Accessibility links

Breaking News

 ေခတ္နဲ႔ေလ်ာ္ညီတဲ့ နည္းပညာျဖစ္ေျမာက္ေရး ကန္-ဂ်ာမနီေဆြးေႏြး 


Germany G7 Foreign Ministers
Germany G7 Foreign Ministers

ေခတ္နဲ႔ေလ်ာ္ညီတဲ့ နည္းပညာျဖစ္ေျမာက္ေရး ကန္-ဂ်ာမနီေဆြးေႏြး

{{Zawgyi/Unicode}}

အေမရိကန္ နဲ႔ ဂ်ာမဏီတို႔ မၾကာေသးမီကမွ ျပဳလုပ္ခဲ့တဲ့ အနာဂတ္ဆိုင္ရာ ေဆြးေႏြးပဲြမွာ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး Antonny Blinken နဲ႔ ဂ်ာမဏီ ႏိုင္ငံျခားေရး၀န္ႀကီး Annalena Baerbock တို႔ဟာ ၊ ဒယ္ဂ်စ္တယ္ နည္းပညာေတြ လႊမ္းမိုးလာေနတဲ့ ဒီကေန႔ ကမ႓ာႀကီးအတြင္းက ဒီမိုကေရစီလူ႔အဖဲြ႕အစည္းတခုရဲ႔ တန္ဘိုးေတြအေၾကာင္း ကို ၀င္ေရာက္ ေဆြးေႏြးခဲ့ၾကပါတယ္။

နည္းပညာေတြဟာ ဒီမိုကေရစီကို ပိုမိုတိုးတက္လာေစတာဘဲျဖစ္ျဖစ္၊ ဆုတ္ယုတ္သြားေစတာဘဲျဖစ္ျဖစ္၊ အားလုံးကို ၿပီးေျမာက္ေအာင္ျမင္ေအာင္လုပ္ႏိုင္ဖို႔ ဆိုတဲ့ေနရာမွာေတာ့ စိတ္သေဘာထားတူတဲ့ ႏိုင္ငံေတြ ပူးေပါင္းေဆာင္ရြက္မွ ရမွာပါလို႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး Blinken ကေျပာဆိုခဲ့ပါတယ္။ ဒီအခ်က္ကို ဂ်ာမန္ႏိုင္ငံျခားေရး၀န္ႀကီးကလည္း သေဘာတူပါတယ္။

“စစ္ေအးေခတ္ဟာၿပီးဆုံးသြားပါၿပီ။ ေနာက္ထပ္ျဖစ္ေပၚလာမယ့္ အေျခအေနတခုကို ဖန္တီးဖို႔ ၿပိဳင္ဆိုင္မႈဆိုတာရွိပါတယ္။ အဲဒိၿပိဳင္ဆိုင္မႈမွာ နည္းပညာက အဓိကက်ပါတယ္။” လို႔လည္း ႏိုင္ငံျခားေရး၀န္ႀကီး Blinken ကေျပာဆိုခဲ့ပါတယ္။

နည္းပညာေတြဟာ က်ေနာ္တို႔ရဲ႔စီးပြားေရးမွာ ေနာက္ထပ္ပစၥည္းကရိယာ အသစ္ျဖည့္တင္းေပးမွာပါ ။ က်ေနာ္တို႔ရဲ႔ စစ္တပ္ေတြကို ျပဳျပင္ေျပာင္းလဲပစ္မွာပါ။ က်ေနာ္တို႔ရဲ႔ဘ၀ေတြကိုတိုက္႐ိုက္ေျပာင္းလဲပစ္မွာပါ” လို႔၀န္ႀကီး Blinken ကေျပာဆိုသြားတာပါ။

ဘယ္လို ပုံေဖၚမယ္ဆိုတာနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ ဂ်ာမဏီတို႔ အျပဳသေဘာေဆာင္ၿပီး မွန္ကန္တဲ့အျမင္ေတြရွိ တာျခင္း တူညီၾကပါတယ္လို႔ လည္းသူကေျပာဆိုခဲ့ပါတယ္။

“နည္းပညာေတြဟာ ေရာဂါဘယေတြကို ကုစားႏိုင္ဖို႔ နည္းလမ္းသစ္ေတြ အတြက္ျဖစ္ပါတယ္။ ရာသီဥတုေျပာင္းလဲ လာမႈကို တုံ႔ျပန္ေဆာင္ရြက္ႏိုင္ဖို႔ျဖစ္ပါတယ္။ နည္းပညာေတြကို အသုံးျပဳၿပီး ဇီ၀႐ုပ္ႂကြင္း ေလာင္စာေတြအေပၚမွာ မမွီခိုရေတာ့တဲ့ စြမ္းအင္ေတြ ရရွိလာဖို႔အတြက္ ျဖစ္ပါတယ္။ ဒါ့အျပင္ ကမ႓ာတ၀ွမ္း က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာေတြကို စဥ္ဆက္မျပတ္ ထုတ္လုပ္ႏိုင္ဖို႔ျဖစ္ပါတယ္။”

ဒါေပမယ့္လည္း နည္းပညာေတြကိုမမွန္မကန္အသုံးျပဳၿပီး လူေတြကိုဒုကၡေပးႏိုင္ပါတယ္လို႔လည္း ၀န္ႀကီး Blinken ကေျပာဆိုခဲ့ပါတယ္။

“နည္းပညာေတြကို အသုံးျပဳၿပီး လူေတြရဲ႔ ကိုယ္ေရးကိုယ္တာ လြတ္လပ္ခြင့္ေတြကို အားနည္းသြားေအာင္လုပ္ဖို႔၊ လူ႔အခြင့္အေရးေတြကို ခ်ဳပ္ခ်ယ္ဖို႔၊ လူေတြကို အြန္လိုင္းေပၚကေန တိုက္႐ိုက္ၿခိမ္းေျခာက္ေႏွာက္ယွက္ဖို႔၊ အထူးသျဖင့္ေတာ့ အမ်ိဳးသမီးေတြနဲ႔ အရြယ္မေရာက္ေသးသူေတြကို ေႏွာက္ယွက္ဖို႔ အသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ နည္းပညာေတြကို အသုံးျပဳၿပီး သတင္းမွားေတြကိုေပးဖို႔၊ မမွန္မကန္ သတင္းေတြ ဖန္တီးဖို႔ အသုံးျပဳပါတယ္၊ ဒါေတြဟာ အဂတိလိုက္စား မႈေတြနဲ႔ အတူတဲြလာၿပီး၊ ဒီမိုကေရစီကို ဖ်က္စီးတဲ့ အဓိကနည္းလမ္း ႏွစ္ခုျဖစ္ပါတယ္။ ေသျခာပါတယ္ လုံျခဳံေရး အတြက္လည္း ေမးခြန္းထုတ္စရာေတြ ျဖစ္လာပါတယ္။” လို႔ႏိုင္ငံျခားေရး၀န္ႀကီး Blinken ကေျပာဆိုသြားတာပါ။

ဒီအခက္အခဲေတြကို တိုင္းျပည္တျပည္ထဲ ရင္ဆိုင္ေျဖရွင္းႏိုင္မွာ မဟုတ္ပါဘူးလို႔လည္း ၀န္ႀကီး Blinken ကေျပာပါတယ္။ ပူးေပါင္းေဆာင္ရြက္မႈနဲ ႔ၫွိႏိုင္းေဆာင္ရြက္မႈ လိုအပ္ပါတယ္။ ပိုၿပီးအေရးႀကီးတာက စံခ်ိန္စံၫြန္းေတြ သတ္မွတ္ဖို႔နဲ႔ နည္းပညာနဲ႔ ဒယ္ဂ်စ္တယ္နယ္ပယ္မွာ ဒီမိုကေရစီ တန္ဘိုးေတြ ထည့္သြင္းႏိုင္ဖို႔ ပါဘဲလို႔ သူကေျပာဆိုပါတယ္။ “ နည္းပညာေတြကို ထိထိေရာက္ေရာက္အသုံးျပဳၿပီး ထိပ္ဆုံးကိုေရာက္ေအာင္ၿပိဳင္ဆိုင္ဖို႔ျဖစ္ပါတယ္၊ ေအာက္ဆုံးကို က်သြားဖို႔ ၿပိဳင္ဆိုင္ရမွာမဟုတ္ပါဘူးလို႔ ႏိုင္ငံျခားေရး၀န္ႀကီး Blinken ကေျပာဆိုခဲ့ပါတယ္။

အေမရိကန္ နဲ႔ ဂ်ာမဏီတို႔ရဲ႔ အနာဂတ္ဆိုင္ရာေဆြးေႏြးပဲြကို Muenster ၿမိဳ႔မွာက်င္းပခဲ့တာပါ။ ဒီၿမိဳနဲ႔ပတ္သက္ၿပီး ႏိုင္ငံျခားေရး၀န္ႀကီးကမွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။ ဒီၿမိဳ႔ဟာ ဥေရာပ အလယ္ေခတ္ ၁၄ ရာစုေလာက္ကတည္း ေထာင္ခဲ့တဲ့ Hanseatic League ေဒသရဲ႔အစိပ္အပိုင္းျဖစ္ပါတယ္။ ဒီေဒသဟာ ဥေရာပရဲ႔ကုန္သြယ္ေရးလမ္းေၾကာင္း အတြက္ထူေထာင္ခဲ့တဲ့ၿမိဳ႔ျဖစ္ပါတယ္။ လူေတြ၊ ထုတ္ကုန္ေတြ၊ အၾကံဉာဏ္ေတြကို ခ်ိတ္ဆက္ဖို႔၊ ဆက္သြယ္ဖို႔ ထူေထာင္ခဲ့တဲ့ၿမိဳ႔ျဖစ္တယ္လို႔ ၀န္ႀကီး Blinken ကမွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။

........................................

ခေတ်နဲ့လျော်ညီတဲ့ နည်းပညာဖြစ်မြောက်ရေး ကန်-ဂျာမနီဆွေးနွေး

{{Zawgyi/Unicode}}

အမေရိကန် နဲ့ ဂျာမဏီတို့ မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ အနာဂတ်ဆိုင်ရာ ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antonny Blinken နဲ့ ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ဟာ ၊ ဒယ်ဂျစ်တယ် နည်းပညာတွေ လွှမ်းမိုးလာနေတဲ့ ဒီကနေ့ ကမ္ဘာကြီးအတွင်းက ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုရဲ့ တန်ဘိုးတွေအကြောင်း ကို ဝင်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

နည်းပညာတွေဟာ ဒီမိုကရေစီကို ပိုမိုတိုးတက်လာစေတာဘဲဖြစ်ဖြစ်၊ ဆုတ်ယုတ်သွားစေတာဘဲဖြစ်ဖြစ်၊ အားလုံးကို ပြီးမြောက်အောင်မြင်အောင်လုပ်နိုင်ဖို့ ဆိုတဲ့နေရာမှာတော့ စိတ်သဘောထားတူတဲ့ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှ ရမှာပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောဆိုခဲ့ပါတယ်။ ဒီအချက်ကို ဂျာမန်နိုင်ငံခြားရေးဝန်ကြီးကလည်း သဘောတူပါတယ်။

“စစ်အေးခေတ်ဟာပြီးဆုံးသွားပါပြီ။ နောက်ထပ်ဖြစ်ပေါ်လာမယ့် အခြေအနေတခုကို ဖန်တီးဖို့ ပြိုင်ဆိုင်မှုဆိုတာရှိပါတယ်။ အဲဒိပြိုင်ဆိုင်မှုမှာ နည်းပညာက အဓိကကျပါတယ်။” လို့လည်း နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောဆိုခဲ့ပါတယ်။

နည်းပညာတွေဟာ ကျနော်တို့ရဲ့စီးပွားရေးမှာ နောက်ထပ်ပစ္စည်းကရိယာ အသစ်ဖြည့်တင်းပေးမှာပါ ။ ကျနော်တို့ရဲ့ စစ်တပ်တွေကို ပြုပြင်ပြောင်းလဲပစ်မှာပါ။ ကျနော်တို့ရဲ့ဘဝတွေကိုတိုက်ရိုက်ပြောင်းလဲပစ်မှာပါ” လို့ဝန်ကြီး Blinken ကပြောဆိုသွားတာပါ။

ဘယ်လို ပုံဖေါ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဂျာမဏီတို့ အပြုသဘောဆောင်ပြီး မှန်ကန်တဲ့အမြင်တွေရှိ တာခြင်း တူညီကြပါတယ်လို့ လည်းသူကပြောဆိုခဲ့ပါတယ်။

“နည်းပညာတွေဟာ ရောဂါဘယတွေကို ကုစားနိုင်ဖို့ နည်းလမ်းသစ်တွေ အတွက်ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲ လာမှုကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။ နည်းပညာတွေကို အသုံးပြုပြီး ဇီဝရုပ်ကြွင်း လောင်စာတွေအပေါ်မှာ မမှီခိုရတော့တဲ့ စွမ်းအင်တွေ ရရှိလာဖို့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတဝှမ်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ဖို့ဖြစ်ပါတယ်။”

ဒါပေမယ့်လည်း နည်းပညာတွေကိုမမှန်မကန်အသုံးပြုပြီး လူတွေကိုဒုက္ခပေးနိုင်ပါတယ်လို့လည်း ဝန်ကြီး Blinken ကပြောဆိုခဲ့ပါတယ်။

“နည်းပညာတွေကို အသုံးပြုပြီး လူတွေရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်တွေကို အားနည်းသွားအောင်လုပ်ဖို့၊ လူ့အခွင့်အရေးတွေကို ချုပ်ချယ်ဖို့၊ လူတွေကို အွန်လိုင်းပေါ်ကနေ တိုက်ရိုက်ခြိမ်းခြောက်နှောက်ယှက်ဖို့၊ အထူးသဖြင့်တော့ အမျိုးသမီးတွေနဲ့ အရွယ်မရောက်သေးသူတွေကို နှောက်ယှက်ဖို့ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် နည်းပညာတွေကို အသုံးပြုပြီး သတင်းမှားတွေကိုပေးဖို့၊ မမှန်မကန် သတင်းတွေ ဖန်တီးဖို့ အသုံးပြုပါတယ်၊ ဒါတွေဟာ အဂတိလိုက်စား မှုတွေနဲ့ အတူတွဲလာပြီး၊ ဒီမိုကရေစီကို ဖျက်စီးတဲ့ အဓိကနည်းလမ်း နှစ်ခုဖြစ်ပါတယ်။ သေခြာပါတယ် လုံခြုံရေး အတွက်လည်း မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။” လို့နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောဆိုသွားတာပါ။

ဒီအခက်အခဲတွေကို တိုင်းပြည်တပြည်ထဲ ရင်ဆိုင်ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူးလို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။ ပူးပေါင်းဆောင်ရွက်မှုနဲ့ညှိနိုင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ ပိုပြီးအရေးကြီးတာက စံချိန်စံညွန်းတွေ သတ်မှတ်ဖို့နဲ့ နည်းပညာနဲ့ ဒယ်ဂျစ်တယ်နယ်ပယ်မှာ ဒီမိုကရေစီ တန်ဘိုးတွေ ထည့်သွင်းနိုင်ဖို့ ပါဘဲလို့ သူကပြောဆိုပါတယ်။ “ နည်းပညာတွေကို ထိထိရောက်ရောက်အသုံးပြုပြီး ထိပ်ဆုံးကိုရောက်အောင်ပြိုင်ဆိုင်ဖို့ဖြစ်ပါတယ်၊ အောက်ဆုံးကို ကျသွားဖို့ ပြိုင်ဆိုင်ရမှာမဟုတ်ပါဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောဆိုခဲ့ပါတယ်။

အမေရိကန် နဲ့ ဂျာမဏီတို့ရဲ့ အနာဂတ်ဆိုင်ရာဆွေးနွေးပွဲကို Muenster မြို့မှာကျင်းပခဲ့တာပါ။ ဒီမြိုနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးကမှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ ဒီမြို့ဟာ ဥရောပ အလယ်ခေတ် ၁၄ ရာစုလောက်ကတည်း ထောင်ခဲ့တဲ့ Hanseatic League ဒေသရဲ့အစိပ်အပိုင်းဖြစ်ပါတယ်။ ဒီဒေသဟာ ဥရောပရဲ့ကုန်သွယ်ရေးလမ်းကြောင်း အတွက်ထူထောင်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ လူတွေ၊ ထုတ်ကုန်တွေ၊ အကြံဉာဏ်တွေကို ချိတ်ဆက်ဖို့၊ ဆက်သွယ်ဖို့ ထူထောင်ခဲ့တဲ့မြို့ဖြစ်တယ်လို့ ဝန်ကြီး Blinken ကမှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG