Accessibility links

Breaking News

ေတာင္တ႐ုတ္ပင္လယ္မွာ ႏိုင္ငံတကာစည္းမ်ဥ္းေတြကို ကာကြယ္မယ့္ အေမရိကန္ 

PHILIPPINES-USA/DEFENCE
PHILIPPINES-USA/DEFENCE

{{Zawgyi/Unicode}}

အေမရိကန္ျပည္ေထာင္စုနဲ႔ ဖိလစ္ပိုင္ႏွစ္ႏိုင္ငံဟာ “Balikatan” လို႔ နာမည္ေပးထားတဲ့ ႏွစ္ပတ္လည္ ပူးတြဲစစ္ေရးေလ့က်င့္မႈကို ၂၀၂၃ ဒုတိယသုံးလပတ္ထဲမွာ ျပဳလုပ္ၾကမွာ ျဖစ္ပါတယ္။

“Balikatan” ဆိုတာက “ရင္ေပါင္တန္းလ်က္” လို႔ အဓိပၸါယ္ရပါတယ္။ ၂၀၁၅ ကစၿပီး ျပဳလုပ္ေနတဲ့ ဒီႏွစ္ပတ္လည္ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြထဲမွာ ဒီႏွစ္ျပဳလုပ္မယ့္ေလ့က်င့္မႈက အႀကီးမားဆုံးျဖစ္မယ္လို႔ ဖိလစ္ပိုင္စစ္တပ္မ်ားရဲ႕ စစ္ဦးစီးခ်ဳပ္ Romeo Brawner က မၾကာေသးခင္ကပဲ ေျပာၾကားခဲ့တာပါ။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဘက္က ရန္လိုတဲ့လုပ္ရပ္ေတြ အရွိန္ျပင္းထန္လာေနခ်ိန္မွာ အခုလို ပူးတြဲစစ္ေရးေလ့က်င့္တာလည္းျဖစ္ပါတယ္။ အခု ေနာက္ဆုံးႀကဳံခဲ့ရတာကေတာ့ ဒီလ ေဖေဖၚဝါရီ အေစာပိုင္းမွာပဲ ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲမွာ တ႐ုတ္ကမ္းေစာင့္တပ္က ဖိလစ္ပိုင္ကမ္းေစာင့္တပ္သေဘၤာတစင္းေပၚ ပါလာသူေတြအေပၚ ေလဆာေရာင္ျခည္သုံးခဲ့တယ္လို႔ စြပ္စြဲထားတာ ျဖစ္ပါတယ္။ ဒီသေဘၤာဟာ ဖိလစ္ပိုင္ကင္းလွည့္သေဘၤာတစင္းျဖစ္ၿပီး ဖိလစ္ပိုင္တပ္သားေတြအတြက္ ရိကၡာ ျဖည့္တင္းဖို႔သြားတဲ့ သေဘၤာလည္း ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕လုပ္ရပ္ဟာ အႏၲရာယ္ႀကီးၿပီး ရန္လိုတဲ့လုပ္ရပ္ျဖစ္ေၾကာင္းနဲ႔ ရလဒ္အေနနဲ႔ BRP Malapasua သေဘၤာေပၚက သေဘၤာသားေတြ ေခတၱ အျမင္အာ႐ုံထိခိုက္ေစသလို ဒုတိယ Thomas Shoal ကြၽန္းတဝိုက္က ဖိလစ္ပိုင္ရဲ႕လုပ္ငန္းေဆာင္တာေတြကိုပါ အေႏွာင့္အယွက္ျဖစ္ေစခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရ Ned Price ကေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။ ဒါ့ထက္ပိုဆိုးတာက တ႐ုတ္ႏိုင္ငံရဲ႕ အႏၲရာယ္ႀကီးတဲ့လုပ္နည္းလုပ္ဟန္ေတြဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးအတြက္ တိုက္႐ိုက္ၿခိမ္းေျခာက္မႈရွိေနသလို ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္း ေရေၾကာင္းသြားလာေရးဆိုင္ရာ လြတ္လပ္မႈရွိဖို႔ အာမခံခ်က္ေပးရမယ့္ ႏိုင္ငံတကာ သေဘာတူညီခ်က္စည္းမ်ဥ္းကို ခ်ိဳးေဖါက္တာျဖစ္တဲ့အျပင္ ဒါဟာ စည္းမ်ဥ္းအေျခခံတဲ့ ႏိုင္ငံတကာလိုက္နာမႈကို အားနည္းေအာင္လုပ္ေဆာင္တာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံက သူပိုင္နယ္ေျမအျဖစ္ ေၾကညာခ်က္ေတြဟာ ႏိုင္ငံတကာဥပေဒကို အေျခခံမႈမရွိတဲ့ အတြက္ တရားမဝင္ဘူးလို႔ ၂၀၁၆ မွာ ႏိုင္ငံတကာခုံ႐ုံးကေန တရားဝင္လိုက္နာဖို႔လိုအပ္တဲ့ ဆုံးျဖတ္ခ်က္တရပ္ကို ခ်ထားတဲ့ၾကားကပဲ တ႐ုတ္အစိုးရက ေတာင္တ႐ုတ္ပင္လယ္ျပင္ေဒသမွာ ႀကီးမားက်ယ္ျပန႔္တဲ့ နယ္ေျမေတြကို သူပိုင္ဆိုင္ေၾကာင္း ဆက္လက္ ေျပာၾကားေနတာ ျဖစ္ပါတယ္။

ဒီနယ္ေျမတြင္းျဖစ္ပြါးတဲ့ အခုေနာက္ဆုံး ျဖစ္ရပ္အၿပီးမွာ ကာကြယ္ေရးဝန္ႀကီးဌာနေျပာခြင့္ရ ဗိုလ္ခ်ဳပ္ႀကီး Patrick Ryder က တ႐ုတ္ႏိုင္ငံရဲ႕လုပ္ရပ္ဟာ အေမရိကန္ျပည္ေထာင္စုနဲ႔ ဖိလစ္ပိုင္ႏိုင္ငံအျပင္ ဖိလစ္ပိုင္က ဒုတိယ Thomas Shoal ကြၽန္းကို တ႐ုတ္က သူပိုင္အျဖစ္ေၾကညာတာကို ျဖန္ေျဖ ေရးခုံ႐ုံးက ၂၀၁၆ မွာ ျပတ္ျပတ္သားသားပယ္ခ်ထားတာအပါအဝင္ ႏိုင္ငံတကာဥပေဒနဲ႔ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈအတြက္ သႏၷိဌာန္ခ် ေဆာင္႐ြက္ေနတဲ့ဖိလစ္ပိုင္လို အလားတူႏိုင္ငံေတြကို တိုက္႐ိုက္ဆန႔္က်င္မႈျဖစ္ေၾကာင္း သူ႔တြစ္တာကေန ေျပာပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Price ကလည္း ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲမွာ ဖိလစ္ပိုင္ ကမ္းေစာင့္တပ္အပါအဝင္ ဖိလစ္ပိုင္တပ္ေတြကိုျဖစ္ေစ၊ ဖိလစ္ပိုင္သေဘၤာေတြ ၊ ေလယာဥ္ေတြကို ျဖစ္ေစ လက္နက္သုံးတိုက္ခိုက္တာဟာ ၁၉၅၁ ခုႏွစ္ အေမရိကန္-ဖိလစ္ပိုင္ႏွစ္ႏိုင္ငံ ကာကြယ္ေရးဆိုင္ရာ အျပန္အလွန္သေဘာတူညီခ်က္ အပိုဒ္ ၄ မွာပါတဲ့ အေမရိကန္ရဲ႕အျပန္အလွန္ကာကြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ကို ခ်ိဳးေဖါက္ေနတာျဖစ္ေၾကာင္း သတိေပးလိုက္ၿပီး အေမရိကန္ျပည္ေထာင္စုဟာ မဟာမိတ္ဖိလစ္ပိုင္နဲ႔အတူရပ္တည္မွာျဖစ္ေၾကာင္း အထူးျပဳေျပာၾကားခဲ့ပါတယ္။

ပင္တဂြန္စစ္ဌာနခ်ဳပ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ႀကီး Ryder ကေတာ့ ႏိုင္ငံတကာစည္းမ်ဥ္းစည္းကမ္းေပၚ အေျခခံမႈရွိေစဖို႔ အေမရိကန္နဲ႔ဖိလစ္ပိုင္ ၂ ႏိုင္ငံ ရင္ေပါင္တန္းေဆာင္႐ြက္ေနခ်ိန္မွာပဲ အေမရိကန္ ကာကြယ္ေရးဌာနဟာ မဟာမိတ္ျဖစ္တဲ့ ဖိလစ္ပိုင္ရဲ႕တပ္ဖြဲ႕ေတြနဲ႔ ဖိလစ္ပိုင္ကမ္းေစာင့္တပ္ေတြရဲ႕ ကာကြယ္ေရးစြမ္းရည္ တိုးျမႇင့္ေရးအတြက္ ၂ ဆတိုး ေဆာင္႐ြက္မွာျဖစ္ေၾကာင္း တြစ္တာကေန ေျပာပါတယ္။

#ThomasShoal #PatrickRyder #Balikatan #ရင္ေဘာင္တန္းလ်က္ #အေမရိကန္ဖိလစ္ပိုင္ #ပူးတြဲစစ္ေရးေလ့က်င့္မႈ
===============

{{Unicode}}

တောင်တရုတ်ပင်လယ်မှာ နိုင်ငံတကာစည်းမျဉ်းတွေကို ကာကွယ်မယ့် အမေရိကန်


အမေရိကန်ပြည်ထောင်စုနဲ့ ဖိလစ်ပိုင်နှစ်နိုင်ငံဟာ “Balikatan” လို့ နာမည်ပေးထားတဲ့ နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ၂၀၂၃ ဒုတိယသုံးလပတ်ထဲမှာ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

“Balikatan” ဆိုတာက “ရင်ပေါင်တန်းလျက်” လို့ အဓိပ္ပါယ်ရပါတယ်။ ၂၀၁၅ ကစပြီး ပြုလုပ်နေတဲ့ ဒီနှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေထဲမှာ ဒီနှစ်ပြုလုပ်မယ့်လေ့ကျင့်မှုက အကြီးမားဆုံးဖြစ်မယ်လို့ ဖိလစ်ပိုင်စစ်တပ်များရဲ့ စစ်ဦးစီးချုပ် Romeo Brawner က မကြာသေးခင်ကပဲ ပြောကြားခဲ့တာပါ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်က ရန်လိုတဲ့လုပ်ရပ်တွေ အရှိန်ပြင်းထန်လာနေချိန်မှာ အခုလို ပူးတွဲစစ်ရေးလေ့ကျင့်တာလည်းဖြစ်ပါတယ်။ အခု နောက်ဆုံးကြုံခဲ့ရတာကတော့ ဒီလ ဖေဖေါ်ဝါရီ အစောပိုင်းမှာပဲ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်ကမ်းစောင့်တပ်က ဖိလစ်ပိုင်ကမ်းစောင့်တပ်သင်္ဘောတစင်းပေါ် ပါလာသူတွေအပေါ် လေဆာရောင်ခြည်သုံးခဲ့တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။ ဒီသင်္ဘောဟာ ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောတစင်းဖြစ်ပြီး ဖိလစ်ပိုင်တပ်သားတွေအတွက် ရိက္ခာ ဖြည့်တင်းဖို့သွားတဲ့ သင်္ဘောလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့လုပ်ရပ်ဟာ အန္တရာယ်ကြီးပြီး ရန်လိုတဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့ ရလဒ်အနေနဲ့ BRP Malapasua သင်္ဘောပေါ်က သင်္ဘောသားတွေ ခေတ္တ အမြင်အာရုံထိခိုက်စေသလို ဒုတိယ Thomas Shoal ကျွန်းတဝိုက်က ဖိလစ်ပိုင်ရဲ့လုပ်ငန်းဆောင်တာတွေကိုပါ အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Ned Price ကကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ဒါ့ထက်ပိုဆိုးတာက တရုတ်နိုင်ငံရဲ့ အန္တရာယ်ကြီးတဲ့လုပ်နည်းလုပ်ဟန်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုရှိနေသလို တောင်တရုတ်ပင်လယ်ပြင်တွင်း ရေကြောင်းသွားလာရေးဆိုင်ရာ လွတ်လပ်မှုရှိဖို့ အာမခံချက်ပေးရမယ့် နိုင်ငံတကာ သဘောတူညီချက်စည်းမျဉ်းကို ချိုးဖေါက်တာဖြစ်တဲ့အပြင် ဒါဟာ စည်းမျဉ်းအခြေခံတဲ့ နိုင်ငံတကာလိုက်နာမှုကို အားနည်းအောင်လုပ်ဆောင်တာဖြစ်ကြောင်းလည်း ပြောပါတယ်။

တရုတ်နိုင်ငံက သူပိုင်နယ်မြေအဖြစ် ကြေညာချက်တွေဟာ နိုင်ငံတကာဥပဒေကို အခြေခံမှုမရှိတဲ့ အတွက် တရားမဝင်ဘူးလို့ ၂၀၁၆ မှာ နိုင်ငံတကာခုံရုံးကနေ တရားဝင်လိုက်နာဖို့လိုအပ်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ချထားတဲ့ကြားကပဲ တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ပြင်ဒေသမှာ ကြီးမားကျယ်ပြန့်တဲ့ နယ်မြေတွေကို သူပိုင်ဆိုင်ကြောင်း ဆက်လက် ပြောကြားနေတာ ဖြစ်ပါတယ်။

ဒီနယ်မြေတွင်းဖြစ်ပွါးတဲ့ အခုနောက်ဆုံး ဖြစ်ရပ်အပြီးမှာ ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ ဗိုလ်ချုပ်ကြီး Patrick Ryder က တရုတ်နိုင်ငံရဲ့လုပ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဖိလစ်ပိုင်နိုင်ငံအပြင် ဖိလစ်ပိုင်က ဒုတိယ Thomas Shoal ကျွန်းကို တရုတ်က သူပိုင်အဖြစ်ကြေညာတာကို ဖြန်ဖြေ ရေးခုံရုံးက ၂၀၁၆ မှာ ပြတ်ပြတ်သားသားပယ်ချထားတာအပါအဝင် နိုင်ငံတကာဥပဒေနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက် သန္နိဌာန်ချ ဆောင်ရွက်နေတဲ့ဖိလစ်ပိုင်လို အလားတူနိုင်ငံတွေကို တိုက်ရိုက်ဆန့်ကျင်မှုဖြစ်ကြောင်း သူ့တွစ်တာကနေ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Price ကလည်း တောင်တရုတ်ပင်လယ်ပြင်ထဲမှာ ဖိလစ်ပိုင် ကမ်းစောင့်တပ်အပါအဝင် ဖိလစ်ပိုင်တပ်တွေကိုဖြစ်စေ၊ ဖိလစ်ပိုင်သင်္ဘောတွေ ၊ လေယာဉ်တွေကို ဖြစ်စေ လက်နက်သုံးတိုက်ခိုက်တာဟာ ၁၉၅၁ ခုနှစ် အမေရိကန်-ဖိလစ်ပိုင်နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်သဘောတူညီချက် အပိုဒ် ၄ မှာပါတဲ့ အမေရိကန်ရဲ့အပြန်အလှန်ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖေါက်နေတာဖြစ်ကြောင်း သတိပေးလိုက်ပြီး အမေရိကန်ပြည်ထောင်စုဟာ မဟာမိတ်ဖိလစ်ပိုင်နဲ့အတူရပ်တည်မှာဖြစ်ကြောင်း အထူးပြုပြောကြားခဲ့ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်ချုပ်ကြီး Ryder ကတော့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းပေါ် အခြေခံမှုရှိစေဖို့ အမေရိကန်နဲ့ဖိလစ်ပိုင် ၂ နိုင်ငံ ရင်ပေါင်တန်းဆောင်ရွက်နေချိန်မှာပဲ အမေရိကန် ကာကွယ်ရေးဌာနဟာ မဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့တပ်ဖွဲ့တွေနဲ့ ဖိလစ်ပိုင်ကမ်းစောင့်တပ်တွေရဲ့ ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ရေးအတွက် ၂ ဆတိုး ဆောင်ရွက်မှာဖြစ်ကြောင်း တွစ်တာကနေ ပြောပါတယ်။

XS
SM
MD
LG