Accessibility links

Breaking News

ဗင္နီဇြဲလားႏိုင္ငံ Maduro အစိုးရကို က်ဴးဘားေငြေၾကးေထာက္ပံ့မႈ အေမရိကန္ ဟန္႔တားမည္


က်ဴးဘားႏိုင္ငံ Havana ၿမိဳ႕ေတာ္က ႏိုင္ငံရပ္ျခားေငြလြဲစင္တာ Western Union
က်ဴးဘားႏိုင္ငံ Havana ၿမိဳ႕ေတာ္က ႏိုင္ငံရပ္ျခားေငြလြဲစင္တာ Western Union

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

က်ဴးဘားအစိုးရက သူ႔ျပည္သူေတြရဲ႕ ဝင္ေငြေတြကို ေခါင္းပံုျဖတ္ၿပီး၊ ဗင္နီဇြဲလားႏိုင္ငံရဲ႕ တရားမဝင္ Nicolas Maduro အစိုးရကို ပံ့ပိုးဖို႔ အသံုးခ်ေနတာကို ကာကြယ္ႏိုင္ေအာင္ အေမရိကန္ျပည္ေထာင္စုက ေဆာင္ရြက္ေနပါတယ္။

က်ဴးဘားအစိုးရက ဒီႏိုင္ငံတကာသံုးေငြေတြကို မသမာတဲ့နည္းလမ္း ၂ ခု သံုးၿပီး မတရား သိမ္းယူေနတာျဖစ္ပါတယ္။က်ဴ းဘားႏိုင္ငံျပင္ပမွာ ေရာက္ရွိေနသူေတြက သူတို႔ရဲ႕ ေဆြမ်ိဳးနဲ႔ မိတ္ေဆြေတြဆီ လက္ေဆာင္အေနနဲ႔၊ အသံုးစားရိတ္ ေပးပို႔တဲ့ လႊဲေငြေတြကို အစိုးရက မတရားျဖတ္ေတာက္ ေကာက္ခံေနပါတယ္။ ကမၻာ့အေနာက္ျခမ္းမွာ၊ ျပည္ပကပို႔တဲ့ေငြကို စစ္တပ္ကျဖတ္ယူတာဆိုလို႔ က်ဴ းဘားတႏိုင္ငံဘဲရွိပါတယ္လို႔ ကမၻာ့အေနာက္ျခမ္းေရးရာ အေမရိကန္ယာယီလက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး၊ သံအမတ္ႀကီး Michael Kozak ကေျပာပါတယ္။ မၾကာခင္က က်င္းပခဲ့တဲ့ စိုးရိမ္ရတဲ့ က်ဴးဘားလူ႕အခြင့္အေရးအေျခအေန အထူးရွင္းလင္းပြဲမွာ Mr. Kozak က ေျပာဆိုလိုက္တာပါ။

က်ဴးဘားစစ္တပ္က ႏိုင္ငံတကာသံုး ခိုင္မာတဲ့ေငြေၾကးေတြကို သူတို႔အတြက္ ျဖတ္ယူၿပီး၊ ဗင္နီဇြဲလားႏိုင္ငံေရးမွာ စြက္ဖက္ဖို႔နဲ႔ မေအာင္ျမင္တဲ့ သူတို႔စီးပြားေရးလုပ္ငန္းေတြကို က်ားကန္ရာမွာ အသံုးခ်ေနပါတယ္။ သူတို႔ျဖတ္ေတာက္ၿပီး က်န္တဲ့ေငြကို လက္ခံရတဲ့ က်ဴးဘားႏိုင္ငံသားေတြအေနနဲ႔ေဈးအဆမတန္တင္ထားတဲ့ အစိုးရပိုင္ကုန္တိုက္ေတြက ပစၥည္းေတြကိုသာ ဝယ္ယူခြင့္ရွိတယ္လို႔ ဆိုပါတယ္။

က်ဴးဘားစစ္တပ္က ျပည္ပကပို႔တဲ့ေငြေတြကို မတရားျဖတ္ယူလို႔မရေအာင္၊ ဒီအေလ့အထ ရပ္တန္းကရပ္ေအာင္၊ အေမရိကန္ျပည္ေထာင္စုက ပိတ္ဆို႔လိုက္ပါတယ္။ တခ်ိန္တည္းမွာဘဲ သီးျခားတဦးခ်င္းစီနဲ႔ အရပ္သားေတြအတြက္ ေငြလႊဲပို႔တာေတြ ဆက္လုပ္ႏိုင္ဖို႔ အေမရိကန္က ဖြင့္ေပးထားပါတယ္။

ျပည္ပမွာတာဝန္ထမ္းေဆာင္ေနတဲ့ က်ဴးဘားႏိုင္ငံသား ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြရဲ႕ လစာ ဝင္ေငြေတြကိုပါ ျဖတ္ေတာက္ အသံုးခ်ေနတဲ့ က်ဴ းဘားအစိုးရရဲ႕ ဒီ ဒုတိယနည္းလမ္းကိုလည္း ႏိုင္ငံတကာက သတိထားမိေအာင္ အေမရိကန္က သတင္းျဖန္႔ေဝ ေပးေနပါတယ္။ဒီအျမတ္ထုတ္တဲ့လုပ္ငန္းဟာ Castro အစိုးရအတြက္ နံပါတ္တစ္ ေငြဝင္ေပါက္ျဖစ္တယ္လို႔ သံအမတ္ႀကီး Kozak က ေထာက္ျပပါတယ္။အစိုးရက သူ႔ရဲ႔ ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြရဲ႕ လစာ ၉၀ ရာခိုင္ႏႈန္းကို မတရားျဖတ္ယူေနတာေၾကာင့္ လစာအျပည့္ကို မခံစားၾကရပါဘူးလို႔ဆိုပါတယ္။

အစိုးရက သူတို႔ဝင္ေငြေတြကို ျဖတ္ေတာက္ေနခ်ိန္မွာ အဲဒီဆရာဝန္ေတြကို အကာအကြယ္ေပးႏိုင္ဖို႔ အေမရိကန္က လုပ္ေဆာင္ေနပါတယ္။က်ဴးဘားဝန္ထမ္းေတြအလုပ္လုပ္ေနတဲ့ ႏိုင္ငံေတြအေနနဲ႔ လစာေတြကို က်ဴးဘားအစိုးရရဲ႕ အိပ္ထဲလႊဲပို႔မယ့္အစား၊ ဝန္ထမ္းေတြရဲ႕ ကိုယ္ပိုင္ဘဏ္စာရင္းေတြထဲ ထည့္ေပးသင့္တယ္လို႔ အေမရိကန္က တိုက္တြန္းပါတယ္။ ဒီအခ်က္ကို က်ဴးဘားအစိုးရက လက္မခံဘဲ တင္းခံေနတဲ့ၾကားက တခ်ိဳ ဳ႕ႏိုင္ငံေတြက ဝန္ထမ္းေတြဘဏ္စာရင္းထဲ တိုက္ရိုက္လႊဲပို႔ႏိုင္တာကို လက္ေတြ႔ျပသလိုက္ၾကၿပီလို႔ ယာယီလက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Kozak ကေျပာပါတယ္။

က်ဴးဘားအစိုးရက ျပည္တြင္းဖိႏွိပ္မႈေတြနဲ႔ ဗင္နီဇြဲလားမွာ မေတာ္မတရား စြက္ဖက္တာေတြအတြက္ ရန္ပံုေငြ မစုေဆာင္းႏိုင္ေအာင္ အေမရိကန္ျပည္ေထာင္စုက အာရံုစိုက္ေနပါတယ္။ က်ဴးဘားစစ္တပ္၊ လံုၿခံဳေရးတပ္ဖြဲ႔နဲ႔ ေထာက္လွမ္းေရးဌာနေတြကို ပစ္မွတ္ထားတဲ့ ပိတ္ဆို႔မႈေတြနဲ႕ က်ေနာ္တို႔ အေရးယူထားၿပီးျဖစ္ေၾကာင္းနဲ႔ ဖိႏွိပ္တဲ့ က်ဴးဘားအစိုးရ အတြက္မဟုတ္ဘဲ၊ က်ဴးဘားႏိုင္ငံက လူထုအေျချပဳအဖြဲ႔အစည္းေတြနဲ႔ ပုဂၢလိကက႑ ခိုင္မာေတာင့္တင္းေအာင္ ရည္ရြယ္တာျဖစ္ပါတယ္လို႔ ယာယီအေမရိကန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Michael Kozak ကေျပာဆိုလိုက္ေၾကာင္းပါ။

...............

ဗင်နီဇွဲလားနိုင်ငံ Maduro အစိုးရကို ကျူးဘားငွေကြေးထောက်ပံ့မှု အမေရိကန် ဟန့်တားမည်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ကျူးဘားအစိုးရက သူ့ပြည်သူတွေရဲ့ ဝင်ငွေတွေကို ခေါင်းပုံဖြတ်ပြီး၊ ဗင်နီဇွဲလားနိုင်ငံရဲ့ တရားမဝင် Nicolas Maduro အစိုးရကို ပံ့ပိုးဖို့ အသုံးချနေတာကို ကာကွယ်နိုင်အောင် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်နေပါတယ်။

ကျူးဘားအစိုးရက ဒီနိုင်ငံတကာသုံးငွေတွေကို မသမာတဲ့နည်းလမ်း ၂ ခု သုံးပြီး မတရား သိမ်းယူနေတာဖြစ်ပါတယ်။ကျူ းဘားနိုင်ငံပြင်ပမှာ ရောက်ရှိနေသူတွေက သူတို့ရဲ့ ဆွေမျိုးနဲ့ မိတ်ဆွေတွေဆီ လက်ဆောင်အနေနဲ့၊ အသုံးစားရိတ် ပေးပို့တဲ့ လွှဲငွေတွေကို အစိုးရက မတရားဖြတ်တောက် ကောက်ခံနေပါတယ်။ ကမ္ဘာ့အနောက်ခြမ်းမှာ၊ ပြည်ပကပို့တဲ့ငွေကို စစ်တပ်ကဖြတ်ယူတာဆိုလို့ ကျူ းဘားတနိုင်ငံဘဲရှိပါတယ်လို့ ကမ္ဘာ့အနောက်ခြမ်းရေးရာ အမေရိကန်ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ သံအမတ်ကြီး Michael Kozak ကပြောပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ စိုးရိမ်ရတဲ့ ကျူးဘားလူ့အခွင့်အရေးအခြေအနေ အထူးရှင်းလင်းပွဲမှာ Mr. Kozak က ပြောဆိုလိုက်တာပါ။

ကျူးဘားစစ်တပ်က နိုင်ငံတကာသုံး ခိုင်မာတဲ့ငွေကြေးတွေကို သူတို့အတွက် ဖြတ်ယူပြီး၊ ဗင်နီဇွဲလားနိုင်ငံရေးမှာ စွက်ဖက်ဖို့နဲ့ မအောင်မြင်တဲ့ သူတို့စီးပွားရေးလုပ်ငန်းတွေကို ကျားကန်ရာမှာ အသုံးချနေပါတယ်။ သူတို့ဖြတ်တောက်ပြီး ကျန်တဲ့ငွေကို လက်ခံရတဲ့ ကျူးဘားနိုင်ငံသားတွေအနေနဲ့ဈေးအဆမတန်တင်ထားတဲ့ အစိုးရပိုင်ကုန်တိုက်တွေက ပစ္စည်းတွေကိုသာ ဝယ်ယူခွင့်ရှိတယ်လို့ ဆိုပါတယ်။

ကျူးဘားစစ်တပ်က ပြည်ပကပို့တဲ့ငွေတွေကို မတရားဖြတ်ယူလို့မရအောင်၊ ဒီအလေ့အထ ရပ်တန်းကရပ်အောင်၊ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့လိုက်ပါတယ်။ တချိန်တည်းမှာဘဲ သီးခြားတဦးချင်းစီနဲ့ အရပ်သားတွေအတွက် ငွေလွှဲပို့တာတွေ ဆက်လုပ်နိုင်ဖို့ အမေရိကန်က ဖွင့်ပေးထားပါတယ်။

ပြည်ပမှာတာဝန်ထမ်းဆောင်နေတဲ့ ကျူးဘားနိုင်ငံသား ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ လစာ ဝင်ငွေတွေကိုပါ ဖြတ်တောက် အသုံးချနေတဲ့ ကျူ းဘားအစိုးရရဲ့ ဒီ ဒုတိယနည်းလမ်းကိုလည်း နိုင်ငံတကာက သတိထားမိအောင် အမေရိကန်က သတင်းဖြန့်ဝေ ပေးနေပါတယ်။ဒီအမြတ်ထုတ်တဲ့လုပ်ငန်းဟာ Castro အစိုးရအတွက် နံပါတ်တစ် ငွေဝင်ပေါက်ဖြစ်တယ်လို့ သံအမတ်ကြီး Kozak က ထောက်ပြပါတယ်။အစိုးရက သူ့ရဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ လစာ ၉၀ ရာခိုင်နှုန်းကို မတရားဖြတ်ယူနေတာကြောင့် လစာအပြည့်ကို မခံစားကြရပါဘူးလို့ဆိုပါတယ်။

အစိုးရက သူတို့ဝင်ငွေတွေကို ဖြတ်တောက်နေချိန်မှာ အဲဒီဆရာဝန်တွေကို အကာအကွယ်ပေးနိုင်ဖို့ အမေရိကန်က လုပ်ဆောင်နေပါတယ်။ကျူးဘားဝန်ထမ်းတွေအလုပ်လုပ်နေတဲ့ နိုင်ငံတွေအနေနဲ့ လစာတွေကို ကျူးဘားအစိုးရရဲ့ အိပ်ထဲလွှဲပို့မယ့်အစား၊ ဝန်ထမ်းတွေရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းတွေထဲ ထည့်ပေးသင့်တယ်လို့ အမေရိကန်က တိုက်တွန်းပါတယ်။ ဒီအချက်ကို ကျူးဘားအစိုးရက လက်မခံဘဲ တင်းခံနေတဲ့ကြားက တချို ု့နိုင်ငံတွေက ဝန်ထမ်းတွေဘဏ်စာရင်းထဲ တိုက်ရိုက်လွှဲပို့နိုင်တာကို လက်တွေ့ပြသလိုက်ကြပြီလို့ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kozak ကပြောပါတယ်။

ကျူးဘားအစိုးရက ပြည်တွင်းဖိနှိပ်မှုတွေနဲ့ ဗင်နီဇွဲလားမှာ မတော်မတရား စွက်ဖက်တာတွေအတွက် ရန်ပုံငွေ မစုဆောင်းနိုင်အောင် အမေရိကန်ပြည်ထောင်စုက အာရုံစိုက်နေပါတယ်။ ကျူးဘားစစ်တပ်၊ လုံခြုံရေးတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးဌာနတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေနဲ့ ကျနော်တို့ အရေးယူထားပြီးဖြစ်ကြောင်းနဲ့ ဖိနှိပ်တဲ့ ကျူးဘားအစိုးရ အတွက်မဟုတ်ဘဲ၊ ကျူးဘားနိုင်ငံက လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကကဏ္ဍ ခိုင်မာတောင့်တင်းအောင် ရည်ရွယ်တာဖြစ်ပါတယ်လို့ ယာယီအမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Kozak ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG