Accessibility links

Breaking News

ဘာသာေရးလြတ္လပ္ခြင္႔ အတြက္ အေမရိကန္က ဆက္လက္ ဦးေဆာင္သြားမည္ 


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Blinken
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Blinken

(Zawgyi/Unicode)

ဘာသာေရးလြတ္လပ္ခြင္႔ဆိုတာ အျခားေသာ လူ႔အခြင္႔အေရးမ်ားနည္းတူ လူသားတိုင္းရပိုင္ခြင္႔ ျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန လူ႔အခြင္႔အေရး ႏွစ္ပတ္လည္ အစီရင္ခံစာထဲမွာ ဝန္ႀကီး Blinken က ထည္႔သြင္းေၾကညာလိုက္ပါတယ္။

“… လူသားတိုင္းဟာ ဘယ္ေနရာမွာ ေနေန၊ ဘယ္ဘာသာအယူဝါဒကို ျဖစ္ျဖစ္ ကိုးကြယ္ယံုၾကည္ျခင္း ၊ မကိုးကြယ္ မယံုၾကည္ျခင္း ဆိုတာဟာ သူတို႔အလ္ိုအတိုင္းျဖစ္ရမယ္။ အျခားေသာ လူ႔အခြင္႔အေရးေတြကို ေလးစားလိုက္နာမႈမရွိရင္ ဘာသာေရး လြတ္ခြင္႔ကိုလည္း အျပည္႔အဝ အေကာင္အထည္ေဖာ္ႏိုင္မွာ မဟုတ္ဘူး၊ ျပည္သူလူထုရဲ႕ လြတ္လပ္စြာ က်င္႔ႀကံ ကိုးကြယ္ခြင္႔ကို အစိုးရ ေတြက ခ်ိဳးေဖာက္ေနရင္ က်န္လူ႔အခြင္႔အေရးေတြအားလံုးကို အႏၱရာယ္က်ေရာက္ေစတယ္..” လို႔ ဝန္ႀကီး Blinken က ဆိုပါတယ္။

ကမၻာတဝွမ္းက ျပည္သူမ်ားစြာတို႔ဟာ ဘာသာေရးလြတ္လပ္ခြင္႔နဲ႔ အလွမ္းေဝးေနဆဲျဖစ္ပါတယ္။ Pew သုေတသနဌာနရဲ႕ ေလ႔လာခ်က္အရ ႏိုင္ငံေပါင္း ၅၆ ႏိုင္ငံမွာ ဘာသာေရးလြတ္လပ္ခြင္႔ဟာ ျမင္႔ျမင္႔မားမား ဒါမွမဟုတ္ ျပင္းျပင္းထန္ထန္ တားျဖစ္ခံေနရပါတယ္။

အီရန္အုပ္စိုးသူေတြဟာ ခရစ္ယာန္၊ ဘဟာရီ၊ ဂ်ဴး၊ Zoroastrians၊ ဆြန္နီ နဲ႔ ဆူဖီ မြတ္ဆလင္ တို႔ အပါအ၀င္ ဘာသာေရးလူနည္းစုေတြကို ဆက္လက္ ၿခိမ္းေျခာက္ ေႏွာက္ယွက္ ဖမ္းဆီးေနပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြဟာ မြတ္ဆလင္ရိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးစုလိုက္ ရွင္းလင္းဖယ္ရွားမႈ နဲ႔ အျခားရက္စက္မႈေတြ က်ဴးလြန္ရာမွာပါ၀င္သူေတြျဖစ္ပါတယ္။

ရုရွားႏိုင္ငံမွာ အာဏာပိုင္ေတြဟာ မြတ္ဆလင္လူနည္းစုေတြ နဲ႔ ေယေဟာဝသက္ေသခံ (Jehovah's Witnesses) ေတြကို အၾကမ္းဖက္မႈ လုပ္ႀကံစြပ္စြဲခ်က္ေတြနဲ႔ ေႏွာက္ယွက္ဖမ္းဆီး ၿပီး သူတို႔ရဲ႕ ကိုယ္ပိုင္ပစၥည္းဥစၥာေတြကို သိမ္းဆည္းေနဆဲျဖစ္ပါတယ္။

ေဆာ္ဒီအာေရဗ်ႏိုင္ငံဟာ ခရစ္ယာန္ဘာသာဝင္ တသန္းေက်ာ္ေနထိုင္ေနတဲ႔ ႏိုင္ငံျဖစ္ေပမဲ႔ ခရစ္ယာန္ဘုရားေက်ာင္းတေက်ာင္းမွ မရွိတဲ႔ တခုတည္းေသာႏိုင္ငံျဖစ္ပါတယ္။

တရုတ္ျပည္သူ႔သမၼတႏိုင္ငံ ဟာဆိုရင္လဲ ဘာသာကိုးကြယ္မႈဆိုင္ရာ ေဖာ္ထုတ္ျခင္းကို ရာဇဝတ္မႈအျဖစ္ က်ယ္က်ယ္ျပန္႔ျပန္႔သတ္မွတ္ထားၿပီး Xinjing နယ္က ဝွီဂါမြတ္ဆလင္ေတြ အပါအဝင္ ဘာသာျခားနဲ႔ တိုင္းရင္းသားလူနည္းစုေတြအေပၚ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ႔ ျပစ္မႈေတြနဲ႔ လူမ်ိဳးတံုးသတ္ျဖတ္မႈေတြကို ဆက္လက္က်ဴးလြန္ေနပါတယ္။

တခ်ိဳ႔ႏိုင္ငံေတြကေတာ႔ ဘာသာေရးလြတ္လပ္ခြင္႔ကို ေလးစားမႈျပသလာတယ္လို႔လဲ ဝန္ႀကီး Blinken ကဆိုပါတယ္။

“… ဆူဒန္ႏိုင္ငံမွာ အရပ္သားဦးေဆာင္တဲ႔ ၾကားျဖတ္အစိုးရဟာ ဘာသာျခားလူနည္းစုေတြကို ျပႆနာရွာ ေႏွာက္ယွက္ရာမွာ အသံုးခ်ေနတဲ႔ ႏိုင္ငံေရးဝါဒနဲ႔ ဥပေဒေတြ အမိန္႔ေတြကို ယမန္ႏွစ္က ျပန္လည္ရုပ္သိမ္းခဲ႔ပါတယ္။ အူဇဘက္ကစၥတန္ အစိုးရကလဲ ဘာသာအယူဝါဒေၾကာင္႔ ေထာင္ခ် ခံေနရတဲ႔ ရာနဲ႔ခ်ီတဲ႔လူေတြကို ျပန္လႊတ္ခဲ႔ပါတယ္။ တာ႔ခ္ေမနစၥတန္ႏိုင္ငံမွာဆိုရင္လဲ ဘာသာတရား အရ စစ္မႈထမ္းဖို႔ ဘာသာယံုၾကည္မႈအရ ျငင္းဆန္ခဲ႔တဲ႔ ေယေဟာဝသက္ေသခံ ၁၆ ဦးကိုျပန္လႊတ္ခဲ႔ပါတယ္။…”

ဘာသာေရးလြတ္လပ္မႈအတြက္ အေမရိကန္ရဲ႕ ရွည္လ်ားတဲ႔ ဦးေဆာင္မႈကို ဆက္လက္ ထိန္းသိမ္းသြားမယ္၊ ဘာသာကိုးကြယ္မႈအေျချပဳ အမုန္းတရားေတြ ခြဲျခားဆက္ဆံမႈေတြအားလံုးကို တိုက္ဖ်က္ႏိုင္ဖို႔အတြက္ လူ႔အခြင္႔အေရးလႈပ္ရွားသူေတြ ဘာသာေရးအသိုက္အဝန္းေတြနဲ႔ ဆက္လက္ၿပီး ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔လဲ ဝန္ႀကီး Blinken က ေျပာၾကားေၾကာင္းပါ ။

............

ဘာသာရေးလွတ်လပ်ခွင့် အတွက် အမေရိကန်က ဆက်လက် ဦးဆောင်သွားမည်

(Unicode)

ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ အခြားသော လူ့အခွင့်အရေးများနည်းတူ လူသားတိုင်းရပိုင်ခွင့် ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန လူ့အခွင့်အရေး နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဝန်ကြီး Blinken က ထည့်သွင်းကြေညာလိုက်ပါတယ်။

“… လူသားတိုင်းဟာ ဘယ်နေရာမှာ နေနေ၊ ဘယ်ဘာသာအယူဝါဒကို ဖြစ်ဖြစ် ကိုးကွယ်ယုံကြည်ခြင်း ၊ မကိုးကွယ် မယုံကြည်ခြင်း ဆိုတာဟာ သူတို့အလိုအတိုင်းဖြစ်ရမယ်။ အခြားသော လူ့အခွင့်အရေးတွေကို လေးစားလိုက်နာမှုမရှိရင် ဘာသာရေး လွတ်ခွင့်ကိုလည်း အပြည့်အဝ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး၊ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ကျင့်ကြံ ကိုးကွယ်ခွင့်ကို အစိုးရ တွေက ချိုးဖောက်နေရင် ကျန်လူ့အခွင့်အရေးတွေအားလုံးကို အန္တရာယ်ကျရောက်စေတယ်..” လို့ ဝန်ကြီး Blinken က ဆိုပါတယ်။

ကမ္ဘာတဝှမ်းက ပြည်သူများစွာတို့ဟာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ Pew သုတေသနဌာနရဲ့ လေ့လာချက်အရ နိုင်ငံပေါင်း ၅၆ နိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ဟာ မြင့်မြင့်မားမား ဒါမှမဟုတ် ပြင်းပြင်းထန်ထန် တားဖြစ်ခံနေရပါတယ်။

အီရန်အုပ်စိုးသူတွေဟာ ခရစ်ယာန်၊ ဘဟာရီ၊ ဂျူး၊ ဇိုရိုအက်စတေရီးဟန်း (Zoroastrians)၊ ဆွန်နီ နဲ့ ဆူဖီ မွတ်ဆလင် တို့ အပါအဝင် ဘာသာရေးလူနည်းစုတွေကို ဆက်လက် ခြိမ်းခြောက် နှောက်ယှက် ဖမ်းဆီးနေပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ မွတ်ဆလင်ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှု နဲ့ အခြားရက်စက်မှုတွေ ကျူးလွန်ရာမှာပါဝင်သူတွေဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ အာဏာပိုင်တွေဟာ မွတ်ဆလင်လူနည်းစုတွေ နဲ့ ယေဟောဝသက်သေခံ (Jehovah's Witnesses) တွေကို အကြမ်းဖက်မှု လုပ်ကြံစွပ်စွဲချက်တွေနဲ့ နှောက်ယှက်ဖမ်းဆီး ပြီး သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းနေဆဲဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံဟာ ခရစ်ယာန်ဘာသာဝင် တသန်းကျော်နေထိုင်နေတဲ့ နိုင်ငံဖြစ်ပေမဲ့ ခရစ်ယာန်ဘုရားကျောင်းတကျောင်းမှ မရှိတဲ့ တခုတည်းသောနိုင်ငံဖြစ်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟာဆိုရင်လဲ ဘာသာကိုးကွယ်မှုဆိုင်ရာ ဖော်ထုတ်ခြင်းကို ရာဇဝတ်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ထားပြီး Xinjing နယ်က ဝှီဂါမွတ်ဆလင်တွေ အပါအဝင် ဘာသာခြားနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဆက်လက်ကျူးလွန်နေပါတယ်။

တချို့နိုင်ငံတွေကတော့ ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားမှုပြသလာတယ်လို့လဲ ဝန်ကြီး Blinken ကဆိုပါတယ်။

“… ဆူဒန်နိုင်ငံမှာ အရပ်သားဦးဆောင်တဲ့ ကြားဖြတ်အစိုးရဟာ ဘာသာခြားလူနည်းစုတွေကို ပြဿနာရှာ နှောက်ယှက်ရာမှာ အသုံးချနေတဲ့ နိုင်ငံရေးဝါဒနဲ့ ဥပဒေတွေ အမိန့်တွေကို ယမန်နှစ်က ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ အူဇဘက်ကစ္စတန် အစိုးရကလဲ ဘာသာအယူဝါဒကြောင့် ထောင်ချ ခံနေရတဲ့ ရာနဲ့ချီတဲ့လူတွေကို ပြန်လွှတ်ခဲ့ပါတယ်။ တာ့ခ်မေနစ္စတန်နိုင်ငံမှာဆိုရင်လဲ ဘာသာတရား အရ စစ်မှုထမ်းဖို့ ဘာသာယုံကြည်မှုအရ ငြင်းဆန်ခဲ့တဲ့ ယေဟောဝသက်သေခံ ၁၆ ဦးကိုပြန်လွှတ်ခဲ့ပါတယ်။…”

ဘာသာရေးလွတ်လပ်မှုအတွက် အမေရိကန်ရဲ့ ရှည်လျားတဲ့ ဦးဆောင်မှုကို ဆက်လက် ထိန်းသိမ်းသွားမယ်၊ ဘာသာကိုးကွယ်မှုအခြေပြု အမုန်းတရားတွေ ခွဲခြားဆက်ဆံမှုတွေအားလုံးကို တိုက်ဖျက်နိုင်ဖို့အတွက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဘာသာရေးအသိုက်အဝန်းတွေနဲ့ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့လဲ ဝန်ကြီး Blinken က ပြောကြားကြောင်းပါ ။

XS
SM
MD
LG