Accessibility links

Breaking News

အာဖရိကရဲ႕ ကုိဗစ္တုိက္ဖ်က္ေရးအစီအစဥ္အတြက္ အကူအညီေပးျခင္း 


(Zawgyi/Unicode)

အေမရိကန္ႏုိင္ငံတကာဖြ႔ံၿဖိဳးမႈေအဂ်င္စီ USAID အေနနဲ႔ ဆဟာရသဲကႏၱာရေတာင္ပုိင္း အာဖရိက ႏုိင္ငံေတြမွာ ႀကံဳေတြ႔ေနရတဲ့ ကုိဗစ္ ကပ္ေရာဂါ တုံ႔ျပန္ေဆာင္ရြက္ေရး အစီအစဥ္ေတြအတြက္ ေဒၚလာ သန္း ၃၅၀ ေက်ာ္ ကူညီ ပ့ံပုိးေပးဖုိ႔ ဇြန္လအေစာပုိင္းမွာ အခုိင္အမာ ဆုံးျဖတ္ခဲ့ပါတယ္။ အခုလို ရန္ပံုေငြ ေထာက္ပံ့ေပးျခင္းျဖင့္ အေမရိကန္ရဲ့ လူ႔အသက္ေတြ ကယ္တင္ေရးလုပ္ငန္းနဲ႔ မိတ္ဖက္ႏိုင္ငံေတြရဲ့ ကိုဗစ္-19 တံု႔ျပန္မူ လုပ္ငန္းေတြအတြက္ ဆက္လက္ အေထာက္အကူျဖစ္ေစမွာ ေသခ်ာတယ္လို႔ USAID အဖြဲ႔ ယာယီလက္ေထာက္အုပ္ခ်ဳပ္ေရးမူး Chris Maloney က ဆိုပါတယ္။

ဒါေပမဲ့ ဒီအာဖရိကမွာ စိတ္ပူစရာေတြလည္း အမ်ားအျပား ပိုရွိေနပါေသးတယ္။ ယာယီ လက္ေထာက္ အုပ္ခ်ဳပ္ေရးမူး Maloney ကပဲ “တျခားကိစၥေတြထက္ သူ႔ကို ညတိုင္းအိပ္မရေအာင္ ဖိစီး ေနတာကေတာ့ ဒီကိုဗစ္နဲ႔ဆက္ႏြယ္ၿပီး အာဖရိကမွာ ဒုတိယနဲ႔ တတိယ ထပ္ဆင့္ သက္ေရာက္မူေတြ ျဖစ္လာမယ့္အေရးပါဘဲ” လို႔ ဆက္ေျပာပါတယ္။ သူကပဲ

“ကၽြန္ေတာ္ ခုလိုေျပာရတာက စီးပြားေရးျပႆနာေတြျဖစ္လာမယ္၊ ဟုတ္တယ္မလား၊ ဒါေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ အခု အခိ်န္ေတြအမ်ားႀကီးသံုးၿပီး၊ စားနပ္ရိကၡာဖူလံုမူလို ကိစၥမ်ိဳးကို စဥ္းစား ေနရတယ္ေလ၊ သိတယ္မလား၊ USAID အဖြဲ႔အေနနဲ႔ အခုလို ေက်းလက္က႑မ်ိဳးမွာ အစဥ္အလာအရ လုပ္ေပးလာခဲ့တယ္ဗ်၊ ဒါေပမဲ့ ဒီကိစၥက ၿမိဳ.ျပျပႆနာ ပိုပိုျဖစ္လာေနပါတယ္။ ဒါေၾကာင့္ အခု ကိုဗစ္ကာလ လူေပါင္းမ်ားစြာ Lockdown ခ် အသြားအလာပိတ္ဆို႔ထားရတဲ့အခ်ိန္မွာ၊ ေက်းလက္ ေစ်းကြက္ကန ၿမိဳ.ျပေစ်းကြက္ကိုပို႔တဲ့ ထုတ္လုပ္ျဖန္႔ခ်ီမူကြင္းဆက္ေတြ ေသခ်ာေစဖို႔နဲ႔ လူေတြလက္ထဲ ေငြထဲ့ေပးတာမ်ိဳးအလုပ္ျဖစ္ဖို႔ ဘယ္လိုလုပ္ေပးရမလဲဆိုတာ အႀကီးအက်ယ္ စဥ္းစား ေနရပါတယ္။ ဒီျပႆနာက ကၽြန္ေတာ္တို႔အတြက္ တကယ့္ကို အဓိကက်တဲ့ ကိစၥရပ္ ျဖစ္လာေနတယ္” လို႔ေျပာသြားတာပါ။

ဒါေပမဲ့ ယာယီလက္ေထာက္အုပ္ခ်ဳပ္ေရးမူး Maloney က ဆက္ၿပီး၊ အာဖရိကတလႊား လက္ရွိ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြထဲက တစ္ခုကေတာ့ တိုင္းျပည္အေပၚ အက်ိဳးျဖစ္ေစတာ၊ အက်ိဳး ယုတ္ေစတာေတြအေပၚ အေလးအနက္ထားတာ အားနည္းတဲ့ ႏိုင္ငံေတြရဲ့ အက်ိဳးဆက္ေတြျဖစ္ၿပီး၊ အခု ကိုဗစ္ေရာဂါကို အသံုးခ်ကာ အာဖရိကတိုက္တလႊားမွာ အာဏာရွင္စနစ္ ခ်ဲ႕ထြင္ဖို႔ လုပ္ေနတာေတြ ရွိေနတယ္လို႔ ဆိုပါတယ္။ သူကဆက္ၿပီး -

“အဲဒီေတာ့ ဥပမာဆိုရင္ ဇင္ဘာေဘြႏိုင္ငံသား (၂) ေသာင္းေက်ာ္ ကိုဗစ္ Lockdown ခ်တဲ့စည္းကမ္းေတြ မလိုက္နာဘူးဆိုၿပီး ဖမ္းဆီးထားတယ္။ အဲ့ဒိမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မူ စြတ္စြဲခ်က္ေတြ အေျမာက္အမ်ားကို ျဖစ္ေနတယ္။ ဒါေၾကာင့္ ခုလို စိန္ေခၚမူမ်ိဳးႀကံဳလာရခ်ိန္မွာ Civil Society အရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းၿပီး၊ ဘယ္လို က႑ကေန ထိေရာက္ေအာင္ ကူညီေပးသင့္တယ္ဆုိတာကုိ အေသအခ်ာ စဥ္းစားဖို႔ လိုလာပါတယ္” လို႔ ေျပာသြားတာပါ။

ဒီယာယီလက္ေထာက္အုပ္ခ်ဳပ္ေရးမူး Maloney ကပဲ - တခ်ိန္ထဲမွာပဲ သတင္းမွား ျဖန္႔ခ်ီပ်ံ႕ႏွံေနမူကလည္း ဒုနဲ႔ေဒးကို ရွိေနတယ္လို႔ ဆိုပါတယ္။

“တကယ္ေတာ့၊ ဒီ ဆာဟာရ သဲကႏၱာရေတာင္ပုိင္း အာဖရိက ႏိုင္ငံအေတာ္မ်ားမ်ားနဲ႔ အေနာက္အာဖရိက က တျခားေဒသေတြမွာ ေရဒီယိုဌာနေတြနဲ႔ အရပ္ဖက္အဖြဲ႔အစည္းေတြတြဲၿပီး၊ ဒီ သတင္းမွားေတြကို တိုက္ဖ်က္ဖို႔တခုထဲအတြက္ ေငြေၾကးေထာက္ပ့့ံေပးထားရတယ္၊ ဒီ ကပ္ဆိုးႀကီးကို ဘယ္လိုရင္ဆိုင္သြားမယ္ဆိုတာ၊ သတင္းမွန္ေတြ ထြက္ႏိုင္ဖို႔ ေသခ်ာေအာင္ လုပ္ေပးရတာပါ” လို႔ သူကေျပာသြားတာပါ။

ဒါ့အျပင္ ယာယီလက္ေထာက္အုပ္ခ်ဳပ္ေရးမူး Maloney ကဆက္ၿပီး “ဒီလုပ္ငန္းမွာ သူ႔အေနနဲ႔ ယံုၾကည္မူေတာ့ အျပည့္အဝရွိထားတယ္၊ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္း မိတ္ဖက္ အာဖရိက ႏိုင္ငံေတြနဲ႔ ရွိလာခဲ့တဲ့ ဆက္ဆံေရးနဲ႔ ဘံုအေတြ႔အၾကံဳေတြေၾကာင့္ ဒီေန႔ လတ္တေလာ ကိုဗစ္-19 ကပ္ဆိုက္မူကိုေရာ၊ ေရရွည္ပိုက်ယ္ျပန္႔တဲ့ ဖြံ႔ၿဖိဳးေရးကိစၥရပ္ေတြအတြက္ပါ ရင္ဆိုင္ ေက်ာ္လႊားသြားႏိုင္မွာပါ” လို႔ ေျပာခဲ့ပါတယ္ ။

...................

အာဖရိကရဲ့ ကိုဗစ်တိုက်ဖျက်ရေးအစီအစဉ်အတွက် အကူအညီပေးခြင်း
(Unicode)

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ USAID အနေနဲ့ ဆဟာရသဲကန္တာရတောင်ပိုင်း အာဖရိက နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ ကိုဗစ် ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်တွေအတွက် ဒေါ်လာ သန်း ၃၅၀ ကျော် ကူညီ ပံ့ပိုးပေးဖို့ ဇွန်လအစောပိုင်းမှာ အခိုင်အမာ ဆုံးဖြတ်ခဲ့ပါတယ်။ အခုလို ရန်ပုံငွေ ထောက်ပံ့ပေးခြင်းဖြင့် အမေရိကန်ရဲ့ လူ့အသက်တွေ ကယ်တင်ရေးလုပ်ငန်းနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ကိုဗစ်-19 တုံ့ပြန်မူ လုပ်ငန်းတွေအတွက် ဆက်လက် အထောက်အကူဖြစ်စေမှာ သေချာတယ်လို့ USAID အဖွဲ့ ယာယီလက်ထောက်အုပ်ချုပ်ရေးမူး Chris Maloney က ဆိုပါတယ်။

ဒါပေမဲ့ ဒီအာဖရိကမှာ စိတ်ပူစရာတွေလည်း အများအပြား ပိုရှိနေပါသေးတယ်။ ယာယီ လက်ထောက် အုပ်ချုပ်ရေးမူး Maloney ကပဲ “တခြားကိစ္စတွေထက် သူ့ကို ညတိုင်းအိပ်မရအောင် ဖိစီး နေတာကတော့ ဒီကိုဗစ်နဲ့ဆက်နွယ်ပြီး အာဖရိကမှာ ဒုတိယနဲ့ တတိယ ထပ်ဆင့် သက်ရောက်မူတွေ ဖြစ်လာမယ့်အရေးပါဘဲ” လို့ ဆက်ပြောပါတယ်။ သူကပဲ

“ကျွန်တော် ခုလိုပြောရတာက စီးပွားရေးပြဿနာတွေဖြစ်လာမယ်၊ ဟုတ်တယ်မလား၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အခု အချိန်တွေအများကြီးသုံးပြီး၊ စားနပ်ရိက္ခာဖူလုံမူလို ကိစ္စမျိုးကို စဉ်းစား နေရတယ်လေ၊ သိတယ်မလား၊ USAID အဖွဲ့အနေနဲ့ အခုလို ကျေးလက်ကဏ္ဍမျိုးမှာ အစဉ်အလာအရ လုပ်ပေးလာခဲ့တယ်ဗျ၊ ဒါပေမဲ့ ဒီကိစ္စက မြို.ပြပြဿနာ ပိုပိုဖြစ်လာနေပါတယ်။ ဒါကြောင့် အခု ကိုဗစ်ကာလ လူပေါင်းများစွာ Lockdown ချ အသွားအလာပိတ်ဆို့ထားရတဲ့အချိန်မှာ၊ ကျေးလက် ဈေးကွက်ကန မြို.ပြဈေးကွက်ကိုပို့တဲ့ ထုတ်လုပ်ဖြန့်ချီမူကွင်းဆက်တွေ သေချာစေဖို့နဲ့ လူတွေလက်ထဲ ငွေထဲ့ပေးတာမျိုးအလုပ်ဖြစ်ဖို့ ဘယ်လိုလုပ်ပေးရမလဲဆိုတာ အကြီးအကျယ် စဉ်းစား နေရပါတယ်။ ဒီပြဿနာက ကျွန်တော်တို့အတွက် တကယ့်ကို အဓိကကျတဲ့ ကိစ္စရပ် ဖြစ်လာနေတယ်” လို့ပြောသွားတာပါ။

ဒါပေမဲ့ ယာယီလက်ထောက်အုပ်ချုပ်ရေးမူး Maloney က ဆက်ပြီး၊ အာဖရိကတလွှား လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တစ်ခုကတော့ တိုင်းပြည်အပေါ် အကျိုးဖြစ်စေတာ၊ အကျိုး ယုတ်စေတာတွေအပေါ် အလေးအနက်ထားတာ အားနည်းတဲ့ နိုင်ငံတွေရဲ့ အကျိုးဆက်တွေဖြစ်ပြီး၊ အခု ကိုဗစ်ရောဂါကို အသုံးချကာ အာဖရိကတိုက်တလွှားမှာ အာဏာရှင်စနစ် ချဲ့ထွင်ဖို့ လုပ်နေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ သူကဆက်ပြီး -

“အဲဒီတော့ ဥပမာဆိုရင် ဇင်ဘာဘွေနိုင်ငံသား (၂) သောင်းကျော် ကိုဗစ် Lockdown ချတဲ့စည်းကမ်းတွေ မလိုက်နာဘူးဆိုပြီး ဖမ်းဆီးထားတယ်။ အဲ့ဒိမှာ လူ့အခွင့်အရေးချိုးဖောက်မူ စွတ်စွဲချက်တွေ အမြောက်အများကို ဖြစ်နေတယ်။ ဒါကြောင့် ခုလို စိန်ခေါ်မူမျိုးကြုံလာရချိန်မှာ Civil Society အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး၊ ဘယ်လို ကဏ္ဍကနေ ထိရောက်အောင် ကူညီပေးသင့်တယ်ဆိုတာကို အသေအချာ စဉ်းစားဖို့ လိုလာပါတယ်” လို့ ပြောသွားတာပါ။

ဒီယာယီလက်ထောက်အုပ်ချုပ်ရေးမူး Maloney ကပဲ - တချိန်ထဲမှာပဲ သတင်းမှား ဖြန့်ချီပျံ့နှံနေမူကလည်း ဒုနဲ့ဒေးကို ရှိနေတယ်လို့ ဆိုပါတယ်။

“တကယ်တော့၊ ဒီ ဆာဟာရ သဲကန္တာရတောင်ပိုင်း အာဖရိက နိုင်ငံအတော်များများနဲ့ အနောက်အာဖရိက က တခြားဒေသတွေမှာ ရေဒီယိုဌာနတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေတွဲပြီး၊ ဒီ သတင်းမှားတွေကို တိုက်ဖျက်ဖို့တခုထဲအတွက် ငွေကြေးထောက်ပံ့ပေးထားရတယ်၊ ဒီ ကပ်ဆိုးကြီးကို ဘယ်လိုရင်ဆိုင်သွားမယ်ဆိုတာ၊ သတင်းမှန်တွေ ထွက်နိုင်ဖို့ သေချာအောင် လုပ်ပေးရတာပါ” လို့ သူကပြောသွားတာပါ။

ဒါ့အပြင် ယာယီလက်ထောက်အုပ်ချုပ်ရေးမူး Maloney ကဆက်ပြီး “ဒီလုပ်ငန်းမှာ သူ့အနေနဲ့ ယုံကြည်မူတော့ အပြည့်အဝရှိထားတယ်၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မိတ်ဖက် အာဖရိက နိုင်ငံတွေနဲ့ ရှိလာခဲ့တဲ့ ဆက်ဆံရေးနဲ့ ဘုံအတွေ့အကြုံတွေကြောင့် ဒီနေ့ လတ်တလော ကိုဗစ်-19 ကပ်ဆိုက်မူကိုရော၊ ရေရှည်ပိုကျယ်ပြန့်တဲ့ ဖွံ့ဖြိုးရေးကိစ္စရပ်တွေအတွက်ပါ ရင်ဆိုင် ကျော်လွှားသွားနိုင်မှာပါ” လို့ ပြောခဲ့ပါတယ် ။

XS
SM
MD
LG