Accessibility links

Breaking News

မူးယစ္ေဆးေမွာင္ခိုမႈ တိုက္ဖ်က္ေရး ႏိုင္ငံတကာနဲ႔ အေမရိကန္ လက္တဲြ ေဆာင္ရြက္မည္


ဖမ္းဆီးရမိတဲ့ မူးယစ္ေဆး၀ါးမ်ား။
Illicit Drug Trade Remained a Worldwide Scourge in 2020
ဖမ္းဆီးရမိတဲ့ မူးယစ္ေဆး၀ါးမ်ား။ Illicit Drug Trade Remained a Worldwide Scourge in 2020

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

“တရားမ၀င္ မူးယစ္ေဆးဝါး ေမွာင္ခိုမႈဟာ အေမရိကန္ ျပည္ေထာင္စုရဲ႕ လူထုက်န္းမာေရးနဲ႔ လုံျခံဳေရး အတြက္သာမက ႏိုင္ငံတကာ တည္ၿငိမ္ေရးအတြက္ပါ အဓိကက်တဲ့ အဆိုးရြားဆုံး ၿခိမ္းေျခာက္မႈေတြမွာ တခုအျဖစ္ ရွိေနဆဲ ျဖစ္ပါတယ္။” လို႔ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ Ned Price ေျပာလိုက္တာ ျဖစ္ပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက မၾကာေသးခင္မွာပဲ ထုတ္ျပန္လိုက္တဲ့ အစီရင္ခံစာသစ္မွာ ကမာၻအ၀န္း မူးယစ္ေဆးဝါး ေမွာင္ခိုမႈေတြ တိုက္ဖ်က္ေရး ႀကိဳးပမ္းမႈေတြကို အေသးစိတ္ ေဖာ္ျပထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ႏိုင္ငံတကာ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရး မဟာဗ်ဳဟာ အစီရင္ခံစာမွာေတာ့ မူးယစ္ေဆးဝါး ၀ယ္လိုအားနဲ႔ ေရာင္းလိုအား ေလွ်ာ့ခ်ေရး အေရးႀကီးပုံကို အေလးထား ေဖာ္ျပထားသလို၊ ေဆးစဲြသူေတြကို ကုသမႈေတြ တိုးျမႇင့္ဖို႔ကိုလည္း ေဖာ္ျပထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္မွာ ၾကံဳခဲ့ရတဲ့ ႀကီးမားတဲ့ စိန္ေခၚမႈေတြၾကား မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး ရလဒ္ေတြမွာ အတက္အက်ေတြလည္း ၾကံဳခဲ့ရပါတယ္။

ဥပမာအေနနဲ႔ အေမရိကန္ရဲ႕ မိတ္ဖက္ေတြ ျဖစ္ၾကတဲ့ ကိုလံဘီယာနဲ႔ ပီ႐ူးႏိုင္ငံေတြမွာ ကိုကာစိုက္ပ်ဳိးေရးဟာ စံခ်ိန္ခ်ဳိးေအာင္ ျမင့္တက္ခဲ့တာပါ။

အဓိက စိုးရိမ္ရတဲ့ ႏိုင္ငံေတြထဲမွာ တခုအပါအ၀င္ျဖစ္တဲ့ မကၠစီကိုဟာ ဆိုရင္လည္း အေမရိကန္ကို တင္ပို႔တဲ့ ဘိန္းျဖဴ။ fentanyl နဲ႔ စိတ္ႂကြေဆး ထုတ္လုပ္ရာ ေနရာတခုအျဖစ္ ရွိေနဆဲ ျဖစ္ပါတယ္။

ဗင္နီဇဲြလားႏိုင္ငံမွာေတာ့၊ Maduro တရားမ၀င္ အစိုးရရဲ႕ အက်င့္ပ်က္ျခစားမႈ၊ စီမံခန္႔ခဲြမႈ အားနည္းခ်က္ေတြေၾကာင့္ မူးယစ္ေဆးဝါး ေမွာင္ခိုမႈနဲ႔ တျခားဥပေဒမဲ့ လုပ္ငန္းေတြက ၀င္ေငြေတြကို အားထားေနရပါတယ္။

တ႐ုတ္ႏိုင္ငံက ျမစ္ဖ်ားခံလာတဲ့ ဓာတုပစၥည္းေတြ အေျမာက္အမ်ား ၀င္ေရာက္မႈေၾကာင့္ ျမန္မာႏိုင္ငံက စိတ္ႂကြေဆး ထုတ္လုပ္မႈေတြ တိုးလာရာက အာရွနဲ႔ ကၽြန္းႏိုင္ငံေတြကို ပ်ံ႕ႏွံ႔မႈေတြလည္း တိုးျမႇင့္လာခဲ့တာပါ။

fentanyl နဲ႔ စိတ္ႂကြေဆး ထုတ္လုပ္ရာမွာ အသုံးျပဳတဲ့ ဓာတုပစၥည္းေတြကို ထိန္းခ်ဳပ္ရာမွာ ပိုမိုၿပီး တက္တက္ႂကြႂကြ ပါ၀င္ဖို႔လည္း တ႐ုတ္ႏိုင္ငံကို အေမရိကန္ ျပည္ေထာင္စုက တိုက္တြန္းထားပါတယ္။

“မူးယစ္ေဆးဝါး ထုတ္လုပ္မႈေတြ ေလွ်ာ့ခ်ေရး ကမာၻအ၀န္း ႀကိဳးပမ္းရာမွာ၊ ေအာင္ျမင္မႈရဖို႔ဟာ ႏိုင္ငံေရး ဆႏၵရွိဖို႔ အေရးအႀကီးအဆုံး ျဖစ္ေၾကာင္း အေမရိကန္ ျပည္ေထာင္စုက လက္ခံထားၿပီး၊ မူးယစ္ေဆးဝါး ပ်ံ႕ႏွံ႔မႈေတြနဲ႔ အသုံးျပဳမႈေတြကို ေလွ်ာ့ခ်ေရး စိတ္တူကိုယ္တူ တျခားအစိုးရေတြနဲ႔ လက္တဲြႀကိဳးပမ္းဖို႔လည္း ဆက္လက္ သႏၷိဓာန္ ခ်ထားဆဲ ျဖစ္ပါတယ္။” လို႔လည္း အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ Ned Price ေျပာဆိုခဲ့ေၾကာင္းပါ

.............

မူးယစ်ဆေးမှောင်ခိုမှု တိုက်ဖျက်ရေး နိုင်ငံတကာနဲ့ အမေရိကန် လက်တွဲ ဆောင်ရွက်မည်
(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

“တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုမှုဟာ အမေရိကန် ပြည်ထောင်စုရဲ့ လူထုကျန်းမာရေးနဲ့ လုံခြုံရေး အတွက်သာမက နိုင်ငံတကာ တည်ငြိမ်ရေးအတွက်ပါ အဓိကကျတဲ့ အဆိုးရွားဆုံး ခြိမ်းခြောက်မှုတွေမှာ တခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price ပြောလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မကြာသေးခင်မှာပဲ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ်မှာ ကမ္ဘာအဝန်း မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အသေးစိတ် ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျုဟာ အစီရင်ခံစာမှာတော့ မူးယစ်ဆေးဝါး ဝယ်လိုအားနဲ့ ရောင်းလိုအား လျှော့ချရေး အရေးကြီးပုံကို အလေးထား ဖော်ပြထားသလို၊ ဆေးစွဲသူတွေကို ကုသမှုတွေ တိုးမြှင့်ဖို့ကိုလည်း ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ကြုံခဲ့ရတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရလဒ်တွေမှာ အတက်အကျတွေလည်း ကြုံခဲ့ရပါတယ်။

ဥပမာအနေနဲ့ အမေရိကန်ရဲ့ မိတ်ဖက်တွေ ဖြစ်ကြတဲ့ ကိုလံဘီယာနဲ့ ပီရူးနိုင်ငံတွေမှာ ကိုကာစိုက်ပျိုးရေးဟာ စံချိန်ချိုးအောင် မြင့်တက်ခဲ့တာပါ။

အဓိက စိုးရိမ်ရတဲ့ နိုင်ငံတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ မက္ကစီကိုဟာ ဆိုရင်လည်း အမေရိကန်ကို တင်ပို့တဲ့ ဘိန်းဖြူ။ fentanyl နဲ့ စိတ်ကြွဆေး ထုတ်လုပ်ရာ နေရာတခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာတော့၊ Maduro တရားမဝင် အစိုးရရဲ့ အကျင့်ပျက်ခြစားမှု၊ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ တခြားဥပဒေမဲ့ လုပ်ငန်းတွေက ဝင်ငွေတွေကို အားထားနေရပါတယ်။

တရုတ်နိုင်ငံက မြစ်ဖျားခံလာတဲ့ ဓာတုပစ္စည်းတွေ အမြောက်အများ ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံက စိတ်ကြွဆေး ထုတ်လုပ်မှုတွေ တိုးလာရာက အာရှနဲ့ ကျွန်းနိုင်ငံတွေကို ပျံ့နှံ့မှုတွေလည်း တိုးမြှင့်လာခဲ့တာပါ။

fentanyl နဲ့ စိတ်ကြွဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကို ထိန်းချုပ်ရာမှာ ပိုမိုပြီး တက်တက်ကြွကြွ ပါဝင်ဖို့လည်း တရုတ်နိုင်ငံကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်းထားပါတယ်။

“မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ လျှော့ချရေး ကမ္ဘာအဝန်း ကြိုးပမ်းရာမှာ၊ အောင်မြင်မှုရဖို့ဟာ နိုင်ငံရေး ဆန္ဒရှိဖို့ အရေးအကြီးအဆုံး ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက လက်ခံထားပြီး၊ မူးယစ်ဆေးဝါး ပျံ့နှံ့မှုတွေနဲ့ အသုံးပြုမှုတွေကို လျှော့ချရေး စိတ်တူကိုယ်တူ တခြားအစိုးရတွေနဲ့ လက်တွဲကြိုးပမ်းဖို့လည်း ဆက်လက် သန္နိဓာန် ချထားဆဲ ဖြစ်ပါတယ်။” လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price ပြောဆိုခဲ့ကြောင်းပါ

XS
SM
MD
LG