Accessibility links

Breaking News

ခ်င္းျပည္နယ္တြင္း လူ႔အခြင္႔အေရးခ်ိဳးေးဖာက္မႈ အေမရိကန္ ရႈတ္ခ်


Thantlang Fire
Thantlang Fire

{{Zawgyi/Unicode}}

တိုက္ပြဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ခ်င္းျပည္နယ္မွာ လံုျခံဳေရးတပ္ဖြဲ႔ေတြက ခရစ္ယာန္ဘုရားေက်ာင္းေတြနဲ႔ လူေနအိမ္ေတြ အပါအဝင္၊ ရြာလံုးကၽြတ္မီးရိႈ႔တာေတြ လုပ္ခဲ့ပါတယ္။ ျမန္မာစစ္တပ္က ျပည္သူေတြအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြ၊ ရက္စက္စြာႏွိပ္ကြပ္တာေတြ၊ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြနဲ႔ အၾကမ္းဖက္ႏွိမ္နင္းတာေတြ ဆက္လက္အရွိန္ျမွင့္လုပ္ေဆာင္ေနတာေၾကာင့္ အေမရိကန္ျပည္ေထာင္စုက အလြန္အမင္း စိုးရိမ္မကင္းျဖစ္ရပါတယ္။

ျမန္မာစစ္တပ္က ျပည္သူေတြရဲ႕ ေနအိမ္ေတြနဲ႔ ဝတ္ျပဳကိုးကြယ္ရာေနရာေတြပါမက်န္ ႏွိပ္ကြပ္ေနတဲ့ ရက္စက္တဲ့ လုပ္ရပ္မ်ိဳးကို အျပစ္တင္ရႈတ္ခ်ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရပုဂၢိဳလ္ Ned Price ကေျပာပါတယ္။ ဒီလိုလုပ္ရပ္ေတြဟာ စစ္အစိုးရက ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို လံုးဝ ဂ႐ုမစိုက္ဘူး၊ အေလးမထားဘူးဆိုတာကို ျပသလိုက္တာပါဘဲလို႔ဆိုပါတယ္။

ျမန္မာစစ္တပ္ကို လက္နက္မေရာင္းခ်ေရးအပါအဝင္၊ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြ အႀကီးအက်ယ္မျဖစ္ပြား‌ေအာင္ကာကြယ္ႏိုင္ရန္ ျမန္မာစစ္တပ္အေနနဲ႕တာဝန္ခံဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႕ ဖိအားေပးဖို႔ Mr. Ned Price က ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာစစ္တပ္က ဒီမိုကေရစီနည္းလမ္းတက် ေရြးေကာက္တင္ေႁမွာက္ထားတဲ့ အစိုးရကို ေဖေဖၚဝါရီလ ၁ ရက္ေန႔က အာဏာသိမ္းဖယ္ရွားခဲ့ၿပီး၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ေခါင္းေဆာင္ေတြကို ဒီေန႔အထိ ထိမ္းသိမ္းထားဆဲျဖစ္ပါတယ္။

အဲဒီအခ်ိန္ကစၿပီး၊ စစ္တပ္က အာဏာသိမ္းမႈဆန္႔က်င္တဲ့ ျပည္သူေတြကို အၾကမ္းဖက္ႏွိပ္ကြပ္မႈေတြနဲ႔ ႏွိမ္နင္းခဲ့ရာမွာ ၁၂၀၀ ေက်ာ္ေသဆံုးၿပီး၊ အစိုးရအရာရွိေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊ သတင္းေထာက္ေတြနဲ႕ ႏိုင္ငံျခားသားေတြအပါအဝင္ ၉၀၀၀ ေက်ာ္ ဖမ္းဆီးခဲ့ပါတယ္။

ျမန္မာစစ္တပ္က ႏိုင္ငံရဲ႔ ေဒသအေတာ္မ်ားမ်ားမွာ ထိုးစစ္ဆင္တာေတြ အရွိန္ႁမွင့္လုပ္ေဆာင္ေနတာေၾကာင့္ ေဒသခံေတြ အေျမာက္အမ်ား အိုးအိမ္စြန္႔ခြာထြက္ေျပးေနၾကရၿပီး၊ ကိုဗစ္ေရာဂါအႏၲရာယ္ၾကားက ဆင္းရဲဒုကၡေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။

ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းေဒသႀကီး အပါအဝင္ ႏိုင္ငံရဲ႕ ေဒသတခ်ိဳ႔မွာ စစ္တပ္လံုျခံဳေရးတပ္ဖြဲ႔ေတြက စစ္ေရးထိုးစစ္ဆင္တာေတြ တိုးလုပ္ေနတာေၾကာင့္ စိုးရိမ္မိတယ္လို႔ Mr. Ned Price က အေလးအနက္ေျပာဆိုလိုက္ပါတယ္။ အၾကမ္းဖက္ႏွိမ္နင္းတာေတြကို ခ်က္ခ်င္းရပ္တန္းကရပ္ဖို႔နဲ႔ မတရားဖမ္းဆီးထားသူေတြအားလံုး ျပန္လႊတ္ေပးၿပီး၊ အားလံုးပါဝင္တဲ့ ဒီမိုကေရစီလမ္းေၾကာင္းကို ျပန္လည္ထိမ္းသိမ္းဖို႔ Mr. Ned Price က ေတာင္းဆိုလိုက္ပါတယ္။

စစ္တပ္က ျမန္မာျပည္သူေတြကို ရက္စက္ၾကမ္းၾကဳတ္စြာႏွိပ္ကြပ္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနတာေတြအတြက္ ျမန္မာစစ္တပ္က တာဝန္ခံမႈရွိလာေအာင္ အေမရိကန္ျပည္ေထာင္စုက ဆက္လက္ တိုက္တြန္းသြားမွာျဖစ္ေၾကာင္း၊ ျမန္မာ့အက်ပ္အတည္းကို ၿငိမ္းခ်မ္းစြာအေျဖရွာေရး၊ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းမွန္ေပၚ ျပန္လည္ထိန္းသိမ္းႏိုင္ေရး ႀကိဳးပမ္းေနၾကသူအားလံုးအပါအဝင္ ျမန္မာျပည္သူေတြကို ဆက္လက္ေထာက္ခံေနပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

Unicode

တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ချင်းပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ခရိယာန်ဘုရားကျောင်းတွေနဲ့ လူနေအိမ်တွေ အပါအဝင်၊ ရွာလုံးကျွတ်မီးရှို့တာတွေ လုပ်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ ရက်စက်စွာနှိပ်ကွပ်တာတွေ၊ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေနဲ့ အကြမ်းဖက်နှိမ်နင်းတာတွေ ဆက်လက်အရှိန်မြင့်လုပ်ဆောင်နေတာကြောင့် အမေရိကန်ပြည်ထောင်စုက အလွန်အမင်း စိုးရိမ်မကင်းဖြစ်ရပါတယ်။

မြန်မာစစ်တပ်က ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဝတ်ပြုကိုးကွယ်ရာနေရာတွေပါမကျန် နှိပ်ကွပ်နေတဲ့ ရက်စက်တဲ့ လုပ်ရပ်မျိုးကို အပြစ်တင်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Ned Price ကပြောပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ စစ်အစိုးရက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံးဝ ဂရုမစိုက်ဘူး၊ အလေးမထားဘူးဆိုတာကို ပြသလိုက်တာပါဘဲလို့ဆိုပါတယ်။

မြန်မာစစ်တပ်ကို လက်နက်မရောင်းချရေးအပါအဝင်၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အကြီးအကျယ်မဖြစ်ပွား‌အောင်ကာကွယ်နိုင်ရန် မြန်မာစစ်တပ်အနေနဲ့တာဝန်ခံဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖိအားပေးဖို့ Mr. Ned Price က တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းဖယ်ရှားခဲ့ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်တွေကို ဒီနေ့အထိ ထိမ်းသိမ်းထားဆဲဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး၊ စစ်တပ်က အာဏာသိမ်းမှုဆန့်ကျင်တဲ့ ပြည်သူတွေကို အကြမ်းဖက်နှိပ်ကွပ်မှုတွေနဲ့ နှိမ်နင်းခဲ့ရာမှာ ၁၂၀၀ ကျော်သေဆုံးပြီး၊ အစိုးရအရာရှိတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ နိုင်ငံခြားသားတွေအပါအဝင် ၉၀၀၀ ကျော် ဖမ်းဆီးခဲ့ပါတယ်။

မြန်မာစစ်တပ်က နိုင်ငံရဲ့ ဒေသအတော်များများမှာ ထိုးစစ်ဆင်တာတွေ အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ အမြောက်အများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး၊ ကိုဗစ်ရောဂါအန္တရာယ်ကြားက ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် နိုင်ငံရဲ့ ဒေသတချို့မှာ စစ်တပ်လုံခြုံရေးတပ်ဖွဲ့တွေက စစ်ရေးထိုးစစ်ဆင်တာတွေ တိုးလုပ်နေတာကြောင့် စိုးရိမ်မိတယ်လို့ Mr. Ned Price က အလေးအနက်ပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်နှိမ်နင်းတာတွေကို ချက်ချင်းရပ်တန်းကရပ်ဖို့နဲ့ မတရားဖမ်းဆီးထားသူတွေအားလုံး ပြန်လွှတ်ပေးပြီး၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထိမ်းသိမ်းဖို့ Mr. Ned Price က တောင်းဆိုလိုက်ပါတယ်။

စစ်တပ်က မြန်မာပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာနှိပ်ကွပ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာတွေအတွက် မြန်မာစစ်တပ်က တာဝန်ခံမှုရှိလာအောင် အမေရိကန်ပြည်ထောင်စုက ဆက်လက် တိုက်တွန်းသွားမှာဖြစ်ကြောင်း၊ မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းစွာအဖြေရှာရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းမှန်ပေါ် ပြန်လည်ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းနေကြသူအားလုံးအပါအဝင် မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံနေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG