Accessibility links

Breaking News

အႏၲရာယ္ရွိတဲ့ ဓာတုသန႔္စင္ေရး အေမရိကန္နဲ႔ ဗီယက္နမ္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္


အႏၲရာယ္ရွိတဲ့ ဓာတုသန႔္စင္ေရး အေမရိကန္နဲ႔ ဗီယက္နမ္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္
အႏၲရာယ္ရွိတဲ့ ဓာတုသန႔္စင္ေရး အေမရိကန္နဲ႔ ဗီယက္နမ္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

လြန္ခဲ့တဲ့ႏွစ္ ၄၀ ေက်ာ္က အေမရိကန္ျပည္ေထာင္စုနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ စစ္ျဖစ္ခဲ့ၾကပါတယ္။ ၁၉၆၀ နဲ႔ ၁၉၇၀ ျပည့္နွစ္ေတြအတြင္း၊ ရန္သူတပ္ဖြဲ႔ေတြ ပုန္းေအာင္း၊ အသုံးခ်တဲ့ ေတာအုပ္ေတြကို ဖ်က္စီးဖို႔အတြက္ အေမရိကန္တပ္ဖြဲ႔ေတြက ဂါလံ သန္းနဲ႔ခ်ီတဲ့ ဓါတုဓါတ္ေငြ႔ရည္ေတြ အသံုးျပဳခဲ့ၾကပါတယ္။ အမ်ားဆံုးအသံုးျပဳခဲ့တာကေတာ့ Dioxin ဓါတုပစၥည္းပါဝင္တဲ့ Agent Orange ဓါတုအဆိပ္သင့္ လိေမၼာ္ေရာင္ဓါတ္ေငြ႔ရည္ျဖစ္ၿပီး၊ အဲဒီအခိ်န္ကစၿပီး က်န္းမာေရးနဲ႔ ပတ္ဝန္းက်င္ထိခိုက္ပ်က္စီးေစႏိုင္ေၾကာင္း က်ေနာ္တို႔ သင္ခန္းစာယူႏိုင္ခဲ့ၾကပါတယ္။

စစ္ပြဲေတြၿပီးဆံုးခဲ့ၿပီးကတည္းက အေမရိကန္နဲ႔ ဗီယက္နမ္ႏိုင္ငံအၾကား အာဃာတေတြ ေဘးဖယ္ပစ္ဖို႔ အေလးအနက္ထား ႀကိဳးစားခဲ့ၾကၿပီး၊ ၁၉၉၅ ခုႏွစ္မွာ သံတမန္ျပန္လည္ဆက္သြယ္ႏိုင္ခဲ့ၾကပါတယ္။ ၂ ႏိုင္ငံအၾကား ကုန္သြယ္ေရးနဲ႔ စီးပြားေရးကို အခိုင္အမာ၊ အျပန္အလွန္ဆက္သြယ္ေနၾကပါၿပီ။ သိပၸံနဲ႔ နည္းပညာ၊ ပညာေရး၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ က်န္းမာေရး၊ ကာကြယ္ေရးနဲ႔ လံုၿခံဳေရးအျပင္၊ စစ္ရဲ႕ ဆိုးေမြေတြရွင္းလင္းေရးအတြက္ပါ ပူးေပါင္းေဆာင္ရြက္ေနၾကတာပါ။

ပတ္ဝန္းက်င္ျပန္လည္ျပဳျပင္ထိန္းသိမ္းေရးနဲ႔ သန္႔ရွင္းေရး ပူးေပါင္းေဆာင္ရြက္မႈေတြထဲမွာ အမ်ားဆံုးရွင္းလင္းရတာကေတာ့၊ လိေမၼာ္ေရာင္ဓါတုအေငြ႔ရည္သင့္တဲ့ ေဒသေတြပဲျဖစ္ပါတယ္။ ဒါနန္းေလဆိပ္တည္ရွိရာေျမျပင္ဟာ၊ Dioxin သိပ္သည္းဆမ်ားလွတဲ့ ဓါတ္ေငြ႔ရည္က်ေရာက္ခဲ့တဲ့အတြက္၊ ရွင္းလင္းေပးဖို႔ ဗီယက္နမ္အစိုးရက ေမတၱာရပ္ခံခဲ့ပါတယ္။ ဒါ့ေၾကာင့္ အေမရိကန္အစိုးရက သေဘာတူခဲ့ၿပီး၊ USAID အေမရိကန္ႏိုင္ငံတကာ ဖြံ႔ၿဖိဳးမႈေအဂ်င္စီကတဆင့္၊ ရွင္းလင္းေပးခဲ့ရာမွာ ၂၀၁၈ ခုႏွစ္မွာ စီမံကိန္းအၿပီးသတ္ႏိုင္ခဲ့ပါတယ္။

ေနာက္တေနရာကေတာ့ Bien Hoa ေလတပ္စခန္းတည္ရွိရာျဖစ္ပါတယ္။ အေမရိကန္-ဗီယက္နမ္ စစ္ပြဲအတြင္း၊ အဲဒီေနရာမွာ လိေမၼာ္ေရာင္ဓါတုဓါတ္ေငြ႔ရည္ အဓိကသိုေလွာင္၊ ျဖန္႔ျဖဴးခဲ့ၿပီး၊ ဗီယက္နမ္တခြင္ Dioxin ဓါတ္ေငြ႔ရည္အမ်ားဆံုးၾကြင္းက်န္ခဲ့တဲ့ ေနရာျဖစ္ပါတယ္။ ဒီရွင္းလင္းေရး ႀကိဳးပမ္းမႈေတြအားလံုး၊ လာမယ့္ ၁၀ နွစ္အတြင္းအၿပီးသတ္ႏိုင္လိမ့္မယ္လို႔ USAID က ခန္႔မွန္းထားပါတယ္။

အမ်ိဳးသားလံုၿခံဳေရးအႀကံေပးပုဂၢိဳလ္ Robert O'Brien က Bien Hoa ေလတပ္စခန္း ေျမရွင္းလင္းေရးအတြက္ USAID ကေန ေဒၚလာသန္း ၂၀ အကုန္အက်ခံမွာျဖစ္ၿပီး၊ ဗီယက္နမ္တခြင္ ဓါတုအဆိပ္သင့္ေျမေနရာရွင္းလင္းေရအတြက္ စုစုေပါင္း ေဒၚလာသန္း ၁၁၀ ေက်ာ္ ပံ့ပိုးတာျဖစ္တယ္လို႔ ႏိုဝင္ဘာလကုန္ပိုင္းက ေၾကညာခဲ့ပါတယ္။

အတိ္တ္ကာလတုန္းက စစ္ေျမျပင္မွာ က်ေနာ္တို႔ဟာ ရန္သူေတြျဖစ္ခဲ့ေပမဲ့၊ ဒီေန႔မွာေတာ့၊ က်ေနာတို႔ရဲ႕ ပူးေပါင္းေဆာင္ရြက္မႈဟာ၊ လံုၿခံဳေရးအက်ိဳးစီးပြားအတြက္၊ အျပန္အလွန္ ဆက္ဆံေနၾကပါၿပီ။ စစ္ၿပီးကတည္းက အတိတ္ကိုထားပစ္ခဲ့ၾကၿပီး၊ ရဲရင့္ျပတ္သားစြာ၊ အနာဂတ္ကိုေရွ႕ရႈရင္း၊ ဘံုအက်ိဳးစီးပြားနဲ႔ အျပန္အလွန္ေလးစားမႈကိုအေျခခံၿပီး၊ ခ်စ္ၾကည္ရင္းႏွီးမႈကို ထည္ေဆာက္ႏိုင္ခဲ့ၾကပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာပါတယ္။

စစ္ပြဲရဲ႕ အၾကြင္းအက်န္ဆိုးေမြေတြကို ရွင္းလင္းေနတဲ့ တခ်ိန္တည္းမွာဘဲ၊ ၂ ႏိုင္ငံအၾကား စီးပြားေရး၊ ယဥ္ေက်းမႈနဲ႔ လံုၿခံဳေရးဆက္ဆံမႈ ခိုင္မာေအာင္ ဗီယက္နမ္အစိုးရနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ အေမရိကန္ျပည္ေထာင္စုက သႏၷိ႒ာန္ခ်မွတ္ထားပါတယ္။ အေမရိကန္ျပည္ေထာင္စုနဲ႔ ဗီယက္နမ္ႏိုင္အၾကား ၿပီးျပည့္စံုတဲ့ မိတ္ဖက္ဆက္ဆံေရး အေလးအနက္ထား ေဆာင္ရြက္ေနတဲ့တခ်ိန္တည္းမွာ၊ အျပန္အလွန္ယံုၾကည္မႈ တည္ေဆာက္ေရးနဲ႔ ပူးေပါင္းေဆာင္ရြက္မႈအတြက္ Bien Hoa နဲ႔ ဒါနန္း ၂ ေနရာစလံုးမွာ Dioxin ဓါတုအဆိပ္သင့္ ရွင္းလင္းေရး၊ USAID ရဲ႕ ႀကိဳးပမ္းမႈက အေရးပါလွေၾကာင္းပါ။

................

အန္တရာယ်ရှိတဲ့ ဓာတုသန့်စင်ရေး အမေရိကန်နဲ့ ဗီယက်နမ် ဆက်လက်ပူးပေါင်းဆောင်ရွက်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

လွန်ခဲ့တဲ့နှစ် ၄၀ ကျော်က အမေရိကန်ပြည်ထောင်စုနဲ့ ဗီယက်နမ်နိုင်ငံတို့ စစ်ဖြစ်ခဲ့ကြပါတယ်။ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်တွေအတွင်း၊ ရန်သူတပ်ဖွဲ့တွေ ပုန်းအောင်း၊ အသုံးချတဲ့ တောအုပ်တွေကို ဖျက်စီးဖို့အတွက် အမေရိကန်တပ်ဖွဲ့တွေက ဂါလံ သန်းနဲ့ချီတဲ့ ဓါတုဓါတ်ငွေ့ရည်တွေ အသုံးပြုခဲ့ကြပါတယ်။ အများဆုံးအသုံးပြုခဲ့တာကတော့ Dioxin ဓါတုပစ္စည်းပါဝင်တဲ့ Agent Orange ဓါတုအဆိပ်သင့် လိမ္မော်ရောင်ဓါတ်ငွေ့ရည်ဖြစ်ပြီး၊ အဲဒီအချိန်ကစပြီး ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေနိုင်ကြောင်း ကျနော်တို့ သင်ခန်းစာယူနိုင်ခဲ့ကြပါတယ်။

စစ်ပွဲတွေပြီးဆုံးခဲ့ပြီးကတည်းက အမေရိကန်နဲ့ ဗီယက်နမ်နိုင်ငံအကြား အာဃာတတွေ ဘေးဖယ်ပစ်ဖို့ အလေးအနက်ထား ကြိုးစားခဲ့ကြပြီး၊ ၁၉၉၅ ခုနှစ်မှာ သံတမန်ပြန်လည်ဆက်သွယ်နိုင်ခဲ့ကြပါတယ်။ ၂ နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ စီးပွားရေးကို အခိုင်အမာ၊ အပြန်အလှန်ဆက်သွယ်နေကြပါပြီ။ သိပ္ပံနဲ့ နည်းပညာ၊ ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးအပြင်၊ စစ်ရဲ့ ဆိုးမွေတွေရှင်းလင်းရေးအတွက်ပါ ပူးပေါင်းဆောင်ရွက်နေကြတာပါ။

ပတ်ဝန်းကျင်ပြန်လည်ပြုပြင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်မှုတွေထဲမှာ အများဆုံးရှင်းလင်းရတာကတော့၊ လိမ္မော်ရောင်ဓါတုအငွေ့ရည်သင့်တဲ့ ဒေသတွေပဲဖြစ်ပါတယ်။ ဒါနန်းလေဆိပ်တည်ရှိရာမြေပြင်ဟာ၊ Dioxin သိပ်သည်းဆများလှတဲ့ ဓါတ်ငွေ့ရည်ကျရောက်ခဲ့တဲ့အတွက်၊ ရှင်းလင်းပေးဖို့ ဗီယက်နမ်အစိုးရက မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါ့ကြောင့် အမေရိကန်အစိုးရက သဘောတူခဲ့ပြီး၊ USAID အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီကတဆင့်၊ ရှင်းလင်းပေးခဲ့ရာမှာ ၂၀၁၈ ခုနှစ်မှာ စီမံကိန်းအပြီးသတ်နိုင်ခဲ့ပါတယ်။

နောက်တနေရာကတော့ Bien Hoa လေတပ်စခန်းတည်ရှိရာဖြစ်ပါတယ်။ အမေရိကန်-ဗီယက်နမ် စစ်ပွဲအတွင်း၊ အဲဒီနေရာမှာ လိမ္မော်ရောင်ဓါတုဓါတ်ငွေ့ရည် အဓိကသိုလှောင်၊ ဖြန့်ဖြူးခဲ့ပြီး၊ ဗီယက်နမ်တခွင် Dioxin ဓါတ်ငွေ့ရည်အများဆုံးကြွင်းကျန်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ ဒီရှင်းလင်းရေး ကြိုးပမ်းမှုတွေအားလုံး၊ လာမယ့် ၁၀ နှစ်အတွင်းအပြီးသတ်နိုင်လိမ့်မယ်လို့ USAID က ခန့်မှန်းထားပါတယ်။

အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Robert O'Brien က Bien Hoa လေတပ်စခန်း မြေရှင်းလင်းရေးအတွက် USAID ကနေ ဒေါ်လာသန်း ၂၀ အကုန်အကျခံမှာဖြစ်ပြီး၊ ဗီယက်နမ်တခွင် ဓါတုအဆိပ်သင့်မြေနေရာရှင်းလင်းရေအတွက် စုစုပေါင်း ဒေါ်လာသန်း ၁၁၀ ကျော် ပံ့ပိုးတာဖြစ်တယ်လို့ နိုဝင်ဘာလကုန်ပိုင်းက ကြေညာခဲ့ပါတယ်။

အတိတ်ကာလတုန်းက စစ်မြေပြင်မှာ ကျနော်တို့ဟာ ရန်သူတွေဖြစ်ခဲ့ပေမဲ့၊ ဒီနေ့မှာတော့၊ ကျနောတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ၊ လုံခြုံရေးအကျိုးစီးပွားအတွက်၊ အပြန်အလှန် ဆက်ဆံနေကြပါပြီ။ စစ်ပြီးကတည်းက အတိတ်ကိုထားပစ်ခဲ့ကြပြီး၊ ရဲရင့်ပြတ်သားစွာ၊ အနာဂတ်ကိုရှေ့ရှုရင်း၊ ဘုံအကျိုးစီးပွားနဲ့ အပြန်အလှန်လေးစားမှုကိုအခြေခံပြီး၊ ချစ်ကြည်ရင်းနှီးမှုကို ထည်ဆောက်နိုင်ခဲ့ကြပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောပါတယ်။

စစ်ပွဲရဲ့ အကြွင်းအကျန်ဆိုးမွေတွေကို ရှင်းလင်းနေတဲ့ တချိန်တည်းမှာဘဲ၊ ၂ နိုင်ငံအကြား စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ လုံခြုံရေးဆက်ဆံမှု ခိုင်မာအောင် ဗီယက်နမ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဗီယက်နမ်နိုင်အကြား ပြီးပြည့်စုံတဲ့ မိတ်ဖက်ဆက်ဆံရေး အလေးအနက်ထား ဆောင်ရွက်နေတဲ့တချိန်တည်းမှာ၊ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် Bien Hoa နဲ့ ဒါနန်း ၂ နေရာစလုံးမှာ Dioxin ဓါတုအဆိပ်သင့် ရှင်းလင်းရေး၊ USAID ရဲ့ ကြိုးပမ်းမှုက အရေးပါလှကြောင်းပါ။

XS
SM
MD
LG