Accessibility links

Breaking News

ကန္၀န္ႀကီး ဂ်ပန္ခရီးစဥ္အတြင္း ျမန္မာ႔အေရး ထည္႔သြင္းေဆြးေႏြး


အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဂ်ပန္ခရီးစဥ္
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဂ်ပန္ခရီးစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္ အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္နဲ႔ ဂ်ပန္မဟာမိတ္ဆက္ဆံေရးအတြက္ အေမရိကန္ျပည္ေထာင္စုက အေလးအနက္ သႏၷိ႒ာန္ခ်မွတ္ထားပါတယ္။ မၾကာခင္က အဲဒီေဒသတြင္း ခရီးထြက္ခဲ့တဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီးယားလက္နက္အစီအစဥ္နဲ႔ ေဒသတခြင္ ပင္လယ္ေရေၾကာင္း လံုၿခံဳေရးအပါအဝင္ အဓိကက်တဲ့ လံုၿခံဳေရးဆိုင္ရာ စိုးရိမ္မကင္းစရာကိစၥေတြ နဲ႔ ပတ္သက္ၿပီး ဂ်ပန္ႏိုင္ငံက တာဝန္ရွိသူေတြနဲ႔ အတူ ေဆြးေႏြးခဲ့ပါတယ္။ အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံတို႔ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြထဲမွာ ရာသီဥတုရာသီအေျပာင္းအလဲနဲ႔ Cyber အင္တာနက္လံုၿခံဳေရး စတဲ့ဦးစားေပးရမယ့္ ကိစၥရပ္ေတြလည္းပါဝင္ပါတယ္။

အေမရိကန္ျပည္ေထာင္စုနဲ႔ ဂ်ပန္ႏိုင္ငံဟာ၊ ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ တရားဥပေဒ စိုးမိုးေရး တိုးတက္ေအာင္ ေဆာင္က်ဥ္းဖို႔သႏၷိ႒ာန္ခ်မွတ္ထားပါတယ္။ ဒါေပမဲ့ ဒီေဒသအပါအဝင္ ေနရာအေတာ္မ်ားမ်ားမွာ ဒီစံတန္ဖိုးေတြ ေလ်ာ့က်သြားမယ့္ အႏၱရာယ္ရွိေနတယ္လို႔ ဝန္ႀကီး Blinken က အခုလိုေျပာပါတယ္။

“ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနည္းက် က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲရလဒ္ကို စစ္တပ္က ပ်က္ျပယ္ေအာင္ လုပ္ေနၿပီး ၊ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖၚသူေတြကို ရက္ရက္စက္စက္ ႏွိပ္ကြပ္ေနပါတယ္။တရုတ္ႏိုင္ငံကလည္း ေဟာင္ေကာင္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးကို ထိပါးေအာင္ အကြက္ခ်ၿပီး အၾကပ္ကိုင္ ဖိအားေပးေနသလို၊ ထိုင္ဝမ္ရဲ႕ ဒီမိုကေရစီေရးကို ေႏွာက္ယွက္၊ ရွင္က်န္းနဲ႔ တိဘက္ေဒသမွာ လူ႔အခြင့္အေရးေတြ ခ်ိဳးေဖာက္၊ ႏိုင္ငံတကာ ဥပေဒေတြကို မလိုက္နာဘဲ ေဖာက္ဖ်က္ၿပီး၊ ေတာင္တရုတ္ပင္လယ္အတြင္း နယ္ေျမေတြကိုပါ ပိုင္ဆိုင္ေၾကာင္း ေျပာေနတာေတြ ရွိတယ္” လို႔ ဝန္ႀကီး Blinken က ေျပာသြားတာပါ။

လြတ္လပ္ၿပီး ပြင့္လင္းတဲ့ အင္ဒို-ပစိဖိတ္ေဒသအျဖစ္ ေမွ်ာ္မွန္းၿပီး က်ေနာ္တို႔ အတူတကြ စည္းလံုးညီညြတ္စြာ ရပ္တည္ၾကပါတယ္။ ႏိုင္ငံေတြအၾကား မတူကြဲျပားမႈေတြကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းၾကမယ္၊ တရားဥပေဒကို ေလးစား လိုက္နာၾကမယ္၊ တတ္ႏိုင္သမွ် ပူးေပါင္းေဆာင္ရြက္ ၾကမွာျဖစ္တယ္လို႔ ဝန္ႀကီး Blinken ကေျပာပါတယ္။

“အင္ဒို-ပစိဖိတ္ေဒသဟာ ကမၻာ့ ပထဝီႏိုင္ငံေရးရဲ႕ ဗဟိုအခ်က္အခ်ာက်မႈ ေရခ်ိန္ တိုးလာတာနဲ႔အမွ်အထူးသျဖင့္ တရုတ္က အဓမၼ တြန္းတြန္းတိုက္တိုက္ လုပ္ခဲ့ရင္၊ လိုအပ္ပါက က်ေနာ္တို႔က ျပန္တြန္းထုတ္ရပါလိမ့္မယ္။ ၂၁ ရာစုရဲ႕ သမိုင္းမွာ ေရးစရာေတြအမ်ားႀကီး က်န္ရစ္မွာပါ။ဒီသမိုင္းမွာ ဘယ္လို အခန္းကေန ပါဝင္သင့္သလဲ ဆိုတာကို အၿပိဳင္အဆိုင္ အေတြးကိုယ္စီ ရွိၾကပါတယ္။က်ေနာ္တို႔ျပည္သူေတြအားလံုးရဲ႕ သာယာဝေျပာေရးနဲ႔ လံုၿခံဳေရးအတြက္၊ က်ေနာ္တို႔ရဲ႕ အေျခခိုင္မာတဲ့ စံတန္ဖိုးေတြနဲ႔ အညီ၊ မဟာမိတ္ေတြ၊ မိတ္ဖက္ေတြနဲ႔အတူ၊ ဂ်ပန္နဲ႔ အေမရိကန္ျပည္ေထာင္စုဟာ ခိုင္မာတဲ့ အသိပညာေပးသူေတြအျဖစ္ အတူတကြ ခ်ဥ္းကပ္သြားၾကမွာျဖစ္ပါတယ္လို႔ ဝန္ႀကီး Blinken က ေျပာသြားတာပါ။”

ဂ်ပန္နဲ႔ အေမရိကန္အၾကား ခ်စ္ၾကည္ေရးဟာ ယံုၾကည္မႈနဲ႔ ႀကံ့ႀကံ့ခံႏိုင္စြမ္းရွိၿပီး အနာဂတ္အတြက္ အတူတကြ ေရွ႔ရႈၾကမွာျဖစ္ပါတယ္။ ခံႏိုင္စြမ္းရွိရံုတင္မက၊ တိုးတက္လာမွာလည္းျဖစ္ပါတယ္။ က်ေနာ္တို႔ျပည္သူအားလံုးအတြက္၊ ခိုင္မာၿပီး က်န္းမာသန္စြမ္းတဲ့ အနာဂတ္ကို အတူတကြ တည္ေဆာက္ၾကမွာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကေျပာဆိုလိုက္ေၾကာင္းပါ။

...........

ကန်ဝန်ကြီး ဂျပန်ခရီးစဉ်အတွင်း မြန်မာ့အရေး ထည့်သွင်းဆွေးနွေး

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင် အာဘော်ကို တင်ပြပါမယ်။

အမေရိကန်နဲ့ ဂျပန်မဟာမိတ်ဆက်ဆံရေးအတွက် အမေရိကန်ပြည်ထောင်စုက အလေးအနက် သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။ မကြာခင်က အဲဒီဒေသတွင်း ခရီးထွက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကမြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ်နဲ့ ဒေသတခွင် ပင်လယ်ရေကြောင်း လုံခြုံရေးအပါအဝင် အဓိကကျတဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မကင်းစရာကိစ္စတွေ နဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံက တာဝန်ရှိသူတွေနဲ့ အတူ ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာ ရာသီဥတုရာသီအပြောင်းအလဲနဲ့ Cyber အင်တာနက်လုံခြုံရေး စတဲ့ဦးစားပေးရမယ့် ကိစ္စရပ်တွေလည်းပါဝင်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံဟာ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး တိုးတက်အောင် ဆောင်ကျဉ်းဖို့သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။ ဒါပေမဲ့ ဒီဒေသအပါအဝင် နေရာအတော်များများမှာ ဒီစံတန်ဖိုးတွေ လျော့ကျသွားမယ့် အန္တရာယ်ရှိနေတယ်လို့ ဝန်ကြီး Blinken က အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ပျက်ပြယ်အောင် လုပ်နေပြီး ၊ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်နေပါတယ်။တရုတ်နိုင်ငံကလည်း ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိပါးအောင် အကွက်ချပြီး အကြပ်ကိုင် ဖိအားပေးနေသလို၊ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီရေးကို နှောက်ယှက်၊ ရှင်ကျန်းနဲ့ တိဘက်ဒေသမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်၊ နိုင်ငံတကာ ဥပဒေတွေကို မလိုက်နာဘဲ ဖောက်ဖျက်ပြီး၊ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေတွေကိုပါ ပိုင်ဆိုင်ကြောင်း ပြောနေတာတွေ ရှိတယ်” လို့ ဝန်ကြီး Blinken က ပြောသွားတာပါ။

လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသအဖြစ် မျှော်မှန်းပြီး ကျနော်တို့ အတူတကွ စည်းလုံးညီညွတ်စွာ ရပ်တည်ကြပါတယ်။ နိုင်ငံတွေအကြား မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းကြမယ်၊ တရားဥပဒေကို လေးစား လိုက်နာကြမယ်၊ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက် ကြမှာဖြစ်တယ်လို့ ဝန်ကြီး Blinken ကပြောပါတယ်။

“အင်ဒို-ပစိဖိတ်ဒေသဟာ ကမ္ဘာ့ ပထဝီနိုင်ငံရေးရဲ့ ဗဟိုအချက်အချာကျမှု ရေချိန် တိုးလာတာနဲ့အမျှအထူးသဖြင့် တရုတ်က အဓမ္မ တွန်းတွန်းတိုက်တိုက် လုပ်ခဲ့ရင်၊ လိုအပ်ပါက ကျနော်တို့က ပြန်တွန်းထုတ်ရပါလိမ့်မယ်။ ၂၁ ရာစုရဲ့ သမိုင်းမှာ ရေးစရာတွေအများကြီး ကျန်ရစ်မှာပါ။ဒီသမိုင်းမှာ ဘယ်လို အခန်းကနေ ပါဝင်သင့်သလဲ ဆိုတာကို အပြိုင်အဆိုင် အတွေးကိုယ်စီ ရှိကြပါတယ်။ကျနော်တို့ပြည်သူတွေအားလုံးရဲ့ သာယာဝပြောရေးနဲ့ လုံခြုံရေးအတွက်၊ ကျနော်တို့ရဲ့ အခြေခိုင်မာတဲ့ စံတန်ဖိုးတွေနဲ့ အညီ၊ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့အတူ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုဟာ ခိုင်မာတဲ့ အသိပညာပေးသူတွေအဖြစ် အတူတကွ ချဉ်းကပ်သွားကြမှာဖြစ်ပါတယ်လို့ ဝန်ကြီး Blinken က ပြောသွားတာပါ။”

ဂျပန်နဲ့ အမေရိကန်အကြား ချစ်ကြည်ရေးဟာ ယုံကြည်မှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး အနာဂတ်အတွက် အတူတကွ ရှေ့ရှုကြမှာဖြစ်ပါတယ်။ ခံနိုင်စွမ်းရှိရုံတင်မက၊ တိုးတက်လာမှာလည်းဖြစ်ပါတယ်။ ကျနော်တို့ပြည်သူအားလုံးအတွက်၊ ခိုင်မာပြီး ကျန်းမာသန်စွမ်းတဲ့ အနာဂတ်ကို အတူတကွ တည်ဆောက်ကြမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG