Accessibility links

Breaking News

၂၀၂၀ ျပည္႔ ခရစၥမတ္ ႏွင္႔ သမၼတ Donald Trump ရဲ႕ အမွာစကား


အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ အေဆာက္အအုံအတြင္း ခရစ္စမတ္ ႀကိဳတင္ျပင္ဆင္မႈမ်ား ( ႏိုဝင္ဘာလ၊၃ဝ၊၂ဝ၂ဝ)
အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ အေဆာက္အအုံအတြင္း ခရစ္စမတ္ ႀကိဳတင္ျပင္ဆင္မႈမ်ား ( ႏိုဝင္ဘာလ၊၃ဝ၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

ဒီဇင္ဘာလ ၂၅ ရက္ေန႔ဟာ ခရစ္ယာန္ေတြ အထြတ္အျမတ္ထားတဲ့ အေရးႀကီးဆံုးေန႔ရက္ေတြထဲက ေန႔တေန႔ ျဖစ္ပါတယ္။ ကမၻာႀကီးရဲ႕ အလင္းေရာင္၊ ကယ္တင္ရွင္၊ ဘုရားသခင္ဝင္စားသူ ကိုယ္ေတာ္ အရွင္သခင္အျဖစ္ ခရစ္ယာန္ေတြ ယံုၾကည္ကိုးကြယ္ၾကတဲ့ ေယရႈခရစ္ေတာ္ ကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၀၀၀ ခန္႔က ဖြားျမင္ေတာ္မူတဲ့ေန႔ အထိမ္းအမွတ္ျဖစ္ပါတယ္။ ေယရႈခရစ္ေတာ္ရဲ႕ မိဘေတြျဖစ္ၾကတဲ့ ေမရီနဲ႔ ဂ်ိဳးဇက္ဖ္တို႔ဟာ ဆင္းရဲသားေတြျဖစ္ၾကၿပီး၊ ေယရႈကို အေမွာင္ဖံုးတဲ့ ခ်မ္းေအးလွတဲ့ေဆာင္းတညမွာ ႏြားတင္းကုတ္အတြင္း ဖြားျမင္သန္႔စင္ခဲ့တာျဖစ္ပါတယ္။

လြန္ေလၿပီးေသာကာလေတြကေန ဒီေန႔အထိ ကမၻာ့ေျမာက္ဘက္ျခမ္းမွာ ေနထိုင္ၾကသူေတြအတြက္ ေန႔တာအတိုဆံံုး ေဆာင္းရာသီက်ေရာက္ေနၿပီး၊ အလင္းေရာင္ တျဖည္းျဖည္းေမွးမိွန္ေပ်ာက္ကြယ္မႈကေန သဘာဝတရားရဲ႕ ျပန္လည္ဆန္းသစ္မႈ ကတိကဝတ္အရ၊ ေန႔တာရွည္မယ့္ကာလအတြက္ ေရာင္ျခည္သန္းေနပါၿပီ။

ကမၻာတဝန္းက ေရွးေခတ္လူသားေတြဟာ ႏွစ္သစ္ကူးေျပာင္းခ်ိန္ကို ႀကိဳဆိုခဲ့ၾကပါတယ္။ ေနမင္းႀကီးျပန္လည္ေပၚထြန္းလာတာကို ေပ်ာ္ေပ်ာ္ပါးပါးဆင္ႏြဲၾကသလို၊ ပူေဇာ္ပသ တာေတြနဲ႔ တခမ္းတနားက်င္းပခဲ့ၾကပါတယ္။ အလင္းေရာင္ကို အဓိကထားဆင္ႏြဲတာအပါအဝင္၊ ဒီေန႔ေခတ္ ႏွစ္သစ္ကူးပြဲေတြလို တခ်ိဳ႔က အလားတူ ဆင္ႏႊဲခဲ့ၾကပါတယ္။ ေရွးေဟာင္းအစဥ္အလာအရ ေမွ်ာ္လင့္ေတာင့္တၾကတဲ့ ေန႔တာတိုတဲ့ေန႔ရက္ေတြ ကုန္ဆံုးကာနီးအခ်ိန္မွာ ေယရႈခရစ္ေတာ္ဖြားျမင္ေတာ္မူတဲ့ေန႔ကို ဆင္ႏႊဲၾကတာျဖစ္ပါတယ္။ ကမၻာတဝန္း တျခားႏိုင္ငံေတြက လူမႈအသိုင္းအဝိုင္းေတြမွာလည္း ေဆာင္းရာသီ အလယ္ပိုင္းကာလ ရိုးရာပြဲေတာ္ေတြ က်င္းပေနၾကဆဲျဖစ္ပါတယ္။

ဒီဇင္ဘာလ ၂၂ ရက္ေန႔ဝန္းက်င္ဆိုရင္ တရုတ္နဲ႔ အေရွ႔အာရွႏိုင္ငံတခ်ိဳ႔မွာ Dongzhi လို႔ေခၚတဲ့ ပြဲေတာ္ဆင္ႏႊဲၾကပါတယ္။ မိသားစုေတြ စံုစံုညီညီ စုေဝးၾကၿပီး၊ ၿပီးခဲ့ႏွစ္ကို အမွတ္တရအျဖစ္နဲ႔ေရာ၊ ေဆာင္းရာသီႀကိဳဆိုပြဲနဲ႔ အလင္းေရာင္ျပန္လည္ ထြန္းပတဲ့ အထိမ္းအမွတ္အေနနဲ႔ပါ Dongzhi ပြဲေတာ္က်င္းပၾကပါတယ္။

ေဆာင္းရာသီ ေန႔တာအတိုဆံုးကာလကို ႀကိဳဆိုတဲ့ ေရွးေဟာင္း Yalda ပြဲေတာ္ကို အီရန္ႏိုင္ငံမွာ ဆင္ႏႊဲၾကခ်ိန္မွာ၊ ဂ်ပန္ႏိုင္ငံမွာလည္း ရိုးရာအစဥ္အလာအရ၊ က်န္းမာေရးနဲ႔ ကံေကာင္းေစဖို႔ ႏွစ္သစ္ကိုပါႀကိဳဆိုတဲ့အေနနဲ႕ Toji ပြဲေတာ္ ဆင္ယင္က်င္းပၾကပါတယ္။

ပြဲေတာ္ေတြဆင္ယင္က်င္းပပံု အမ်ိဳးမ်ိဳးကြဲျပားေပမဲ့၊ ဘယ္ေနရာမွာျဖစ္ျဖစ္ ေပ်ာ္ရႊင္ဖြယ္ စိတ္ဓါတ္နဲ႔ ေကာင္းျမတ္တဲ့ အက်ိဳးခံစားၾကရပါတယ္။ ပထမဆံုး ခရစ္စမတ္ေန႔မွာ Angel နတ္သမီးေလးတပါးက ေယရႈခရစ္ဖြားျမင္သန္႔စင္ျခင္း အထိမ္းအမွတ္၊ အတိတ္တေဘာင္အျဖစ္ ျမြက္ၾကားခဲ့တဲ့ Peace on Earth: Good will toward men ကမၻာေျမၿငိမ္းခ်မ္းပါေစ၊ လူသားေတြအတြက္ ေရွ႕ရႈတဲ့ ခ်စ္ၾကည္ေရးဆိုတဲ့ ကတိစကားဟာ လြန္ခဲ့တဲ့ႏွစ္ေတြ ရာနဲ႔ ခ်ီၾကာခဲ့ေပမဲ့ ခရစ္ယာန္ေတြအတြက္ကေတာ့ ဒီေန႔အထိ ပဲ့တင္သံအျဖစ္ ခံယူေနဆဲပါဘဲ။

ႏွစ္စဥ္ႏွစ္တိုင္း ခရစ္စမတ္အခါသမယမွာ တကယ့္စစ္မွန္တဲ့ ခရစ္စမတ္စိတ္ဓါတ္က က်ေနာ္တို႔ဆီမွာ ဘာေတြရွိတယ္၊ မရွိဘူးဆိုတာကို အသိအမွတ္ျပဳတာမဟုတ္ပါဘူး၊ က်ေနာ္တို႔တေတြဟာ ဘယ္သူေတြလဲ၊ က်ေနာ္တို႔ေတြ တေယာက္ခ်င္းစီတိုင္းဟာ ဘုရားသခင္ရဲ႕သားသမီးေတြျဖစ္ၾကတယ္ ဆိုတာကို အသိအမွတ္ျပဳတာျဖစ္ပါတယ္။ ဒီအခ်က္က ဒီအခ်ိန္အခါမွာ ေပ်ာ္ရႊင္စြာ ဆင္ႏႊဲဖို႔ အဓိက ဇစ္ျမစ္ပါဘဲ။ ဒီအခရာက်တဲ့အခ်က္က ခရစ္စမတ္ေန႔တိုင္းအတြက္ ေပ်ာ္ရႊင္ၾကည္ႏူးေစပါတယ္။ ဘာသာတရား ကိုးကြယ္မႈေတြနဲ႔ ၾကက္သေရအျပည့္ရွိတဲ့ ႏိုင္ငံတႏိုင္ငံအျဖစ္၊ ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ လူမႈအသိုင္အဝိုင္းအတြင္း၊ ခ်စ္ျခင္းေမတၱာလႊမ္းၿခံဳထားတဲ့ အိမ္ေတြအတြက္ က်ေနာ္တို႔ ႏိုင္ငံမွာေနရာရွိတယ္ဆိုတာ ကေလးတိုင္း သိရွိမွတ္သားႏိုင္ၾကေစရန္ ဆုေတာင္းၾကပါစို႔လို႔ သမၼတထရမ့္က ေဆာ္ၾသလိုက္ေၾကာင္းပါခင္ဗ်ား။

..............................................

{{Unicode}}

ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ ခရစ်ယာန်တွေ အထွတ်အမြတ်ထားတဲ့ အရေးကြီးဆုံးနေ့ရက်တွေထဲက နေ့တနေ့ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ အလင်းရောင်၊ ကယ်တင်ရှင်၊ ဘုရားသခင်ဝင်စားသူ ကိုယ်တော် အရှင်သခင်အဖြစ် ခရစ်ယာန်တွေ ယုံကြည်ကိုးကွယ်ကြတဲ့ ယေရှုခရစ်တော် ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ခန့်က ဖွားမြင်တော်မူတဲ့နေ့ အထိမ်းအမှတ်ဖြစ်ပါတယ်။ ယေရှုခရစ်တော်ရဲ့ မိဘတွေဖြစ်ကြတဲ့ မေရီနဲ့ ဂျိုးဇက်ဖ်တို့ဟာ ဆင်းရဲသားတွေဖြစ်ကြပြီး၊ ယေရှုကို အမှောင်ဖုံးတဲ့ ချမ်းအေးလှတဲ့ဆောင်းတညမှာ နွားတင်းကုတ်အတွင်း ဖွားမြင်သန့်စင်ခဲ့တာဖြစ်ပါတယ်။

လွန်လေပြီးသောကာလတွေကနေ ဒီနေ့အထိ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ နေထိုင်ကြသူတွေအတွက် နေ့တာအတိုဆံုံး ဆောင်းရာသီကျရောက်နေပြီး၊ အလင်းရောင် တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်မှုကနေ သဘာဝတရားရဲ့ ပြန်လည်ဆန်းသစ်မှု ကတိကဝတ်အရ၊ နေ့တာရှည်မယ့်ကာလအတွက် ရောင်ခြည်သန်းနေပါပြီ။

ကမ္ဘာတဝန်းက ရှေးခေတ်လူသားတွေဟာ နှစ်သစ်ကူးပြောင်းချိန်ကို ကြိုဆိုခဲ့ကြပါတယ်။ နေမင်းကြီးပြန်လည်ပေါ်ထွန်းလာတာကို ပျော်ပျော်ပါးပါးဆင်နွဲကြသလို၊ ပူဇော်ပသ တာတွေနဲ့ တခမ်းတနားကျင်းပခဲ့ကြပါတယ်။ အလင်းရောင်ကို အဓိကထားဆင်နွဲတာအပါအဝင်၊ ဒီနေ့ခေတ် နှစ်သစ်ကူးပွဲတွေလို တချို့က အလားတူ ဆင်နွှဲခဲ့ကြပါတယ်။ ရှေးဟောင်းအစဉ်အလာအရ မျှော်လင့်တောင့်တကြတဲ့ နေ့တာတိုတဲ့နေ့ရက်တွေ ကုန်ဆုံးကာနီးအချိန်မှာ ယေရှုခရစ်တော်ဖွားမြင်တော်မူတဲ့နေ့ကို ဆင်နွှဲကြတာဖြစ်ပါတယ်။ ကမ္ဘာတဝန်း တခြားနိုင်ငံတွေက လူမှုအသိုင်းအဝိုင်းတွေမှာလည်း ဆောင်းရာသီ အလယ်ပိုင်းကာလ ရိုးရာပွဲတော်တွေ ကျင်းပနေကြဆဲဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ဝန်းကျင်ဆိုရင် တရုတ်နဲ့ အရှေ့အာရှနိုင်ငံတချို့မှာ Dongzhi လို့ခေါ်တဲ့ ပွဲတော်ဆင်နွှဲကြပါတယ်။ မိသားစုတွေ စုံစုံညီညီ စုဝေးကြပြီး၊ ပြီးခဲ့နှစ်ကို အမှတ်တရအဖြစ်နဲ့ရော၊ ဆောင်းရာသီကြိုဆိုပွဲနဲ့ အလင်းရောင်ပြန်လည် ထွန်းပတဲ့ အထိမ်းအမှတ်အနေနဲ့ပါ Dongzhi ပွဲတော်ကျင်းပကြပါတယ်။

ဆောင်းရာသီ နေ့တာအတိုဆုံးကာလကို ကြိုဆိုတဲ့ ရှေးဟောင်း Yalda ပွဲတော်ကို အီရန်နိုင်ငံမှာ ဆင်နွှဲကြချိန်မှာ၊ ဂျပန်နိုင်ငံမှာလည်း ရိုးရာအစဉ်အလာအရ၊ ကျန်းမာရေးနဲ့ ကံကောင်းစေဖို့ နှစ်သစ်ကိုပါကြိုဆိုတဲ့အနေနဲ့ Toji ပွဲတော် ဆင်ယင်ကျင်းပကြပါတယ်။

ပွဲတော်တွေဆင်ယင်ကျင်းပပုံ အမျိုးမျိုးကွဲပြားပေမဲ့၊ ဘယ်နေရာမှာဖြစ်ဖြစ် ပျော်ရွှင်ဖွယ် စိတ်ဓါတ်နဲ့ ကောင်းမြတ်တဲ့ အကျိုးခံစားကြရပါတယ်။ ပထမဆုံး ခရစ်စမတ်နေ့မှာ Angel နတ်သမီးလေးတပါးက ယေရှုခရစ်ဖွားမြင်သန့်စင်ခြင်း အထိမ်းအမှတ်၊ အတိတ်တဘောင်အဖြစ် မြွက်ကြားခဲ့တဲ့ Peace on Earth: Good will toward men ကမ္ဘာမြေငြိမ်းချမ်းပါစေ၊ လူသားတွေအတွက် ရှေ့ရှုတဲ့ ချစ်ကြည်ရေးဆိုတဲ့ ကတိစကားဟာ လွန်ခဲ့တဲ့နှစ်တွေ ရာနဲ့ ချီကြာခဲ့ပေမဲ့ ခရစ်ယာန်တွေအတွက်ကတော့ ဒီနေ့အထိ ပဲ့တင်သံအဖြစ် ခံယူနေဆဲပါဘဲ။

နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်အခါသမယမှာ တကယ့်စစ်မှန်တဲ့ ခရစ်စမတ်စိတ်ဓါတ်က ကျနော်တို့ဆီမှာ ဘာတွေရှိတယ်၊ မရှိဘူးဆိုတာကို အသိအမှတ်ပြုတာမဟုတ်ပါဘူး၊ ကျနော်တို့တတွေဟာ ဘယ်သူတွေလဲ၊ ကျနော်တို့တွေ တယောက်ချင်းစီတိုင်းဟာ ဘုရားသခင်ရဲ့သားသမီးတွေဖြစ်ကြတယ် ဆိုတာကို အသိအမှတ်ပြုတာဖြစ်ပါတယ်။ ဒီအချက်က ဒီအချိန်အခါမှာ ပျော်ရွှင်စွာ ဆင်နွှဲဖို့ အဓိက ဇစ်မြစ်ပါဘဲ။ ဒီအခရာကျတဲ့အချက်က ခရစ်စမတ်နေ့တိုင်းအတွက် ပျော်ရွှင်ကြည်နူးစေပါတယ်။ ဘာသာတရား ကိုးကွယ်မှုတွေနဲ့ ကြက်သရေအပြည့်ရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ်၊ မျှော်လင့်ချက်အပြည့်နဲ့ လူမှုအသိုင်အဝိုင်းအတွင်း၊ ချစ်ခြင်းမေတ္တာလွှမ်းခြုံထားတဲ့ အိမ်တွေအတွက် ကျနော်တို့ နိုင်ငံမှာနေရာရှိတယ်ဆိုတာ ကလေးတိုင်း သိရှိမှတ်သားနိုင်ကြစေရန် ဆုတောင်းကြပါစို့လို့ သမ္မတထရမ့်က ဆော်သြလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG