Accessibility links

Breaking News

အီရန္အစုိးရအေပၚ အေမရိကန္က အႀကီးမားဆုံး ဖိအားေပးမႈေတြ ခ်မွတ္ေဆာင္ရြက္ေန


A display featuring missiles and a portrait of Iran's Supreme Leader Ayatollah Ali Khamenei is seen at Baharestan Square in Tehran, Iran September 27, 2017. Picture taken September 27, 2017.
A display featuring missiles and a portrait of Iran's Supreme Leader Ayatollah Ali Khamenei is seen at Baharestan Square in Tehran, Iran September 27, 2017. Picture taken September 27, 2017.

{{Zawgyi/Unicode}}

အီရန္နိုင္ငံအတြင္း လူ႔အခြင့္အေရး အႀကီးအက်ယ္ ခ်ိဳးေဖာက္မႈေတြ ျဖစ္ပြားရာမွာ ပါဝင္ပတ္သက္ေနတဲ့ အီရန္တာဝန္ရွိသူေတြကို ဗီဇာကန္႔သတ္ၿပီး ဒဏ္ခတ္အေရးယူေၾကာင္း အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က နိုဝင္ဘာလထဲ ေၾကညာခဲ့ပါတယ္။ ဒဏ္ခတ္ခံရသူေတြထဲ အီရန္ေတာ္လွန္ေရး အေစာင့္တပ္က ဗိုလ္မႉးခ်ဳပ္ Heidar Abbaszadeh နဲ႔ ဗိုလ္မႉးႀကီး Reza Papi တို႔လည္း ပါဝင္ပါတယ္။ အဲဒီႏွစ္ေယာက္စလုံးက ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလက အီရန္ Khuzestan ျပည္နယ္မွာ ဆႏၵျပသူေတြကို လုံျခဳံေရးတပ္ဖြဲ႕ေတြနဲ႔ အၾကမ္းဖက္ႏွိမ္နင္းတုန္းက တာဝန္ရွိသူေတြ ျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ အီရန္ေထာက္လွမ္းေရးဝန္ႀကီး Mahmoud Alaviကိုလည္း အီရန္ျပည္သူေတြအေပၚ လူ႔အခြင့္အေရး ဆိုးဆိုးရြားရြား ခ်ိဳးေဖာက္မႈနဲ႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက ဒဏ္ခတ္အေရးယူခဲ့ပါတယ္။

ဒါ့အျပင္၊ အီရန္နိုင္ငံရဲ့ စီးပြားေရးမွာ အလြန္အေရးပါတဲ့ လုပ္ငန္းကုမၸဏီႀကီး ၁၆၀ ေလာက္ကိုလည္း အေမရိကန္နိုင္ငံက ဒဏ္ခတ္ပိတ္ဆို႔ အေရးယူခဲ့ပါတယ္။ အဲဒီလုပ္ငန္းႀကီးေတြကို အသုံးခ်ၿပီး အီရန္ ဘာသာေရးေခါင္းေဆာင္ႀကီး Ali Khamenei က သူ႔လုပ္ငန္းကို တိုးခ်ဲ႕တာ၊ သူ႔ရဲ့ နိုင္ငံေရးမဟာမိတ္ေတြကို ဆုလာဘ္ခ်ီးျမႇင့္တာနဲ႔ သူ႔ အစိုးရရဲ့ ရန္သူေတြကို ဖိႏွိပ္ခ်ဳပ္ျခယ္တာေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ဒဏ္ခတ္ပိတ္ဆို႔ေရး ေဆာင္ရြက္ခ်က္ေတြက အီရန္အစိုးရရဲ့ ဖ်က္လိုဖ်က္ဆီးလုပ္ငန္းအစီအစဥ္ေတြ အေကာင္အထည္ေဖာ္ဖို႔ လိုအပ္တဲ့ ေငြေၾကးအရင္းအျမစ္ေတြကို ေလ်ာ့ပါးဆုံးရႈံးေစတယ္လို႔ ဝန္ႀကီး Pompeo က သူ႔ရဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈ ေၾကညာခ်က္မွာ ထည့္သြင္းေဖာ္ျပထားပါတယ္။

နိုဝင္ဘာလထဲမွာပဲ အေမရိကန္ ျပည္ေထာင္စုက တ႐ုတ္နဲ႔႐ုရွားနိုင္ငံေတြမွာရွိတဲ့ လုပ္ငန္း၄ခုကိုလည္း ဒဏ္ခတ္အေရးယူခဲ့ပါတယ္။ အီရန္ရဲ့ ဒုံးက်ည္ထုတ္လုပ္ေရးအစီအစဥ္မွာ အသုံးခ်ဖို႔အတြက္ အေရးႀကီးတဲ့ နည္းပညာေတြ လႊဲေျပာင္းေပးအပ္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ အခုလို နိုင္ငံျခားကုမၸဏီ လုပ္ငန္းေတြကို အေရးယူတာက အီရန္ ဒုံးက်ည္ေတြရဲ့ စြမ္းရည္ အဆင့္ျမင့္ တိုးတက္လာမွာကို ကာကြယ္တားဆီးဖို႔ ရနိုင္သမၽွနည္းလမ္းကို အသုံးျပဳေနတဲ့ ကၽြန္ေတာ္တို႔ရဲ့ တစိုက္မတ္မတ္ ႀကိဳးပမ္းခ်က္ေတြနဲ႔ ကိုက္ညီေနတယ္လို႔ လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။​

အီရန္အေပၚ အျမင့္ဆုံး ဖိအားေပးေနတာက သိပ္ကိုထူးျခား ထိေရာက္မႈ​ရွိတယ္လို႔လည္း ဝန္ႀကီး Pompeo က သီးျခား ထုတ္ျပန္ခ်က္တစ္ခုမွာ ေထာက္ျပထားပါတယ္။ သူေထာက္ျပတဲ့အခ်က္ေတြထဲ အီရန္တို႔ရဲ့ ဘ႑ာေငြေၾကး အက်ပ္အတည္း၊ နိုင္ငံ့ေခ်းေငြျမင့္မားလာမႈနဲ႔ ေငြေဖာင္းပြမႈ ျမင့္တက္ေနတဲ့ အခ်က္ေတြပါဝင္ပါတယ္။

၂၀၁၈ ခုႏွစ္ ေမလကတည္းက ေရနံဝင္ေငြ အေမရိကန္ေဒၚလာ ၇၀ ဘီလီယံေက်ာ္ အီရန္အစိုးရ လက္ထဲ ေရာက္မသြားေအာင္ ကၽြန္ေတာ္တို႔ တားဆီးနိုင္ခဲ့ပါတယ္။ ေဒၚလာ ဘီလီယံ ၅၀ ေလာက္ကိုလည္း အီရန္အစိုးရလက္ထဲ မေရာက္နိုင္ေအာင္ ႏွစ္စဥ္ တားဆီးကာကြယ္သြားပါမယ္။ ဒဏ္ခတ္ ပိတ္ဆို႔မႈကေန တိုက္ရိုက္ရရွိတဲ့ ရလဒ္က ၂၀၁၉ ခုႏွစ္မွာ အီရန္တို႔ စစ္အသုံးစရိတ္ကို ၂၅ ရာခိုင္ႏႈန္းအထိ ေလၽွာ့ခ်ခဲ့ရတာျဖစ္ပါတယ္။ အီရန္ အစိုးရရဲ့ ကိုယ္ပြား အၾကမ္းဖက္ အဖြဲ႕ေတြနဲ႔ မိတ္ဖက္အဖြဲ႕ေတြဆီကိုလည္း ေငြေၾကး မေထာက္ပံ့ေပးနိုင္ေတာ့ဘဲ တခ်ိဳ႕ အၾကမ္းဖက္သမားေတြကို ထုတ္ပယ္ပစ္ရတာေတြေတာင္ ရွိခဲ့တယ္လို႔လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

ဒဏ္ခတ္ပိတ္ဆို႔မႈေတြဟာ အေရွ႕အလယ္ပိုင္းေဒသသစ္ကို ဖန္တီးေရး ဖိအားေပးတဲ့အထဲ ပါဝင္ေနတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္တယ္လို႔ ဝန္ႀကီး Pompeo က အတိအလင္း ေၾကညာထားတာပါ။

အီရန္တို႔ရဲ့ အၾကမ္းဖက္မႈဒဏ္ကို ခံစားေနရတဲ့ နိုင္ငံေတြ အတူပူးေပါင္းၿပီး ေဒသတြင္း အရင္ထက္ ပိုၿပီး ၿငိမ္းခ်မ္းတည္ၿငိမ္ေအာင္ ႀကိဳးပမ္းေနပါတယ္။ ဒဏ္ခတ္ပိတ္ဆို႔မႈေတြဟာ အေမရိကန္လူမ်ိဳးေတြကို အကာအကြယ္ေပးဖို႔နဲ႔ ေဒသတြင္း ေဘးကင္းလုံျခဳံမႈရွိေစဖို႔ အမ်ိဳးသား လုံျခဳံေရးဆိုင္ရာ အေရးပါတဲ့ နည္းလမ္းကိရိယာတခုျဖစ္တယ္လို႔လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္ခင္ဗ်ား။

.......................................................................

{{Unicode}}

အီရန်နိုင်ငံအတွင်း လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေ ဖြစ်ပွားရာမှာ ပါဝင်ပတ်သက်နေတဲ့ အီရန်တာဝန်ရှိသူတွေကို ဗီဇာကန့်သတ်ပြီး ဒဏ်ခတ်အရေးယူကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က နိုဝင်ဘာလထဲ ကြေညာခဲ့ပါတယ်။ ဒဏ်ခတ်ခံရသူတွေထဲ အီရန်တော်လှန်ရေး အစောင့်တပ်က ဗိုလ်မှူးချုပ် Heidar Abbaszadeh နဲ့ ဗိုလ်မှူးကြီး Reza Papi တို့လည်း ပါဝင်ပါတယ်။ အဲဒီနှစ်ယောက်စလုံးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက အီရန် Khuzestan ပြည်နယ်မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်နှိမ်နင်းတုန်းက တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အီရန်ထောက်လှမ်းရေးဝန်ကြီး Mahmoud Alaviကိုလည်း အီရန်ပြည်သူတွေအပေါ် လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုနဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

ဒါ့အပြင်၊ အီရန်နိုင်ငံရဲ့ စီးပွားရေးမှာ အလွန်အရေးပါတဲ့ လုပ်ငန်းကုမ္ပဏီကြီး ၁၆၀ လောက်ကိုလည်း အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ အဲဒီလုပ်ငန်းကြီးတွေကို အသုံးချပြီး အီရန် ဘာသာရေးခေါင်းဆောင်ကြီး Ali Khamenei က သူ့လုပ်ငန်းကို တိုးချဲ့တာ၊ သူ့ရဲ့ နိုင်ငံရေးမဟာမိတ်တွေကို ဆုလာဘ်ချီးမြှင့်တာနဲ့ သူ့ အစိုးရရဲ့ ရန်သူတွေကို ဖိနှိပ်ချုပ်ခြယ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ရေး ဆောင်ရွက်ချက်တွေက အီရန်အစိုးရရဲ့ ဖျက်လိုဖျက်ဆီးလုပ်ငန်းအစီအစဉ်တွေ အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ငွေကြေးအရင်းအမြစ်တွေကို လျော့ပါးဆုံးရှုံးစေတယ်လို့ ဝန်ကြီး Pompeo က သူ့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

နိုဝင်ဘာလထဲမှာပဲ အမေရိကန် ပြည်ထောင်စုက တရုတ်နဲ့ရုရှားနိုင်ငံတွေမှာရှိတဲ့ လုပ်ငန်း၄ခုကိုလည်း ဒဏ်ခတ်အရေးယူခဲ့ပါတယ်။ အီရန်ရဲ့ ဒုံးကျည်ထုတ်လုပ်ရေးအစီအစဉ်မှာ အသုံးချဖို့အတွက် အရေးကြီးတဲ့ နည်းပညာတွေ လွှဲပြောင်းပေးအပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အခုလို နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းတွေကို အရေးယူတာက အီရန် ဒုံးကျည်တွေရဲ့ စွမ်းရည် အဆင့်မြင့် တိုးတက်လာမှာကို ကာကွယ်တားဆီးဖို့ ရနိုင်သမျှနည်းလမ်းကို အသုံးပြုနေတဲ့ ကျွန်တော်တို့ရဲ့ တစိုက်မတ်မတ် ကြိုးပမ်းချက်တွေနဲ့ ကိုက်ညီနေတယ်လို့ လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

အီရန်အပေါ် အမြင့်ဆုံး ဖိအားပေးနေတာက သိပ်ကိုထူးခြား ထိရောက်မှုရှိတယ်လို့လည်း ဝန်ကြီး Pompeo က သီးခြား ထုတ်ပြန်ချက်တစ်ခုမှာ ထောက်ပြထားပါတယ်။ သူထောက်ပြတဲ့အချက်တွေထဲ အီရန်တို့ရဲ့ ဘဏ္ဍာငွေကြေး အကျပ်အတည်း၊ နိုင်ငံ့ချေးငွေမြင့်မားလာမှုနဲ့ ငွေဖောင်းပွမှု မြင့်တက်နေတဲ့ အချက်တွေပါဝင်ပါတယ်။

၂၀၁၈ ခုနှစ် မေလကတည်းက ရေနံဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံကျော် အီရန်အစိုးရ လက်ထဲ ရောက်မသွားအောင် ကျွန်တော်တို့ တားဆီးနိုင်ခဲ့ပါတယ်။ ဒေါ်လာ ဘီလီယံ ၅၀ လောက်ကိုလည်း အီရန်အစိုးရလက်ထဲ မရောက်နိုင်အောင် နှစ်စဉ် တားဆီးကာကွယ်သွားပါမယ်။ ဒဏ်ခတ် ပိတ်ဆို့မှုကနေ တိုက်ရိုက်ရရှိတဲ့ ရလဒ်က ၂၀၁၉ ခုနှစ်မှာ အီရန်တို့ စစ်အသုံးစရိတ်ကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ရတာဖြစ်ပါတယ်။ အီရန် အစိုးရရဲ့ ကိုယ်ပွား အကြမ်းဖက် အဖွဲ့တွေနဲ့ မိတ်ဖက်အဖွဲ့တွေဆီကိုလည်း ငွေကြေး မထောက်ပံ့ပေးနိုင်တော့ဘဲ တချို့ အကြမ်းဖက်သမားတွေကို ထုတ်ပယ်ပစ်ရတာတွေတောင် ရှိခဲ့တယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အရှေ့အလယ်ပိုင်းဒေသသစ်ကို ဖန်တီးရေး ဖိအားပေးတဲ့အထဲ ပါဝင်နေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ဝန်ကြီး Pompeo က အတိအလင်း ကြေညာထားတာပါ။

အီရန်တို့ရဲ့ အကြမ်းဖက်မှုဒဏ်ကို ခံစားနေရတဲ့ နိုင်ငံတွေ အတူပူးပေါင်းပြီး ဒေသတွင်း အရင်ထက် ပိုပြီး ငြိမ်းချမ်းတည်ငြိမ်အောင် ကြိုးပမ်းနေပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အမေရိကန်လူမျိုးတွေကို အကာအကွယ်ပေးဖို့နဲ့ ဒေသတွင်း ဘေးကင်းလုံခြုံမှုရှိစေဖို့ အမျိုးသား လုံခြုံရေးဆိုင်ရာ အရေးပါတဲ့ နည်းလမ်းကိရိယာတခုဖြစ်တယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်ခင်ဗျား။

XS
SM
MD
LG