Accessibility links

Breaking News

အာဏာသိမ္းစစ္ေခါင္းေဆာင္နဲ႔ စစ္တပ္အက်ိဳးျပဳလုပ္ငန္းေတြ အေမရိကန္ ပစ္မွတ္ထား ဒဏ္ခတ္


အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာန
အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာန

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

“ျမန္မာႏိုင္ငံမွာ ျပည္သူေတြ အသစ္ေရြးေကာက္တင္ေျမွာက္လိုက္တဲ႔ လႊတ္ေတာ္ မေခၚယူခင္ ေဖေဖၚ၀ါရီ (၁) ရက္ေန႔မွာပဲ စစ္တပ္က အာဏာသိမ္းယူၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦး၀င္းျမင္႔၊ အရပ္ဘက္အဖြဲ႔အစည္းေခါင္းေဆာင္ေတြ၊ သတင္းသမားေတြ နဲ႔ လူ႔အခြင္႔အေရးလႈပ္ရွားသူေတြ အပါအ၀င္ လူအမ်ားအျပားကို ထိန္းသိမ္းလိုက္ပါတယ္။ ဒါဟာ အာဏာသိမ္းလိုက္တာပါပဲ။ ကႊန္ေတာ္တို႔အေနနဲ႔ လက္ပိုက္ၾကည္႔ေနလိမ္႔မယ္ မဟုတ္ပါဘူး။ အာဏာသိမ္းျခင္းဟာ ၂၀၂၀ ႏို၀င္ဘာ ေရြးေကာက္ပြဲမွာ ျပည္သူေတြေဖၚထုတ္ခဲ႔ၾကတဲ႔ဆႏ̔ၵကို ျငင္းပယ္ဖို႔ အားထုတ္တာျဖစ္ပါတယ္” လို႔ ႏိုင္ငံျခားေရး၀န္ႀကီး Blinken ရဲ႕ေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။

ဒီအာဏာသိမ္းမႈကို တုံ႔ုျပန္တဲ႔အေနနဲ႔ သမၼတ Joe Biden က ”ျမန္မာႏိုင္ငံအေျခအေနနဲ႔ ဆက္စပ္ေနေသာ ပစၥည္းဥစၥာေတြကို တားဆီးပိတ္ပင္ျခင္း” အုပ္ခ်ဳပ္ေရးအမိန္႔တရပ္ ထုတ္ျပန္ၿပီး အာဏာသိမ္းမႈနဲ႔ ပတ္သက္တဲ႔ ဒဏ္ခတ္အေရးယူပိုင္ခြင္႔ အာဏာေပးအပ္လိုက္ပါတယ္။ အဲဒီေနာက္ ျမန္မာအရာရွိ အမ်ားအျပားနဲ႔ လုပ္ငန္းေတြအေပၚ အေမရိကန္ဘ႑ာေရး၀န္ႀကီးဌာနက ဒဏ္ခတ္လိုက္ပါတယ္။

သမၼတရဲ႕ အုပ္ခ်ဳပ္ေရးအမိန္႔နဲ႔အညီ ဘ႑ာေရး၀န္ႀကီးဌာနဟာ ႏိုင္ငံျခားေရး၀န္ႀကီးဌာနနဲ႔ ညွိႏိႈင္းၿပီး အာဏာသိမ္းရာမွာ ပါ၀င္တဲ႔ လူပုဂၢိဳလ္ (၁၀) ဦးနဲ႔ စစ္တပ္ရဲ႕အစိတ္အပိုင္းေတြကို ပံ့ပိုးေနတဲ႔ လုပ္ငန္း (၃)ရပ္ကို ပစ္မွတ္ထားဒဏ္ခတ္လိုက္ပါတယ္။

ပစ္မွတ္ထားလိုက္တဲ႔ လူပုဂၢိဳလ္ေတြကေတာ႔ အာဏာသိမ္းေခါင္းေဆာင္ေတြျဖစ္ၾကတဲ႔ ျမန္မာစစ္တပ္မ်ားရဲ႕ဦးစီးခ်ဳပ္ မင္းေအာင္လိႈင္၊ သူ႔လက္ေထာက္ စိုး၀င္း၊ ပထမ ဒု-သမၼတ အၿငိမ္းစား ဒု-ဗိုလ္ခ်ဳပ္ႀကီး ျမင္႔ေဆြ၊ ဒု-ဗိုလ္ခ်ဳပ္ႀကီးစိန္၀င္း၊ ဒု-ဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္၊ ဒု-ဗိုလ္ခ်ဳပ္ႀကီးရဲေအာင္ တို႔နဲ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ေရတပ္ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္ဆန္း၊ ဒု-ဗိုလ္ခ်ဳပ္ႀကီးရဲ၀င္းဦး၊ ဒု-ဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး တို႔ျဖစ္ပါတယ္။

Myanmar Ruby Enterprise, Myanmar Imperial Jade Company, Limited, and the Cancri Company, LTD တို႔ကိုလဲ ျမန္မာစစ္တပ္ထိန္းခ်ဳပ္ထားတဲ႔ ေကာ္ပိုေရးရွင္းႀကီးရဲ႕ လက္ေအာက္ခံအဖြဲ႔အစည္းေတြက လံုး၀ပိုင္ဆိုင္တဲ႔ လုပ္ငန္းေတြျဖစ္တဲ႔အတြက္ ဒဏ္ခတ္အေရးယူလိုက္ပါတယ္။

ဒီလိုပစ္မွတ္ထားအေရးယူလိုက္တဲ႔အတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ စီရင္ပိုင္ခြင္႔ အတြင္းမွာျဖစ္ေစ အေမရိကန္ျပည္ေထာင္စုရဲ႕ ပိုင္ဆိုင္ထိန္းခ်ဳပ္မႈ ေအာက္မွာ ျဖစ္ေစ ရွိေနတဲ႔ ဒီလူပုဂၢိဳလ္ေတြ လုပ္ငန္းေတြရဲ႕ ပစၥည္းဥစၥာပိုင္ဆိုင္ဆိုင္မႈနဲ႔ အက်ိဳးစီးပြားအားလံုး ကို တားဆီးပိတ္ဆို႔လိုက္ၿပီး၊ အေမရိကန္ႏိုင္ငံသားေတြကလဲ သူတို႔နဲ႔ စီးပြားေရးရာ ကူးလူးဆက္ဆံမႈေတြ ရပ္ဆိုင္းရမွာျဖစ္ပါတယ္။

အခုလိုေရြးခ်ယ္မႈဟာ ဒီမိုကေရစီနည္းက် ေရြးခ်ယ္တင္ေျမွာက္ထားတဲ႔ အစိုးရကို ျဖဳတ္ခ်ရာမွာ ဦးေဆာင္ပါ၀င္တဲ႔ လက္ရွိစစ္ေခါင္းေဆာင္ေတြ ေခါင္းေဆာင္ေဟာင္းေတြ အေပၚမွာသာ သီးသန္႔ ပစ္မွတ္ထားတာျဖစ္ၿပီး ၊ ျမန္မာ႔စီးပြားေရးကိုေသာ္လည္းေကာင္း ျမန္မာျပည္သူေတြကိုေသာ္လည္းေကာင္း ပစ္မွတ္ထားတာမဟုတ္ေၾကာင္းနဲ႔ ျမန္မာျပည္သူတို႔ရဲ႕ လူမႈဘ၀ အတိဒုကၡေတြပိုမို မႀကီးထြားရေအာင္ အထူးသတိထားသြားမွာျဖစ္တယ္လို႔ လဲ ၀န္ႀကီး Bliken ကဆိုေၾကာင္းပါ။

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ ျဖစ္ပါတယ္။

.................

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်တပ်အကျိုးပြုလုပ်ငန်းတွေ အမေရိကန် ပစ်မှတ်ထားဒဏ်ခတ်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

“မြန်မာနိုင်ငံမှာ ပြည်သူတွေ အသစ်ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော် မခေါ်ယူခင် ဖေဖေါ်ဝါရီ (၁) ရက်နေ့မှာပဲ စစ်တပ်က အာဏာသိမ်းယူပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေ၊ သတင်းသမားတွေ နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ အပါအဝင် လူအများအပြားကို ထိန်းသိမ်းလိုက်ပါတယ်။ ဒါဟာ အာဏာသိမ်းလိုက်တာပါပဲ။ ကွှန်တော်တို့အနေနဲ့ လက်ပိုက်ကြည့်နေလိမ့်မယ် မဟုတ်ပါဘူး။ အာဏာသိမ်းခြင်းဟာ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြည်သူတွေဖေါ်ထုတ်ခဲ့ကြတဲ့ဆန္̔ဒကို ငြင်းပယ်ဖို့ အားထုတ်တာဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။

ဒီအာဏာသိမ်းမှုကို တုံ့ုပြန်တဲ့အနေနဲ့ သမ္မတ Joe Biden က ”မြန်မာနိုင်ငံအခြေအနေနဲ့ ဆက်စပ်နေသော ပစ္စည်းဥစ္စာတွေကို တားဆီးပိတ်ပင်ခြင်း” အုပ်ချုပ်ရေးအမိန့်တရပ် ထုတ်ပြန်ပြီး အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ ဒဏ်ခတ်အရေးယူပိုင်ခွင့် အာဏာပေးအပ်လိုက်ပါတယ်။ အဲဒီနောက် မြန်မာအရာရှိ အများအပြားနဲ့ လုပ်ငန်းတွေအပေါ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်လိုက်ပါတယ်။

သမ္မတရဲ့ အုပ်ချုပ်ရေးအမိန့်နဲ့အညီ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး အာဏာသိမ်းရာမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ် (၁၀) ဦးနဲ့ စစ်တပ်ရဲ့အစိတ်အပိုင်းတွေကို ပံ့ပိုးနေတဲ့ လုပ်ငန်း (၃)ရပ်ကို ပစ်မှတ်ထားဒဏ်ခတ်လိုက်ပါတယ်။

ပစ်မှတ်ထားလိုက်တဲ့ လူပုဂ္ဂိုလ်တွေကတော့ အာဏာသိမ်းခေါင်းဆောင်တွေဖြစ်ကြတဲ့ မြန်မာစစ်တပ်များရဲ့ဦးစီးချုပ် မင်းအောင်လှိုင်၊ သူ့လက်ထောက် စိုးဝင်း၊ ပထမ ဒု-သမ္မတ အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု-ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒု-ဗိုလ်ချုပ်ကြီးရဲအောင် တို့နဲ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ရေတပ်ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း၊ ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တို့ဖြစ်ပါတယ်။

Myanmar Ruby Enterprise, Myanmar Imperial Jade Company, Limited, and the Cancri Company, LTD တို့ကိုလဲ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ ကော်ပိုရေးရှင်းကြီးရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက လုံးဝပိုင်ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက် ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

ဒီလိုပစ်မှတ်ထားအရေးယူလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ စီရင်ပိုင်ခွင့် အတွင်းမှာဖြစ်စေ အမေရိကန်ပြည်ထောင်စုရဲ့ ပိုင်ဆိုင်ထိန်းချုပ်မှု အောက်မှာ ဖြစ်စေ ရှိနေတဲ့ ဒီလူပုဂ္ဂိုလ်တွေ လုပ်ငန်းတွေရဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားအားလုံး ကို တားဆီးပိတ်ဆို့လိုက်ပြီး၊ အမေရိကန်နိုင်ငံသားတွေကလဲ သူတို့နဲ့ စီးပွားရေးရာ ကူးလူးဆက်ဆံမှုတွေ ရပ်ဆိုင်းရမှာဖြစ်ပါတယ်။

အခုလိုရွေးချယ်မှုဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချရာမှာ ဦးဆောင်ပါဝင်တဲ့ လက်ရှိစစ်ခေါင်းဆောင်တွေ ခေါင်းဆောင်ဟောင်းတွေ အပေါ်မှာသာ သီးသန့် ပစ်မှတ်ထားတာဖြစ်ပြီး ၊ မြန်မာ့စီးပွားရေးကိုသော်လည်းကောင်း မြန်မာပြည်သူတွေကိုသော်လည်းကောင်း ပစ်မှတ်ထားတာမဟုတ်ကြောင်းနဲ့ မြန်မာပြည်သူတို့ရဲ့ လူမှုဘ၀ အတိဒုက္ခတွေပိုမို မကြီးထွားရအောင် အထူးသတိထားသွားမှာဖြစ်တယ်လို့ လဲ ဝန်ကြီး Bliken ကဆိုကြောင်းပါ။

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော် ဖြစ်ပါတယ်။

XS
SM
MD
LG