Accessibility links

Breaking News

ျပည္ပမီဒီယာေတြအေပၚ တ႐ုတ္အစိုးရရဲ႕ ဖိႏွိပ္မႈ


香港蘋果日報總部 (路透社照片)
香港蘋果日報總部 (路透社照片)

{{Zawgyi/Unicode}}

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွာ အေမရိကန္နဲ႔ တျခားႏိုင္ငံျခားသတင္းေထာက္ေတြကို ေစာင့္ျကပ္ၾကည့္ရႈတာေတြ၊ လိုက္လံေႏွာက္ယွက္တာေတြနဲ႔ ၿခိမ္းေျခာက္အက်ပ္ကိုင္တာေတြ တိုးၿပီးလုပ္ေနတဲ့အတြက္ အေမရိကန္ျပည္ေထာင္စုက အေတာ္ေလး စိုးရိမ္မကင္းျဖစ္မိတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရပုဂၢိဳလ္ Ned Price ကေျပာဆိုလိုက္ပါတယ္။

မၾကာေသးခင္က Henan ျပည္နယ္အလယ္ပိုင္းေရႀကီးလို႔ လူေတြအသက္ဆံုးရႈံးရတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး သတင္းယူတဲ့ ႏိုင္ငံျခားသတင္းေထာက္ေတြကို အႏၱရာယ္ျဖစ္ေအာင္ ၿခိမ္းေျခာက္တဲ့ ေႏွာက္ယွက္မႈေတြကို ဥပမာေပး ကိုးကားၿပီး Mr. Price က ထုတ္ျပန္ခ်က္မွာေဖၚျပထားပါတယ္။ သတင္းေထာက္အေတာ္မ်ားမ်ားဟာ Online ကေန ၿခိမ္းေျခာက္ျခင္းခံရသလို၊ တခ်ိဳ႕ဆို ေဒါသထြက္ေနတဲ့ လူအုပ္ႀကီးက ကိုယ္ထိလက္ေရာက္ရန္ရွာတာေတြနဲ႔လည္း ၾကံဳခဲ့ရပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ႏိုင္ငံပိုင္သတင္းဌာနေတြကေနတဆင့္ အစိုးရရဲ႕ မူဝါဒကို ဝါဒျဖန္႔ေနတာေၾကာင့္ ကိုယ့္အလုပ္ကိုယ္လုပ္ေနၾကတဲ့ သတင္းေထာက္ေတြကို Online ကေန သတ္ပစ္မယ္လို႔ၿခိမ္းေျခာက္တာေတြ၊ ၾကမ္းတမ္းစြာဆဲဆိုတာေတြအပါအဝင္၊ ကိုယ္ထိလက္ေရာက္ ေစာ္ကား၊ ေႏွာက္ယွက္တာေတြေၾကာင့္၊ လူထုအၾကား အထင္အျမင္လြဲေအာင္၊ သတင္းေထာက္ေတြကို အာဃာတနဲ႔ အမုန္းပြားေစတယ္လို႔ Mr. Price က ေထာက္ျပပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရသူ Zhao Lijian (ေဂ်ာင္လီက်န္း) ကေတာ့ တ႐ုတ္ႏိုင္ငံဟာ ႏိုင္ငံျခားသတင္းေထာက္ေတြ လြတ္လပ္စြာ သတင္းယူႏိုင္ဖို႔ တံခါးဖြင့္ေပးထားတယ္လို႔ မၾကာခင္ကက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

လက္ေတြ႕မွာေတာ့ သူေျပာသလိုမဟုတ္ပါဘူး။ စစ္တမ္းေကာက္ယူတဲ့ သတင္းေထာက္ေတြအနက္ ၈၂ ရာခိုင္ႏံႈးက သတင္းယူေနစဥ္မွာ အၾကမ္းဖက္ေႏွာက္ယွက္ခံရတာ၊ စြက္ဖက္ခံရတာေတြရွိတယ္လို႔ တ႐ုတ္ႏိုင္ငံရွိ ႏိုင္ငံျခားသတင္းေထာက္မ်ားအသင္းရဲ႕ သတင္းလြတ္လပ္ခြင့္ႏွစ္ပတ္လည္အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

အထူးသျဖင့္ ရွင္က်န္းျပည္နယ္မွာဆို အစိုးရက ႏိုင္ငံျခားသတင္းေထာက္ေတြကို Cyber internet ကေနေႏွာက္ယွက္တာေတြ၊ လမ္းပိတ္ဆို႔တာေတြ၊ ကားမေတာ္တဆတိုက္မႈအျဖစ္ဖန္တီးတာေတြနဲ႔ ေစာင့္က်ပ္ၾကည့္ရႈတာေတြအပါအဝင္ နည္းမ်ိဳးစံုနဲ႔ လိုက္လံေႏွာက္ယွက္တာေတြလုပ္ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေနာက္ဆံုးထုတ္ျပန္တဲ့ လူ႔အခြင့္အေရးအစီရင္ခံစာမွာ မွတ္တမ္းတင္ထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္က Wall Street Journal သတင္းေထာက္ ၃ ဦးကို ျပည္ႏွင္ဒဏ္ေပးခဲ့ၿပီး၊ Washington Post, Wall Street Journal နဲ႔ VOA အေမရိကန္အသံသတင္းဌာနရံုးေတြကို ဝန္ထမ္းစာရင္း၊ ဘ႑ာေရးနဲ႔ လုပ္ငန္းအစီအစဥ္ေတြကို တ႐ုတ္အစိုးရဆီ အေသးစိတ္သတင္းပို႔ရမယ္လို႔ အဓမၼၫႊန္ၾကားခဲ့တဲ့အေၾကာင္းလည္း အစီရင္ခံစာကေဖၚျပထားပါတယ္။

တ႐ုတ္အစိုးရက ျပည္ဝင္ခြင့္ဗီဇာ သက္တမ္းတိုးတဲ႔ကိစၥကို အသံုးခ်ၿပီး ႏိုင္ငံျခားသတင္းေထာက္ေတြအခက္အခဲျဖစ္ေအာင္လုပ္၊ ေနာက္ဆံုး မျဖစ္တဲ့အဆံုး တ႐ုတ္ျပည္က ထြက္ခြာၾကရတဲ့ အေျခအေနဆိုက္ေအာင္တြန္းပို႔ေနတယ္လို႔ အစီရင္ခံစာကေထာက္ျပပါတယ္။ တခ်ိန္တည္းမွာဘဲ ႏိုင္ငံျခားသတင္းဌာနေတြမွာ အလုပ္လုပ္တဲ့ တ႐ုတ္ေဒသခံဝန္ထမ္းေတြကိုပါ လိုက္လံေႏွာက္ယွက္တာေတြနဲ႔ ၿခိမ္းေျခာက္တာေတြ တိုးလိုပ္ေနတယ္လို႔ လည္း ေဖၚျပထားပါတယ္။

၂၀၂၂ ခုႏွစ္ေဆာင္းရာသီ အိုလံပစ္အားကစားပြဲေတာ္ကို အိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ တ႐ုတ္ႏိုင္ငံက ႏိုင္င္ငံျခားသတင္းမီဒီယာေတြကို ႏွိပ္ကြပ္တာေတြ အရွိန္ႁမွင့္လုပ္ေဆာင္ေနတာပါ။ လာမယ့္ အိုလံပစ္အားကစားပြဲေတာ္မတိုင္မီ၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအေနနဲ႔ တာဝန္သိတဲ့ ႏိုင္ငံႀကီးတႏိုင္ငံအျဖစ္ရပ္တည္ၿပီး ကမ႓ာနဲ႔ ႏိုင္ငံျခားသတင္းမီဒီယာေတြကိုႀကိဳဆိုေၾကာင္း ျပသဖို႔ ေမွ်ာ္လင့္တယ္လို႔ Mr. Price ကတိုက္တြန္းပါတယ္။

မၾကာခင္က သြားေရာက္ခဲ့တဲ့ အေမရိကန္ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman ရဲ႕ တ႐ုတ္ျပည္ခရီးစဥ္အတြင္း Tianjin ၿမိဳ႕မွာ တ႐ုတ္တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆံုစဥ္၊ သတင္းလြတ္လပ္ခြင့္၊ အေႏွာက္အယွက္ကင္းကင္းနဲ႔ လြတ္လပ္စြာသတင္းယူႏိုင္ခြင့္အေရးႀကီးတဲ့အေၾကာင္း ေျပာဆိုခဲ့တာကို သူမွတ္သားမိပါေၾကာင္း၊ သတင္းေထာက္ေတြ၊ စိတ္ခ်လံုျခံဳစြာ လြတ္လြတ္လပ္လပ္သတင္းယူႏိုင္ေရးအတြက္ တ႐ုတ္တာဝန္ရွိသူေတြအေနနဲ႔ အာမခံခ်က္ေပးဖို႔ ေတာင္းဆိုေနပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရပုဂၢိဳလ္ Ned Price ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

...............................................

{{Unicode}}

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ အမေရိကန်နဲ့ တခြားနိုင်ငံခြားသတင်းထောက်တွေကို စောင့်ကြပ်ကြည့်ရှုတာတွေ၊ လိုက်လံနှောက်ယှက်တာတွေနဲ့ ခြိမ်းခြောက်အကျပ်ကိုင်တာတွေ တိုးပြီးလုပ်နေတဲ့အတွက် အမေရိကန်ပြည်ထောင်စုက အတော်လေး စိုးရိမ်မကင်းဖြစ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Ned Price ကပြောဆိုလိုက်ပါတယ်။

မကြာသေးခင်က Henan ပြည်နယ်အလယ်ပိုင်းရေကြီးလို့ လူတွေအသက်ဆုံးရှုံးရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းယူတဲ့ နိုင်ငံခြားသတင်းထောက်တွေကို အန္တရာယ်ဖြစ်အောင် ခြိမ်းခြောက်တဲ့ နှောက်ယှက်မှုတွေကို ဥပမာပေး ကိုးကားပြီး Mr. Price က ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ သတင်းထောက်အတော်များများဟာ Online ကနေ ခြိမ်းခြောက်ခြင်းခံရသလို၊ တချို့ဆို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ကိုယ်ထိလက်ရောက်ရန်ရှာတာတွေနဲ့လည်း ကြုံခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာ နိုင်ငံပိုင်သတင်းဌာနတွေကနေတဆင့် အစိုးရရဲ့ မူဝါဒကို ဝါဒဖြန့်နေတာကြောင့် ကိုယ့်အလုပ်ကိုယ်လုပ်နေကြတဲ့ သတင်းထောက်တွေကို Online ကနေ သတ်ပစ်မယ်လို့ခြိမ်းခြောက်တာတွေ၊ ကြမ်းတမ်းစွာဆဲဆိုတာတွေအပါအဝင်၊ ကိုယ်ထိလက်ရောက် စော်ကား၊ နှောက်ယှက်တာတွေကြောင့်၊ လူထုအကြား အထင်အမြင်လွဲအောင်၊ သတင်းထောက်တွေကို အာဃာတနဲ့ အမုန်းပွားစေတယ်လို့ Mr. Price က ထောက်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Zhao Lijian (ဂျောင်လီကျန်း) ကတော့ တရုတ်နိုင်ငံဟာ နိုင်ငံခြားသတင်းထောက်တွေ လွတ်လပ်စွာ သတင်းယူနိုင်ဖို့ တံခါးဖွင့်ပေးထားတယ်လို့ မကြာခင်ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်တွေ့မှာတော့ သူပြောသလိုမဟုတ်ပါဘူး။ စစ်တမ်းကောက်ယူတဲ့ သတင်းထောက်တွေအနက် ၈၂ ရာခိုင်နှုံးက သတင်းယူနေစဉ်မှာ အကြမ်းဖက်နှောက်ယှက်ခံရတာ၊ စွက်ဖက်ခံရတာတွေရှိတယ်လို့ တရုတ်နိုင်ငံရှိ နိုင်ငံခြားသတင်းထောက်များအသင်းရဲ့ သတင်းလွတ်လပ်ခွင့်နှစ်ပတ်လည်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အထူးသဖြင့် ရှင်ကျန်းပြည်နယ်မှာဆို အစိုးရက နိုင်ငံခြားသတင်းထောက်တွေကို Cyber internet ကနေနှောက်ယှက်တာတွေ၊ လမ်းပိတ်ဆို့တာတွေ၊ ကားမတော်တဆတိုက်မှုအဖြစ်ဖန်တီးတာတွေနဲ့ စောင့်ကျပ်ကြည့်ရှုတာတွေအပါအဝင် နည်းမျိုးစုံနဲ့ လိုက်လံနှောက်ယှက်တာတွေလုပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ လူ့အခွင့်အရေးအစီရင်ခံစာမှာ မှတ်တမ်းတင်ထားပါတယ်။

၂၀၂၀ ပြည့်နှစ်က Wall Street Journal သတင်းထောက် ၃ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး၊ Washington Post, Wall Street Journal နဲ့ VOA အမေရိကန်အသံသတင်းဌာနရုံးတွေကို ဝန်ထမ်းစာရင်း၊ ဘဏ္ဍာရေးနဲ့ လုပ်ငန်းအစီအစဉ်တွေကို တရုတ်အစိုးရဆီ အသေးစိတ်သတင်းပို့ရမယ်လို့ အဓမ္မညွှန်ကြားခဲ့တဲ့အကြောင်းလည်း အစီရင်ခံစာကဖေါ်ပြထားပါတယ်။

တရုတ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းတိုးတဲ့ကိစ္စကို အသုံးချပြီး နိုင်ငံခြားသတင်းထောက်တွေအခက်အခဲဖြစ်အောင်လုပ်၊ နောက်ဆုံး မဖြစ်တဲ့အဆုံး တရုတ်ပြည်က ထွက်ခွာကြရတဲ့ အခြေအနေဆိုက်အောင်တွန်းပို့နေတယ်လို့ အစီရင်ခံစာကထောက်ပြပါတယ်။ တချိန်တည်းမှာဘဲ နိုင်ငံခြားသတင်းဌာနတွေမှာ အလုပ်လုပ်တဲ့ တရုတ်ဒေသခံဝန်ထမ်းတွေကိုပါ လိုက်လံနှောက်ယှက်တာတွေနဲ့ ခြိမ်းခြောက်တာတွေ တိုးလိုပ်နေတယ်လို့ လည်း ဖေါ်ပြထားပါတယ်။

၂၀၂၂ ခုနှစ်ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် တရုတ်နိုင်ငံက နိုင်င်ငံခြားသတင်းမီဒီယာတွေကို နှိပ်ကွပ်တာတွေ အရှိန်မြှင့်လုပ်ဆောင်နေတာပါ။ လာမယ့် အိုလံပစ်အားကစားပွဲတော်မတိုင်မီ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ တာဝန်သိတဲ့ နိုင်ငံကြီးတနိုင်ငံအဖြစ်ရပ်တည်ပြီး ကမ္ဘာနဲ့ နိုင်ငံခြားသတင်းမီဒီယာတွေကိုကြိုဆိုကြောင်း ပြသဖို့ မျှော်လင့်တယ်လို့ Mr. Price ကတိုက်တွန်းပါတယ်။

မကြာခင်က သွားရောက်ခဲ့တဲ့ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း Tianjin မြို့မှာ တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်၊ သတင်းလွတ်လပ်ခွင့်၊ အနှောက်အယှက်ကင်းကင်းနဲ့ လွတ်လပ်စွာသတင်းယူနိုင်ခွင့်အရေးကြီးတဲ့အကြောင်း ပြောဆိုခဲ့တာကို သူမှတ်သားမိပါကြောင်း၊ သတင်းထောက်တွေ၊ စိတ်ချလုံခြုံစွာ လွတ်လွတ်လပ်လပ်သတင်းယူနိုင်ရေးအတွက် တရုတ်တာဝန်ရှိသူတွေအနေနဲ့ အာမခံချက်ပေးဖို့ တောင်းဆိုနေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Ned Price ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG