Accessibility links

Breaking News

ကိုဗစ္ တိုက္ဖ်က္ေရး အတြက္ အေမရိကန္ အကူအညီ တိုးျမွင့္


U.S. soldiers unload medical aid from the United States, including ventilators as a donation to help the country tackle the coronavirus outbreak, after a U.S. Air Force plane landed at Vnukovo International Airport outside in Moscow, June 4, 2020.
U.S. soldiers unload medical aid from the United States, including ventilators as a donation to help the country tackle the coronavirus outbreak, after a U.S. Air Force plane landed at Vnukovo International Airport outside in Moscow, June 4, 2020.

ကိုဗစ္ တိုက္ဖ်က္ေရး အတြက္ အေမရိကန္ အကူအညီ တိုးျမွင့္

{{Zawgyi/Unicode}}

Omicron ကိုဗစ္ဗီဇမ်ိဳးကြဲ ပ်ံ႕ႏွံ႔ကူးစက္ေနၿပီး အသက္ကယ္ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ကာကြယ္ေဆး တန္းတူညီမွ်ရေရး ဆက္ၿပီးလုပ္ေဆာင္စရာေတြ ရွိေနေသးတာနဲ႔အတူ COVID-19 ကို ရင္ဆိုင္တာမွာ ကမာၻႀကီးဟာ အေရးႀကီးတဲ့ အဆင့္တဆင့္ကို ေရာက္ေနၿပီလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ထုတ္ျပန္ခ်က္တခုမွာ ေျပာခဲ့ပါတယ္။

ဒါေၾကာင့္လည္း COVID-19 တိုက္ဖ်က္ေရး လုပ္ေဆာင္ေနတဲ့ ႏိုင္ငံတကာအဖြဲ႕ (၇) ဖြဲ႕ အတြက္ အေမရိကန္ ကူညီကယ္ဆယ္ေရး အစီအစဥ္ကေန ရန္ပုံေငြ ေဒၚလာ သန္း ၅၈၀ ကို အေမရိကန္က ေထာက္ပံ့လိုက္တာျဖစ္ပါတယ္။

ဒီေန႔အထိဆိုရင္ အေမရိကန္ဟာ ကမာၻ႔ႏိုင္ငံနဲ႔ေဒသေပါင္း ၁၁၀ ေက်ာ္အတြက္ ကာကြယ္ေဆးအလုံးေရ သန္း ၃၅၀ ေက်ာ္ မွ်ေဝ ေပးခဲ့ၿပီးပါၿပီ။ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ဗိုင္းရပ္စ္ရဲ႕သက္ေရာက္မႈေတြကို ႏွိမ္နင္းေရး က်န္းမာေရး၊ စီးပြားေရးနဲ႔ လူသားစာနာမႈဆိုင္ရာ အကူအညီ ေဒၚလာ ၁၉.၆ ဘီလီယံေက်ာ္ အေမရိကန္က ကူညီထားပါတယ္။

“ဒီကပ္ေရာဂါ နိဂုံးခ်ဳပ္ေစေရး က်ေနာ္တို႔ႀကိဳးပမ္းမႈေတြ ဆက္ၿပီး အရွိန္ျမႇင့္သြားရမွာ ျဖစ္သလို က်ေနာ္တို႔အားလုံး ေဘးမကင္း သေ႐ြ႕ တေယာက္မွ ေဘးကင္းမွာမဟုတ္ဘူး ဆိုတဲ့အခ်က္ကို Omicron မ်ိဳးကြဲ ခပ္ျမန္ျမန္ ပ်ံ႕ႏွံ႔ေနတာက တြန္းအားေပးေနပါ တယ္” လို႔ ဝန္ႀကီး Blinken က ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။

ေနာက္ထပ္ ရန္ပုံေငြ ေဒၚလာ သန္း ၅၈၀ နဲ႔အတူ အဖြဲ႕အစည္း (၇) ခုနဲ႔ ကပ္ေရာဂါအဆုံးသတ္ေရး သူတို႔လုပ္ေနတဲ့ အေရးပါတဲ့ လုပ္ငန္းေတြကို အေမရိကန္က ကူညီေနပါတယ္။

ဒီထဲမွာ အထူးသျဖင့္ ေစာင့္ၾကည့္တာနဲ႔ ဓာတ္ခြဲစမ္းသပ္တာေတြကေနတဆင့္ COVID-19 ပ်ံ႕ႏွံ႔မႈထိန္းခ်ဳပ္ေရး အေရးေပၚအေျခ အေနမ်ားဆိုင္ရာ အနာဂတ္ရန္ပုံေငြအတြက္ ေဒၚလာ သန္း ၅၀ အပါအဝင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO အတြက္ ေဒၚလာ သန္း ၂၈၀ ပါဝင္ပါတယ္။

အႏၲရာယ္က်ႏိုင္ေျချမင့္မားၿပီး အကာအကြယ္မဲ့ေနတဲ့ လူထုအပါအဝင္ ကမာၻတဝန္း COVID-19 ကာကြယ္ေဆး ျဖန႔္ေဝႏိုင္ေရး ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖြဲ႕ရဲ႕ လုပ္ငန္းေတြကို ခ်ဲ႕ထြင္ႏိုင္ဖို႔အတြက္ ေဒၚလာ သန္း ၁၇၀ ကူညီထားပါတယ္။

အေမရိကတိုက္မွာ COVID-19 ကာကြယ္ေဆးထိုးလုပ္ငန္း အေကာင္အထည္ေဖာ္တာနဲ႔ ေစာင့္ၾကည့္ႀကီးၾကပ္တာကို ကူညီေရး နည္းပညာပူးေပါင္းေဆာင္႐ြက္မႈေပးဖို႔ Pan American က်န္းမာေရးအဖြဲ႕အတြက္ ေဒၚလာ ၇၅ သန္း ပါဝင္ပါတယ္။

COVID-19 ေၾကာင့္ လူမႈစီးပြား႐ိုက္ခတ္မႈကိုေျဖရွင္းေရး ကူညီမယ့္ ကုလသမဂၢဖြံ႕ၿဖိဳးမႈအစီအစဥ္ UNDP အတြက္က ေဒၚလာ သန္း ၂၀ ပါဝင္ပါတယ္။

ကုလသမဂၢ လူဦးေရရန္ပုံေငြအဖြဲ႕က လုပ္ေဆာင္ေနတဲ့ COVID-19 နဲ႔ဆက္စပ္ၿပီး ကိုယ္ဝန္ေဆာင္မိခင္နဲ႔ ေမြးကင္းစရင္ေသြး ေသဆုံးမႈနဲ႔ ေရာဂါပိုးကူးစက္မႈႏႈန္း ျမင့္မားေနတာကို ေလွ်ာ့ခ်ေရး လုပ္ငန္းေတြအတြက္က ေနာက္ထပ္ ေဒၚလာသန္း ၂၀ ပါဝင္ပါတယ္။

က်န္းမာေရးဆိုင္ရာ ေစာင့္ၾကည့္မႈ၊ တင္ႀကိဳသတိေပးမႈ၊ တိရစာၦန္ကတဆင့္ ကူးစက္တဲ့ေရာဂါမ်ားအတြက္ အႏၲရာယ္အကဲျဖတ္ လုပ္ငန္းမ်ား တိုးတက္ေရး စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရးအဖြဲ႕အတြက္ ေဒၚလာ ၁၀ သန္း၊ လိင္ကြဲျပားမႈအေျခခံ အၾကမ္းဖက္လုပ္ရပ္ ေတြကို ကာကြယ္ေရးနဲ႔ တုံ႔ျပန္ေရး ကုလသမဂၢ အမ်ိဳးသမီး အစီအစဥ္ေတြအတြက္ ေဒၚလာ ၅ သန္း ေပးမွာျဖစ္ပါတယ္။

ဒီအရင္းအျမစ္ေတြဟာ ၂၀၂၂ ခုႏွစ္မွာ COVID-19 ကပ္ေရာဂါ ခ်ဳပ္ၿငိမ္းေရး ကမာၻလုံးဆိုင္ရာရည္မွန္းခ်က္ကို အရွိန္ျမႇင့္ဖို႔ သမၼတဘိုင္ဒန္အစိုးရက သႏၷိ႒ာန္ခ်ထားတာနဲ႔ ေလ်ာ္ညီစြာ ပိုမိုက်န္းမာၿပီး ပိုမိုလုံၿခဳံတဲ့ ကမာၻႀကီးျဖစ္လာေစေရး အေမရိကန္ ျပည္ေထာင္စုနဲ႔ အေမရိကန္လူထုရဲ႕ နက္ရႈိင္းတဲ့ ခံယူခ်က္ကို ထင္ဟပ္ေနပါတယ္။

......................................

ကိုဗစ် တိုက်ဖျက်ရေး အတွက် အမေရိကန် အကူအညီ တိုးမြှင့်

{{Unicode}}

Omicron ကိုဗစ်ဗီဇမျိုးကွဲ ပျံ့နှံ့ကူးစက်နေပြီး အသက်ကယ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်ဆေး တန်းတူညီမျှရရေး ဆက်ပြီးလုပ်ဆောင်စရာတွေ ရှိနေသေးတာနဲ့အတူ COVID-19 ကို ရင်ဆိုင်တာမှာ ကမ္ဘာကြီးဟာ အရေးကြီးတဲ့ အဆင့်တဆင့်ကို ရောက်နေပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထုတ်ပြန်ချက်တခုမှာ ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း COVID-19 တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ နိုင်ငံတကာအဖွဲ့ (၇) ဖွဲ့ အတွက် အမေရိကန် ကူညီကယ်ဆယ်ရေး အစီအစဉ်ကနေ ရန်ပုံငွေ ဒေါ်လာ သန်း ၅၈၀ ကို အမေရိကန်က ထောက်ပံ့လိုက်တာဖြစ်ပါတယ်။

ဒီနေ့အထိဆိုရင် အမေရိကန်ဟာ ကမ္ဘာ့နိုင်ငံနဲ့ဒေသပေါင်း ၁၁၀ ကျော်အတွက် ကာကွယ်ဆေးအလုံးရေ သန်း ၃၅၀ ကျော် မျှဝေ ပေးခဲ့ပြီးပါပြီ။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဗိုင်းရပ်စ်ရဲ့သက်ရောက်မှုတွေကို နှိမ်နင်းရေး ကျန်းမာရေး၊ စီးပွားရေးနဲ့ လူသားစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၁၉.၆ ဘီလီယံကျော် အမေရိကန်က ကူညီထားပါတယ်။

“ဒီကပ်ရောဂါ နိဂုံးချုပ်စေရေး ကျနော်တို့ကြိုးပမ်းမှုတွေ ဆက်ပြီး အရှိန်မြှင့်သွားရမှာ ဖြစ်သလို ကျနော်တို့အားလုံး ဘေးမကင်း သရွေ့ တယောက်မှ ဘေးကင်းမှာမဟုတ်ဘူး ဆိုတဲ့အချက်ကို Omicron မျိုးကွဲ ခပ်မြန်မြန် ပျံ့နှံ့နေတာက တွန်းအားပေးနေပါ တယ်” လို့ ဝန်ကြီး Blinken က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

နောက်ထပ် ရန်ပုံငွေ ဒေါ်လာ သန်း ၅၈၀ နဲ့အတူ အဖွဲ့အစည်း (၇) ခုနဲ့ ကပ်ရောဂါအဆုံးသတ်ရေး သူတို့လုပ်နေတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကို အမေရိကန်က ကူညီနေပါတယ်။

ဒီထဲမှာ အထူးသဖြင့် စောင့်ကြည့်တာနဲ့ ဓာတ်ခွဲစမ်းသပ်တာတွေကနေတဆင့် COVID-19 ပျံ့နှံ့မှုထိန်းချုပ်ရေး အရေးပေါ်အခြေ အနေများဆိုင်ရာ အနာဂတ်ရန်ပုံငွေအတွက် ဒေါ်လာ သန်း ၅၀ အပါအဝင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အတွက် ဒေါ်လာ သန်း ၂၈၀ ပါဝင်ပါတယ်။

အန္တရာယ်ကျနိုင်ခြေမြင့်မားပြီး အကာအကွယ်မဲ့နေတဲ့ လူထုအပါအဝင် ကမ္ဘာတဝန်း COVID-19 ကာကွယ်ဆေး ဖြန့်ဝေနိုင်ရေး ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ လုပ်ငန်းတွေကို ချဲ့ထွင်နိုင်ဖို့အတွက် ဒေါ်လာ သန်း ၁၇၀ ကူညီထားပါတယ်။

အမေရိကတိုက်မှာ COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်း အကောင်အထည်ဖော်တာနဲ့ စောင့်ကြည့်ကြီးကြပ်တာကို ကူညီရေး နည်းပညာပူးပေါင်းဆောင်ရွက်မှုပေးဖို့ Pan American ကျန်းမာရေးအဖွဲ့အတွက် ဒေါ်လာ ၇၅ သန်း ပါဝင်ပါတယ်။

COVID-19 ကြောင့် လူမှုစီးပွားရိုက်ခတ်မှုကိုဖြေရှင်းရေး ကူညီမယ့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အတွက်က ဒေါ်လာ သန်း ၂၀ ပါဝင်ပါတယ်။

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့က လုပ်ဆောင်နေတဲ့ COVID-19 နဲ့ဆက်စပ်ပြီး ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစရင်သွေး သေဆုံးမှုနဲ့ ရောဂါပိုးကူးစက်မှုနှုန်း မြင့်မားနေတာကို လျှော့ချရေး လုပ်ငန်းတွေအတွက်က နောက်ထပ် ဒေါ်လာသန်း ၂၀ ပါဝင်ပါတယ်။

ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှု၊ တင်ကြိုသတိပေးမှု၊ တိရစ္ဆာန်ကတဆင့် ကူးစက်တဲ့ရောဂါများအတွက် အန္တရာယ်အကဲဖြတ် လုပ်ငန်းများ တိုးတက်ရေး စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့အတွက် ဒေါ်လာ ၁၀ သန်း၊ လိင်ကွဲပြားမှုအခြေခံ အကြမ်းဖက်လုပ်ရပ် တွေကို ကာကွယ်ရေးနဲ့ တုံ့ပြန်ရေး ကုလသမဂ္ဂ အမျိုးသမီး အစီအစဉ်တွေအတွက် ဒေါ်လာ ၅ သန်း ပေးမှာဖြစ်ပါတယ်။

ဒီအရင်းအမြစ်တွေဟာ ၂၀၂၂ ခုနှစ်မှာ COVID-19 ကပ်ရောဂါ ချုပ်ငြိမ်းရေး ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်ကို အရှိန်မြှင့်ဖို့ သမ္မတဘိုင်ဒန်အစိုးရက သန္နိဋ္ဌာန်ချထားတာနဲ့ လျော်ညီစွာ ပိုမိုကျန်းမာပြီး ပိုမိုလုံခြုံတဲ့ ကမ္ဘာကြီးဖြစ်လာစေရေး အမေရိကန် ပြည်ထောင်စုနဲ့ အမေရိကန်လူထုရဲ့ နက်ရှိုင်းတဲ့ ခံယူချက်ကို ထင်ဟပ်နေပါတယ်။

XS
SM
MD
LG