Accessibility links

Breaking News

ကမာၻတလႊား ဘာသာေရးလြတ္လပ္ခြင့္အေပၚ အေမရိကန္သေဘာထား


Secretary of State Antony Blinken, left, listens as Ambassador-at-Large for International Religious Freedom Rashad Hussain speaks on the release of the 2021 International Religious Freedom Report, at the State Department, June 2, 2022, in Washington.
Secretary of State Antony Blinken, left, listens as Ambassador-at-Large for International Religious Freedom Rashad Hussain speaks on the release of the 2021 International Religious Freedom Report, at the State Department, June 2, 2022, in Washington.

အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနကေန ႏုိင္ငံတကာဘာသာေရးလြတ္လပ္ခြင့္ဆုိင္ရာ ႏွစ္ပတ္လည္ အစီရင္ခံစာတေစာင္ကုိမၾကာေသးမီကထုတ္ျပန္ခဲ့ပါတယ္။ ဒီအစီရင္ခံစာ ထဲမွာကမၻာအႏွံကမိမိယုံၾကည္တဲ့ဘာသာတရားကုိ ကုိးကြယ္ခြင့္ရပုိ႔ႀကိဳးပမ္းတဲ့ အတြက္ အသတ္ခံရသူေတြ အက်ဥ္းခ်ခံရသူေတြနဲ႔ပတ္သက္ၿပီးေဖၚျပထားပါတယ္။

ကမာၻတလႊား ဘာသာေရးလြတ္လပ္ခြင့္အေပၚ အေမရိကန္သေဘာထား

{{Zawgyi/Unicode}}
အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီးဌာနကေန ႏုိင္ငံတကာ ဘာသာေရး လြတ္လပ္ခြင့္ဆုိင္ရာ ႏွစ္ပတ္လည္ အစီရင္ခံစာတေစာင္ကုိ မၾကာေသးမီကထုတ္ျပန္ခဲ့ပါတယ္။ ဒီအစီရင္ခံစာ ထဲမွာကမၻာအႏွံ႔က မိမိယုံၾကည္တဲ့ ဘာသာတရားကုိ ကုိးကြယ္ခြင့္ရဖို႔ ႀကိဳးပမ္းတဲ့အတြက္ အသတ္ခံရသူေတြ၊ ရုိက္ႏွက္ညွင္းပန္းခံရသူေတြ၊ ၿခိမ္းေျခာက္ခံရသူေတြ၊ ေႏွာက္ယွက္ ခံရသူေတြ၊ အက်ဥ္းခ်ခံရသူေတြနဲ႔ ပတ္သက္ၿပီး ေဖၚျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ႔ ႏုိင္ငံတကာ ဘာသာေရး လြတ္လပ္ခြင့္ဆုိင္ရာ သံအမတ္ႀကီး Rashad Hussain က ဒီအစီရင္ခံစာထဲမွာ အဓိက အခ်က္သုံးခ်က္ကုိ ေဖၚျပထားပါတယ္။

“ပထမ တခ်က္အေနနဲ႔က အစုိးရအေတာ္မ်ားမ်ားဟာ ခဲြျခားဖိႏွိပ္တဲ့ ဥပေဒနဲ႔ မူ၀ါဒေတြ ကုိအသုံးျပဳၿပီး၊ ကုိယ့္ျပည္သူေတြကုိျပန္ၿပီးဖိႏွိပ္ပါတယ္။ မၾကာခင္ ႏွစ္ေတြအတြင္း ဘာသာေရးအရ Genocide လူမ်ိဳးတုန္းေအာင္လုပ္တဲ့ လုပ္ရပ္ႏွစ္ခုကုိက်ေနာ္တုိ႔ ေတြ႔ျမင္ခဲ့ရပါတယ္ ။ အဲဒါကေတာ့ တရုတ္နဲ႔ ျမန္မာျပည္မွာျဖစ္ပါတယ္။”

ၿပီးခဲ့တဲ့ႏွစ္ထဲ ပထမဆုံးအႀကိမ္ အထူးစုိးရိမ္ရတဲ႔ ႏုိင္ငံအျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ ရုရွားႏုိင္ငံမွာလည္း ဘာသာေရး လြတ္လပ္ခြင့္ ခ်ိဳးေဖါက္မႈေတြကို ႏွစ္ဆတုိးလုပ္ေဆာင္ခဲ့တယ္လုိ႔ သံအမတ္ႀကီး Hussain ကေျပာပါတယ္။ ရုရွားတရားရုံးေတြက ဘာသာေရး လြတ္လပ္ခြင့္ အသုံးျပဳသူေတြကုိ ျပင္းထန္တဲ့ ေထာင္ဒဏ္ေတြ ခ်မွတ္တာကုိ စံခ်ိန္တင္ေလာက္ေအာင္ ထပ္တုိးလုပ္ေဆာင္ေလ့ရွိပါတယ္။ ရုရွားအာဏာပုိင္ေတြက ဘာသာေရး အစြန္းေရာက္လုိ႔ သံသယရွိသေတြရဲ႔ ေနအိမ္ေတြကုိ ၀င္ေရာက္စီးနင္းမူေတြ ရာနဲ႔ခ်ီလုပ္ ေဆာင္ခဲ့ပါတယ္။ ဒီကိစၥ မွာမၾကာခဏဆုိသလုိ အၾကမ္းဖက္မႈေတြပါ၀င္ပါတယ္။

ေနာက္အဓိက အခ်က္တခုအေနနဲ႔ အစီရင္ခံစာမွာ ေဖၚျပထားတာကေတာ့ လူမႈေရးအရ ရန္လုိမႈေတြနဲ႔ အမုန္းတရားေတြဟာ ကမၻာအႏွံက ပဋိပကၡေတြနဲ႔ အၾကမ္းဖက္ တုိက္ခုိက္မႈေတြကုိပုိဆုိးသြားေအာင္ မီးထုိးေပးေနတယ္လို႔ေဖၚျပထားပါတယ္။ အစိုးရေတြအေနနဲ႔ ဒါေတြကုိၿငိမ္ၿပီး ထုိင္ၾကည့္ေနလုိ႔ မရပါဘူးလုိ႔ သံအမတ္ႀကီး ဟူစိန္ကေျပာပါတယ္။

“ ႏုိင္ငံအေတာ္မ်ားမ်ားမွာ ဂ်ဴးဆန္႔က်င္ေရး၊ မြတ္ဆလင္ဆန္႔က်င္ေရးနဲ႔ မတူကဲြျပားမႈေတြေပၚမွာ ဆန္႔က်င္တာေတြတုိးလာေနပါတယ္။ ဒီမုိကေရစီဟာ ေနာက္ျပန္ေလ်ာက်လာေနၿပီး၊ အမ်ိဳးသားေရး၀ါဒေတြ ေခါင္းေထာင္လာေနပါတယ္။ မူရင္းေနထုိင္သူအေရးကုိ အားေပးၿပီး၊ ေရႊ႔ေျပာင္း၀င္ေရာက္လာသူေတြကုိ ဆန္႔က်င္တဲ့ေျပာဆုိမႈေတြ၊ ဆန္႔က်င္တဲ့ မူ၀ါဒေတြကုိအေျခခံၿပီး မတူညီတဲ့ လူမ်ိဳးစုေတြအေပၚ၊ ဘာသာေရးအရ လူနည္းစုေတြေပၚ၊ သမုိင္းအစဥ္အဆက္အရ ခဲြျခားကန္႔သတ္ခံထားရတဲ့သူေတြအေပၚ အၾကမ္းဖက္တုိက္ ခုိက္တာေတြကုိက်ဴးလြန္လာၾကပါတယ္။”

တတိယအခ်က္ အေနနဲ႔ကေတာ့ ေကာင္းတဲ့အခ်က္တခုကုိ ေထာက္ျပထားပါတယ္။ အရပ္ဖက္အဖဲြ႔အစည္းေတြ၊ အစုိးရေတြနဲ႔ အမ်ိဳးမ်ိဳးေသာ အင္အာစုေတြအၾကား ပူးေပါင္း ေဆာင္ရြက္မႈေတြေၾကာင့္ အေျခအေနတုိးတက္ေကာင္းမြန္ လာတာေတြရွိေနၿပီး၊ ဒီရႈတ္ေထြးတဲ့ စိန္ေခၚမႈေတြကုိ ေျဖရွင္းေဆာင္ရြက္ႏုိင္မယ့္လို႔ ေမွ်ာ္လင့္ခ်က္ကုိ ျဖစ္ေပၚေစတယ္လုိ႔ သံအမတ္ႀကီး Hussain ကေျပာပါတယ္။

“ လြတ္လပ္ၿပီး အားေကာင္းတဲ့ အရပ္ဖက္လူမႈအဖဲြ႔အစည္းေတြဟာ ဒီျပႆနာေတြကုိ ေျဖရွင္းရာမွာ အစိုးရေတြကူညီၾကပါတယ္။ ဒါ့အျပင္ ဒီျပႆနာရပ္ေတြနဲ႔ ပတ္သက္ၿပီး အမ်ားျပည္သူကုိလည္း မွန္မွန္ကန္ကန္ သိျမင္လာေအာင္ လုပ္ေဆာင္ေပးႏုိင္ၾကပါတယ္” လုိ႔ သံအမတ္ႀကီးဟူစိန္ကေျပာပါတယ္။

အရပ္ဖက္ လူမႈအဖဲြ႔အစည္းေတြ ရွင္သန္တဲ့ေနရာေတြမွာ၊ အစိုးရေတြဟာ ပုိၿပီးထင္သာ ျမင္သာမႈရွိရွိနဲ႔ တာ၀န္ခံမႈရွိရွိလုပ္ၾကပါတယ္။ ဒါေတြဟာ ျပည္သူေတြရဲ႔ ေန႔စဥ္ဘ၀ေတြ အေပၚမွာထင္ထင္ရွားရွား သက္ေရာက္မႈရွိပါတယ္။

“က်ေနာ္တုိ႔ရဲ႔ အႀကီးမားဆုံး ေမွ်ာ္လင့္ခ်က္ကေတာ့ က်ေနာ္တုိ႔ အတူတကြ ပူးေပါင္းလုပ္ေဆာင္ၿပီး ကမၻာအႏွံ႔ ဘာသာတရားနဲ႔ ယုံၾကည္မႈဆုိင္ရာ လြတ္လပ္ခြင့္ကုိ ေလးစားလုိက္နာ လာေအာင္လုပ္ေဆာင္ဖို႔ပါပဲ ။ ကုိယ္ယုံၾကည္ရာကုိ ကုိးကြယ္ခြင့္ရဖုိ႔အတြက္ က်ေနာ္တုိ႔ဟာျပည္သူအားလုံးနဲ႔ အတူတကြ ဆက္လက္ရပ္တည္သြားမွာပါ”လုိ႔ သံအမတ္ႀကီး ဟူစိန္ကေျပာဆုိခဲ့ပါတယ္။

..............................................................

ကမ္ဘာတလွှား ဘာသာရေးလွတ်လပ်ခွင့်အပေါ် အမေရိကန်သဘောထား

{{Zawgyi/Unicode}}

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတစောင်ကိုမကြာသေးမီကထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာ ထဲမှာကမ္ဘာအနှံကမိမိယုံကြည်တဲ့ဘာသာတရားကို ကိုးကွယ်ခွင့်ရပို့ကြိုးပမ်းတဲ့ အတွက် အသတ်ခံရသူတွေ၊ ရိုက်နှက်ညှင်းပန်းခံရသူတွေ၊ ခြိမ်းခြောက်ခံရသူတွေ၊ နှောက်ယှက် ခံရသူတွေ၊ အကျဉ်းချခံရသူတွေနဲ့ပတ်သက်ပြီးဖေါ်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Rashad Hussain က ဒီအစီရင်ခံစာထဲမှာ အဓိကအချက်သုံးချက်ကို ဖေါ်ပြထားပါ တယ်။

“ပထမ တချက်အနေနဲ့က အစိုးရအတော်များများဟာ ခွဲခြားဖိနှိပ်တဲ့ ဥပဒေနဲ့မူဝါဒတွေ ကိုအသုံးပြုပြီး၊ ကိုယ့်ပြည်သူတွေကိုပြန်ပြီးဖိနှိပ်ပါတယ်။ မကြာသေးမိနှစ်တွေအတွင်း ဘာသာရေးအရ Genocide လူမျိုးတုန်းအောင်လုပ်တဲ့ လုပ်ရပ်နှစ်ခုကိုကျနော်တို့ တွေ့မြင်ခဲ့ရပါတယ် ၊ အဲဒါကတော့တရုတ်နဲ့မြန်မာပြည်မှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့နှစ်ထဲပထမဆုံးအကြိမ် အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ရုရှား နိုင်ငံမှာလည်းဘာသာရေးလွတ်လပ်ခွင့်ချိုးဖေါက်မှုတွေကိုနှစ်ဆတိုးလုပ်ဆောင်ခဲ့တယ်လို့ သံအမတ်ကြီး Hussain ကပြောပါတယ်။ ရုရှားတရားရုံးတွေက ဘာသာရေးလွတ် လပ်ခွင့်အသုံးပြုသူတွေကို ပြင်းထန်တဲ့ထောင်ဒါဏ်တွေချမှတ်တာကိုစံချိန်တင်လောက် အောင်ထပ်တိုးလုပ်ဆောင်လေ့ရှိပါတယ်။ ရုရှားအာဏာပိုင်တွေက ဘာသာရေး အစွန်းရောက်လို့သံသယရှိသတွေရဲ့နေအိမ်တွေကိုဝင်ရောက်စီးနင်းမှုတွေ ရာနဲ့ချီလုပ် ဆောင်ခဲ့ပါတယ်။ ဒီကိစ္စ မှာမကြာခဏဆိုသလို အကြမ်းဖက်မှုတွေပါဝင်ပါတယ်။

နောက်အဓိကအချက်တခုအနေနဲ့အစီရင်ခံစာမှာဖေါ်ပြထားတာကတော့ လူမှုရေးအရ ရန်လိုမှုတွေနဲ့အမုန်းတရားတွေဟာ ကမ္ဘာအနှံက ပဋိပက္ခတွေနဲ့အကြမ်းဖက်တိုက်ခိုက် မှုတွေကိုပိုဆိုးသွားအောင်မီးထိုးပေးနေတယ်လို့ဖေါ်ပြထားပါတယ်။ အစိုးရတွေအနေနဲ့ ဒါတွေကိုငြိမ်ပြီးထိုင်ကြည့်နေလို့မရပါဘူးလို့သံအမတ်ကြီး ဟူစိန်ကပြောပါတယ်။

“ နိုင်ငံအတော်များများမှာ ဂျူးဆန့်ကျင်ရေး၊ မွတ်ဆလင်ဆန့်ကျင်ရေးနဲ့ မတူကွဲပြားမှုေ တွပေါ်မှာဆန့်ကျင်တာတွေတိုးလာနေပါတယ်။ ဒီမိုကရေစီဟာနောက်ပြန်လျောကျလာ နေပြီး၊ အမျိုးသားရေးဝါဒတွေခေါင်းထောင်လာနေပါတယ်။ မူရင်းနေထိုင်သူ အရေးကို အားပေးပြီး၊ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကိုဆန့်ကျင်တဲ့ပြောဆိုမှုတွေ၊ ဆန့်ကျင်တဲ့ မူဝါဒတွေကိုအခြေခံပြီး မတူညီတဲ့လူမျိုးစုတွေအပေါ်၊ ဘာရေးအရလူနည်းစုတွေပေါ်၊ သမိုင်းအစဉ်အဆက်အရခွဲခြားကန့်သတ်ခံထားရတဲ့သူတွေအပေါ် အကြမ်းဖက်တိုက် ခိုက်တာတွေကိုကျူးလွန်လာကြပါတယ်။”

တတိယအချက်အနေနဲ့ကတော့ ကောင်းတဲ့အချက်တခုကိုထောက်ပြထားပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ အမျိုးမျိုးသောအင်အာစုတွေ အကြားပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် အခြေအနေတိုးတက်ကောင်းမွန်လာတာတွေရှိနေပြီး၊ ဒီရှုတ် ထွေးတဲ့စိန်ခေါ်မှုတွေကိုဖြေရှင်းဆောင်ရွက်နိုင်မယ့်မျှော်လင့်ချက်ကိုဖြစ်ပေါ်စေတယ်လို့ သံအမတ်ကြီး Hussain ကပြောပါတယ်။

“ လွတ်လပ်ပြီးအားကောင်းတဲ့အရပ်ဖက်လူမှုအဖွဲ့အစည်းတွေဟာ ဒီပြဿနာတွေကို ဖြေရှင်းရာမှာအစိုးရတွေကူညီကြပါတယ်။ ဒါ့အပြင် ဒီပြဿနာရပ်တွေနဲ့ ပတ်သက်ပြီး အများပြည်သူကိုလည်း မှန်မှန်ကန်ကန်သိမြင်လာအောင်လုပ်ဆောင်ပေးနိုင်ကြ ပါတယ်” လို့ သံအမတ်ကြီးဟူစိန်ကပြောပါတယ်။

အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရှင်သန်တဲ့နေရာတွေမှာ၊ အစိုးရတွေဟာပိုပြီးထင်သာ မြင်သာမှုရှိရှိနဲ့တာဝန်ခံမှုရှိရှိလုပ်ကြပါတယ်၊ ဒါတွေဟာ ပြည်သူတွေရဲ့နေ့စဉ်ဘဝတွေ အပေါ်မှာထင်ထင်ရှားရှားသက်ရောက်မှုရှိပါတယ်။

“ကျနော်တို့ရဲ့အကြီးမားဆုံးမျှော်လင့်ချက်ကတော့ ကျနော်တို့အတူတကွပူးပေါင်းလုပ် ဆောင်ပြီး ကမ္ဘာအနှံဘာသာတရားနဲ့ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်ကို လေးစားလိုက် နာလာအောင်လုပ်ဆောင်ဖို့ပါဘဲ။ ကိုယ်ယုံကြည်ရာကိုကိုးကွယ်ခွင့်ရဖို့အတွက် ကျနော် တို့ဟာပြည်သူအားလုံးနဲ့အတူတကွဆက်လက်ရပ်တည်သွားမှာပါ”လို့ သံအမတ်ကြီး ဟူစိန်ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG