Accessibility links

Breaking News

QUAD ၄ ႏိုင္င္ငံ ေခါင္းေဆာင္မ်ား ဝါရွင္တန္ ၿမိဳ႕ေတာ္မွာ ေတြ႕ဆံု


QUAD ၄ ႏိုင္င္ငံ ေခါင္းေဆာင္မ်ား ဝါရွင္တန္ ၿမိဳ႕ေတာ္မွာ ေတြ႕ဆံု
QUAD ၄ ႏိုင္င္ငံ ေခါင္းေဆာင္မ်ား ဝါရွင္တန္ ၿမိဳ႕ေတာ္မွာ ေတြ႕ဆံု

QUAD ၄ ႏိုင္င္ငံ ေခါင္းေဆာင္မ်ား ဝါရွင္တန္ ၿမိဳ႕ေတာ္မွာ ေတြ႕ဆံု

{{Zawgyi/Unicode}}

The Quad လို့ ေခၚတဲ့ သံတမန္ေရးမိတ္ဖက္ (၄) ႏိုင္ငံက ေခါင္းေဆာင္ေတြဟာ မၾကာေသးခင္က ပထမဆံုးအႀကိမ္ လူကိုယ္တိုင္ေတြ႕ဆံုခဲ့ၾကပါတယ္။ အေမရိကန္သမၼတ Joe Biden, အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi, ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Scott Morrison နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Yoshida Suga တို႔ဟာ စက္တင္ဘာလ ၂၄ ရက္ေန႔က အိမ္ျဖဴေတာ္မွာ ေတြ႕ဆံုခဲ့ၾကတာပါ။

လြတ္လပ္၊ ပြင့္လင္းတဲ့ အင္ဒို-ပစိဖိတ္ေဒသမွာ၊ လံုျခံဳေရးနဲ႔ သာယာဝေျပာေရးအတြက္၊ မိတ္ဖက္ေပါင္းစည္မႈဟာ အေျခခံေက်ာ႐ိုးအျဖစ္၊ အားလံုးပါဝင္မႈနဲ႔ ၾကံ့ၾကံ့ခံႏိုင္စြမ္းရွိေစေရးအတြက္ ေခါင္းေဆာင္ ၄ ဦးကိုယ္တိုင္ သံဓိဌာန္ခ်မွတ္ထားၾကတယ္လို႔ ပူးတြဲေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

Quad ေလးပြင့္ဆိုင္အဖြဲ႔ဟာ ဒီေခတ္ရဲ႔ အခရာက်တဲ့ စိန္ေခၚအကဲစမ္းမႈေတြအတြက္၊ ကမ႓ာႀကီးအေပၚရႈျမင္ပံု၊ အနာဂတ္အေရးဘံုေမွ်ာ္မွန္းခ်က္ေတြအေပၚ သေဘာထားခ်င္းတိုင္ဆိုင္ၾကတဲ့ ဒီမိုကေရစီဘက္ေတာ္သား မိတ္ဖက္ေတြျဖစ္ၾကတယ္လို႔ သမၼတ Biden က အဖြင့္မိန္႔ခြန္းမွာ ေျပာဆိုခဲ့ပါတယ္။

အဲဒီ စိန္ေခၚမႈေတြထဲမွာ COVID-19 ကပ္ေရာဂါ၊ ဥတုရာသီေဖါက္ျပန္မႈ၊ နည္းပညာတိုးတက္ထြန္းကားလာမႈနဲ႔ အေျခခံအေဆာက္အဦ ျပႆနာေတြလည္းပါဝင္ပါတယ္။

သမိုင္းတြင္မယ့္ COVID-19 ကပ္ေရာဂါတိုက္ဖ်က္ေရးနဲ႔ ပတ္သက္လို႔ မတ္လတုန္းက ေခါင္းေဆာင္ ၄ ဦး Online ကေနေဆြးေႏြးခဲ့ၿပီးေနာက္ပိုင္း တိုးတက္မႈေတြရွိခဲ့တာကို သေဘာတူၾကပါတယ္။ ၂၀၂၂ ခုႏွစ္ကုန္က်ရင္ ကမ႓ာတဝန္း ကိုဗစ္ကာကြယ္ေဆးအလံုးေရ ၁.၂ ဘီလီယံ လွဴဒါန္းရန္ ရည္မွန္းခ်က္ျပည့္မွီဖို႔ လမ္းေၾကာင္းမွန္ေပၚေရာက္ေနၿပီလို႔ ဆိုပါတယ္။ ဒီကေန႔အထိ ဒီ ၄ ႏိုင္ငံကေန အင္ဒို-ပစိဖိတ္ေဒသႏိုင္ငံေတြအတြက္ ထိေရာက္ စိတ္ခ်ရၿပီး အရည္အေသြးျပည့္မွီတဲ့ ကိုဗစ္ ကာကြယ္ေဆးအလံုးေရ ၇၉ သန္း ျဖန္႔ေဝၿပီးျဖစ္ပါတယ္။

ဥတုရာသီေဖါက္ျပန္မႈျပႆနာကိုလည္း အတူပူးတြဲ ကိုင္တြယ္ေနၾကရာမွာ၊ ပဲရစ္သေဘာတူညီမႈအရ၊ စက္မႈေခတ္မတိုင္မီ အပူခ်ိန္ထက္ ၁.၅ ဒီကရီ Celsius အထိကန္႔သတ္ၿပီး ထိန္းထားႏိုင္ေရး ႀကိဳးစားေနၾကပါတယ္။ Quad အဖြဲ႔ဝင္ ၄ ႏိုင္ငံရဲ႕ ေနာက္ထပ္ အားထုတ္မႈေတြထဲမွာ၊ ႏိုင္ငံတဝန္း က႑အလိုက္ ကာဗြန္ဒိုင္ေအာက္ဆိုက္ဓါတ္ေငြ႕စြန္႔ထုတ္မႈ ပမာဏသင့္တင့္စြာ ေလွ်ာ့ခ်ေရးလည္းပါဝင္ပါတယ္။ ဒါ့အျပင္၊ သန္႔စင္တဲ့ Hydrogen နည္းပညာအသံုးျပဳေရး၊ တာဝန္သိတဲ့ ၾကံ့ခိုင္တဲ့ သန္႔စင္စြမ္းအင္ ျဖန္႔ျဖဴးေရးစတဲ့ က႑ေတြမွာ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ျဖစ္ပါတယ္။

ေမြးရာပါလူ႔အခြင့္အေရး ေလးစားလိုက္နာမႈနဲ႔ အညီ နည္းပညာေတြကို ပံုေဖၚတီထြင္ႏိုင္ၾကဖို႔ ေသခ်ာေအာင္၊ ၄ ႏိုင္ငံအေနနဲ႔ နည္းပညာထြန္းကားလာမႈနဲ႔ ပတ္သက္ၿပီးပူးေပါင္းေဆာင္ရြက္ေနၾကပါတယ္။ ဥပမာ၊ 5G အင္တာနက္ဆက္သြယ္ေရး ပြင့္လင္းျမင္သာမႈ၊ စိတ္ခ်လံုျခံဳမႈစတဲ့ နည္းပညာ နယ္ပယ္ တိုးတက္ေအာင္၊ 5G ဆက္သြယ္ေရးကြန္ယက္အျပင္၊ခံႏိုင္ရည္ရွိမႈ၊ မတူကြဲျပားမႈနဲ႔ သယ္ယူပို႔ေဆာင္ ျဖန္႔ျဖဴးေရးေတြအတြက္ သံဓိဌာန္ခ်၊ အသိအမွတ္ျပဳၾကသလို၊ ပြင့္လင္းျမင္သာၿပီး ေဈးကြက္အဆင္ေျပမယ့္မူဝါဒေတြနဲ႔ လုပ္ထံုးလုပ္နည္းေတြကို အစိုးရေတြက ပံ့ပိုးဖို႔အေရးႀကီးေၾကာင္း၊ သူတို႔ရဲ႕ ပူးတြဲေၾကညာခ်က္မွာေဖၚျပထားပါတယ္။

ေဒသတြင္းအခြင့္အလန္းေတြအတြက္ ဆက္သြယ္ၫွိႏိႈင္းဖို႔နဲ႔ ေဒသရဲ႔ အေျခခံအေဆာက္အဦလိုအပ္ခ်က္ေျမပံုသတ္မွတ္ေရးစတာေတြအတြက္ ေလးပြင့္ဆိုင္အေျခခံအေဆာက္အဦမိတ္ဖက္ အသစ္တရပ္ကိုလည္း ေခါင္းေဆာင္ ၄ ဦးကေၾကညာလိုက္ပါတယ္။

ပူးေပါင္းေဆာင္ရြက္မႈ သမိုင္းအစဥ္အလာရွိၾကတဲ့ အဓိကဒီမိုကေရစီ ၄ ႏိုင္ငံဟာ စိန္ေခၚအကဲစမ္းမႈေတြကို ရင္ဆိုင္ဖို႔၊ ဘယ္အရာမဆို ဘယ္လို အေကာင္အထည္ေဖၚ ေဆာင္ရြက္ရမယ္ဆိုတာကို က်ေနာ္တို႔ သေဘာေပါက္ၾကပါတယ္လို႔ သမၼတ Biden ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

..................................................

QUAD ၄ နိုင်င်ငံ ခေါင်းဆောင်များ ဝါရှင်တန် မြို့တော်မှာ တွေ့ဆုံ

{{Unicode}}

The Quad လို့ ခေါ်တဲ့ သံတမန်ရေးမိတ်ဖက် (၄) နိုင်ငံက ခေါင်းဆောင်တွေဟာ မကြာသေးခင်က ပထမဆုံးအကြိမ် လူကိုယ်တိုင်တွေ့ဆုံခဲ့ကြပါတယ်။ အမေရိကန်သမ္မတ Joe Biden, အိန္ဒိယဝန်ကြီးချုပ် Narendra Modi, သြစတြေးလျဝန်ကြီးချုပ် Scott Morrison နဲ့ ဂျပန်ဝန်ကြီးချုပ် Yoshida Suga တို့ဟာ စက်တင်ဘာလ ၂၄ ရက်နေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြတာပါ။

လွတ်လပ်၊ ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ၊ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက်၊ မိတ်ဖက်ပေါင်းစည်မှုဟာ အခြေခံကျောရိုးအဖြစ်၊ အားလုံးပါဝင်မှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရေးအတွက် ခေါင်းဆောင် ၄ ဦးကိုယ်တိုင် သံဓိဌာန်ချမှတ်ထားကြတယ်လို့ ပူးတွဲကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Quad လေးပွင့်ဆိုင်အဖွဲ့ဟာ ဒီခေတ်ရဲ့ အခရာကျတဲ့ စိန်ခေါ်အကဲစမ်းမှုတွေအတွက်၊ ကမ္ဘာကြီးအပေါ်ရှုမြင်ပုံ၊ အနာဂတ်အရေးဘုံမျှော်မှန်းချက်တွေအပေါ် သဘောထားချင်းတိုင်ဆိုင်ကြတဲ့ ဒီမိုကရေစီဘက်တော်သား မိတ်ဖက်တွေဖြစ်ကြတယ်လို့ သမ္မတ Biden က အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

အဲဒီ စိန်ခေါ်မှုတွေထဲမှာ COVID-19 ကပ်ရောဂါ၊ ဥတုရာသီဖေါက်ပြန်မှု၊ နည်းပညာတိုးတက်ထွန်းကားလာမှုနဲ့ အခြေခံအဆောက်အဦ ပြဿနာတွေလည်းပါဝင်ပါတယ်။

သမိုင်းတွင်မယ့် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ မတ်လတုန်းက ခေါင်းဆောင် ၄ ဦး Online ကနေဆွေးနွေးခဲ့ပြီးနောက်ပိုင်း တိုးတက်မှုတွေရှိခဲ့တာကို သဘောတူကြပါတယ်။ ၂၀၂၂ ခုနှစ်ကုန်ကျရင် ကမ္ဘာတဝန်း ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁.၂ ဘီလီယံ လှူဒါန်းရန် ရည်မှန်းချက်ပြည့်မှီဖို့ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ ဆိုပါတယ်။ ဒီကနေ့အထိ ဒီ ၄ နိုင်ငံကနေ အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေအတွက် ထိရောက် စိတ်ချရပြီး အရည်အသွေးပြည့်မှီတဲ့ ကိုဗစ် ကာကွယ်ဆေးအလုံးရေ ၇၉ သန်း ဖြန့်ဝေပြီးဖြစ်ပါတယ်။

ဥတုရာသီဖေါက်ပြန်မှုပြဿနာကိုလည်း အတူပူးတွဲ ကိုင်တွယ်နေကြရာမှာ၊ ပဲရစ်သဘောတူညီမှုအရ၊ စက်မှုခေတ်မတိုင်မီ အပူချိန်ထက် ၁.၅ ဒီကရီ Celsius အထိကန့်သတ်ပြီး ထိန်းထားနိုင်ရေး ကြိုးစားနေကြပါတယ်။ Quad အဖွဲ့ဝင် ၄ နိုင်ငံရဲ့ နောက်ထပ် အားထုတ်မှုတွေထဲမှာ၊ နိုင်ငံတဝန်း ကဏ္ဍအလိုက် ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့စွန့်ထုတ်မှု ပမာဏသင့်တင့်စွာ လျှော့ချရေးလည်းပါဝင်ပါတယ်။ ဒါ့အပြင်၊ သန့်စင်တဲ့ Hydrogen နည်းပညာအသုံးပြုရေး၊ တာဝန်သိတဲ့ ကြံ့ခိုင်တဲ့ သန့်စင်စွမ်းအင် ဖြန့်ဖြူးရေးစတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။

မွေးရာပါလူ့အခွင့်အရေး လေးစားလိုက်နာမှုနဲ့ အညီ နည်းပညာတွေကို ပုံဖေါ်တီထွင်နိုင်ကြဖို့ သေချာအောင်၊ ၄ နိုင်ငံအနေနဲ့ နည်းပညာထွန်းကားလာမှုနဲ့ ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဥပမာ၊ 5G အင်တာနက်ဆက်သွယ်ရေး ပွင့်လင်းမြင်သာမှု၊ စိတ်ချလုံခြုံမှုစတဲ့ နည်းပညာ နယ်ပယ် တိုးတက်အောင်၊ 5G ဆက်သွယ်ရေးကွန်ယက်အပြင်၊ခံနိုင်ရည်ရှိမှု၊ မတူကွဲပြားမှုနဲ့ သယ်ယူပို့ဆောင် ဖြန့်ဖြူးရေးတွေအတွက် သံဓိဌာန်ချ၊ အသိအမှတ်ပြုကြသလို၊ ပွင့်လင်းမြင်သာပြီး ဈေးကွက်အဆင်ပြေမယ့်မူဝါဒတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အစိုးရတွေက ပံ့ပိုးဖို့အရေးကြီးကြောင်း၊ သူတို့ရဲ့ ပူးတွဲကြေညာချက်မှာဖေါ်ပြထားပါတယ်။

ဒေသတွင်းအခွင့်အလန်းတွေအတွက် ဆက်သွယ်ညှိနှိုင်းဖို့နဲ့ ဒေသရဲ့ အခြေခံအဆောက်အဦလိုအပ်ချက်မြေပုံသတ်မှတ်ရေးစတာတွေအတွက် လေးပွင့်ဆိုင်အခြေခံအဆောက်အဦမိတ်ဖက် အသစ်တရပ်ကိုလည်း ခေါင်းဆောင် ၄ ဦးကကြေညာလိုက်ပါတယ်။

ပူးပေါင်းဆောင်ရွက်မှု သမိုင်းအစဉ်အလာရှိကြတဲ့ အဓိကဒီမိုကရေစီ ၄ နိုင်ငံဟာ စိန်ခေါ်အကဲစမ်းမှုတွေကို ရင်ဆိုင်ဖို့၊ ဘယ်အရာမဆို ဘယ်လို အကောင်အထည်ဖေါ် ဆောင်ရွက်ရမယ်ဆိုတာကို ကျနော်တို့ သဘောပေါက်ကြပါတယ်လို့ သမ္မတ Biden ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG