Accessibility links

Breaking News

FBI အရာ႐ွိေဟာင္းျပန္ေပးမႈ နဲ႔ပတ္သက္တဲ့ အီရန္တာဝန္႐ွိသူေတြကို အေမရိကန္ ဒဏ္ခတ္အေရးယူ 


FBI အရာ႐ွိေဟာင္ Robert Levinson
FBI အရာ႐ွိေဟာင္ Robert Levinson

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္သမိုင္းမွာ ကာလအၾကာဆံုး ဓါးစာအျဖစ္ ျပန္ေပးဆြဲခံထားရသူ၊ ျပည္ေထာင္စု စံုစမ္းစစ္ေဆးေရးဗ်ဴရို - FBI အရာရွိေဟာင္း Robert Levinson ကို ျပန္ေပးဆြဲခဲ့တာ၊ ထိန္းသိမ္းထားစဥ္၊ ေသဆံုးႏိုင္ခဲ့ဖြယ္ရွိတဲ့ လုပ္ရပ္ေတြမွာ ပါဝင္ပတ္သက္သူ အီရန္ေထာက္လွမ္းေရးနဲ႔ လံုၿခံဳေရးဝန္ႀကီးဌာနက အႀကီးတန္းတာဝန္ရွိသူ ၂ ေယာက္ကို အေမရိကန္ျပည္ေထာင္စုက ပိတ္ဆို႔မႈနဲ႔ အေရးယူလိုက္ပါတယ္။

Robert Levinson ဟာ ၂၀၀၇ ခုႏွစ္က အီရန္ႏိုင္ငံ Kish ကၽြန္းကို သြားေရာက္ခဲ့တဲ့ ခရီးစဥ္မွာ ေပ်ာက္ဆံုးသြားတာျဖစ္ပါတယ္။ ၂၀၁၀ နဲ႔ ၂၀၁၁ ခုနွစ္မွာ ဘယ္သူဘယ္ဝါရယ္လို႔ ခြဲျခားမသိႏိုင္တဲ့ ျပန္ေပးသမားေတြက Mr. Levinson ရဲ႕ ဓါတ္ပံုေတြနဲ႔ သူ႕ကို ကယ္တင္ေပးဖို႔ ေတာင္းပန္ေနတဲ့ Video ကို သူ႔ရဲ႕ မိသားစုထံ ေပးပို႔ခဲ့ပါတယ္။ အီရန္အစိုးရက သူ႔ကို ရွာေဖြရာမွာ ကူညီပါ့မယ္လို႔ အေၾကာင္းျပန္ခဲ့ေပမဲ့၊ သူျပန္ေပးဆြဲခံရတဲ့ အေၾကာင္းရင္းနဲ႔ ဘယ္မွာရွိေနသလဲဆိုတာေတာ့ ေျပာဆိုဖို႔ ျငင္းဆန္ေနပါတယ္။

အခုေတာ့ အေမရိကန္ျပည္ေထာင္စုက အီရန္ေထာက္လွမ္းေရးအရာရွိ Mohammad Baseri နဲ႔ Ahmad Khazai တို႔ကို Mr. Levinson ျပန္ေပးဆြဲမႈမွာ တာဝန္ရွိသူေတြအျဖစ္ အေရးယူလိုက္ပါၿပီ။ အိမ္ျဖဴေတာ္ကေတာ့ သူတို႔ ၂ ဦးဟာ Mr. Levinson ကို ျပန္ေပးဆြဲ၊ ထိန္းသိမ္းမႈနဲ႔ ေသဆံုးေကာင္းေသဆံုးႏိုင္ဖြယ္ရွိတယ္ဆိုတာနဲ႔ တိုက္ရိုက္ ပါဝင္ပတ္သက္တယ္လို႔ မွတ္ခ်က္ေပးထားပါတယ္။

အီရန္အႀကီးတန္းတာဝန္ရွိသူေတြဟာ Mr. Levinson ေပ်ာက္ဆံုးမႈမွာ တာဝန္ရွိတယ္ဆိုတာကေတာ့ ရွင္းပါတယ္။ ဒါတင္မကပါဘူး၊ သူတို႔ပါဝင္ပတ္သက္မႈကို ဖံုးအုပ္ဖို႔အတြက္ တမင္ သတင္းမွားေတြကို ဝါဒျဖန္႔ေနတယ္လို႔ အိမ္ျဖဴေတာ္ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ ဒီေၾကညာခ်က္နဲ႔အတူ အေမရိကန္အစိုးရက အီရန္အစိုးရအေနနဲ႔ တာဝန္ခံမႈရွိေစဖို႔ ပထမဆံုးလူသိရွင္ၾကား ထုတ္ေဖၚေျပာဆိုလိုက္တာပါ။ တခ်ိန္တည္းမ်ာဘဲ စံုစမ္းစစ္ေဆးတာေတြ ဆက္လက္လုပ္ေဆာင္ေနသလို၊ အေမရိကန္ျပည္ေထာင္စုက တျခားပါဝင္ပတ္သက္သူေတြအားလံုးကိုပါ ဖိဖိစီးစီး ေဖၚထုတ္သြားမွာျဖစ္ပါတယ္။

အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနက Mohammad Baseri နဲ႔ Ahmad Khazai ကို အေရးယူတယ္ဆိုတဲ့ အဓိပၸါယ္က အေမရိကန္မွာ သူတို႔ရဲ႕ ပိုင္ဆိုင္မႈအားလံုးကို ခ်ိတ္ပိတ္တာ၊ အေမရိကန္ႏိုင္ငံသားေတြ၊ သူတို႔နဲ႔ စီးပြားေရး လုပ္ခြင့္ပိတ္ပင္တာ၊ ႏိုင္ငံျခားက ဘယ္ႏိုင္ငံတကာဘဏ္ေတြနဲ႔မွ ေငြေျပာင္းေငြလြဲမလုပ္ရေအာင္ အေရးယူမႈ ေတြနဲ႔ တရားဝင္ပိတ္ဆို႔လိုက္တာျဖစ္ပါတယ္။

ႏိုင္ငံေရးအျမတ္ထုတ္တဲ့အေနနဲ႕၊ အီရန္ႏြယ္ဖြား ႏိုင္ငံျခားသားခံယူထားသူေတြနဲ႔ ႏိုင္ငံျခားသားေတြ ကိုျပန္ေပးဆြဲတာ၊ ထိန္းသိမ္းတာဟာ အီရန္အစိုးရအတြက္ ၄၁ ႏွစ္ၾကာသမိုင္းရွိခဲ့ၿပီးသားျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေထာက္ျပပါတယ္။ အေမရိကန္ႏိုင္ငံသားေတြနဲ႔ အီရန္ႏြယ္ဖြားအေမရိကန္ႏိုင္ငံသားခံယူထားသူေတြအေနနဲ႔ ကိုယ့္လံုၿခံဳမႈ အႏၱရာယ္ရွိႏိုင္တဲ့အတြက္ အီရန္ကို ခရီးသြားတဲ့အခါ သတိထားၾကဖို႔ ျပင္းထန္စြာ ထပ္မံ သတိေပးလိုက္တဲ့အေၾကာင္း ဝန္ႀကီး Pompeo ရဲ႕ ေၾကညာခ်က္မွာေဖၚျပထားပါတယ္။

ျပန္ေပးဆြဲ ထိန္းသိမ္းခံရၿပီး၊ ေသဆံုးႏိုင္ခဲ့ ဖြယ္ရွိတဲ့ Mr. Levinson ရဲ႕ ျဖစ္ရပ္က လူ႔အသက္ကို တန္ဖိုးမထားတဲ့ အီရန္အစိုးရရဲ႕ေနာက္ထပ္ စက္ဆုတ္ဖြယ္ရာ နမူနာ တရပ္ျဖစ္တယ္လို႔ ဝန္ႀကီး Pompeo ကဆိုပါတယ္။ Mr. Levinson ရဲ႕ ကံၾကမၼာနဲ႔ ပတ္သက္လို႔ အီရန္အစိုးရက လံုးဝ တာဝန္ခံဖို႔ေတာင္းဆိုလိုက္ၿပီး၊ အီရန္မွာ မတရားထိန္းသိမ္းထားတဲ့ အေမရိကန္ႏိုင္ငံသားေတြ အိမ္မျပန္ႏိုင္ေသးသေရြ႔ က်ေနာ္တို႔ စိတ္ခ်လက္ခ် နားေနမွာမဟုတ္ဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာဆိုလိုက္ေၾကာင္းပါ။

..........

FBI အရာရှိဟောင်းပြန်ပေးမှု နဲ့ပတ်သက်တဲ့ အီရန်တာဝန်ရှိသူတွေကို အမေရိကန် ဒဏ်ခတ်အရေးယူ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်သမိုင်းမှာ ကာလအကြာဆုံး ဓါးစာအဖြစ် ပြန်ပေးဆွဲခံထားရသူ၊ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို - FBI အရာရှိဟောင်း Robert Levinson ကို ပြန်ပေးဆွဲခဲ့တာ၊ ထိန်းသိမ်းထားစဉ်၊ သေဆုံးနိုင်ခဲ့ဖွယ်ရှိတဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်သူ အီရန်ထောက်လှမ်းရေးနဲ့ လုံခြုံရေးဝန်ကြီးဌာနက အကြီးတန်းတာဝန်ရှိသူ ၂ ယောက်ကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုနဲ့ အရေးယူလိုက်ပါတယ်။

Robert Levinson ဟာ ၂၀၀၇ ခုနှစ်က အီရန်နိုင်ငံ Kish ကျွန်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်မှာ ဘယ်သူဘယ်ဝါရယ်လို့ ခွဲခြားမသိနိုင်တဲ့ ပြန်ပေးသမားတွေက Mr. Levinson ရဲ့ ဓါတ်ပုံတွေနဲ့ သူ့ကို ကယ်တင်ပေးဖို့ တောင်းပန်နေတဲ့ Video ကို သူ့ရဲ့ မိသားစုထံ ပေးပို့ခဲ့ပါတယ်။ အီရန်အစိုးရက သူ့ကို ရှာဖွေရာမှာ ကူညီပါ့မယ်လို့ အကြောင်းပြန်ခဲ့ပေမဲ့၊ သူပြန်ပေးဆွဲခံရတဲ့ အကြောင်းရင်းနဲ့ ဘယ်မှာရှိနေသလဲဆိုတာတော့ ပြောဆိုဖို့ ငြင်းဆန်နေပါတယ်။

အခုတော့ အမေရိကန်ပြည်ထောင်စုက အီရန်ထောက်လှမ်းရေးအရာရှိ Mohammad Baseri နဲ့ Ahmad Khazai တို့ကို Mr. Levinson ပြန်ပေးဆွဲမှုမှာ တာဝန်ရှိသူတွေအဖြစ် အရေးယူလိုက်ပါပြီ။ အိမ်ဖြူတော်ကတော့ သူတို့ ၂ ဦးဟာ Mr. Levinson ကို ပြန်ပေးဆွဲ၊ ထိန်းသိမ်းမှုနဲ့ သေဆုံးကောင်းသေဆုံးနိုင်ဖွယ်ရှိတယ်ဆိုတာနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

အီရန်အကြီးတန်းတာဝန်ရှိသူတွေဟာ Mr. Levinson ပျောက်ဆုံးမှုမှာ တာဝန်ရှိတယ်ဆိုတာကတော့ ရှင်းပါတယ်။ ဒါတင်မကပါဘူး၊ သူတို့ပါဝင်ပတ်သက်မှုကို ဖုံးအုပ်ဖို့အတွက် တမင် သတင်းမှားတွေကို ဝါဒဖြန့်နေတယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒီကြေညာချက်နဲ့အတူ အမေရိကန်အစိုးရက အီရန်အစိုးရအနေနဲ့ တာဝန်ခံမှုရှိစေဖို့ ပထမဆုံးလူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုလိုက်တာပါ။ တချိန်တည်းမျာဘဲ စုံစမ်းစစ်ဆေးတာတွေ ဆက်လက်လုပ်ဆောင်နေသလို၊ အမေရိကန်ပြည်ထောင်စုက တခြားပါဝင်ပတ်သက်သူတွေအားလုံးကိုပါ ဖိဖိစီးစီး ဖေါ်ထုတ်သွားမှာဖြစ်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက Mohammad Baseri နဲ့ Ahmad Khazai ကို အရေးယူတယ်ဆိုတဲ့ အဓိပ္ပါယ်က အမေရိကန်မှာ သူတို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ချိတ်ပိတ်တာ၊ အမေရိကန်နိုင်ငံသားတွေ၊ သူတို့နဲ့ စီးပွားရေး လုပ်ခွင့်ပိတ်ပင်တာ၊ နိုင်ငံခြားက ဘယ်နိုင်ငံတကာဘဏ်တွေနဲ့မှ ငွေပြောင်းငွေလွဲမလုပ်ရအောင် အရေးယူမှု တွေနဲ့ တရားဝင်ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

နိုင်ငံရေးအမြတ်ထုတ်တဲ့အနေနဲ့၊ အီရန်နွယ်ဖွား နိုင်ငံခြားသားခံယူထားသူတွေနဲ့ နိုင်ငံခြားသားတွေ ကိုပြန်ပေးဆွဲတာ၊ ထိန်းသိမ်းတာဟာ အီရန်အစိုးရအတွက် ၄၁ နှစ်ကြာသမိုင်းရှိခဲ့ပြီးသားဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကထောက်ပြပါတယ်။ အမေရိကန်နိုင်ငံသားတွေနဲ့ အီရန်နွယ်ဖွားအမေရိကန်နိုင်ငံသားခံယူထားသူတွေအနေနဲ့ ကိုယ့်လုံခြုံမှု အန္တရာယ်ရှိနိုင်တဲ့အတွက် အီရန်ကို ခရီးသွားတဲ့အခါ သတိထားကြဖို့ ပြင်းထန်စွာ ထပ်မံ သတိပေးလိုက်တဲ့အကြောင်း ဝန်ကြီး Pompeo ရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ပြန်ပေးဆွဲ ထိန်းသိမ်းခံရပြီး၊ သေဆုံးနိုင်ခဲ့ ဖွယ်ရှိတဲ့ Mr. Levinson ရဲ့ ဖြစ်ရပ်က လူ့အသက်ကို တန်ဖိုးမထားတဲ့ အီရန်အစိုးရရဲ့နောက်ထပ် စက်ဆုတ်ဖွယ်ရာ နမူနာ တရပ်ဖြစ်တယ်လို့ ဝန်ကြီး Pompeo ကဆိုပါတယ်။ Mr. Levinson ရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ အီရန်အစိုးရက လုံးဝ တာဝန်ခံဖို့တောင်းဆိုလိုက်ပြီး၊ အီရန်မှာ မတရားထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသားတွေ အိမ်မပြန်နိုင်သေးသရွေ့ ကျနော်တို့ စိတ်ချလက်ချ နားနေမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG