Accessibility links

Breaking News

အာဖဂန္နစၥတန္နဲ႔ အီရတ္က အေမရိကန္ တပ္ဖြဲ႕မ်ား ေလွ်ာ့ခ်ျခင္း


အာဖဂနစၥတန္ႏိုင္ငံရွိ အေမရိကန္တပ္ဖြဲ႔မ်ား
အာဖဂနစၥတန္ႏိုင္ငံရွိ အေမရိကန္တပ္ဖြဲ႔မ်ား

{{Zawgyi/Unicode}}

အေမရိကန္ျပည္ေထာင္စုရဲ႕ ရည္ရြယ္ခ်က္က အာဖဂန္နစၥတန္နဲ႔ အီရတ္မွာရွိတဲ့ အေမရိကန္တပ္ဖြဲ႔ဝင္ဦးေရ ေလွ်ာ့ခ်ဖို႔ ျဖစ္တယ္လို႔ ယာယီကာကြယ္ေရးဝန္ႀကီး Christopher Miller က ႏိုဝင္ဘာလ ၁၇ ရက္ေန႔ကေၾကညာထားပါတယ္။ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၁၅ ရက္ေန႔ဆိုရင္ အဲဒီႏိုင္ငံေတြမွာ အေမရိကန္တပ္ဖြဲ႔ဝင္ဦးေရ ၂၅၀၀ စီဘဲ က်န္ရွိေတာ့မွာျဖစ္ပါတယ္။

ဒီေဆာင္ရြက္ခ်က္ဟာ မူလအစီအစဥ္ေတြအရ၊ မဟာဗ် ဴဟာက်တဲ့ရည္ရြယ္ခ်က္ေတြနဲ႔ ကိုက္ညီမႈရွိပါတယ္။ အေမရိကန္ျပည္သူေတြက ေထာက္ခံၾကသလို၊ အေမရိကန္ရဲ႕ မူဝါဒနဲ႕ ရည္ရြယ္ခ်က္ေတြကို ေျပာင္းလဲေစတာမဟုတ္ဘူးလို႔ ယာယီကာကြယ္ေရးဝန္ႀကီး Miller ကဆိုပါတယ္။ အစြမ္းကုန္ စြန္႔လႊတ္အနစ္နာခံၾကတဲ့ မ်ိ ဳ းခ်စ္ပုဂၢိဳလ္အမ်ားအျပားနဲ႔ သူတို႔ရဲ႕ အေမြကိုဆက္ခံၾကမယ့္ ရဲေဘာ္ေတြရဲ႕ ေက်းဇူးကို ဒီအခ်ိန္မွာအထူးတလည္၊ အသိအမွတ္ျပဳပါတယ္လို႔ Mr. Miller က အခုလိုေျပာပါတယ္။

“အာဖဂန္နစၥတန္နဲ႔ အီရတ္ႏိုင္ငံမွာ အသက္ဆံုးရံႈးခဲ့ရတဲ့ အေမရိကန္စစ္သည္ ၆၉၀၀ အတြက္ က်ေနာ္တို႔တေတြ အတူတကြ ဝမ္းနည္းေၾကကြဲခဲ့ၾကရပါတယ္။ စစ္ဒဏ္ခံစားေနၾကသူေတြနဲ႕ ရုပ္ပိုင္း ဒဏ္ရာရေနၾကသူေတြေရာ၊ မျမင္ရတဲ့ စိတ္ဒဏ္ရာရေနၾကသူ ၅၂၀၀၀ ေက်ာ္ကိုပါ က်ေနာ္တို႔ ဘယ္ေတာ့မွ မေမ့ပါဘူးလို႔ ေျပာသြားတာပါ။”

အာဖဂန္သမၼတ Ashraf Ghani ကလည္း အာဖဂန္နစၥတန္ႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးအတြက္ တိုက္ပြဲဝင္ေနၾကတဲ့ အေမရိကန္စစ္သည္အားလံုးကို ေက်းဇူးတင္ရွိပါေၾကာင္း သူနဲ႔ တယ္လီဖုန္းေျပာဆိုမႈအတြင္း အေလးအနက္ေျပာဆိုလိုက္တယ္လို႔ ယာယီကာကြယ္ေရးဝန္ႀကီး Miller ကေျပာပါတယ္။

အာဖဂန္တာဝန္ရွိသူေတြနဲ႔ တာလီဘန္ေတြအၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြဟာ၊ စစ္ပြဲေတြအဆံုးသတ္ေရးအတြက္ ႏိုင္ငံေရးေစ့စပ္ညွိႏိႈင္းမႈျဖစ္လို႔၊ အေကာင္းဆံုး အခြင့္အလမ္းတရပ္အေနနဲ႔ အေမရိကန္ျပည္ေထာင္စုက ဆက္လက္ေထာက္ခံမွာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အေမရိကန္ျပည္သူေတြကို ဆက္လက္ အကာအကြယ္ေပးဖို႔နဲ႔ အေမရိကန္ရဲ႕ မိတ္ဖက္ေတြကို ေထာက္ခံသြားဖို႔ အဆင္သင့္ရွိေနပါတယ္လို႔ ယာယီကာကြယ္ေရးဝန္ႀကီး Miller ကအခုလိုေျပာပါတယ္။

“အေမရိကန္ျပည္သူေတြ စိတ္ခ်လံုၿခံဳစြာေနထိုင္ႏိုင္ေရးနဲ႔ ကမၻာတဝန္းက ခံယူခ်က္ သေဘာထားတူညီတဲ့ က်ေနာ္တို႔ရဲ႕ မဟာမိတ္ေတြနဲ႔ မိတ္ဖက္ေတြကို အကာအကြယ္ေပးဖို႔ အေမရိကန္တပ္ဖြဲ႔ေတြက သံဓိဌာန္ခ်မွတ္ထားဆဲျဖစ္ပါတယ္။ တကယ္လို႔၊ အၾကမ္းဖက္အင္အားစုေတြ၊ မတည္မၿငိမ္ျဖစ္ေအာင္လႈပ္ရွားသူေတြ၊ သေဘာထားကြဲျပားမႈေတြ၊ အမုန္းတရားေတြနဲ႔ တမင္စည္းရံုးလႈံ႔ေဆာ္ၿပီး က်ေနာ္တို႔ရဲ႕ ႀကိဳးပမ္းမႈေတြကို ေႏွာက္ယွက္ၾကမယ္ဆိုရင္ေတာ့၊ သူတို႔ကိုေျခမႈန္းပစ္ဖို႔ လိုအပ္တဲ့ စြမ္းရည္ေတြ အသင့္အေနအထားမွာရွိေနတယ္လို႔ ေျပာသြားတာပါ။”

အေမရိကန္တပ္ဖြဲ႔ေတြကို အိမ္ျပန္ႏိုင္ေအာင္ ေဆာင္က်ဥ္းေပးႏိုင္တာဟာ အေထြေထြ စစ္ပြဲတရပ္ကို အဆံုးသတ္ေပးႏိုင္တဲ့ သေဘာျဖစ္ပါတယ္။ အဆံုးမသတ္ႏိုင္တဲ့ စစ္ပြဲနဲ႔ ႀကီးေလးတဲ့ ဝန္ပိေနတဲ့ က်ေနာ္တို႔ရဲ႕ ကေလးေတြကို အကာအကြယ္ေပးသြားမွာပါ။ အာဖဂန္နစၥတန္၊ အီရတ္နဲ႔ ကမၻာတဝန္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးအတြက္ စြန္႔လႊတ္အနစ္နာခံ တာဝန္ထမ္းေဆာင္ခဲ့ၾကသူေတြကို ဂုဏ္ျပဳသြားမွာျဖစ္သလို၊ ဖိႏွိပ္မႈကေန လြတ္ေျမာက္ေအာင္ ကူညီခဲ့ၾကသူေတြကိုပါ ခ်ီးက်ဴ း ေက်းဇူးတင္ပါတယ္လို႔ ယာယီကာကြယ္ေရးဝန္ႀကီး Christopher Miller ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

.......................................

{{Unicode}}

အမေရိကန်ပြည်ထောင်စုရဲ့ ရည်ရွယ်ချက်က အာဖဂန်နစ္စတန်နဲ့ အီရတ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်ဦးရေ လျှော့ချဖို့ ဖြစ်တယ်လို့ ယာယီကာကွယ်ရေးဝန်ကြီး Christopher Miller က နိုဝင်ဘာလ ၁၇ ရက်နေ့ကကြေညာထားပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ဆိုရင် အဲဒီနိုင်ငံတွေမှာ အမေရိကန်တပ်ဖွဲ့ဝင်ဦးရေ ၂၅၀၀ စီဘဲ ကျန်ရှိတော့မှာဖြစ်ပါတယ်။

ဒီဆောင်ရွက်ချက်ဟာ မူလအစီအစဉ်တွေအရ၊ မဟာဗျ ူဟာကျတဲ့ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီမှုရှိပါတယ်။ အမေရိကန်ပြည်သူတွေက ထောက်ခံကြသလို၊ အမေရိကန်ရဲ့ မူဝါဒနဲ့ ရည်ရွယ်ချက်တွေကို ပြောင်းလဲစေတာမဟုတ်ဘူးလို့ ယာယီကာကွယ်ရေးဝန်ကြီး Miller ကဆိုပါတယ်။ အစွမ်းကုန် စွန့်လွှတ်အနစ်နာခံကြတဲ့ မျိုးချစ်ပုဂ္ဂိုလ်အများအပြားနဲ့ သူတို့ရဲ့ အမွေကိုဆက်ခံကြမယ့် ရဲဘော်တွေရဲ့ ကျေးဇူးကို ဒီအချိန်မှာအထူးတလည်၊ အသိအမှတ်ပြုပါတယ်လို့ Mr. Miller က အခုလိုပြောပါတယ်။

“အာဖဂန်နစ္စတန်နဲ့ အီရတ်နိုင်ငံမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ အမေရိကန်စစ်သည် ၆၉၀၀ အတွက် ကျနော်တို့တတွေ အတူတကွ ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ စစ်ဒဏ်ခံစားနေကြသူတွေနဲ့ ရုပ်ပိုင်း ဒဏ်ရာရနေကြသူတွေရော၊ မမြင်ရတဲ့ စိတ်ဒဏ်ရာရနေကြသူ ၅၂၀၀၀ ကျော်ကိုပါ ကျနော်တို့ ဘယ်တော့မှ မမေ့ပါဘူးလို့ ပြောသွားတာပါ။”

အာဖဂန်သမ္မတ Ashraf Ghani ကလည်း အာဖဂန်နစ္စတန်နိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အမေရိကန်စစ်သည်အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း သူနဲ့ တယ်လီဖုန်းပြောဆိုမှုအတွင်း အလေးအနက်ပြောဆိုလိုက်တယ်လို့ ယာယီကာကွယ်ရေးဝန်ကြီး Miller ကပြောပါတယ်။

အာဖဂန်တာဝန်ရှိသူတွေနဲ့ တာလီဘန်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ၊ စစ်ပွဲတွေအဆုံးသတ်ရေးအတွက် နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုဖြစ်လို့၊ အကောင်းဆုံး အခွင့်အလမ်းတရပ်အနေနဲ့ အမေရိကန်ပြည်ထောင်စုက ဆက်လက်ထောက်ခံမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန်ပြည်သူတွေကို ဆက်လက် အကာအကွယ်ပေးဖို့နဲ့ အမေရိကန်ရဲ့ မိတ်ဖက်တွေကို ထောက်ခံသွားဖို့ အဆင်သင့်ရှိနေပါတယ်လို့ ယာယီကာကွယ်ရေးဝန်ကြီး Miller ကအခုလိုပြောပါတယ်။

“အမေရိကန်ပြည်သူတွေ စိတ်ချလုံခြုံစွာနေထိုင်နိုင်ရေးနဲ့ ကမ္ဘာတဝန်းက ခံယူချက် သဘောထားတူညီတဲ့ ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေကို အကာအကွယ်ပေးဖို့ အမေရိကန်တပ်ဖွဲ့တွေက သံဓိဌာန်ချမှတ်ထားဆဲဖြစ်ပါတယ်။ တကယ်လို့၊ အကြမ်းဖက်အင်အားစုတွေ၊ မတည်မငြိမ်ဖြစ်အောင်လှုပ်ရှားသူတွေ၊ သဘောထားကွဲပြားမှုတွေ၊ အမုန်းတရားတွေနဲ့ တမင်စည်းရုံးလှုံ့ဆော်ပြီး ကျနော်တို့ရဲ့ ကြိုးပမ်းမှုတွေကို နှောက်ယှက်ကြမယ်ဆိုရင်တော့၊ သူတို့ကိုခြေမှုန်းပစ်ဖို့ လိုအပ်တဲ့ စွမ်းရည်တွေ အသင့်အနေအထားမှာရှိနေတယ်လို့ ပြောသွားတာပါ။”

အမေရိကန်တပ်ဖွဲ့တွေကို အိမ်ပြန်နိုင်အောင် ဆောင်ကျဉ်းပေးနိုင်တာဟာ အထွေထွေ စစ်ပွဲတရပ်ကို အဆုံးသတ်ပေးနိုင်တဲ့ သဘောဖြစ်ပါတယ်။ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲနဲ့ ကြီးလေးတဲ့ ဝန်ပိနေတဲ့ ကျနော်တို့ရဲ့ ကလေးတွေကို အကာအကွယ်ပေးသွားမှာပါ။ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ကမ္ဘာတဝန်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် စွန့်လွှတ်အနစ်နာခံ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေကို ဂုဏ်ပြုသွားမှာဖြစ်သလို၊ ဖိနှိပ်မှုကနေ လွတ်မြောက်အောင် ကူညီခဲ့ကြသူတွေကိုပါ ချီးကျူ း ကျေးဇူးတင်ပါတယ်လို့ ယာယီကာကွယ်ရေးဝန်ကြီး Christopher Miller ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG