Accessibility links

Breaking News

ဆီးရီးယားအစုိးရနဲ႔ ရုရွားတုိ႔က ဆီးရီးယားဒုကၡသည္ေတြ ေနရပ္ျပန္လာေစလုိ


ရုရွားေလတပ္က ဗုံးႀကဲသည့္အတြက္ ဆီးရီးယားသူပုန္ထိန္းခ်ဳပ္ၿမိဳ႕အတြင္း ဒဏ္ရာရသူမ်ားသယ္ေဆာင္လာသည့္ျမင္ကြင္း
ရုရွားေလတပ္က ဗုံးႀကဲသည့္အတြက္ ဆီးရီးယားသူပုန္ထိန္းခ်ဳပ္ၿမိဳ႕အတြင္း ဒဏ္ရာရသူမ်ားသယ္ေဆာင္လာသည့္ျမင္ကြင္း

{{Zawgyi/Unicode}}

ဆီရီးယားအစိုးရက ဆီရီးယားျပည္သူေတြကို အဆိုးတကာ့ အဆိုးဆုံး နည္းလမ္းေတြနဲ႔ ႏွိပ္စက္ေနတာ ဆယ္ႏွစ္ေက်ာ္ ၾကာခဲ့ပါၿပီ။ Bashar al Assad ေခါင္းေဆာင္တဲ့ အစိုးရက ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို တင့္ကားနဲ႔ ေသနတ္ လက္နက္ေတြသုံးၿပီး ၿဖိဳခြဲပါတယ္။ ေပါက္ကြဲအားျပင္းတဲ့ ဓါတ္ဆီအျပည့္ပါတဲ့ ဆီတိုင္ကီေတြကို လူေနရပ္ကြက္ေတြထဲ ၾကဲခ်သလို အဆိပ္ေငြ႕ေတြနဲ႔လည္း ရပ္ကြက္နဲ႔ ေက်းရြာေနျပည္သူေတြ အသက္ ရႉမဝေအာင္လုပ္ပါတယ္။ ဆီရီးယား ျပည္သူေတြအဖို႔ ဓါတုပစၥည္းေတြ၊ မီးေလာင္ဗုံးေတြ၊ ငတ္မြတ္မႈေတြနဲ႔ ေျချပတ္လက္ျပတ္နဲ႔ ေသၾကဒဏ္ရာ ရၾကပါတယ္။ ဆီရီးယားက အရပ္သားေတြက စစ္ပြဲေတြၾကား ေျမဇာပင္လို ေသေၾကဒဏ္ရာရၾကတာမ်ိဳးမဟုတ္ေတာ့ဘဲ သူတို႔ကိုယ္တိုင္က စစ္တပ္ရဲ႕ပစ္မွတ္ေတြ ျဖစ္ခဲ့တာပါ။ ျဖစ္လည္း ျဖစ္ေနဆဲပါ။

စစ္မျဖစ္ခင္က လူဦးေရ ၂၃ သန္းရွိတဲ့ ဆီရီးယားမွာ လူ ငါးသိန္းေလာက္ အသက္ဆုံးရႈံးခဲ့ရၿပီး လူ ၆.၅ သန္း တိုင္းျပည္တြင္းမွာပဲ အိုးအိမ္စြန္႔ခြာရပါတယ္။ ေနာက္ထပ္ လူ ၅.၆ သန္းကေတာ့ အိမ္နီးခ်င္းနိုင္ငံေတြမွာ ဒုကၡသည္ေတြအျဖစ္ ခိုလႈံေနၾကရပါတယ္။

အခုေတာ့ ရက္စက္မႈေပါင္းစုံရဲ့ ဗိသုကာျဖစ္တဲ့ Assad က ဒုကၡသည္ ေတြကို အိမ္ျပန္လာဖို႔ ေခၚေနျပန္ပါတယ္။ Assad ေျပာသလို လိုက္ေျပာေနသူကေတာ့ Assad ကို ေထာက္ခံ သူလည္းျဖစ္ Assad ကို အခုလိုျဖစ္ေအာင္ လုပ္ေပးေနသူလည္း ျဖစ္တဲ့ ႐ုရွား သမၼတ Vladimir Putin ျဖစ္ပါတယ္။

Damascus ၿမိဳ႕မွာ မၾကာေသးခင္က ဆီရီးယားနဲ႔ ႐ုရွားတို႔ ပူးတြဲက်င္းပခဲ့တဲ့ ဒုကၡသည္မ်ားဆိုင္ရာ ညီလာခံတစ္ခုမွာေတာ့ Assad နဲ႔ Putin တို႔ ႏွစ္ဦးစလုံးက ဆီရီးယား ျပည္တြင္းစစ္ ၿပီးဆုံးသြားၿပီ ျဖစ္လို႔ ၿငိမ္းခ်မ္းေရးရေနၿပီလို႔ ေျပာပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ႐ုရွားက စစ္ေၾကာင့္ပ်က္ခဲ့ရတဲ့ တိုင္းျပည္ ျပန္လည္တည္ေဆာက္ေရး လုပ္ငန္းကို ဆီရီးယား ဒုကၡသည္ေတြ အိမ္ျပန္မလာခင္ အရင္လုပ္ရမယ္လို႔လည္းေတာင္းဆိုေနပါတယ္။

အေနာက္နိုင္ငံေတြက ဆီရီးယား ျပန္လည္ထူေထာင္ေရး အကူအညီေပးဖို႔ ဆႏၵရွိမွ ဒုကၡသည္ေတြအိမ္ျပန္နိုင္မွာလို႔လည္း ႐ုရွားတို႔က ေျပာေနတာပါ။ ဒါက ၿမိဳးၿမိဳးျမက္ျမက္ ခံစားမယ့္ ေဆာက္လုပ္ေရး ကန္ထရိုက္ေတြဆီကို အကူအညီေပးတဲ့ေငြေတြ ေရာက္ရွိသြားေစဖို႔ ႀကိဳးပမ္းခ်က္ တစ္ခုသာ ျဖစ္ပါတယ္။

ဒုကၡသည္ေတြကိုယ္တိုင္က Assad ရဲ့ ကတိစကားေတြကို မယုံၾကည္ၾကသလို အေနာက္နိုင္ငံေတြကလည္း ဒါကိုလက္ခံမွာ မဟုတ္ပါဘူး။ နိုင္ငံေရး အက်ဥ္သားေတြ အားလုံးလႊတ္ေပးၿပီးမွ၊ ဆီရီးယား ျပည္သူေတြ ေဘးကင္းေၾကာင္း အာမခံခ်က္ရမွ၊ ဆီရီးယား နိုင္ငံေရးျဖစ္စဥ္ကို တရားဝင္လက္ခံ နိုင္တယ္လို႔ယူဆမွ ျပန္လည္တည္ေဆာက္ေရး အကူအညီကို အေနာက္နိုင္ငံေတြက ေပးမွာ ျဖစ္ပါတယ္။

႐ုရွားေထာက္ခံမႈနဲ႔ Assad အစိုးရက ဆီရီးယား ပဋိပကၡ ၿပီးဆုံးၿပီဆိုၿပီး သန္းေပါင္းမ်ားစြာေသာ အကာအကြယ္မဲ့ ဒုကၡသည္ေတြကို နိုင္ငံေရးနယ္႐ုပ္ေလးေတြလို အသုံးခ်ဖို႔ ႀကိဳးစားေနတယ္လို႔ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယ ေျပာခြင့္ရ ပုဂၢိဳလ္ Cale Brown က ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

Assad အစိုးရက သူ႔ရဲ့ နိုင္ငံသား ၅ သိန္းေက်ာ္ ေသဆုံးမႈမွာ တာဝန္ရွိသလို ေဆး႐ုံေတြကို ဗုံးၾကဲတာ၊ သန္းခ်ီတဲ့ ဆီရီးယား နိုင္ငံသားေတြကို လူသားခ်င္း စာနာမႈ အေထာက္အပံ့ေပးဖို႔ ျငင္းဆန္ရာမွာ တာဝန္ရွိပါတယ္။ Assad အစိုးရက ဒုကၡသည္ေတြ ေဘးကင္းလုံျခဳံစြာနဲ႔ အိမ္ျပန္နိုင္တဲ့ အခ်ိန္ကို အဆုံးအျဖတ္ေပးဖို႔ ယုံၾကည္ရတဲ့ အစိုးရ မဟုတ္ပါဘူး။ Assad မွာ တိုင္းျပည္ ထူေထာင္ေရး နိုင္ငံတကာ ရန္ပုံေငြကို သုံးစြဲဖို႔ ညႊန္ၾကားနိုင္တဲ့ အာဏာလည္း မရွိသင့္ပါဘူးလို႔ နိုင္ငံျခားေရး ဝန္ႀကီးဌာန ဒုတိယ ေျပာခြင့္ရ Cale Brown က ေျပာပါတယ္။

ဆီရီးယား ျပည္သူေတြနဲ႔ ကုလသမဂၢ လုံျခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္ အမွတ္ ၂၂၅၄ အေပၚ ထားရွိတဲ့ ကတိကဝတ္ေတြကို အေမရိကန္နိုင္ငံ အေနနဲ႔ ဆက္လက္လိုက္နာ ျဖည့္ဆည္းသြားမွာ ျဖစ္ပါတယ္။ ဆုံးျဖတ္ခ်က္ အမွတ္ ၂၂၅၄ ကသာ ဆီရီးယား ပဋိပကၡကို နိုင္ငံေရးအရ ေျဖရွင္းေရး တစ္ခုတည္း ေသာ နည္းလမ္း ျဖစ္ေၾကာင္းလည္း Cale Brown က ေျပာပါတယ္။

.....................................................

{{Unicode}}

ဆီရီးယားအစိုးရက ဆီရီးယားပြည်သူတွေကို အဆိုးတကာ့ အဆိုးဆုံး နည်းလမ်းတွေနဲ့ နှိပ်စက်နေတာ ဆယ်နှစ်ကျော် ကြာခဲ့ပါပြီ။ Bashar al Assad ခေါင်းဆောင်တဲ့ အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို တင့်ကားနဲ့ သေနတ် လက်နက်တွေသုံးပြီး ဖြိုခွဲပါတယ်။ ပေါက်ကွဲအားပြင်းတဲ့ ဓါတ်ဆီအပြည့်ပါတဲ့ ဆီတိုင်ကီတွေကို လူနေရပ်ကွက်တွေထဲ ကြဲချသလို အဆိပ်ငွေ့တွေနဲ့လည်း ရပ်ကွက်နဲ့ ကျေးရွာနေပြည်သူတွေ အသက် ရှူမဝအောင်လုပ်ပါတယ်။ ဆီရီးယား ပြည်သူတွေအဖို့ ဓါတုပစ္စည်းတွေ၊ မီးလောင်ဗုံးတွေ၊ ငတ်မွတ်မှုတွေနဲ့ ခြေပြတ်လက်ပြတ်နဲ့ သေကြဒဏ်ရာ ရကြပါတယ်။ ဆီရီးယားက အရပ်သားတွေက စစ်ပွဲတွေကြား မြေဇာပင်လို သေကြေဒဏ်ရာရကြတာမျိုးမဟုတ်တော့ဘဲ သူတို့ကိုယ်တိုင်က စစ်တပ်ရဲ့ပစ်မှတ်တွေ ဖြစ်ခဲ့တာပါ။ ဖြစ်လည်း ဖြစ်နေဆဲပါ။

စစ်မဖြစ်ခင်က လူဦးရေ ၂၃ သန်းရှိတဲ့ ဆီရီးယားမှာ လူ ငါးသိန်းလောက် အသက်ဆုံးရှုံးခဲ့ရပြီး လူ ၆.၅ သန်း တိုင်းပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာရပါတယ်။ နောက်ထပ် လူ ၅.၆ သန်းကတော့ အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည်တွေအဖြစ် ခိုလှုံနေကြရပါတယ်။

အခုတော့ ရက်စက်မှုပေါင်းစုံရဲ့ ဗိသုကာဖြစ်တဲ့ Assad က ဒုက္ခသည် တွေကို အိမ်ပြန်လာဖို့ ခေါ်နေပြန်ပါတယ်။ Assad ပြောသလို လိုက်ပြောနေသူကတော့ Assad ကို ထောက်ခံ သူလည်းဖြစ် Assad ကို အခုလိုဖြစ်အောင် လုပ်ပေးနေသူလည်း ဖြစ်တဲ့ ရုရှား သမ္မတ Vladimir Putin ဖြစ်ပါတယ်။

Damascus မြို့မှာ မကြာသေးခင်က ဆီရီးယားနဲ့ ရုရှားတို့ ပူးတွဲကျင်းပခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ညီလာခံတစ်ခုမှာတော့ Assad နဲ့ Putin တို့ နှစ်ဦးစလုံးက ဆီရီးယား ပြည်တွင်းစစ် ပြီးဆုံးသွားပြီ ဖြစ်လို့ ငြိမ်းချမ်းရေးရနေပြီလို့ ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားက စစ်ကြောင့်ပျက်ခဲ့ရတဲ့ တိုင်းပြည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကို ဆီရီးယား ဒုက္ခသည်တွေ အိမ်ပြန်မလာခင် အရင်လုပ်ရမယ်လို့လည်းတောင်းဆိုနေပါတယ်။

အနောက်နိုင်ငံတွေက ဆီရီးယား ပြန်လည်ထူထောင်ရေး အကူအညီပေးဖို့ ဆန္ဒရှိမှ ဒုက္ခသည်တွေအိမ်ပြန်နိုင်မှာလို့လည်း ရုရှားတို့က ပြောနေတာပါ။ ဒါက မြိုးမြိုးမြက်မြက် ခံစားမယ့် ဆောက်လုပ်ရေး ကန်ထရိုက်တွေဆီကို အကူအညီပေးတဲ့ငွေတွေ ရောက်ရှိသွားစေဖို့ ကြိုးပမ်းချက် တစ်ခုသာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေကိုယ်တိုင်က Assad ရဲ့ ကတိစကားတွေကို မယုံကြည်ကြသလို အနောက်နိုင်ငံတွေကလည်း ဒါကိုလက်ခံမှာ မဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်သားတွေ အားလုံးလွှတ်ပေးပြီးမှ၊ ဆီရီးယား ပြည်သူတွေ ဘေးကင်းကြောင်း အာမခံချက်ရမှ၊ ဆီရီးယား နိုင်ငံရေးဖြစ်စဉ်ကို တရားဝင်လက်ခံ နိုင်တယ်လို့ယူဆမှ ပြန်လည်တည်ဆောက်ရေး အကူအညီကို အနောက်နိုင်ငံတွေက ပေးမှာ ဖြစ်ပါတယ်။

ရုရှားထောက်ခံမှုနဲ့ Assad အစိုးရက ဆီရီးယား ပဋိပက္ခ ပြီးဆုံးပြီဆိုပြီး သန်းပေါင်းများစွာသော အကာအကွယ်မဲ့ ဒုက္ခသည်တွေကို နိုင်ငံရေးနယ်ရုပ်လေးတွေလို အသုံးချဖို့ ကြိုးစားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ပြောခွင့်ရ ပုဂ္ဂိုလ် Cale Brown က ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Assad အစိုးရက သူ့ရဲ့ နိုင်ငံသား ၅ သိန်းကျော် သေဆုံးမှုမှာ တာဝန်ရှိသလို ဆေးရုံတွေကို ဗုံးကြဲတာ၊ သန်းချီတဲ့ ဆီရီးယား နိုင်ငံသားတွေကို လူသားချင်း စာနာမှု အထောက်အပံ့ပေးဖို့ ငြင်းဆန်ရာမှာ တာဝန်ရှိပါတယ်။ Assad အစိုးရက ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ အိမ်ပြန်နိုင်တဲ့ အချိန်ကို အဆုံးအဖြတ်ပေးဖို့ ယုံကြည်ရတဲ့ အစိုးရ မဟုတ်ပါဘူး။ Assad မှာ တိုင်းပြည် ထူထောင်ရေး နိုင်ငံတကာ ရန်ပုံငွေကို သုံးစွဲဖို့ ညွှန်ကြားနိုင်တဲ့ အာဏာလည်း မရှိသင့်ပါဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ပြောခွင့်ရ Cale Brown က ပြောပါတယ်။

ဆီရီးယား ပြည်သူတွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၂၅၄ အပေါ် ထားရှိတဲ့ ကတိကဝတ်တွေကို အမေရိကန်နိုင်ငံ အနေနဲ့ ဆက်လက်လိုက်နာ ဖြည့်ဆည်းသွားမှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် အမှတ် ၂၂၅၄ ကသာ ဆီရီးယား ပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းရေး တစ်ခုတည်း သော နည်းလမ်း ဖြစ်ကြောင်းလည်း Cale Brown က ပြောပါတယ်။

XS
SM
MD
LG