Accessibility links

Breaking News

အကူအညီေတြ လိုအပ္ေနတဲ့ ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား


 စက္တင္ဘာ ၄ ရက္၊ ၂၀၁၇ ခုႏွစ္က ျမန္မာျပည္အတြင္းက အလံုးအရင္းနဲ႔ထြက္ခြါသြားၾကသူ ႐ိုဟင္ဂ်ာမ်ား။ 
 စက္တင္ဘာ ၄ ရက္၊ ၂၀၁၇ ခုႏွစ္က ျမန္မာျပည္အတြင္းက အလံုးအရင္းနဲ႔ထြက္ခြါသြားၾကသူ ႐ိုဟင္ဂ်ာမ်ား။ 

[[Zawgyi/Unicode]]

ျမန္မာစစ္တပ္ကေန ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးေစမယ့္ စစ္ဆင္ေရးေတြလုပ္ခဲ့တာဟာ အခုဆိုရင္ ၅ ႏွစ္ ရွိပါၿပီ။ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ခိုလႈွံေနရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကလည္း သူတို႔အေတြ႕အႀကဳံေတြကို ေျပာျပပါတယ္။ အၾကမ္းဖက္မႈေတြကေန ေရွာင္ကြင္းႏိုင္ဖို႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ ၇ သိန္းခြဲဟာ ဘဂၤလားေဒ့ရွ္က ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနၾကရၿပီး အခုဆိုရင္ ဘဂၤလားေဒ့ရွ္မွာ ဒုကၡသည္အေရအတြက္က ၁ သန္း နီးပါး ရွိေနၿပီျဖစ္ပါတယ္။

ႏိုင္ငံတကာက လႉဒါန္းမႈေတြနဲ႔ စာနာမႈဆိုင္ရာအကူအညီေပးသူေတြရဲ႕ ေထာက္ခံအားေပးမႈေတြနဲ႔အတူ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ျပည္သူေတြ ရက္ေရာေစတနာေကာင္းစြာနဲ႔ ဒုကၡသည္ေတြကို လက္ခံကူညီမႈေတြကို အေမရိကန္အစိုးရက အသိအမွတ္ျပဳပါတယ္။ ျမန္မာႏိုင္ငံက ရခိုင္ျပည္နယ္အတြင္း အၾကမ္းဖက္မႈေတြေၾကာင့္ ဘဝေနထိုင္မႈေတြ ေျပာင္းခဲ့ရသူေတြကို လူသားခ်င္းစာနာမႈဆိုင္ရာ လႉဒါန္း အကူအညီေပးရာမွာ အေမရိကန္အစိုးရက ဦးေဆာင္လ်က္ရွိပါတယ္။ ျမန္မာ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ ေဒသတြင္းအျခားႏိုင္ငံေတြမွာ ခိုလႈံေနၾကရတဲ့ ႐ိုဟင္ဂ်ာေတြနဲ႔ သူတို႔ကို လက္ခံအကူအညီေပးေနၾကသူေတြကို လြန္ခဲ့တဲ့ ၅ ႏွစ္အတြင္းမွာ အေမရီကန္အစိုးရ ကူညီေထာက္ပံ့မႈက အေမရိကန္ ေဒၚလာ ၁.၉ ဘီလ်ံေက်ာ္ပါတယ္။ အၾကမ္းဖက္ခံရသူေတြအတြက္ တရားမွ်တစြာ စီရင္ႏိုင္ေရး၊ ႐ိုဟင္ဂ်ာေတြအပၚ စက္ဆုပ္႐ြံရွာဖြယ္ေကာင္းေအာင္ က်ဴးလြန္ခဲ့တဲ့ ျမန္မာစစ္တပ္ကို တာဝန္ယူေျဖရွင္းခိုင္းေရး၊ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအေရး အေျခအေနတိုးတက္လာမယ့္ ေရရွည္ အစီအမံေတြေဆာင္႐ြက္ႏိုင္ေရး၊ အေျခအေနေပးလာရင္ သူတို႔သေဘာဆႏၵနဲ႔အညီ လုံၿခဳံ ဂုဏ္ သိကၡာရွိစြာနဲ႔ ျမန္မာႏိုင္ငံကို ျပန္ႏိုင္ေရးေတြေဆာင္႐ြက္ႏိုင္ဖို႔ကိုလည္း အေမရိကန္အစိုးရက ဆက္လက္ပါဝင္ႀကိဳးပမ္းသြားမွာပါ။ လက္ရွိ ျမန္မာႏိုင္ငံအတြင္း အေျခအေနေတြကေတာ့ ဒုကၡသည္ေတြ ျပန္ဖို႔ လုံၿခဳံတဲ့အေနအထား မရွိေသးပါဘူး။

ေနရပ္စြန႔္ခြာရတဲ့ ႐ိုဟင္ဂ်ာေတြရဲ႕အေျခအေနက ေသေရးရွင္ေရးတမွ် ရွိေနဆဲပါ။ ဘဂၤလားေဒ့ရွ္အစိုးရရဲ႕ ရက္ေရာကူညီမႈေတြၾကားကပဲ ဒုကၡသည္စခန္းေတြအတြင္း လူေနအရမ္းထူထပ္တာနဲ႔ လုံၿခဳံေရးအေျခအေနေတြက အဆင္မေျပမႈေတြျဖစ္ေနကာ အလုပ္အကိုင္ရွားပါးမႈ၊ လြပ္လပ္စြာ သြားလာခြင့္မရွိတာနဲ႔ အေျခခံဝန္ေဆာင္မႈေတြမရႏိုင္တဲ့ အေျခအေနေတြ ျဖစ္ေနပါတယ္။

ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ေနရပ္ေပ်ာက္႐ိုဟင္ဂ်ာေတြကို အေမရိကန္အစိုးရက တစိုက္မတ္မတ္ ပူးေပါင္းေဆာင္႐ြက္ေရးလုပ္ငန္းစဥ္အရ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံးနဲ႔အတူ လိုအပ္ခ်က္ေတြရွိေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ျပန္လည္ေနရာခ်ထားေရး အစီအစဥ္ေတြကို အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီး Antony Blinken ၿပီးခဲ့တဲ့လကေၾကညာခဲ့ပါတယ္။

အခု အစီအစဥ္ေတြဟာ အေမရိကန္အစိုးရဲ႕ ႏိုင္ငံတကာကဒုကၡသည္ေတြ လက္ခံေရးအစီအစဥ္ရဲ႕ တစိတ္တပိုင္းပါဝင္မွာျဖစ္သလို ႐ိုဟင္ဂ်ာဒုကၡသည္အေရး က်ယ္က်ယ္ျပန႔္ျပန႔္နဲ႔ တုံ႔ျပန္ေဆာင္႐ြက္ရာမွာ အဓိကက်တဲ့ ႐ိုဟင္ဂ်ာေတြ လုၿခဳံစိတ္ခ် ဂုဏ္သိကၡာရွိရွိနဲ႔ ေနရပ္ျပန္ႏိုင္ေရးေဆာင္႐ြက္ရာမွာလည္း တစိတ္တပိုင္းအျဖစ္ ပါဝင္မွာျဖစ္ပါတယ္လို႔ ဝန္ႀကီး Blinken ရဲ႕ ေၾကညာခ်က္မွာ ပါရွိပါတယ္။

စစ္၊ မတရားမႈေတြနဲ႔ မတည္ၿငိမ္မႈေတြေၾကာင့္ ကမာၻတလႊား စံခ်ိန္တင္ေလာက္ေအာင္ ေနရပ္စြန႔္ခြာရသူေတြ မ်ားျပားေနခ်ိန္မွာ ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာအမ်ားစုကို ျပန္လည္ေနရာခ်ထားေပးတာဟာ မႀကဳံစဖူး ေနရပ္စြန႔္ခြာရသူေတြအေရးမွာ အေမရိကန္က ကာလၾကာရွည္ ဒုကၡသည္ေတြ ျပန္လည္ေနရာခ်ထားေရး အစီအစဥ္ေတြနဲ႔ ဦးေဆာင္ေျဖရွင္းေပးေနတာေတြကို ထင္ဟပ္ျပသရာေရာက္ပါတယ္လို႔လည္း ဝန္ႀကီး Blinken ကေျပာပါတယ္။ ျပန္လည္ေနရာခ်ထားေရး အေရးႀကီးတဲ့ အစပ်ိဳးအစီအစဥ္ကို အားေပးကူညီမႈေတြနဲ႔ ဒုကၡသည္ေတြကို ရက္ရက္ေရာေရာကူညီမႈေတြအတြက္လည္း ဘဂၤလားေဒ့ရွ္ အစိုးရကို အေမရိကန္က ေက်းဇူးတင္ေၾကာင္း ဝန္ႀကီး Blinken က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္ခင္ဗ်ာ။

================

[Unicode]]

အကူအညီတွေ လိုအပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ

မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာတွေကို လူမျိုးတုံးစေမယ့် စစ်ဆင်ရေးတွေလုပ်ခဲ့တာဟာ အခုဆိုရင် ၅ နှစ် ရှိပါပြီ။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုှံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း သူတို့အတွေ့အကြုံတွေကို ပြောပြပါတယ်။ အကြမ်းဖက်မှုတွေကနေ ရှောင်ကွင်းနိုင်ဖို့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းခွဲဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပြီး အခုဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အရေအတွက်က ၁ သန်း နီးပါး ရှိနေပြီဖြစ်ပါတယ်။

နိုင်ငံတကာက လှူဒါန်းမှုတွေနဲ့ စာနာမှုဆိုင်ရာအကူအညီပေးသူတွေရဲ့ ထောက်ခံအားပေးမှုတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြည်သူတွေ ရက်ရောစေတနာကောင်းစွာနဲ့ ဒုက္ခသည်တွေကို လက်ခံကူညီမှုတွေကို အမေရိကန်အစိုးရက အသိအမှတ်ပြုပါတယ်။ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ဘဝနေထိုင်မှုတွေ ပြောင်းခဲ့ရသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ လှူဒါန်း အကူအညီပေးရာမှာ အမေရိကန်အစိုးရက ဦးဆောင်လျက်ရှိပါတယ်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဒေသတွင်းအခြားနိုင်ငံတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာတွေနဲ့ သူတို့ကို လက်ခံအကူအညီပေးနေကြသူတွေကို လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အမေရီကန်အစိုးရ ကူညီထောက်ပံ့မှုက အမေရိကန် ဒေါ်လာ ၁.၉ ဘီလျံကျော်ပါတယ်။ အကြမ်းဖက်ခံရသူတွေအတွက် တရားမျှတစွာ စီရင်နိုင်ရေး၊ ရိုဟင်ဂျာတွေအပါ် စက်ဆုပ်ရွံရှာဖွယ်ကောင်းအောင် ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ကို တာဝန်ယူဖြေရှင်းခိုင်းရေး၊ ရိုဟင်ဂျာဒုက္ခသည်တွေအရေး အခြေအနေတိုးတက်လာမယ့် ရေရှည် အစီအမံတွေဆောင်ရွက်နိုင်ရေး၊ အခြေအနေပေးလာရင် သူတို့သဘောဆန္ဒနဲ့အညီ လုံခြုံ ဂုဏ် သိက္ခာရှိစွာနဲ့ မြန်မာနိုင်ငံကို ပြန်နိုင်ရေးတွေဆောင်ရွက်နိုင်ဖို့ကိုလည်း အမေရိကန်အစိုးရက ဆက်လက်ပါဝင်ကြိုးပမ်းသွားမှာပါ။ လက်ရှိ မြန်မာနိုင်ငံအတွင်း အခြေအနေတွေကတော့ ဒုက္ခသည်တွေ ပြန်ဖို့ လုံခြုံတဲ့အနေအထား မရှိသေးပါဘူး။

နေရပ်စွန့်ခွာရတဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေက သေရေးရှင်ရေးတမျှ ရှိနေဆဲပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ရက်ရောကူညီမှုတွေကြားကပဲ ဒုက္ခသည်စခန်းတွေအတွင်း လူနေအရမ်းထူထပ်တာနဲ့ လုံခြုံရေးအခြေအနေတွေက အဆင်မပြေမှုတွေဖြစ်နေကာ အလုပ်အကိုင်ရှားပါးမှု၊ လွပ်လပ်စွာ သွားလာခွင့်မရှိတာနဲ့ အခြေခံဝန်ဆောင်မှုတွေမရနိုင်တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နေရပ်ပျောက်ရိုဟင်ဂျာတွေကို အမေရိကန်အစိုးရက တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်အရ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့အတူ လိုအပ်ချက်တွေရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အစီအစဉ်တွေကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ပြီးခဲ့တဲ့လကကြေညာခဲ့ပါတယ်။

အခု အစီအစဉ်တွေဟာ အမေရိကန်အစိုးရဲ့ နိုင်ငံတကာကဒုက္ခသည်တွေ လက်ခံရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းပါဝင်မှာဖြစ်သလို ရိုဟင်ဂျာဒုက္ခသည်အရေး ကျယ်ကျယ်ပြန့်ပြန့်နဲ့ တုံ့ပြန်ဆောင်ရွက်ရာမှာ အဓိကကျတဲ့ ရိုဟင်ဂျာတွေ လုခြုံစိတ်ချ ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်ရေးဆောင်ရွက်ရာမှာလည်း တစိတ်တပိုင်းအဖြစ် ပါဝင်မှာဖြစ်ပါတယ်လို့ ဝန်ကြီး Blinken ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

စစ်၊ မတရားမှုတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် ကမ္ဘာတလွှား စံချိန်တင်လောက်အောင် နေရပ်စွန့်ခွာရသူတွေ များပြားနေချိန်မှာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာအများစုကို ပြန်လည်နေရာချထားပေးတာဟာ မကြုံစဖူး နေရပ်စွန့်ခွာရသူတွေအရေးမှာ အမေရိကန်က ကာလကြာရှည် ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အစီအစဉ်တွေနဲ့ ဦးဆောင်ဖြေရှင်းပေးနေတာတွေကို ထင်ဟပ်ပြသရာရောက်ပါတယ်လို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။ ပြန်လည်နေရာချထားရေး အရေးကြီးတဲ့ အစပျိုးအစီအစဉ်ကို အားပေးကူညီမှုတွေနဲ့ ဒုက္ခသည်တွေကို ရက်ရက်ရောရောကူညီမှုတွေအတွက်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို အမေရိကန်က ကျေးဇူးတင်ကြောင်း ဝန်ကြီး Blinken က ထပ်လောင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG