Accessibility links

Breaking News

အေမရိကန္ ေက်းဇူးေတာ္ေန႔


{{Zawgyi/Unicode}}

အေမရိကန္ျပည္ေထာင္စုမွာ ႏွစ္စဥ္ ႏိုဝင္ဘာလရဲ႕ စတုထၳေျမာက္ၾကာသပေတးေန႔ကို Thanksgiving ေက်းဇူးေတာ္ေန႔အျဖစ္ အမွတ္တရ သတ္မွတ္ထားပါတယ္။ ႏွစ္ေပါင္း ေထာင္နဲ႔ခ်ီခဲ့တဲ့ ကာလေတြမွာ လယ္ယာစိုက္ပ်ိဳးေရးနဲ႔ ရွင္သန္ခဲ့ၾကတဲ့ ဌာေန လူ႔ေဘာင္အသိုင္းအဝိုင္းက ႐ိုးရာေကာက္သစ္စားပြဲကို အလုပ္အားလပ္ရက္အျဖစ္ သတ္မွတ္ဆင္ႏႊဲခဲ့ၾကတာျဖစ္ပါတယ္။ အေမရိကန္အေရွ႕ေျမာက္ပိုင္းမွာ အေျခခ်ဖို႔လာေရာက္ခဲ့ၾကတဲ့ ပထမဆံုး ဥေရာပတိုက္သားေတြကလည္း သူတို႔ရဲ႕နယ္ေျမသစ္အေတြ႕အၾကံဳကို ဂုဏ္ျပဳၿပီး ေက်းဇူးေတာ္ေန႔အျဖစ္ ဆင္ႏႊဲခဲ့ၾကပါတယ္။

အဲဒီ ဥေရာပတိုက္သားေတြဟာ အဂၤလန္ႏိုင္ငံမွာ Calvinists လို႔ေခၚတဲ့ ႏွစ္ခ်င္းခရစ္ယာန္ေတြျဖစ္ၾကၿပီး၊ အမ်ားစုကိုယ္းကြယ္တဲ့ Anglican Church ဘုရားေက်ာင္းေတြမွာ ခြဲဲျခားဆက္ဆံၾကတဲ့အတြက္ လံုးဝ သီးျခားခြဲထြက္လိုၾကသူေတြျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ၁၆၂၀ ျပည့္ႏွစ္ စက္တင္ဘာလအတြင္း ေနာင္ ကိုလိုနီနယ္ေျမခ်ဲ႕သူေတြျဖစ္လာၾကမယ့္ ႏွစ္ခ်င္းခရစ္ယာန္ဘာသာဝင္ ၁၀၂ ေယာက္ဟာ ေလွထိုးသားအေယာက္ ၃၀ နဲ႔ အတူ Mayflower သေဘၤာနဲ႔ အေမရိကားတိုက္ကို ခရီးႏွင္ခဲ့ၾကတာျဖစ္ပါတယ္။

သူတို႔ရဲ႕ ဒီနယ္ေျမ စြန္႔စားမႈကို အဂၤလိပ္အစိုးရက အားမေပဘူးဆိုတာနဲ႔ ေခါင္းေဆာင္ပိုင္းအတြက္လည္း တာဝန္ေပးအပ္ခဲ့ျခင္းမရွိတဲ့အတြက္၊ သူတို႔ကိုယ္တိုင္တာဝန္ခံ အုပ္ခ်ဳပ္ၾကမွ ျဖစ္မယ္ဆိုတာကို သေဘာေပါက္ခဲ့ၾကပါတယ္။ ဒါ့ေၾကာင့္ Mayflower သေဘၤာကမ္းမကပ္ခင္ကတည္းက ခရီးသည္ေတြအၾကား Mayflower Compact ဆိုတဲ့ အခ်င္းခ်င္း ယိုင္းပင္းၾကဖို႔ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ ကတိျပဳလႊာမူၾကမ္းကိုေရးဆြဲခဲ့ၾကတာပါ။ ဒီမူၾကမ္းကို မဲခြဲဆံုးျဖတ္ခဲ့ၾကတာျဖစ္လို႔ ေျမာက္အေမရိကတိုက္ေရာက္ ဥေရာပတိုက္သားေတြအၾကား ပထမဆံုး ဒီမိုကေရစီစမ္းသပ္ခ်က္လည္းျဖစ္ပါတယ္။ ခရစ္ယာန္ေတြနဲ႔ ဘာသာဝင္မဟုတ္သူ အမ်ိဳးသားခရီးသည္ထက္ဝက္ေက်ာ္က ေထာက္ခံလက္မွတ္ေရးထိုးခဲ့ၾကလို႔ Mayflower Compact ကတိျပဳလႊာအတည္ျပဳႏိုင္ခဲ့ပါတယ္။

အေမရိကားကို ဆိုက္ေရာက္ၿပီး ေရေျမသစ္ရဲ႕ ရာသီဥတုဒဏ္ေၾကာင့္ ေႏြဦးမွာ ဥေရာပတိုက္သားခရီးသည္ ၅၃ ေယာက္ဘဲအသက္ရွင္က်န္ခဲ့ၿပီး၊ ေႏြရာသီက်မွ ေကာက္ပဲသီးႏွံအထြက္ေကာင္းတာနဲ႔ ၾကံဳခဲ့ရပါတယ္။ အဲဒီအဖြဲ႔က ၁၆၂၁ ခုႏွစ္ေဆာင္းဦးေပါက္မွာ သူတို႔ရဲ႕ အေျခခ်တဲ့ေနရာကို Plymouth Colony လို႔ နံမည္ေပးၿပီး၊ ရွင္သန္ျခင္းအထိမ္းအမွတ္ေက်းဇူးေတာ္ပြဲ ဆင္ႏႊဲခဲ့ၾကပါတယ္။ ဒီေက်းဇူးေတာ္ပြဲကို ဌာေနေဒသခံ Wampanoag မ်ိဳးႏြယ္ အေယာက္ ၉၀ က စားေသာက္ဖြယ္ရာေတြနဲ႔ ပါဝင္ ပူးေပါင္းၿပီး၊ ဥတုရာသီဒဏ္ခံႏိုင္မယ့္ အိမ္ေဆာက္လုပ္နည္းေတြနဲ႔ အကူအညီေပးခဲ့ၾကပါတယ္။

ဒီေက်းဇူးေတာ္ပြဲကို ၃ ရက္ၾကာဆင္ႏႊဲခဲ့ၾကၿပီး၊ အဂၤလိပ္ကိုလိုနီ နယ္ေျမသစ္ရွာသူေတြနဲ႔ ဌာေနေဒသခံေတြအၾကား ခ်စ္ၾကည္ ၿငိမ္းခ်မ္းစြာ ယွဥ္တြဲေနထိုင္ခဲ့ၾကတဲ့ ကာလျဖစ္ပါတယ္။ အဂၤလိပ္ေတြက ေဒသထြက္ သီးႏွံေတြ၊ ဘဲသားနဲ႔ ငန္းသားဟင္းေတြ၊ Wampanoag ဌာေနေဒသခံေတြက သမင္သား ကင္ စသျဖင့္ထည့္ဝင္ၿပီး ေက်းဇူးေတာ္ေန႔ ဆင္ႏႊဲခဲ့ၾကပါတယ္။

Thanksgiving ေက်းဇူးေတာ္ေန႔ဟာ ၁၉ ရာစုက အေျခတည္ခဲ့ၿပီး ဒီေန႔အထိ ေပ်ာ္ရႊင္စြာဆင္ႏႊဲေနၾကဆဲျဖစ္ပါတယ္။ အေမရိကန္ျပည္တြင္းစစ္ကာလမွာ အမ်ိဳးသားေသြးစည္းညီၫြတ္ေရးကို ရည္ရြယ္ၿပီး ေက်းဇူးေတာ္ေန႔ကို တရားဝင္အလုပ္အားလပ္ရက္အျဖစ္ သတ္မွတ္ခဲ့ပါတယ္။

အခုဆိုရင္ ေက်းဇူးေတာ္ေန႔မွာ ညစာကို ၾကက္ဆင္သားကင္စားၾကတာဟာ ႐ိုးရာဓေလ့လိုျဖစ္ေနပါၿပီ။ သာမန္ၾကက္ထက္ ႀကီးမားတဲ့ ၾကက္ဆင္အေကာင္လိုက္ကင္မွ မိသားတစုလံုးအတြက္ ေလာက္ငမွာျဖစ္လို႔ ၾကက္ဆင္ကိုေရြးတာလို႔လည္းဆိုၾကပါတယ္။

ရာစုႏွစ္ေတြနဲ႕ခ်ီၿပီး ေက်းဇူးေတာ္ေန႔ အလုပ္အားလပ္ရက္ကို အမ်ိဳးမ်ိဳးအဖံုဖံု ဆင္ႏႊဲၾကေပမဲ့ ကိုလိုနီနယ္ေျမသစ္ရွာသူေတြနဲ႔ ဌာေနအေမရိကန္ေတြ အတူတကြ ခ်စ္ၾကည္စြာယိုင္းပင္းခဲ့ၾကတယ္ဆိုတဲ့ ပံုရိပ္ကေတာ့၊ ၿငိမ္းခ်မ္းစြာ ယဥ္ေက်းမႈခ်င္း ဖလွယ္ခဲ့ၾကဆိုတဲ့ သေကၤတဘဲျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုက ကိုယ့္ႏိုင္ငံသားေတြနဲ႔ ကမ႓ာတဝန္းကလာေရာက္အေျခခ်ၾကမယ့္ လူသစ္ေတြအတြက္ပါ ဘာသာေရးလြတ္လပ္ခြင့္နဲ႔ သာယာဝေျပာေရးကို ဆက္လက္ပံ့ပိုး အားေပးသြားမွာ ျဖစ္ေၾကာင္းပါခင္ဗ်ား။

................................................

{{Unicode}}

အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် နိုဝင်ဘာလရဲ့ စတုထ္ထမြောက်ကြာသပတေးနေ့ကို Thanksgiving ကျေးဇူးတော်နေ့အဖြစ် အမှတ်တရ သတ်မှတ်ထားပါတယ်။ နှစ်ပေါင်း ထောင်နဲ့ချီခဲ့တဲ့ ကာလတွေမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ရှင်သန်ခဲ့ကြတဲ့ ဌာနေ လူ့ဘောင်အသိုင်းအဝိုင်းက ရိုးရာကောက်သစ်စားပွဲကို အလုပ်အားလပ်ရက်အဖြစ် သတ်မှတ်ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန်အရှေ့မြောက်ပိုင်းမှာ အခြေချဖို့လာရောက်ခဲ့ကြတဲ့ ပထမဆုံး ဥရောပတိုက်သားတွေကလည်း သူတို့ရဲ့နယ်မြေသစ်အတွေ့အကြုံကို ဂုဏ်ပြုပြီး ကျေးဇူးတော်နေ့အဖြစ် ဆင်နွှဲခဲ့ကြပါတယ်။

အဲဒီ ဥရောပတိုက်သားတွေဟာ အင်္ဂလန်နိုင်ငံမှာ Calvinists လို့ခေါ်တဲ့ နှစ်ချင်းခရစ်ယာန်တွေဖြစ်ကြပြီး၊ အများစုကိုယ်းကွယ်တဲ့ Anglican Church ဘုရားကျောင်းတွေမှာ ခွဲခြားဆက်ဆံကြတဲ့အတွက် လုံးဝ သီးခြားခွဲထွက်လိုကြသူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ၁၆၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း နောင် ကိုလိုနီနယ်မြေချဲ့သူတွေဖြစ်လာကြမယ့် နှစ်ချင်းခရစ်ယာန်ဘာသာဝင် ၁၀၂ ယောက်ဟာ လှေထိုးသားအယောက် ၃၀ နဲ့ အတူ Mayflower သင်္ဘောနဲ့ အမေရိကားတိုက်ကို ခရီးနှင်ခဲ့ကြတာဖြစ်ပါတယ်။

သူတို့ရဲ့ ဒီနယ်မြေ စွန့်စားမှုကို အင်္ဂလိပ်အစိုးရက အားမပေဘူးဆိုတာနဲ့ ခေါင်းဆောင်ပိုင်းအတွက်လည်း တာဝန်ပေးအပ်ခဲ့ခြင်းမရှိတဲ့အတွက်၊ သူတို့ကိုယ်တိုင်တာဝန်ခံ အုပ်ချုပ်ကြမှ ဖြစ်မယ်ဆိုတာကို သဘောပေါက်ခဲ့ကြပါတယ်။ ဒါ့ကြောင့် Mayflower သင်္ဘောကမ်းမကပ်ခင်ကတည်းက ခရီးသည်တွေအကြား Mayflower Compact ဆိုတဲ့ အချင်းချင်း ယိုင်းပင်းကြဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကတိပြုလွှာမူကြမ်းကိုရေးဆွဲခဲ့ကြတာပါ။ ဒီမူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်လို့ မြောက်အမေရိကတိုက်ရောက် ဥရောပတိုက်သားတွေအကြား ပထမဆုံး ဒီမိုကရေစီစမ်းသပ်ချက်လည်းဖြစ်ပါတယ်။ ခရစ်ယာန်တွေနဲ့ ဘာသာဝင်မဟုတ်သူ အမျိုးသားခရီးသည်ထက်ဝက်ကျော်က ထောက်ခံလက်မှတ်ရေးထိုးခဲ့ကြလို့ Mayflower Compact ကတိပြုလွှာအတည်ပြုနိုင်ခဲ့ပါတယ်။

အမေရိကားကို ဆိုက်ရောက်ပြီး ရေမြေသစ်ရဲ့ ရာသီဥတုဒဏ်ကြောင့် နွေဦးမှာ ဥရောပတိုက်သားခရီးသည် ၅၃ ယောက်ဘဲအသက်ရှင်ကျန်ခဲ့ပြီး၊ နွေရာသီကျမှ ကောက်ပဲသီးနှံအထွက်ကောင်းတာနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီအဖွဲ့က ၁၆၂၁ ခုနှစ်ဆောင်းဦးပေါက်မှာ သူတို့ရဲ့ အခြေချတဲ့နေရာကို Plymouth Colony လို့ နံမည်ပေးပြီး၊ ရှင်သန်ခြင်းအထိမ်းအမှတ်ကျေးဇူးတော်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။ ဒီကျေးဇူးတော်ပွဲကို ဌာနေဒေသခံ Wampanoag မျိုးနွယ် အယောက် ၉၀ က စားသောက်ဖွယ်ရာတွေနဲ့ ပါဝင် ပူးပေါင်းပြီး၊ ဥတုရာသီဒဏ်ခံနိုင်မယ့် အိမ်ဆောက်လုပ်နည်းတွေနဲ့ အကူအညီပေးခဲ့ကြပါတယ်။

ဒီကျေးဇူးတော်ပွဲကို ၃ ရက်ကြာဆင်နွှဲခဲ့ကြပြီး၊ အင်္ဂလိပ်ကိုလိုနီ နယ်မြေသစ်ရှာသူတွေနဲ့ ဌာနေဒေသခံတွေအကြား ချစ်ကြည် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ ကာလဖြစ်ပါတယ်။ အင်္ဂလိပ်တွေက ဒေသထွက် သီးနှံတွေ၊ ဘဲသားနဲ့ ငန်းသားဟင်းတွေ၊ Wampanoag ဌာနေဒေသခံတွေက သမင်သား ကင် စသဖြင့်ထည့်ဝင်ပြီး ကျေးဇူးတော်နေ့ ဆင်နွှဲခဲ့ကြပါတယ်။

Thanksgiving ကျေးဇူးတော်နေ့ဟာ ၁၉ ရာစုက အခြေတည်ခဲ့ပြီး ဒီနေ့အထိ ပျော်ရွှင်စွာဆင်နွှဲနေကြဆဲဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းစစ်ကာလမှာ အမျိုးသားသွေးစည်းညီညွတ်ရေးကို ရည်ရွယ်ပြီး ကျေးဇူးတော်နေ့ကို တရားဝင်အလုပ်အားလပ်ရက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အခုဆိုရင် ကျေးဇူးတော်နေ့မှာ ညစာကို ကြက်ဆင်သားကင်စားကြတာဟာ ရိုးရာဓလေ့လိုဖြစ်နေပါပြီ။ သာမန်ကြက်ထက် ကြီးမားတဲ့ ကြက်ဆင်အကောင်လိုက်ကင်မှ မိသားတစုလုံးအတွက် လောက်ငမှာဖြစ်လို့ ကြက်ဆင်ကိုရွေးတာလို့လည်းဆိုကြပါတယ်။

ရာစုနှစ်တွေနဲ့ချီပြီး ကျေးဇူးတော်နေ့ အလုပ်အားလပ်ရက်ကို အမျိုးမျိုးအဖုံဖုံ ဆင်နွှဲကြပေမဲ့ ကိုလိုနီနယ်မြေသစ်ရှာသူတွေနဲ့ ဌာနေအမေရိကန်တွေ အတူတကွ ချစ်ကြည်စွာယိုင်းပင်းခဲ့ကြတယ်ဆိုတဲ့ ပုံရိပ်ကတော့၊ ငြိမ်းချမ်းစွာ ယဉ်ကျေးမှုချင်း ဖလှယ်ခဲ့ကြဆိုတဲ့ သင်္ကေတဘဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ကိုယ့်နိုင်ငံသားတွေနဲ့ ကမ္ဘာတဝန်းကလာရောက်အခြေချကြမယ့် လူသစ်တွေအတွက်ပါ ဘာသာရေးလွတ်လပ်ခွင့်နဲ့ သာယာဝပြောရေးကို ဆက်လက်ပံ့ပိုး အားပေးသွားမှာ ဖြစ်ကြောင်းပါခင်ဗျား။

XS
SM
MD
LG