခဲ့တဲ့အေပၚ ႏိုင္ငံကတာက ျပစ္တင္ရႈတ္ခ်ပါတယ္။ ဂ်ပန္အစိုးရကလည္း အျပင္းအထန္ရႈတ္ခ်ပါတယ္။ ဒီလုပ္ရပ္ေၾကာင့္ အေျခအေနေတြတိုးတက္လာဖို႔ အတြက္ ပိုမိုခက္ခဲသြားႏိုင္တယ္လို႔ေျပာပါတယ္။ ျပင္သစ္အစိုးရကလည္း စစ္ေကာင္စီရဲ႕လုပ္ရပ္ဟာ လြတ္လပ္စြာေဖၚျပခြင့္၊ လြတ္လပ္စြာစည္း႐ုံးဖြဲ႕စည္းခြင့္ေတြအတြက္ ေနာက္ထပ္ဆိုးဝါးတဲ့အဆင့္တခုကို ေလ်ာက်သြားတာလို႔ ေဝဖန္ပါတယ္။ ၿဗိတိန္ႏိုင္ငံကလည္း ဒီလုပ္ရပ္ဟာ ျမန္မာျပည္သူေတြရဲ႕ အခြင့္အေရးနဲ႔ လြတ္လပ္ခြင့္ကို ေစာ္ကားတိုက္ခိုက္လိုက္တာပဲျဖစ္တယ္လို႔ ျပစ္တင္ေဝဖန္ပါတယ္။

ျမန္မာႏိုင္ငံမွာ ဆယ္စုႏွစ္ေတြနဲ႔ခ်ီရွည္ၾကာခဲ့ၿပီး အျပင္းအထန္ႀကိဳးပမ္းလုပ္ေဆာင္ခဲ့ရတဲ့ ဒီမိုကေရစီအသြင္းကူးေျပာင္းေရးကို လြန္ခဲ့တဲ့ ၂ ႏွစ္က စစ္တပ္က ဝင္ေရာက္ေႏွာင့္ယွက္ရပ္တန႔္ခဲ့ပါတယ္။ ျမန္မာျပည္သူေတြရဲ႕ ျပင္းျပတဲ့ဆႏၵေတြအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ ေထာက္ခံကူညီမႈေတြကေတာ့ မယိမ္းမယိုင္ဆက္လက္ရွိေနမွာျဖစ္ၿပီး အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Patel ေျပာဆိုေၾကညာခဲ့သလိုပဲ “ ျမန္မာျပည္မွာ အားလုံးပါဝင္ၿပီး စစ္မွန္တဲ့ဒီမိုကေရစီ ေပၚထြန္းလာသည္အထိ အားေပးေထာက္ခံ ကူညီလုပ္ေဆာင္သြားမွာျဖစ္ပါတယ္။”

ျမန္မာ့ဒီမိုကေရစီအေပၚ ေနာက္ထပ္ထိုးႏွက္မႈ
(အေမရိကန္အစိုးရအာေဘာ္)
please wait

No media source currently available

0:00 0:04:02 0:00
Direct link

-------------------

{{Unicode}}

မြန်မာ့ဒီမိုကရေစီအပေါ် နောက်ထပ်ထိုးနှက်မှု
(အမေရိကန်အစိုးရအာဘော်)

မြန်မာစစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုဖျက်သိမ်းခဲ့တဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ အပြင်းအထန်ကန့်ကွက်ရှုတ်ချပါတယ်။

NLD ဟာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကို အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်တပ်က ၂၀၂၁ ခုနှစ် မှာအာဏာသိမ်းခဲ့ပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် ရက်ရက်စက်စက်နှိမ်နင်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် အရေးပါတဲ့အရွေးချယ်ခံခေါင်းဆောင်တွေဟာ နိုင်ငံရေးအရဖန်တီးထားတဲ့စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုထောင်ချခံထားရပါတယ်။ အခြား NLD အဖွဲ့ဝင်အများအပြားဟာလည်း ထောင် သွင်းအကျဉ်းချခံထားရပါတယ်။

နိုင်ငံရေးပါတီ ၄၀ ကိုဖျက်သိမ်းရတာဟာ ကျင်းပမယ့်ရက်တောင် သတ်မှတ်ထားနိုင်ခြင်းမရှိသေးတဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံမတင်တာကြောင့်လို့ စစ်ကောင်စီကအကြောင်းပြပါတယ်။ NLD မှတ်ပုံမတင်တဲ့အကြောင်းကတော့ ရွေးကောက်ပွဲကော်မရှင်ဟာ တရားဝင်မှုမရှိတဲ့ စစ်ကောင်စီကဖွဲ့စည်းပေးထားတဲ့အတွက်ဖြစ်တယ်လို့ NLD ကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Vedant Patel ကပြောဆိုရာမှာတော့ “ မြန်မာပြည်မှာ ဘယ်ရွေးကောက်ပွဲမဆို တိုင်းပြည်အရေးကိစ္စမှာ ပါဝင်ပတ်သက်သူအားလုံး မပါဝင်ဘူးဆိုရင် ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအဖြစ်သတ်မှတ်နိုင်မှာမဟုတ်ဘူး” လို့ပြောဆိုခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်တိုက်ခိုက်မှုတွေရှိနေပြီး စစ်ကောင်စီတဖွဲ့တည်းကပဲ ရွေးကောက်ပွဲဖြစ်ဖို့တွန်းလုပ်နေရင် မတည်ငြိမ်မှုတွေဟာ ပိုဆိုးလာနိုင်ပါတယ်။

မတည်ငြိမ်မှုတွေဟာ မြန်မာပြည်သူတွေအလိုရှိတဲ့အရာတွေ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်က စစ်တပ်ကအာဏာသိမ်းပြီး နောက်ကြုံတွေ့ခဲ့ရတဲ့ ကြေကွဲစရာအဖြစ်အပျက်တွေကတော့ လူပေါင်း ၃ ထောင်လောက် အသတ်ခံခဲ့ရပြီး ၁၇,၀၀၀ လောက်အဖမ်းခံခဲ့ရပါတယ်။ လူပေါင်း ၁.၃ သန်းလောက် အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ရပါတယ်။ မကြာသေးမီကမှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့လူ့အခွင့်အရေးအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးဖေါ်ပြထားတာကတော့ “ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆိုးရွားယုတ်မာမှုတွေကိုဆက်လက်လုပ်ဆောင်နေပြီး တိုင်းပြည်အနှံ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ပိုပြီး ကျူးလွန်လာနေတယ်” လို့ဖေါ်ပြထားပါတယ်။

အထွေထွေရွေးကောက်ပွဲမတိုင်မီ ဒါဇင်နဲ့ချီတဲ့ နိုင်ငံရေးပါတီတွေကို စစ်ကောင်စီက ဖျက်သိမ်းခဲ့တဲ့အပေါ် နိုင်ငံကတာက ပြစ်တင်ရှုတ်ချပါတယ်။ ဂျပန်အစိုးရကလည်း အပြင်းအထန်ရှုတ်ချပါတယ်။ ဒီလုပ်ရပ်ကြောင့် အခြေအနေတွေတိုးတက်လာဖို့ အတွက် ပိုမိုခက်ခဲသွားနိုင်တယ်လို့ပြောပါတယ်။ ပြင်သစ်အစိုးရကလည်း စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လွတ်လပ်စွာဖေါ်ပြခွင့်၊ လွတ်လပ်စွာစည်းရုံးဖွဲ့စည်းခွင့်တွေအတွက် နောက်ထပ်ဆိုးဝါးတဲ့အဆင့်တခုကို လျောကျသွားတာလို့ ဝေဖန်ပါတယ်။ ဗြိတိန်နိုင်ငံကလည်း ဒီလုပ်ရပ်ဟာ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို စော်ကားတိုက်ခိုက်လိုက်တာပဲဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီရှည်ကြာခဲ့ပြီး အပြင်းအထန်ကြိုးပမ်းလုပ်ဆောင်ခဲ့ရတဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းရေးကို လွန်ခဲ့တဲ့ ၂ နှစ်က စစ်တပ်က ဝင်ရောက်နှောင့်ယှက်ရပ်တန့်ခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒတွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံကူညီမှုတွေကတော့ မယိမ်းမယိုင်ဆက်လက်ရှိနေမှာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Patel ပြောဆိုကြေညာခဲ့သလိုပဲ “ မြန်မာပြည်မှာ အားလုံးပါဝင်ပြီး စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွန်းလာသည်အထိ အားပေးထောက်ခံ ကူညီလုပ်ဆောင်သွားမှာဖြစ်ပါတယ်။”

XS
SM
MD
LG