Accessibility links

Breaking News

Hezbollah ကို အႀကမ္းဖက္အုပ္စုအျဖစ္ ဆလိုေဗးနီယား က သတ္မွတ္


Germany Police Hezbollah ban
Germany Police Hezbollah ban

{{Zawgyi/Unicode}}

စလိုေဗးနီးယားနိုင္ငံက ဟစ္ဇ္ဘိုလာအုပ္စုကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ စာရင္းသြင္း သတ္မွတ္လိုက္ပါတယ္။ ဟစ္ဇ္ဘိုလာတို႔ရဲ့ နိုင္ငံေရးနဲ႔ စစ္ေရးအဖြဲ႕ မတူညီဘူး ကြဲျပားတယ္ဆိုၿပီး မွားယြင္း ခြဲျခား သတ္မွတ္ထားတာကို စလိုေဗးနီးယားက လက္မခံဘဲ ျငင္းပယ္လိုက္တာပါ။ စလိုေဗးနီးယား နိုင္ငံျခားေရးဝန္ႀကီးဌာန ရဲ့ ေၾကညာခ်က္မွာ ပါရွိသလိုပဲ ဟစ္ဇ္ဘိုလာအဖြဲ႕က ရာဇဝတ္မႈ က်ဴးလြန္တဲ့ အၾကမ္းဖက္အဖြဲ႕အစည္းတစ္ခုသာျဖစ္ၿပီး ကမၻာ့လုံျခဳံေရးနဲ႔ ၿငိမ္းခ်မ္းေရးကို ၿခိမ္းေျခာက္ေနတာပါ။

ဟစ္ဇ္ဘိုလာေတြ ဥေရာပမွာ မလႈပ္ရွားနိုင္ေအာင္ ဟန္႔တားဖို႔ စလိုေဗးနီးယားနိုင္ငံက အခုလို ေၾကညာလိုက္တာကို အေမရိကန္နိုင္ငံက ေထာက္ခံပါတယ္။

ယူနိုက္တက္ကင္းဒမ္း၊ လစ္သူေယးနီးယား၊ လတ္ဗီးယား၊ ကိုဆိုဗို နဲ႔ အက္စတိုးနီးယားတို႔ အပါအဝင္ တျခား ဥေရာပနိုင္ငံေတြက ဟစ္ဇ္ဘိုလာေတြကို ကန္႔သတ္၊ ပိတ္ပင္ၿပီး အၾကမ္းဖက္အဖြဲ႕အျဖစ္ စာရင္းသြင္းသလိုပဲ စလိုေဗးနီးယားနိုင္ငံကလည္း အခုလို လုပ္ေဆာင္လိုက္တာ ျဖစ္ပါတယ္။

အီရန္ အစိုးရကေန ၁၉၈၂ ခုႏွစ္တုန္းက တည္ေထာင္တဲ့ ဟစ္ဇ္ဘိုလာအဖြဲ႕က နိုင္ငံေရး၊ စစ္ေရး၊ အၾကမ္းဖက္ေရးနဲ႔ ရာဇဝတ္မႈ က်ဴးလြန္ေရး အားလုံးျခဳံၿပီး ပါဝင္တဲ့ အႏၲရာယ္မ်ားတဲ့ ကြန္ရက္ အဖြဲ႕တစ္ခုအျဖစ္ ႀကီးထြားလာခဲ့တာပါ။ ဟစ္ဇ္ဘိုလာအဖြဲ႕က တိုက္ခိုက္ေရးသမားေတြ ေသာင္းနဲ႔ခ်ီ ရွိတဲ့ အင္အားႀကီး အၾကမ္းဖက္အဖြဲ႕ တစ္ဖြဲ႕ကို ဖြဲ႕စည္းထားပါတယ္။ အဲဒီ အဖြဲ႕ကို ေရာ့ကက္နဲ႔ မစ္ဆိုင္းလ္ဒုံးက်ည္ အစင္းေပါင္း ၁၃၀, ၀၀၀ နဲ႔ လက္နက္ တပ္ဆင္ေပးထားတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာပါ။

ဒါ့အျပင္၊ ဟစ္ဇ္ဘိုလာတို႔က လက္တင္အေမရိကကေန ဥေရာပ၊ အေရွ႕အလယ္ပိုင္းနဲ႔ အာရွေဒသေတြအထိ နိုင္ငံတကာ အၾကမ္းဖက္နဲ႔ ရာဇဝတ္မႈ ကြန္ရက္အဖြဲ႕ေတြကို တည္ေထာင္ထားတာပါ။

ဥေရာပနိုင္ငံေတြရဲ့ အက်ိဳးစီးပြားကို ထိုးႏွက္တိုက္ခိုက္တဲ့ အၾကမ္းဖက္မႈေတြ၊ တိုက္ခိုက္မႈေတြကို ဟစ္ဇ္ဘိုလာအဖြဲ႕ လုပ္ေဆာင္ခဲ့တဲ့ မွတ္တမ္းေတြ သမိုင္းနဲ႔ခ်ီ ရွိေနပါတယ္။၁၉၈၀ ျပည့္ႏွစ္ေတြကတည္းက ဥေရာပနဲ႔ လက္ဘႏြန္နိုင္ငံအတြင္းက ဥေရာပသားေတြရဲ့ အက်ိဳးစီးပြားေတြကို ပစ္မွတ္ထားၿပီး အၾကမ္းဖက္ တိုက္ခိုက္မႈေတြ ဆင့္ကဲလုပ္ေဆာင္ေနတာပါ။ သူတို႔တိုက္ခိုက္ခဲ့တဲ့နိုင္ငံေတြထဲ ျပင္သစ္၊ စပိန္၊ ဂ်ာမနီ၊ ဘူလ္ေဂးရီးယားနဲ႔ ဆိုက္ပရပ္စ္နိုင္ငံေတြ ပါဝင္ပါတယ္။ ဥေရာပေျမေပၚမွာ အၾကမ္းဖက္လႈပ္ရွားမႈေတြ လုပ္ေဆာင္နိုင္ဖို႔ ဟစ္ဇ္ဘိုလာတို႔ကက က်ယ္ျပန္႔တဲ့ အေျခခံ အေဆာက္အအုံေတြကို တည္ေဆာက္ထားသလို ဥေရာပတစ္လႊား ရာဇဝတ္မကင္းတဲ့ ဘ႑ာေရး ကြန္ရက္ေတြကိုလည္း ထူေထာင္ထားပါတယ္။ မူးယစ္ေဆးဝါးေမွာင္ခိုတာ၊ ေငြေၾကးခဝါခ်တာနဲ႔ ဆိုင္ဘာရာဇဝတ္တိုက္ခိုက္မႈေတြ လုပ္ပါတယ္။ ၁၉၉၀ အေစာပိုင္းႏွစ္ေတြတုန္းကေတာ့ ဟစ္ဇ္ဘိုလာတို႔ ေဘာ့စနီးယား စစ္ပြဲမွာေတာင္မွ ပါဝင္တိုက္ခိုက္ဖို႔ သူ႔လူေတြကို ေစလႊတ္ခ်ထားခဲ့ပါေသးတယ္။

ဟစ္ဇ္ဘိုလာအဖြဲ႕ရဲ့ အႏၲရာယ္မ်ားတဲ့ လႈပ္ရွားမႈေတြကို ကြက္ကြက္ကြင္းကြင္းျမင္ၾကဖို႔နဲ႔ အီရန္က ေထာက္ခံအားေပးတဲ့ အဲဒီ ဟစ္ဇ္ဘိုလာအဖြဲ႕ သူတို႔ပိုင္နက္ နယ္ေျမထဲ လႈပ္ရွားေနမႈကို ဟန္႔တားၾကဖို႔အေရး သမၼတထရမ့္ အစိုးရက နိုင္ငံတကာ အသိုက္အဝိုင္းကို သံတမန္ေရး နည္းလမ္းနဲ႔ ထိေတြ႕ ေဖ်ာင္းဖ်ေနပါတယ္။

အထူးသျဖင့္ ဥေရာပေဒသမွာ ဟစ္ဇ္ဘိုလာေတြ မရွိဖို႔ ပိုၿပီး အေလးေပးလုပ္ေဆာင္ေနရပါတယ္လို႔ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးMike Pompeoက သူ႔ရဲ့ ေၾကညာခ်က္မွာ ေထာက္ျပထားပါတယ္။ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာနက ဦးေဆာင္တဲ့ သံတမန္ေရး ႀကိဳးပမ္းမႈေတြကေန ေအာင္ျမင္မႈ ရလဒ္ေတြကို အခုေတာ့ ထြက္ေပၚလာေနပါၿပီ။ မႏွစ္ကပဲ ဥေရာပ ၆ နိုင္ငံက ဟစ္ဇ္ဘိုလာအဖြဲ႕အေပၚ ကန္႔သတ္ခ်က္ေတြ ခ်မွတ္ခဲ့သလို တျခား ဥေရာပ အစိုးရေတြကလည္း အေရးယူမႈ အသစ္ေတြလုပ္ဖို႔ စဥ္စားေနၿပီ ျဖစ္ပါတယ္။

ဥေရာပေျမေပၚမွာ တေန႔မွာ ဟစ္ဇ္ဘိုလာတို႔ ပေပ်ာက္သြားေစဖို႔ ႀကိဳးပမ္းေနတာ တိုးတက္မႈေတြ ရလာတာနဲ႔အမၽွ စလိုေဗးနီးယားနဲ႔ တျခား ဥေရာပ နိုင္ငံေတြရဲ့ အေရးယူ ေဆာင္ရြက္ခ်က္ေတြကို အေမရိကန္ ျပည္ေထာင္စုက ေထာက္ခံ ႀကိဳဆိုပါတယ္။

..............................................

{{Unicode}}

စလိုဗေးနီးယားနိုင်ငံက ဟစ်ဇ်ဘိုလာအုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စာရင်းသွင်း သတ်မှတ်လိုက်ပါတယ်။ ဟစ်ဇ်ဘိုလာတို့ရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအဖွဲ့ မတူညီဘူး ကွဲပြားတယ်ဆိုပြီး မှားယွင်း ခွဲခြား သတ်မှတ်ထားတာကို စလိုဗေးနီးယားက လက်မခံဘဲ ငြင်းပယ်လိုက်တာပါ။ စလိုဗေးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ကြေညာချက်မှာ ပါရှိသလိုပဲ ဟစ်ဇ်ဘိုလာအဖွဲ့က ရာဇဝတ်မှု ကျူးလွန်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး ကမ္ဘာ့လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတာပါ။

ဟစ်ဇ်ဘိုလာတွေ ဥရောပမှာ မလှုပ်ရှားနိုင်အောင် ဟန့်တားဖို့ စလိုဗေးနီးယားနိုင်ငံက အခုလို ကြေညာလိုက်တာကို အမေရိကန်နိုင်ငံက ထောက်ခံပါတယ်။

ယူနိုက်တက်ကင်းဒမ်း၊ လစ်သူယေးနီးယား၊ လတ်ဗီးယား၊ ကိုဆိုဗို နဲ့ အက်စတိုးနီးယားတို့ အပါအဝင် တခြား ဥရောပနိုင်ငံတွေက ဟစ်ဇ်ဘိုလာတွေကို ကန့်သတ်၊ ပိတ်ပင်ပြီး အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းသလိုပဲ စလိုဗေးနီးယားနိုင်ငံကလည်း အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

အီရန် အစိုးရကနေ ၁၉၈၂ ခုနှစ်တုန်းက တည်ထောင်တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့က နိုင်ငံရေး၊ စစ်ရေး၊ အကြမ်းဖက်ရေးနဲ့ ရာဇဝတ်မှု ကျူးလွန်ရေး အားလုံးခြုံပြီး ပါဝင်တဲ့ အန္တရာယ်များတဲ့ ကွန်ရက် အဖွဲ့တစ်ခုအဖြစ် ကြီးထွားလာခဲ့တာပါ။ ဟစ်ဇ်ဘိုလာအဖွဲ့က တိုက်ခိုက်ရေးသမားတွေ သောင်းနဲ့ချီ ရှိတဲ့ အင်အားကြီး အကြမ်းဖက်အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ အဲဒီ အဖွဲ့ကို ရော့ကက်နဲ့ မစ်ဆိုင်းလ်ဒုံးကျည် အစင်းပေါင်း ၁၃၀, ၀၀၀ နဲ့ လက်နက် တပ်ဆင်ပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒါ့အပြင်၊ ဟစ်ဇ်ဘိုလာတို့က လက်တင်အမေရိကကနေ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသတွေအထိ နိုင်ငံတကာ အကြမ်းဖက်နဲ့ ရာဇဝတ်မှု ကွန်ရက်အဖွဲ့တွေကို တည်ထောင်ထားတာပါ။

ဥရောပနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိုးနှက်တိုက်ခိုက်တဲ့ အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေကို ဟစ်ဇ်ဘိုလာအဖွဲ့ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းတွေ သမိုင်းနဲ့ချီ ရှိနေပါတယ်။၁၉၈၀ ပြည့်နှစ်တွေကတည်းက ဥရောပနဲ့ လက်ဘနွန်နိုင်ငံအတွင်းက ဥရောပသားတွေရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆင့်ကဲလုပ်ဆောင်နေတာပါ။ သူတို့တိုက်ခိုက်ခဲ့တဲ့နိုင်ငံတွေထဲ ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ ဘူလ်ဂေးရီးယားနဲ့ ဆိုက်ပရပ်စ်နိုင်ငံတွေ ပါဝင်ပါတယ်။ ဥရောပမြေပေါ်မှာ အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ဖို့ ဟစ်ဇ်ဘိုလာတို့ကက ကျယ်ပြန့်တဲ့ အခြေခံ အဆောက်အအုံတွေကို တည်ဆောက်ထားသလို ဥရောပတစ်လွှား ရာဇဝတ်မကင်းတဲ့ ဘဏ္ဍာရေး ကွန်ရက်တွေကိုလည်း ထူထောင်ထားပါတယ်။ မူးယစ်ဆေးဝါးမှောင်ခိုတာ၊ ငွေကြေးခဝါချတာနဲ့ ဆိုင်ဘာရာဇဝတ်တိုက်ခိုက်မှုတွေ လုပ်ပါတယ်။ ၁၉၉၀ အစောပိုင်းနှစ်တွေတုန်းကတော့ ဟစ်ဇ်ဘိုလာတို့ ဘော့စနီးယား စစ်ပွဲမှာတောင်မှ ပါဝင်တိုက်ခိုက်ဖို့ သူ့လူတွေကို စေလွှတ်ချထားခဲ့ပါသေးတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အန္တရာယ်များတဲ့ လှုပ်ရှားမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်ကြဖို့နဲ့ အီရန်က ထောက်ခံအားပေးတဲ့ အဲဒီ ဟစ်ဇ်ဘိုလာအဖွဲ့ သူတို့ပိုင်နက် နယ်မြေထဲ လှုပ်ရှားနေမှုကို ဟန့်တားကြဖို့အရေး သမ္မတထရမ့် အစိုးရက နိုင်ငံတကာ အသိုက်အဝိုင်းကို သံတမန်ရေး နည်းလမ်းနဲ့ ထိတွေ့ ဖျောင်းဖျနေပါတယ်။

အထူးသဖြင့် ဥရောပဒေသမှာ ဟစ်ဇ်ဘိုလာတွေ မရှိဖို့ ပိုပြီး အလေးပေးလုပ်ဆောင်နေရပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးMike Pompeoက သူ့ရဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေကနေ အောင်မြင်မှု ရလဒ်တွေကို အခုတော့ ထွက်ပေါ်လာနေပါပြီ။ မနှစ်ကပဲ ဥရောပ ၆ နိုင်ငံက ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် ကန့်သတ်ချက်တွေ ချမှတ်ခဲ့သလို တခြား ဥရောပ အစိုးရတွေကလည်း အရေးယူမှု အသစ်တွေလုပ်ဖို့ စဉ်စားနေပြီ ဖြစ်ပါတယ်။

ဥရောပမြေပေါ်မှာ တနေ့မှာ ဟစ်ဇ်ဘိုလာတို့ ပပျောက်သွားစေဖို့ ကြိုးပမ်းနေတာ တိုးတက်မှုတွေ ရလာတာနဲ့အမျှ စလိုဗေးနီးယားနဲ့ တခြား ဥရောပ နိုင်ငံတွေရဲ့ အရေးယူ ဆောင်ရွက်ချက်တွေကို အမေရိကန် ပြည်ထောင်စုက ထောက်ခံ ကြိုဆိုပါတယ်။

XS
SM
MD
LG