Accessibility links

Breaking News

ဖမ္းဆီးထားတဲ႔ သတင္းသမားေတြ ျပန္လႊတ္ဖို႔ ဗီယက္နမ္ကို အေမရိကန္ ေဆာ္ၾသ


ဗီယက္နမ္ သီးျခားလြတ္လပ္တဲ့သတင္းေထာက္မ်ားအသင္းရဲ႕ တည္ေထာင္သူ အႀကီးအကဲ Pham Chi Dung 
ဗီယက္နမ္ သီးျခားလြတ္လပ္တဲ့သတင္းေထာက္မ်ားအသင္းရဲ႕ တည္ေထာင္သူ အႀကီးအကဲ Pham Chi Dung 

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ဗီယက္နမ္ႏိုင္ငံမွာ သီးျခားလြတ္လပ္တဲ့သတင္းေထာက္မ်ားအသင္းရဲ႕ အသင္းဝင္ ၃ ေယာက္ကို ေထာင္ဒဏ္အျပစ္ေပးလိုက္တာနဲ႔ ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စုက စိုးရိမ္မကင္းျဖစ္ရတယ္လို႔ အေလးအနက္ေျပာဆိုလိုက္ပါတယ္။အဲဒီ သတင္းေထာက္အသင္းဟာ သတင္းလြတ္လပ္ခြင့္အတြက္ အသိပညာေပးေနတဲ့ အရပ္ဖက္အဖြဲ႔အစည္းျဖစ္ပါတယ္။

ဟိုခ်ီမင္းၿမိဳ႔ေတာ္ တရားရံုးကေန အဲဒီအသင္းတည္ေထာင္သူ အႀကီးအကဲ Pham Chi Dung ကို ေထာင္ဒဏ္ ၁၅ နွစ္ ခ်မွတ္ေၾကာင္း ဆံုးျဖတ္လိုက္ပါတယ္။

သူ႔ရဲ႕ လက္ေထာက္ Nguyen Tuong Thuy နဲ႔ သတင္းေထာက္ Le Huu Minh Tuan တို႔ကိုေတာ့ ေထာင္ဒဏ္ ၁၁ နွစ္စီ ျပစ္ဒဏ္ ခ်မွတ္လိုက္ပါတယ္။ျပည္သူ႔အစိုးရနဲ႔ ပတ္သက္ၿပီး လုပ္ႀကံ မမွန္သတင္းေတြေရးသားတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ႏိုင္ငံေတာ္ကို ဆန္႔က်င္မႈဆိုင္ရာ တားျမစ္ခ်က္ေတြ ခ်ိဳးေဖာက္မႈအရ အျပစ္ေပးလိုက္တာလို႔ ဆိုပါတယ္။

ဒီျပစ္ဒဏ္ေတြဟာ မတန္တဆ ျပင္းထန္ေၾကာင္း၊ ဗီယက္နမ္ႏိုင္ငံသားေတြအေနနဲ႔ ဗီယက္နမ္ ဖြဲ႔စည္းပံုအေျခခံဥပေဒပါ အခြင့္အေရးေတြအရ၊ လုပ္သင့္တာေတြကို လုပ္ၾကရံုနဲ႔ အဖမ္းခံရ၊ ေထာင္ဒဏ္အျပစ္ေပးခံရတာေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ အခု ဒီ သတင္းေထာက္ေတြ ေထာင္ခ်ခံရတာဟာ၊ အခုေနာက္ဆံုး အရွိန္အဟုန္ျမွင့္ ဖမ္းဆီးေထာင္ခ်မႈေတြထဲက တခုပါဘဲလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယေျပာခြင့္သူ Cale Brown ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

လူ႔အခြင့္အေရး အဖြဲ႔အစည္းေတြကလည္း စိတ္ပ်က္တဲ့အေၾကာင္း ထုတ္ေဖၚ ေျပာဆိုၾကပါတယ္။ဗီယက္နမ္ရဲ႕ အေတာ္ေလး ဖိႏွိပ္တဲ့ စံ နဲ႔ ႏိႈင္းယွဥ္ရင္ေတာင္မွ၊ အစြမ္းကုန္ ဆင္ဆာျဖတ္ေတာက္တဲ့ အတိမ္အနက္ထက္၊ ဒီျပစ္ဒဏ္က ပိုျပင္းထန္တယ္လို႔ Amnesty International လူ႔အခြင့္အေရးအဖြဲ႔ရဲ႕ ေဒသဆိုင္ရာ ညႊန္ၾကားေရးမွဴး Emerlynne Gil က ေရးသားလိုက္ပါတယ္။

RSF နယ္စီးမထား သတင္းေထာက္မ်ားအဖြဲ႕ကလည္း ဗီယက္နမ္ သတင္းေထာက္ ၃ ေယာက္ကို ေထာင္ခ်လိုက္တဲ့ အတြက္ တုန္လႈပ္မိေၾကာင္းနဲ႔ ဘယ္လိုပံုစံနဲ႔ ဘဲျဖစ္ျဖစ္ လူထုအေျချပဳအဖြဲ႔အစည္းေတြ၊ အေျခအတင္ေျပာဆိုတာေဆြးေႏြးနာေတြကို အျပတ္ရွင္းတဲ့ လုပ္ရပ္ပါဘဲ လို႔ ေဝဖန္ လိုက္ပါတယ္။ RSF ရဲ႕ ၂၀၂၀ ျပည့္ႏွစ္၊ ကမၻာ့ သတင္းလြတ္လပ္ခြင့္ အညႊန္းကိန္းမွာ ဗီယက္နမ္ႏိုင္ငံကို ႏိုင္ငံ ၁၈၀ အနက္ အဆင့္ ၁၇၅ ေနရာမွာ မွတ္တမ္းတင္ထားပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေနာက္ဆံုးထုတ္ျပန္တဲ့ လူ႔အခြင့္အေရး အစီရင္ခံစာအရ၊ ဗီယက္နမ္ႏိုင္ငံဟာ ထူးထူးကဲကဲ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တဲ့ ႏိုင္ငံတႏိုင္ငံျဖစ္ပါတယ္။ လြတ္လပ္စြာထုတ္ေဖၚ ေျပာဆိုခြင့္၊ သတင္းလြတ္လပ္ခြင့္၊ အင္တာနက္ ပိတ္ပင္မႈ၊ အစိုးရကို ေဝဖန္သူေတြကို ဥပေဒမဲ့ ဖမ္းဆီးတာ၊ အေရးယူအျပစ္ေပးတာ၊ ဆင္ဆာျဖတ္တာ၊ ပိတ္ပင္တာေတြကို အဆိုးဝါးဆံုး ပံုစံေတြနဲ႔ ကန္႔သတ္ပိတ္ပင္ၿပီး၊ ရာဇဝတ္ျပစ္မႈ ေျမာက္ေအာင္ အမႈဆင္တာေတြ ပါဝင္ပါတယ္။

သတင္းလြတ္လပ္ခြင့္ဟာ ပြင့္လင္းျမင္သာမႈနဲ႔ စီမံ အုပ္ခ်ဳပ္မႈရဲ႕ တာဝန္ခံမႈအတြက္ အေျခခံ လိုအပ္ခ်က္ျဖစ္ပါတယ္။ စာေရးဆရာေတြ၊ ဘေလာ္ဂါေတြနဲ႔ သတင္းေထာက္ေတြဟာ ကိုယ့္အလုပ္ကို လုပ္ႏိုင္ဖို႔ မၾကာခဏဆိုသလို အႏၱရာယ္ၾကားကစြန္႔စားေနၾကရတာေၾကာင့္ ကမၻာတဝန္းက ျပည္သူေတြအေနနဲ႔ သူတို႔ကို အကာအကြယ္ေပးၾကပါရန္ အေမရိကန္ျပည္ေထာင္စုက ေဆာ္ၾသလိုက္ပါတယ္။

ဗီယက္နမ္ႏိုင္ငံအတြင္း ကိုယ့္ယံုၾကည္ခ်က္နဲ႔ အျမင္ေတြကို လြတ္လပ္စြာထုတ္ေဖၚေျပာဆိုၾကသူ တဦးတေယာက္ခ်င္းစီ အားလံုးနဲ႔ မတရား ထိန္းသိမ္းခံေနရသူေတြကို ျပန္လက္တုန္႔ျပန္မွာ မဟုတ္ေၾကာင္း အာမခံခ်က္နဲ႔ ျပန္လႊတ္ေပးပါရန္၊ ဗီယက္နမ္အာဏာပိုင္ေတြကို အေမရိကန္ျပည္ေထာင္စုက ေတာင္းဆိုလိုက္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယေျပာခြင့္ရ Cole Brown ကေျပာဆိုလိုက္ ေၾကာင္းပါ။

............

ဖမ်းဆီးထားတဲ့ သတင်းသမားတွေ ပြန်လွှတ်ဖို့ ဗီယက်နမ်ကို အမေရိကန် ဆော်သြ
(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ဗီယက်နမ်နိုင်ငံမှာ သီးခြားလွတ်လပ်တဲ့သတင်းထောက်များအသင်းရဲ့ အသင်းဝင် ၃ ယောက်ကို ထောင်ဒဏ်အပြစ်ပေးလိုက်တာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်းဖြစ်ရတယ်လို့ အလေးအနက်ပြောဆိုလိုက်ပါတယ်။အဲဒီ သတင်းထောက်အသင်းဟာ သတင်းလွတ်လပ်ခွင့်အတွက် အသိပညာပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းဖြစ်ပါတယ်။

ဟိုချီမင်းမြို့တော် တရားရုံးကနေ အဲဒီအသင်းတည်ထောင်သူ အကြီးအကဲ Pham Chi Dung ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

သူ့ရဲ့ လက်ထောက် Nguyen Tuong Thuy နဲ့ သတင်းထောက် Le Huu Minh Tuan တို့ကိုတော့ ထောင်ဒဏ် ၁၁ နှစ်စီ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ပြည်သူ့အစိုးရနဲ့ ပတ်သက်ပြီး လုပ်ကြံ မမှန်သတင်းတွေရေးသားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော်ကို ဆန့်ကျင်မှုဆိုင်ရာ တားမြစ်ချက်တွေ ချိုးဖောက်မှုအရ အပြစ်ပေးလိုက်တာလို့ ဆိုပါတယ်။

ဒီပြစ်ဒဏ်တွေဟာ မတန်တဆ ပြင်းထန်ကြောင်း၊ ဗီယက်နမ်နိုင်ငံသားတွေအနေနဲ့ ဗီယက်နမ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတွေအရ၊ လုပ်သင့်တာတွေကို လုပ်ကြရုံနဲ့ အဖမ်းခံရ၊ ထောင်ဒဏ်အပြစ်ပေးခံရတာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အခု ဒီ သတင်းထောက်တွေ ထောင်ချခံရတာဟာ၊ အခုနောက်ဆုံး အရှိန်အဟုန်မြှင့် ဖမ်းဆီးထောင်ချမှုတွေထဲက တခုပါဘဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်သူ Cale Brown ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း စိတ်ပျက်တဲ့အကြောင်း ထုတ်ဖေါ် ပြောဆိုကြပါတယ်။ဗီယက်နမ်ရဲ့ အတော်လေး ဖိနှိပ်တဲ့ စံ နဲ့ နှိုင်းယှဉ်ရင်တောင်မှ၊ အစွမ်းကုန် ဆင်ဆာဖြတ်တောက်တဲ့ အတိမ်အနက်ထက်၊ ဒီပြစ်ဒဏ်က ပိုပြင်းထန်တယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Emerlynne Gil က ရေးသားလိုက်ပါတယ်။

RSF နယ်စီးမထား သတင်းထောက်များအဖွဲ့ကလည်း ဗီယက်နမ် သတင်းထောက် ၃ ယောက်ကို ထောင်ချလိုက်တဲ့ အတွက် တုန်လှုပ်မိကြောင်းနဲ့ ဘယ်လိုပုံစံနဲ့ ဘဲဖြစ်ဖြစ် လူထုအခြေပြုအဖွဲ့အစည်းတွေ၊ အခြေအတင်ပြောဆိုတာဆွေးနွေးနာတွေကို အပြတ်ရှင်းတဲ့ လုပ်ရပ်ပါဘဲ လို့ ဝေဖန် လိုက်ပါတယ်။ RSF ရဲ့ ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ ဗီယက်နမ်နိုင်ငံကို နိုင်ငံ ၁၈၀ အနက် အဆင့် ၁၇၅ နေရာမှာ မှတ်တမ်းတင်ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာအရ၊ ဗီယက်နမ်နိုင်ငံဟာ ထူးထူးကဲကဲ လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ လွတ်လပ်စွာထုတ်ဖေါ် ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်၊ အင်တာနက် ပိတ်ပင်မှု၊ အစိုးရကို ဝေဖန်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးတာ၊ အရေးယူအပြစ်ပေးတာ၊ ဆင်ဆာဖြတ်တာ၊ ပိတ်ပင်တာတွေကို အဆိုးဝါးဆုံး ပုံစံတွေနဲ့ ကန့်သတ်ပိတ်ပင်ပြီး၊ ရာဇဝတ်ပြစ်မှု မြောက်အောင် အမှုဆင်တာတွေ ပါဝင်ပါတယ်။

သတင်းလွတ်လပ်ခွင့်ဟာ ပွင့်လင်းမြင်သာမှုနဲ့ စီမံ အုပ်ချုပ်မှုရဲ့ တာဝန်ခံမှုအတွက် အခြေခံ လိုအပ်ချက်ဖြစ်ပါတယ်။ စာရေးဆရာတွေ၊ ဘလော်ဂါတွေနဲ့ သတင်းထောက်တွေဟာ ကိုယ့်အလုပ်ကို လုပ်နိုင်ဖို့ မကြာခဏဆိုသလို အန္တရာယ်ကြားကစွန့်စားနေကြရတာကြောင့် ကမ္ဘာတဝန်းက ပြည်သူတွေအနေနဲ့ သူတို့ကို အကာအကွယ်ပေးကြပါရန် အမေရိကန်ပြည်ထောင်စုက ဆော်သြလိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံအတွင်း ကိုယ့်ယုံကြည်ချက်နဲ့ အမြင်တွေကို လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုကြသူ တဦးတယောက်ချင်းစီ အားလုံးနဲ့ မတရား ထိန်းသိမ်းခံနေရသူတွေကို ပြန်လက်တုန့်ပြန်မှာ မဟုတ်ကြောင်း အာမခံချက်နဲ့ ပြန်လွှတ်ပေးပါရန်၊ ဗီယက်နမ်အာဏာပိုင်တွေကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရ Cole Brown ကပြောဆိုလိုက် ကြောင်းပါ။

XS
SM
MD
LG