Accessibility links

Breaking News

အာဖရိကေတာင္ပိုင္း မူးယစ္ေဆးတိုက္ဖ်က္ေရး ေခတ္မီပစၥည္းကိရိယာေတြ အေမရိကန္ကူညီ


LDEA - လိုင္ေဘးရီးယားမူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေအဂ်င္စီ မွ ဖမ္းဆီးမိေသာ မူယစ္ေဆး၀ါးမ်ားကို ကန္သံရံုးတာ၀န္ရွိသူမ်ား လာေရာက္ၾကည့္ရႈ (ဓါတ္ပံု- LDEA)
LDEA - လိုင္ေဘးရီးယားမူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေအဂ်င္စီ မွ ဖမ္းဆီးမိေသာ မူယစ္ေဆး၀ါးမ်ားကို ကန္သံရံုးတာ၀န္ရွိသူမ်ား လာေရာက္ၾကည့္ရႈ (ဓါတ္ပံု- LDEA)

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အာရွနဲ႔ ေတာင္အေမရိကတိုက္ႏိုင္ငံေတြက ဘိန္းျဖဴ နဲ႔ ကုိကင္း ေမွာင္ခိုေရာင္းဝယ္သူေတြက အာဖရိကတိုက္ေတာင္ပိုင္းႏိုင္ငံေတြရဲ႕ အေျခခံအေဆာက္အအံု မျပည့္စံုတဲ့ အေျခအေနကို အခြင့္ေကာင္းယူၿပီး နယ္စပ္ေဒသေတြမွာ မူးယစ္ေဆးဝါးေတြကို အတားအဆီးမရွိ တင္သြင္းေနၾကပါတယ္။ ဂိနီဘစ္ေဆာနဲ႕ Cabo Verde ႏိုင္ငံမွာ ၂၀၁၉ ခုႏွစ္ ပထမ ၃ လအတြင္း ဖမ္းမိတဲ့ ကိုကင္းပမာဏဟာ၊ အာဖရိကတိုက္တဝန္း ၂၀၁၃ နဲ႔ ၂၀၁၆ ခုႏွစ္အၾကား စုစုေပါင္း ဖမ္းမိတာထက္ ပိုမ်ားေနပါတယ္။

ေဒသတြင္း တေန႔တျခားတိုးလာတဲ့ ဒီအႏၱရာယ္ တိုက္ဖ်က္ေရးမွာ အေမရိကန္ျပည္ေထာင္စုက ကူညီတဲ့အေနနဲ႕၊ လိုင္ေဘးရီးယားႏိုင္ငံက လံုၿခံဳေရးတပ္ဖြဲ႔ နဲ႔ တရားဥပေဒစိုးမိုးေရးအဖြဲ႔ ေတြအတြက္ေခတ္မွီ စက္ကရိယာေတြနဲ႔ နည္းပညာေတြ လွဴဒါန္းလိုက္ပါတယ္။

LDEA - လိုင္ေဘးရီးယားမူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေအဂ်င္စီအတြက္ မူးယစ္ေဆးတိုက္ဖ်က္တဲ့ စစ္ဆင္ေရးေတြမွာ အသံုးျပဳဖို႔ ယူနီေဖါင္း-တူညီဝတ္စံုေတြ၊ ဘြတ္ဖိနပ္ေတြ၊ လက္ထိတ္ေတြ၊ ကြန္ျပဴ တာ- laptop ေတြ၊ printer နဲ႔ တျခားလိုအပ္တဲ့ ပစၥည္းေတြကို မၾကာခင္က ေပးပို႔ခဲ့ပါတယ္။

အေမရိကန္အစိုးရက LDEA နဲ႔ မိတ္ဖက္အျဖစ္ ပူးေပါင္းေဆာင္ရြက္ေနတာ နွစ္အေတာ္ၾကာခဲ့ပါၿပီလို႔ လိုင္ေဘးရီးယားႏိုင္ငံဆိုင္ရာအေမရိကန္သံရံုးရဲ႕ ႏိုင္ငံတကာမူးယစ္ေဆးဝါးနဲ႕ တရားဥပေဒစိုးမိုးေရးဆိုင္ရာ ယာယီညႊန္ၾကားေရးမွဴ း Stephen H. Kissik ကေျပာပါတယ္။ အနာဂတ္အတြက္၊ အေမရိကန္ျပည္ေထာင္စုက LDEA နဲ႔ေရာ၊ လိုင္ေဘးရီးယားအစိုးရနဲ႔ ပါ ဆက္လက္ပူးေပါင္းေဆာင္ရြက္ဖို႔ ေရွ႕ရႈေနပါတယ္လို႔ Mr. Ksssik က လိုင္ေဘးရီးယားႏိုင္ငံထုတ္ Front Page Africa သတင္းစာနဲ႔ ေတြ႔ဆံုေမးျမန္းခန္းမွာ ေျပာဆိုလိုက္တာပါ။

ကင္ညာ၊ ဂါနာနဲ႔ တျခားအာဖရိကႏိုင္ငံေတြကလည္း၊ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးနဲ႔ ဒီျပႆနာရဲ႕ ဇစ္ျမစ္ကို ကိုင္တြယ္ႏိုင္ဖို႔ အေမရိကန္ျပည္ေထာင္စုနဲ႔ ပူးေပါင္းေဆာင္ရြက္ေနၾကတာပါ။

ႏိုင္ငံတကာမူးယစ္ေဆးဝါးတိုက္ဖ်က္ေရးနဲ႔ တရားဥပေဒစိုးမိုးေရးဆိုင္ရာ၊ အေမရိကန္ဒုလက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Heather Merritt က အာဖရိကတိုက္ရဲ႕ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးမွာ အေမရိကန္က ထဲထဲဝင္ဝင္ ရင္းႏွီးျမဳပ္ႏွံၿပီး၊ အာဖရိကတိုက္က ဒီမိုကေရစီအစိုးရေတြနဲ႕ ပိုၿပီး ပူးေပါင္းေဆာင္ရြက္ဖို႔ ေမွ်ာ္လင့္ေၾကာင္းေျပာပါတယ္။

မူးယစ္ေမွာင္ခိုဂိုဏ္းေတြနဲ႔ တျခားရာဇဝတ္ဂိုဏ္းေတြကို တန္ျပန္ဖို႔အတြက္ မိတ္ဖက္ဖြဲ႔တာဟာ အေမရိကန္ရဲ႕ အက်ိဳးစီးပြားထဲမွာပါဝင္ပါတယ္။ မိတ္ဖက္အျဖစ္ လက္တြဲႏိုင္မယ့္၊ ဒီမိုကေရစီထြန္းကားတဲ့ အာဖရိကႏိုင္ငံေတြမွာ၊ လံုၿခံဳစိတ္ခ်ရမႈနဲ႕၊ သာယာဝေျပာေရးအတြက္ ဂရုတစိုက္၊ ေဆာင္ရြက္ေပးတာျဖစ္တယ္လို႔ Ms. Merritt က အခုလိုေျပာပါတယ္။

“ႏွစ္ဦးႏွစ္ဘက္ ထိေရာက္တဲ့၊ကုန္ပစၥည္းစီးဆင္းမႈနဲ႕ ျပည္သူလူထုအခ်င္းခ်င္းဆက္ဆံတာေတြ ျဖစ္ေစခ်င္ပါတယ္။ တျခားတဘက္မွာ၊ ခိုင္မာတဲ့၊ စြမ္းေဆာင္ႏိုင္တဲ့ မိတ္ဖက္ရွိမွသာ၊ က်မတို႔အတြက္ ပိုၿပီး အဆင္ေျပမွာျဖစ္ပါတယ္လို႔ေျပာသြားတာပါ။”

ႏိုင္ငံေတြမွာ မူးယစ္ဂိုဏ္းေတြ၊ အၾကမ္းဖက္မႈေတြနဲ႔ အဂတိလိုက္စားမႈေတြက ေခါင္းပံုျဖတ္ေနၾကမယ္ဆိုရင္၊ ေနာက္ဆက္တြဲအျဖစ္ တရားဝင္အစိုးရကို အထင္ေသးစရာျဖစ္ႏိုင္သလို၊ လူထုကိုလည္း အႏၱရာယ္ေပးႏိုင္ပါတယ္။မူးယစ္ျပႆ နာကိုင္တြယ္ဖို႔ အာဖရိကအစိုးရေတြကို ကူညီျခင္းအားျဖင့္၊ အဂတိလိုက္စားမႈနဲ႔ တျခား ျပစ္မႈေတြပါ ေလ်ာ့ပါးလာႏိုင္တယ္လို႔ အေမရိကန္က ေမွ်ာ္လင့္ပါတယ္။

INL အေမရိကန္ႏိုင္ငံတကာ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးနဲ႔ တရားဥပေဒစိုးမိုးေရးဌာနက အာဖရိကတိုက္မွာရွိတဲ့ အေမရိကန္သံရံုးေတြက တဆင့္၊ အာဖရိကအစိုးရေတြနဲ႔ မိတ္ဖက္အျဖစ္ ပူးေပါင္းၿပီး၊ သူတို႔ရဲ႕ ျပစ္မႈဆိုင္ရာ၊ တရားေရးက႑ စြမ္းရည္ျမင့္မားေအာင္ ပံ့ပိုးေပးေနပါတယ္လို႔ အေမရိကန္ ဒု လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Merritt ကေျပာဆိုလိုက္ေၾကာင္းပါ။

...............

အာဖရိကတောင်ပိုင်း မူးယစ်ဆေးတိုက်ဖျက်ရေး ခေတ်မီပစ္စည်းကိရိယာတွေ အမေရိကန်ကူညီ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အာရှနဲ့ တောင်အမေရိကတိုက်နိုင်ငံတွေက ဘိန်းဖြူ နဲ့ ကိုကင်း မှောင်ခိုရောင်းဝယ်သူတွေက အာဖရိကတိုက်တောင်ပိုင်းနိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံ မပြည့်စုံတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး နယ်စပ်ဒေသတွေမှာ မူးယစ်ဆေးဝါးတွေကို အတားအဆီးမရှိ တင်သွင်းနေကြပါတယ်။ ဂိနီဘစ်ဆောနဲ့ Cabo Verde နိုင်ငံမှာ ၂၀၁၉ ခုနှစ် ပထမ ၃ လအတွင်း ဖမ်းမိတဲ့ ကိုကင်းပမာဏဟာ၊ အာဖရိကတိုက်တဝန်း ၂၀၁၃ နဲ့ ၂၀၁၆ ခုနှစ်အကြား စုစုပေါင်း ဖမ်းမိတာထက် ပိုများနေပါတယ်။

ဒေသတွင်း တနေ့တခြားတိုးလာတဲ့ ဒီအန္တရာယ် တိုက်ဖျက်ရေးမှာ အမေရိကန်ပြည်ထောင်စုက ကူညီတဲ့အနေနဲ့၊ လိုင်ဘေးရီးယားနိုင်ငံက လုံခြုံရေးတပ်ဖွဲ့ နဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့ တွေအတွက်ခေတ်မှီ စက်ကရိယာတွေနဲ့ နည်းပညာတွေ လှူဒါန်းလိုက်ပါတယ်။

LDEA - လိုင်ဘေးရီးယားမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီအတွက် မူးယစ်ဆေးတိုက်ဖျက်တဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ယူနီဖေါင်း-တူညီဝတ်စုံတွေ၊ ဘွတ်ဖိနပ်တွေ၊ လက်ထိတ်တွေ၊ ကွန်ပြူ တာ- laptop တွေ၊ printer နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို မကြာခင်က ပေးပို့ခဲ့ပါတယ်။

အမေရိကန်အစိုးရက LDEA နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်နေတာ နှစ်အတော်ကြာခဲ့ပါပြီလို့ လိုင်ဘေးရီးယားနိုင်ငံဆိုင်ရာအမေရိကန်သံရုံးရဲ့ နိုင်ငံတကာမူးယစ်ဆေးဝါးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ယာယီညွှန်ကြားရေးမှူ း Stephen H. Kissik ကပြောပါတယ်။ အနာဂတ်အတွက်၊ အမေရိကန်ပြည်ထောင်စုက LDEA နဲ့ရော၊ လိုင်ဘေးရီးယားအစိုးရနဲ့ ပါ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ ရှေ့ရှုနေပါတယ်လို့ Mr. Ksssik က လိုင်ဘေးရီးယားနိုင်ငံထုတ် Front Page Africa သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။

ကင်ညာ၊ ဂါနာနဲ့ တခြားအာဖရိကနိုင်ငံတွေကလည်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ဒီပြဿနာရဲ့ ဇစ်မြစ်ကို ကိုင်တွယ်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက်နေကြတာပါ။

နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ၊ အမေရိကန်ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း Heather Merritt က အာဖရိကတိုက်ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အမေရိကန်က ထဲထဲဝင်ဝင် ရင်းနှီးမြုပ်နှံပြီး၊ အာဖရိကတိုက်က ဒီမိုကရေစီအစိုးရတွေနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းပြောပါတယ်။

မူးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ တခြားရာဇဝတ်ဂိုဏ်းတွေကို တန်ပြန်ဖို့အတွက် မိတ်ဖက်ဖွဲ့တာဟာ အမေရိကန်ရဲ့ အကျိုးစီးပွားထဲမှာပါဝင်ပါတယ်။ မိတ်ဖက်အဖြစ် လက်တွဲနိုင်မယ့်၊ ဒီမိုကရေစီထွန်းကားတဲ့ အာဖရိကနိုင်ငံတွေမှာ၊ လုံခြုံစိတ်ချရမှုနဲ့၊ သာယာဝပြောရေးအတွက် ဂရုတစိုက်၊ ဆောင်ရွက်ပေးတာဖြစ်တယ်လို့ Ms. Merritt က အခုလိုပြောပါတယ်။

“နှစ်ဦးနှစ်ဘက် ထိရောက်တဲ့၊ကုန်ပစ္စည်းစီးဆင်းမှုနဲ့ ပြည်သူလူထုအချင်းချင်းဆက်ဆံတာတွေ ဖြစ်စေချင်ပါတယ်။ တခြားတဘက်မှာ၊ ခိုင်မာတဲ့၊ စွမ်းဆောင်နိုင်တဲ့ မိတ်ဖက်ရှိမှသာ၊ ကျမတို့အတွက် ပိုပြီး အဆင်ပြေမှာဖြစ်ပါတယ်လို့ပြောသွားတာပါ။”

နိုင်ငံတွေမှာ မူးယစ်ဂိုဏ်းတွေ၊ အကြမ်းဖက်မှုတွေနဲ့ အဂတိလိုက်စားမှုတွေက ခေါင်းပုံဖြတ်နေကြမယ်ဆိုရင်၊ နောက်ဆက်တွဲအဖြစ် တရားဝင်အစိုးရကို အထင်သေးစရာဖြစ်နိုင်သလို၊ လူထုကိုလည်း အန္တရာယ်ပေးနိုင်ပါတယ်။မူးယစ်ပြဿ နာကိုင်တွယ်ဖို့ အာဖရိကအစိုးရတွေကို ကူညီခြင်းအားဖြင့်၊ အဂတိလိုက်စားမှုနဲ့ တခြား ပြစ်မှုတွေပါ လျော့ပါးလာနိုင်တယ်လို့ အမေရိကန်က မျှော်လင့်ပါတယ်။

INL အမေရိကန်နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာနက အာဖရိကတိုက်မှာရှိတဲ့ အမေရိကန်သံရုံးတွေက တဆင့်၊ အာဖရိကအစိုးရတွေနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းပြီး၊ သူတို့ရဲ့ ပြစ်မှုဆိုင်ရာ၊ တရားရေးကဏ္ဍ စွမ်းရည်မြင့်မားအောင် ပံ့ပိုးပေးနေပါတယ်လို့ အမေရိကန် ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း Merritt ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG