Accessibility links

Breaking News

ျမန္မာစစ္တပ္ ႏွင္႔ မိသားစုဝင္မ်ားအေပၚ ကန္ ဒဏ္ခတ္ အေရးယူမႈ ထပ္မံခ်မွတ္


Italy, Rome, state secretary Anthony Blinken
Italy, Rome, state secretary Anthony Blinken

{{Zawgyi/Unicode}}

ျမန္မာစစ္တပ္ရဲ ႔ ေဖေဖာ္၀ါရီအာဏာသိမ္းမႈနဲ႔ ဒီမိုကေရစီလိုလားသူေတြအေပၚ ႏွိပ္ကြပ္မႈတို႔ကို တုံ႔ျပန္ေသာအားျဖင့္ ျမန္မာစစ္ေခါင္းေဆာင္အပါအ၀င္ လူပုဂၢိဳလ္နဲ႔ မိသားစု၀င္တခ်ိဳ ႔အေပၚ အေမရိကန္ျပည္ေထာင္စုက ေနာက္ထပ္ေအေရးယူဒဏ္ခတ္မႈေတြခ်မွတ္လိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စု ဘ႑ာေရး၀န္ႀကီးဌာနရဲ ႔ OFAC ေခၚ ႏုိင္ငံျခားပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရး႐ံုးက ႏုိင္ငံေတာ္အုပ္ခ်ဳပ္မႈေကာင္စီ၀င္ ၃ ဦးနဲ႔ စစ္ေကာင္စီခန္႔ ၀န္ႀကီး ၄ ဦး၊ ျမန္မာစစ္ေကာင္စီနဲ႔ပတ္သက္သူ ၂၂ ဦးနဲ႔ ယခင္ဒဏ္ခတ္ထားၿပီး စစ္အရာရွိႀကီးေတြရဲ ႔ အရြယ္ေရာက္ၿပီးသားသမီး ၁၅ ဦးတို႔ကို အခုတႀကိမ္ဒဏ္ခတ္ဖို႔ ေရြးခ်ယ္လိုက္တာျဖစ္ပါတယ္။

ဒါ့အျပင္ ၀မ္ေပါင္ (Wan Bao) သတၱဴ တူးေဖာ္ေရးလီမိတက္၊ သူ႔ရဲ႔လက္အာက္ခံအဖြဲ႔အစည္း ၂ ခုနဲ႔ King Royal Technology Company တို႔ကိုလည္း အေမရိကန္ဘ႑ာေရး၀န္ႀကီးဌာနက ဒဏ္ခတ္အေရးယူတဲံ့စာရင္းမွာ ထပ္တိုးလိုက္ပါတယ္။ ဒီလုပ္ငန္းေတြဟာ ျမန္မာစစ္တပ္ကို အခြန္ဘ႑ာ သို႔တည္းမဟုတ္ အျခားေသာပံ႔ပိုးကူညီမႈေတြ ျပဳလုပ္ေနၾကတာျဖစ္ၿပီး ၀မ္ေပါင္ကုမၸဏီနဲ႔လက္ေလာက္ခံအဖြဲ႔အစည္းေတြဟာ ဆိုရင္ အလုပ္သမားအခြင့္အေရး နဲ႔ လူ႔အခြင့္အေရးေတြကို လက္ပံေတာင္းေၾကးနီစီမံကိန္းအပါအ၀င္ ေနရာေတြမွာ ႏွစ္ရွည္လမ်ား ခ်ိဳးေဖာက္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဒီလုပ္ရပ္ေတြဟာ စစ္တပ္နဲ႔ စစ္ေခါင္းေဆာင္ေတြ သူတို႔လုပ္ရပ္ကို ေနာက္ျပန္လွည့္ၿပီး ဒီမိုကေရစီေဖာ္ေဆာင္ေပးတဲ့အထိ ဒဏ္ခတ္မႈေတြကို ဆက္လက္ျပဳလုပ္သြားမယ္၊ အေရးယူမႈေတြခ်မွတ္သြားမယ္ဆိုတာ ျပသလိုက္တာပဲျဖစ္တယ္လို႔ ႏုိင္ငံျခားေရး၀န္ႀကီး Anthony Blinken ကထုတ္ျပန္ေၾကျငာခ်က္တခုထဲမွ ေဖာ္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ျမန္မာစစ္တပ္၊ အုပ္ခ်ဳပ္ေရးေကာင္စီနဲ႔ အာဏာသိမ္းမႈ ေထာက္ခံသူေတြရဲ ႔လုပ္ရပ္ေတြအတြက္ တာ၀န္ယူမႈ၊ တာ၀န္ခံမႈရွိလာေအာင္ တုိးျမွင့္လုပ္ေဆာင္ဖို႔ တာ၀န္ယူပါတယ္။ ျမန္မာစစ္တပ္အေနနဲ႔ အာစီယံရဲ ႔ဘုံသေဘာတူညီခ်က္ (၅)ရပ္ကို လိုက္နာအေကာင္အထည္ေဖာ္ဖို႔၊ မတရားထိန္းသိမ္းထားသူအားလုံးကို လြႊတ္ေပးဖို႔နဲ႔ ျမန္မာ့ဒီမိုကေရစီလမ္းေၾကာင္းကို ခ်က္ခ်င္းျပန္လည္တည္ေဆာက္ဖို႔ အေမရိကန္ျပည္ေထာင္စု ဆက္လက္တုိက္တြန္းသြားမွာလည္းျဖစ္ပါတယ္။

ျမန္မာစစ္တပ္ရဲ ႔ ဒီမိုကေရစီေရးကို ဖိႏွိပ္မႈနဲ႔ ျပည္သူေတြအေပၚ ရက္စက္အၾကမ္းဖက္မႈေတြဟာ လက္ခံႏုိင္ဖြယ္မရွိဘူး၊ အခုေနာက္ဆက္တဲြခ်မွတ္လိုက္တဲ့ ဒဏ္ခတ္မႈေတြဟာဆိုုရင္ စစ္အာဏာသိမ္းမႈနဲ႔ဆက္လက္ျဖစ္ေနတဲ့အၾကမ္းဖက္မႈအတြက္ တာ၀န္ရွိတဲ့သူေတြ တာ၀န္ယူမႈ၊ တာ၀န္ခံမႈရွိေစဖို႔အတြက္ စစ္တပ္နဲ႔ စစ္ေခါင္းေဆာင္ေတြရဲ ႔ အခြန္၀င္ေငြရရ႕ွိတဲ့ လမ္းေၾကာင္းေတြကို ပစ္မွတ္ထားလိုက္တာျဖစ္တယ္လို႔ ႏုိင္ငံျခားပိုင္္ဆုိင္မႈ ထိန္းခ်ဳပ္ေရးေကာ္မတီ ညႊန္ၾကားေရးမွဴး က ေျပာၾကားလို္က္တာျဖစ္ပါတယ္ခင္ဗ်ား။

....................................................

{{Unicode}}

မြန်မာစစ်တပ်ရဲ့ ဖေဖော်ဝါရီအာဏာသိမ်းမှုနဲ့ ဒီမိုကရေစီလိုလားသူတွေအပေါ် နှိပ်ကွပ်မှုတို့ကို တုံ့ပြန်သောအားဖြင့် မြန်မာစစ်ခေါင်းဆောင်အပါအဝင် လူပုဂ္ဂိုလ်နဲ့ မိသားစုဝင်တချို့အပေါ် အမေရိကန်ပြည်ထောင်စုက နောက်ထပ်အေရေးယူဒဏ်ခတ်မှုတွေချမှတ်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ OFAC ခေါ် နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက နိုင်ငံတော်အုပ်ချုပ်မှုကောင်စီဝင် ၃ ဦးနဲ့ စစ်ကောင်စီခန့် ဝန်ကြီး ၄ ဦး၊ မြန်မာစစ်ကောင်စီနဲ့ပတ်သက်သူ ၂၂ ဦးနဲ့ ယခင်ဒဏ်ခတ်ထားပြီး စစ်အရာရှိကြီးတွေရဲ့ အရွယ်ရောက်ပြီးသားသမီး ၁၅ ဦးတို့ကို အခုတကြိမ်ဒဏ်ခတ်ဖို့ ရွေးချယ်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဝမ်ပေါင် (Wan Bao) သတ္တူ တူးဖော်ရေးလီမိတက်၊ သူ့ရဲ့လက်အာက်ခံအဖွဲ့အစည်း ၂ ခုနဲ့ King Royal Technology Company တို့ကိုလည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူတဲံ့စာရင်းမှာ ထပ်တိုးလိုက်ပါတယ်။ ဒီလုပ်ငန်းတွေဟာ မြန်မာစစ်တပ်ကို အခွန်ဘဏ္ဍာ သို့တည်းမဟုတ် အခြားသောပံ့ပိုးကူညီမှုတွေ ပြုလုပ်နေကြတာဖြစ်ပြီး ဝမ်ပေါင်ကုမ္ပဏီနဲ့လက်လောက်ခံအဖွဲ့အစည်းတွေဟာ ဆိုရင် အလုပ်သမားအခွင့်အရေး နဲ့ လူ့အခွင့်အရေးတွေကို လက်ပံတောင်းကြေးနီစီမံကိန်းအပါအဝင် နေရာတွေမှာ နှစ်ရှည်လများ ချိုးဖောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီလုပ်ရပ်တွေဟာ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေ သူတို့လုပ်ရပ်ကို နောက်ပြန်လှည့်ပြီး ဒီမိုကရေစီဖော်ဆောင်ပေးတဲ့အထိ ဒဏ်ခတ်မှုတွေကို ဆက်လက်ပြုလုပ်သွားမယ်၊ အရေးယူမှုတွေချမှတ်သွားမယ်ဆိုတာ ပြသလိုက်တာပဲဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကထုတ်ပြန်ကြေငြာချက်တခုထဲမှ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာစစ်တပ်၊ အုပ်ချုပ်ရေးကောင်စီနဲ့ အာဏာသိမ်းမှု ထောက်ခံသူတွေရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် တိုးမြှင့်လုပ်ဆောင်ဖို့ တာဝန်ယူပါတယ်။ မြန်မာစစ်တပ်အနေနဲ့ အာစီယံရဲ့ဘုံသဘောတူညီချက် (၅)ရပ်ကို လိုက်နာအကောင်အထည်ဖော်ဖို့၊ မတရားထိန်းသိမ်းထားသူအားလုံးကို လွှတ်ပေးဖို့နဲ့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ချက်ချင်းပြန်လည်တည်ဆောက်ဖို့ အမေရိကန်ပြည်ထောင်စု ဆက်လက်တိုက်တွန်းသွားမှာလည်းဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ဒီမိုကရေစီရေးကို ဖိနှိပ်မှုနဲ့ ပြည်သူတွေအပေါ် ရက်စက်အကြမ်းဖက်မှုတွေဟာ လက်ခံနိုင်ဖွယ်မရှိဘူး၊ အခုနောက်ဆက်တွဲချမှတ်လိုက်တဲ့ ဒဏ်ခတ်မှုတွေဟာဆိုရင် စစ်အာဏာသိမ်းမှုနဲ့ဆက်လက်ဖြစ်နေတဲ့အကြမ်းဖက်မှုအတွက် တာဝန်ရှိတဲ့သူတွေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့အတွက် စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ အခွန်ဝင်ငွေရရ့ှိတဲ့ လမ်းကြောင်းတွေကို ပစ်မှတ်ထားလိုက်တာဖြစ်တယ်လို့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးကော်မတီ ညွှန်ကြားရေးမှူး က ပြောကြားလိုက်တာဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG