Accessibility links

Breaking News

သမၼတသစ္ ရဲ႕ ေခတ္သစ္တည္ေထာင္ေရး မိန္႔ခြန္း


သမၼတသစ္ Biden က်မ္းသစၥာက်ိန္ဆိုပြဲအတြင္း မိန္႔ခြန္းေျပာ
သမၼတသစ္ Biden က်မ္းသစၥာက်ိန္ဆိုပြဲအတြင္း မိန္႔ခြန္းေျပာ

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ဇန္နဝါရီလ ၂၀ ရက္ေန႔က Joseph Robinette Biden Jr. ဟာ ေဆာင္းေလနဲ႔အတူ တလူလူလြင့္ေနတဲ့ သိန္းနဲ႔ခ်ီတဲ့ အလံေတြကို မ်က္ႏွာမူၿပီး၊ အေမရိကန္လႊတ္ေတာ္ေလွကားထစ္ေတြေပၚကေန အေမရိကန္ျပည္ေထာင္စုရဲ႕ ၄၆ ေယာက္ေျမာက္ သမၼတအျဖစ္ က်မ္းသစၥာက်န္ဆိုလိုက္ပါတယ္။

ႏိုင္ငံရဲ႕ အခက္အခဲ စိန္ေခၚခ်က္ေတြကို ေက်ာ္လႊားၿပီး၊ အနာဂတ္အတြက္ လံုၿခံဳစိတ္ခ်ရေအာင္ အေမရိကန္ျပည္သူေတြအားလံုး စည္းလံုးညီညြတ္ၾကပါရန္ သမၼတ Biden က က်မ္းသစၥာက်ိန္ဆိုပြဲမွာ အခုလို ႏိႈးေဆာ္လိုက္ပါတယ္။

“သမိုင္း၊ ယုံၾကည္မႈနဲ႔ ဆင္ျခင္တုံတရားတို႔က လမ္းျပေပးေနပါတယ္။ စည္းလုံးညီၫြတ္မႈလမ္းကို ျပေနတာျဖစ္ပါတယ္။ က်ေနာ္တို႔ဟာ တေယာက္ကိုတေယာက္ ၿပိဳင္ဘက္လိုသေဘာမထားဘဲ အိမ္နီးခ်င္းလို ရႈျမင္ၾကရမွာ ျဖစ္ပါတယ္။ တေယာက္ကိုတေယာက္ ဂုဏ္သိကၡာရွိရွိ ေလးေလးစားစား ဆက္ဆံၾကရပါလိမ့္မယ္။ က်ေနာ္တို႔ဟာ ခြန္အားေတြကို စုစည္းရမယ္၊ ေအာ္ေဟာက္ ႀကိမ္းေမာင္းတာေတြကို ရပ္တန႔္ၿပီး ေဒါသစိတ္ကို ခ်ိဳးႏွိမ္ရပါလိမ့္မယ္။ စည္းလုံးညီၫြတ္မႈမရွိရင္ ၿငိမ္းခ်မ္းေရးကင္းမဲ့ၿပီး ခါးသီးမႈနဲ႔ ေဒါသေတြပဲ ႀကီးစိုးေနပါလိမ့္မယ္။ တိုးတက္မႈမရွိဘဲ ေဒါသူပုန္ထေနၾကမယ္ဆိုရင္ ႏိုင္ငံဆိုတာလည္း မရွိႏိုင္ပါဘူး။ မၿငိမ္မသက္မႈေတြသာ ထြန္းကားေနမွာ ျဖစ္ပါတယ္။ အခုခ်ိန္ဟာ အခြင့္အလမ္းနဲ႔ စိန္ေခၚမႈေတြ ႀကဳံေတြ႕ေနရတဲ့ သမိုင္းဝင္ကာလျဖစ္တယ္လို႔ ေျပာဆိုလိုက္တာပါ။ ”

အေမရိကန္ျပည္ေထာင္စု ျပင္ပ ကမၻာတဝန္းက မိတ္ေဆြေတြကိုလည္း သမၼတ Biden က အခုလို အမွာစကားပါးလိုက္ပါတယ္။

“က်ေနာ္တို႔ မဟာမိတ္ေတြကို ျပန္လည္ တည္ေဆာက္မယ္။ ကမာၻႀကီးနဲ႔ ေနာက္တႀကိမ္ျပန္လည္ၿပီးေတာ့ ထိေတြ႕ ဆက္ဆံမႈေတြလုပ္မယ္။ ယမန္ေန႔က စိန္ေခၚမႈေတြကို ထားရစ္ခဲ့ၿပီး ဒီကေန႔နဲ႔ မနက္ျဖန္ႀကဳံလာရမယ့္ စိန္ေခၚမႈေတြကို ရင္ဆိုင္သြားမွာ ျဖစ္ပါတယ္။ က်ေနာ္တို႔ဟာ ခြန္အားရွိတဲ့ေနရာမွာသာ စံနမူနာမဟုတ္ဘဲ၊ က်ေနာ္တို႔ဟာ က်ေနာ္တို႔နမူနာအတြက္ ခြန္အားရွိေနတာ ျဖစ္ပါတယ္။ က်ေနာ္တို႔ဟာ ၿငိမ္းခ်မ္းေရး၊ တိုးတက္မႈနဲ႔ လုံၿခဳံမႈတို႔အတြက္ အင္အားခိုင္မာၿပီး ယုံၾကည္စိတ္ခ်ရေသာ လုပ္ေဖာ္ကိုင္ဘက္အျဖစ္ ရပ္တည္သြားမွာျဖစ္ပါတယ္လို႔ေျပာသြားတာပါ။”

ညေနပိုင္းမွာေတာ့ သမၼတ Biden က သူ႔ ရည္ရြယ္ထားတဲ့အတိုင္း အုပ္ခ်ဳပ္မႈအခြင့္အာဏာအရ ညႊန္ၾကားခ်က္အေတာ္မ်ားမ်ား လက္မွတ္ေရးထိုး ထုတ္ျပန္လိုက္ပါတယ္။ ဥတုရာသီဆိုင္ရာ ပဲရစ္သေဘာတူစာခ်ဳပ္ အဖြဲ႔ဝင္အျဖစ္ ျပန္လည္ပူးေပါင္းဖို႔ လုပ္ငန္းစဥ္နဲ႔ စတင္လိုက္ၿပီး၊ WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက ႏုတ္ထြက္မယ့္အစီအစဥ္ကိုလည္း ပယ္ဖ်က္လိုက္ပါတယ္။

မူဆလင္အမ်ားစုရွိတဲ့ ႏိုင္ငံေတြနဲ႔ အာဖရိကႏိုင္ငံေတြအျပင္ တျခားႏိုင္ငံေတြက ႏိုင္ငံသားေတြ အေမရိကန္ျပည္ဝင္ခြင့္ ကန္႔သတ္၊ ပိတ္ပင္ခဲ့တာကိုလည္း ရုတ္သိမ္းလိုက္ပါတယ္။ ေနာက္တခုကေတာ့ အေရးေပၚရန္ပံုေငြေတြ အသံုးျပဳခြင့္ အမိန္႔ထုတ္ၿပီး အေမရိကန္နဲ႔ မကၠစီကိုႏိုင္ငံၾကား တံတိုင္းေဆာက္လုပ္တာကို ရပ္ဆိုင္းဖို႔ လက္မွတ္ေရးထိုးညႊန္ၾကားလိုက္တာျဖစ္ပါတယ္။

သမၼတ Biden က သူ႔ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲ မိန္႔ခြန္းမွာ အေမရိကန္ျပည္သူေတြကို ေတာင္းဆိုလိုက္တာကေတာ့၊ အေၾကာက္တရား အတြက္မဟုတ္တဲ့၊ ေမွ်ာ္လင့္ျခင္းဆိုတဲ့ အေမရိကန္ပုံျပင္တပုဒ္ကို အတူတူ ေရးၾကပါစို႔တဲ့။ အကြဲကြဲ အျပားျပားအတြက္မဟုတ္ဘဲ စည္းလုံးညီၫြတ္ျခင္းကို အေျခခံဖို႔ျဖစ္တယ္လို႔ဆိုပါတယ္။ ။ အေမရိကန္ရဲ႕ လြတ္ေျမာက္မႈကို လုံၿခဳံေအာင္ ေဆာင္က်ဥ္းၿပီး၊ သမိုင္းရဲ႕ ေတာင္းဆိုခ်က္အရ၊ ကမာၻအတြက္ မီးရႉးတန္ေဆာင္အျဖစ္ တင့္တယ္စြာ မားမားမတ္မတ္ ျပန္လည္ ဦးေဆာင္မယ္ဆိုတဲ့၊ နွစ္ေပါင္းမ်ားစြာၾကာေညာင္းတဲ့အထိ ေျပာမဆံုးေပါင္ျဖစ္မယ့္ ပံုျပင္ဘဲျဖစ္ပါတယ္လို႔ အေမရိကန္သမၼတ Joe Biden ကေျပာဆိုလိုက္ေၾကာင္းပါ။

..............

သမ္မတသစ် ရဲ့ ခေတ်သစ်တည်ထောင်ရေး မိန့်ခွန်း
(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့က Joseph Robinette Biden Jr. ဟာဆောင်းလေနဲ့အတူ တလူလူလွင့်နေတဲ့ သိန်းနဲ့ချီတဲ့ အလံတွေကို မျက်နှာမူပြီး၊ အမေရိကန်လွှတ်တော်လှေကားထစ်တွေပေါ်ကနေ အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျန်ဆိုလိုက်ပါတယ်။

နိုင်ငံရဲ့ အခက်အခဲ စိန်ခေါ်ချက်တွေကို ကျော်လွှားပြီး၊ အနာဂတ်အတွက် လုံခြုံစိတ်ချရအောင် အမေရိကန်ပြည်သူတွေအားလုံး စည်းလုံးညီညွတ်ကြပါရန် သမ္မတ Biden က ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အခုလို နှိုးဆော်လိုက်ပါတယ်။

“သမိုင်း၊ ယုံကြည်မှုနဲ့ ဆင်ခြင်တုံတရားတို့က လမ်းပြပေးနေပါတယ်။ စည်းလုံးညီညွတ်မှုလမ်းကို ပြနေတာဖြစ်ပါတယ်။ ကျနော်တို့ဟာ တယောက်ကိုတယောက် ပြိုင်ဘက်လိုသဘောမထားဘဲ အိမ်နီးချင်းလို ရှုမြင်ကြရမှာ ဖြစ်ပါတယ်။ တယောက်ကိုတယောက် ဂုဏ်သိက္ခာရှိရှိ လေးလေးစားစား ဆက်ဆံကြရပါလိမ့်မယ်။ ကျနော်တို့ဟာ ခွန်အားတွေကို စုစည်းရမယ်၊ အော်ဟောက် ကြိမ်းမောင်းတာတွေကို ရပ်တန့်ပြီး ဒေါသစိတ်ကို ချိုးနှိမ်ရပါလိမ့်မယ်။ စည်းလုံးညီညွတ်မှုမရှိရင် ငြိမ်းချမ်းရေးကင်းမဲ့ပြီး ခါးသီးမှုနဲ့ ဒေါသတွေပဲ ကြီးစိုးနေပါလိမ့်မယ်။ တိုးတက်မှုမရှိဘဲ ဒေါသူပုန်ထနေကြမယ်ဆိုရင် နိုင်ငံဆိုတာလည်း မရှိနိုင်ပါဘူး။ မငြိမ်မသက်မှုတွေသာ ထွန်းကားနေမှာ ဖြစ်ပါတယ်။ အခုချိန်ဟာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရတဲ့ သမိုင်းဝင်ကာလဖြစ်တယ်လို့ ပြောဆိုလိုက်တာပါ။ ”

အမေရိကန်ပြည်ထောင်စု ပြင်ပ ကမ္ဘာတဝန်းက မိတ်ဆွေတွေကိုလည်း သမ္မတ Biden က အခုလို အမှာစကားပါးလိုက်ပါတယ်။

“ကျနော်တို့ မဟာမိတ်တွေကို ပြန်လည် တည်ဆောက်မယ်။ ကမ္ဘာကြီးနဲ့ နောက်တကြိမ်ပြန်လည်ပြီးတော့ ထိတွေ့ ဆက်ဆံမှုတွေလုပ်မယ်။ ယမန်နေ့က စိန်ခေါ်မှုတွေကို ထားရစ်ခဲ့ပြီး ဒီကနေ့နဲ့ မနက်ဖြန်ကြုံလာရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ခွန်အားရှိတဲ့နေရာမှာသာ စံနမူနာမဟုတ်ဘဲ၊ ကျနော်တို့ဟာ ကျနော်တို့နမူနာအတွက် ခွန်အားရှိနေတာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ငြိမ်းချမ်းရေး၊ တိုးတက်မှုနဲ့ လုံခြုံမှုတို့အတွက် အင်အားခိုင်မာပြီး ယုံကြည်စိတ်ချရသော လုပ်ဖော်ကိုင်ဘက်အဖြစ် ရပ်တည်သွားမှာဖြစ်ပါတယ်လို့ပြောသွားတာပါ။”

ညနေပိုင်းမှာတော့ သမ္မတ Biden က သူ့ ရည်ရွယ်ထားတဲ့အတိုင်း အုပ်ချုပ်မှုအခွင့်အာဏာအရ ညွှန်ကြားချက်အတော်များများ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ဥတုရာသီဆိုင်ရာ ပဲရစ်သဘောတူစာချုပ် အဖွဲ့ဝင်အဖြစ် ပြန်လည်ပူးပေါင်းဖို့ လုပ်ငန်းစဉ်နဲ့ စတင်လိုက်ပြီး၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နုတ်ထွက်မယ့်အစီအစဉ်ကိုလည်း ပယ်ဖျက်လိုက်ပါတယ်။

မူဆလင်အများစုရှိတဲ့ နိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေအပြင် တခြားနိုင်ငံတွေက နိုင်ငံသားတွေ အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်၊ ပိတ်ပင်ခဲ့တာကိုလည်း ရုတ်သိမ်းလိုက်ပါတယ်။ နောက်တခုကတော့ အရေးပေါ်ရန်ပုံငွေတွေ အသုံးပြုခွင့် အမိန့်ထုတ်ပြီး အမေရိကန်နဲ့ မက္ကစီကိုနိုင်ငံကြား တံတိုင်းဆောက်လုပ်တာကို ရပ်ဆိုင်းဖို့ လက်မှတ်ရေးထိုးညွှန်ကြားလိုက်တာဖြစ်ပါတယ်။

သမ္မတ Biden က သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာ အမေရိကန်ပြည်သူတွေကို တောင်းဆိုလိုက်တာကတော့၊ အကြောက်တရား အတွက်မဟုတ်တဲ့၊ မျှော်လင့်ခြင်းဆိုတဲ့ အမေရိကန်ပုံပြင်တပုဒ်ကို အတူတူ ရေးကြပါစို့တဲ့။ အကွဲကွဲ အပြားပြားအတွက်မဟုတ်ဘဲ စည်းလုံးညီညွတ်ခြင်းကို အခြေခံဖို့ဖြစ်တယ်လို့ဆိုပါတယ်။ ။ အမေရိကန်ရဲ့ လွတ်မြောက်မှုကို လုံခြုံအောင် ဆောင်ကျဉ်းပြီး၊ သမိုင်းရဲ့ တောင်းဆိုချက်အရ၊ ကမ္ဘာအတွက် မီးရှူးတန်ဆောင်အဖြစ် တင့်တယ်စွာ မားမားမတ်မတ် ပြန်လည် ဦးဆောင်မယ်ဆိုတဲ့၊ နှစ်ပေါင်းများစွာကြာညောင်းတဲ့အထိ ပြောမဆုံးပေါင်ဖြစ်မယ့် ပုံပြင်ဘဲဖြစ်ပါတယ်လို့ အမေရိကန်သမ္မတ Joe Biden ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG