Accessibility links

Breaking News

ေဟာင္ေကာင္ကို အာဏာရွင္စနစ္နဲ႔ အုပ္ခ်ဳပ္မႈ ပုံစံေျပာင္းဖို႔ တရုတ္ႀကိဳးပမ္း


This combination of file photos shows Hong Kong pro-democracy activists Joshua Wong (L), Ivan Lam (C), and Agnes Chow (R)
This combination of file photos shows Hong Kong pro-democracy activists Joshua Wong (L), Ivan Lam (C), and Agnes Chow (R)

{{Zawgyi/Unicode}}

အေမရိကန္အစိုးရသေဘာထားအျမင္ကို တင္ျပပါမယ္။

ေဟာင္ေကာင္ကို အာဏာရွင္စနစ္နဲ႔ အုပ္ခ်ဳပ္မႈ ပုံစံေျပာင္းဖို႔ ႀကိဳးပမ္းေနတာကို ဆန္႔က်င္ေနၾကတဲ့ ဒီမိုကေရစီ လိုလားသူေတြကို တ႐ုတ္ကြန္ျမဴနစ္ ပါတီက ဆက္လက္ႏွိမ္နင္းဖိႏွိပ္ေနပါတယ္။ တ႐ုတ္အစိုးရရဲ့ ေနာက္ဆုံး ဖိႏွိပ္မႈတစ္ခုကေတာ့ ဒီမိုကေရစီ လႈပ္ရွားမႈကိုဦးေဆာင္တဲ့လူငယ္ေခါင္းေဆာင္ သုံးဦးကို ေထာင္ခ်လိုက္တာ ျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္ အရြယ္ရွိတဲ့ Joshua Wong က ေဟာင္ေကာင္က အေတြ႕အၾကဳံရွိၿပီးသား နိုင္ငံေရးနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူတစ္ဦး ျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္က Umbrella Revolution လို႔ ေခၚတဲ့ ထီးအုပ္ေဆာင္းေတာ္လွန္ေရးမွာ သူက ေက်ာင္းသား ေခါင္းေဆာင္တစ္ဦး ျဖစ္ခဲ့ပါတယ္။ ဖ်က္သိမ္းခံ ရတဲ့ နိုင္ငံေရးပါတီ Demosisto ကို တည္ေထာင္ခဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။ ဒီဇင္ဘာလ ၂ ရက္ေန႔မွာေတာ့ Mr. Wong ၂၀၁၉ ခုႏွစ္တုန္းက ရဲဌာန ခ်ဳပ္ေရွ႕ ဆႏၵျပမႈထဲ ပါဝင္မႈနဲ႔ ေထာင္ ၁၃ လ ခ်ခံရပါတယ္။ Demosisto ပါတီရဲ့ ထင္ရွားတဲ့ အဖြဲ႕ဝင္ႏွစ္ဦးျဖစ္တဲ့ Agnes Chow နဲ႔ Ivan Lam တို႔လည္း ေထာင္ဒဏ္ ၁၀ လနဲ႔ ၇ လ အသီးသီး ခ်မွတ္ခံရပါတယ္။

သူတို႔တစ္ေတြက ၂၀၁၉ ခုႏွစ္ ဇြန္လကစၿပီး ဖမ္းဆီးထိန္းသိမ္းခံရတဲ့ ဆႏၵျပသူ ၁၀,၀၀၀ ထဲက ေခါင္းေဆာင္ ၃ ဦးသာျဖစ္ပါတယ္။ ဖမ္းဆီးခံရသူေတြထဲ ဒီမိုကေရစီလိုလားတဲ့ မီဒီယာ သူေဌးႀကီး Jimmy Lai လည္း ပါဝင္ခဲ့တာပါ။

ဒီဖမ္းဆီးမႈေတြနဲ႔အတူ တ႐ုတ္အစိုးရက ေဟာင္ေကာင္ရဲ့ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ကို တင္းတင္းက်ပ္က်ပ္ ဆက္လက္ခ်ဳပ္ျခယ္ေနသလို ေဟာင္ေကာင္ ျပည္သူေတြရဲ့ အေျခခံ လြတ္လပ္ခြင့္ကို ဖယ္ရွားပစ္ေနတာပါ။ နိုင္ငံတကာကို ေပးအပ္ထားတဲ့ ကတိကဝတ္ေတြကို ေဖာက္ဖ်က္ေနတာလည္း ျဖစ္ပါတယ္။

အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က “ဒီမိုကေရစီ လိုလားတဲ့ ေဟာင္ေကာင္ ျပည္သူေတြကို ေဟာင္ေကာင္ အစိုးရ ဖိႏွိပ္ပုံက တုန္လႈပ္ေခ်ာက္ခ်ားစရာ ျဖစ္ေၾကာင္း” ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။အစိုးရနဲ႔ သေဘာထား ကြဲလြဲသူေတြရဲ့ ႏႈတ္ေတြကို ပိတ္ဖို႔ တရား႐ုံးကို အသုံးျပဳတာက တစ္ေသြးတစ္သံတစ္မိန္႔ အစိုးရေတြရဲ့ အမွတ္လကၡဏာတစ္ခု ျဖစ္သလို ကိုယ့္ျပည္သူေတြ လြတ္လြတ္လပ္လပ္ ေတြးျမင္ေျပာဆိုတာကို တ႐ုတ္ ကြန္ျမဴနစ္ပါတီ အေၾကာက္ဆုံးဆိုတာကို မီးေမာင္းထိုး ျပသေန တယ္လို႔လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

သမိုင္းအရ ေဟာင္ေကာင္က လြတ္လပ္ပြင့္လင္းတဲ့ စနစ္ကေန အက်ိဳးအျမတ္ေတြရေနတာပါ။ ဒီစနစ္ကပဲ Joshua Wong, Agnes Chow, Ivan Lam, နဲ႔ Jimmy Lai တို႔လို ဒီမိုကေရစီ လိုလားသူ နိုင္ငံသားေတြအတြက္ ဂုဏ္ယူစရာ ျဖစ္ေနတာပါ။

ကုလသမဂၢက ႀကီးမႉးၿပီး တ႐ုတ္နဲ႔ ၿဗိတိန္ႏွစ္နိုင္ငံအၾကား သေဘာတူ လက္မွတ္ေရးထိုးထားတဲ့ the Basic Law ဥပေဒေအာက္မွာ ေဟာင္ေကာင္သားေတြ အေနနဲ႔ သူတို႔ရဲ့ အခြင့္ အေရး ေတြကို လြတ္လြတ္လပ္လပ္ က်င့္သုံးရပိုင္ခြင့္ ရွိသင့္ပါတယ္။ ကမၻာ့ လူ႔အခြင့္အေရး ေၾကညာစာတမ္းေအာက္မွာလည္း သူတို႔တစ္ေတြ ဒီအခြင့္ အေရးကို ခံစားသင့္ပါတယ္လို႔လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

ေဟာင္ေကာင္ျပည္သူေတြရဲ့ လြတ္လပ္မႈနဲ႔ အခြင့္အေရးေတြ အျမင့္ဆုံး ရရွိခံစားရေစဖို႔နဲ႔ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ့ ဖိႏွိပ္ခ်ဳပ္ျခယ္မႈေအာက္မွာ ဒုကၡေရာက္ ေနရသူေတြအားလုံးအတြက္ အေမရိကန္နိုင္ငံအေနနဲ႔ ကမၻာတစ္ဝွမ္းက မဟာမိတ္ေတြ၊လက္ေတြေဖာ္ေတြနဲ႔ အတူ ဆက္ၿပီး အလုပ္လုပ္သြားပါမယ္။ ေဟာင္ေကာင္ျပည္သူေတြ၊ တ႐ုတ္ျပည္သူျပည္သားအားလုံးနဲ႔ Joshua Wong, Agnes Chow, Ivan Lam, Jimmy Lai တို႔နဲ႔အတူ၊ ကၽြန္ေတာ္တို႔အတူ ရပ္တည္သြားပါမယ္လို႔လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္ ခင္ဗ်ား။

.............................................

{{Unicode}}
အမေရိကန်အစိုးရသဘောထားအမြင်ကို တင်ပြပါမယ်။

ဟောင်ကောင်ကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်မှု ပုံစံပြောင်းဖို့ ကြိုးပမ်းနေတာကို ဆန့်ကျင်နေကြတဲ့ ဒီမိုကရေစီ လိုလားသူတွေကို တရုတ်ကွန်မြူနစ် ပါတီက ဆက်လက်နှိမ်နင်းဖိနှိပ်နေပါတယ်။ တရုတ်အစိုးရရဲ့ နောက်ဆုံး ဖိနှိပ်မှုတစ်ခုကတော့ ဒီမိုကရေစီ လှုပ်ရှားမှုကိုဦးဆောင်တဲ့လူငယ်ခေါင်းဆောင် သုံးဦးကို ထောင်ချလိုက်တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ်ရှိတဲ့ Joshua Wong က ဟောင်ကောင်က အတွေ့အကြုံရှိပြီးသား နိုင်ငံရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က Umbrella Revolution လို့ ခေါ်တဲ့ ထီးအုပ်ဆောင်းတော်လှန်ရေးမှာ သူက ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဖျက်သိမ်းခံ ရတဲ့ နိုင်ငံရေးပါတီ Demosisto ကို တည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့ Mr. Wong ၂၀၁၉ ခုနှစ်တုန်းက ရဲဌာန ချုပ်ရှေ့ ဆန္ဒပြမှုထဲ ပါဝင်မှုနဲ့ ထောင် ၁၃ လ ချခံရပါတယ်။ Demosisto ပါတီရဲ့ ထင်ရှားတဲ့ အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ Agnes Chow နဲ့ Ivan Lam တို့လည်း ထောင်ဒဏ် ၁၀ လနဲ့ ၇ လ အသီးသီး ချမှတ်ခံရပါတယ်။

သူတို့တစ်တွေက ၂၀၁၉ ခုနှစ် ဇွန်လကစပြီး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဆန္ဒပြသူ ၁၀,၀၀၀ ထဲက ခေါင်းဆောင် ၃ ဦးသာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲ ဒီမိုကရေစီလိုလားတဲ့ မီဒီယာ သူဌေးကြီး Jimmy Lai လည်း ပါဝင်ခဲ့တာပါ။

ဒီဖမ်းဆီးမှုတွေနဲ့အတူ တရုတ်အစိုးရက ဟောင်ကောင်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ဆက်လက်ချုပ်ခြယ်နေသလို ဟောင်ကောင် ပြည်သူတွေရဲ့ အခြေခံ လွတ်လပ်ခွင့်ကို ဖယ်ရှားပစ်နေတာပါ။ နိုင်ငံတကာကို ပေးအပ်ထားတဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်နေတာလည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က “ဒီမိုကရေစီ လိုလားတဲ့ ဟောင်ကောင် ပြည်သူတွေကို ဟောင်ကောင် အစိုးရ ဖိနှိပ်ပုံက တုန်လှုပ်ချောက်ချားစရာ ဖြစ်ကြောင်း” ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေရဲ့ နှုတ်တွေကို ပိတ်ဖို့ တရားရုံးကို အသုံးပြုတာက တစ်သွေးတစ်သံတစ်မိန့် အစိုးရတွေရဲ့ အမှတ်လက္ခဏာတစ်ခု ဖြစ်သလို ကိုယ့်ပြည်သူတွေ လွတ်လွတ်လပ်လပ် တွေးမြင်ပြောဆိုတာကို တရုတ် ကွန်မြူနစ်ပါတီ အကြောက်ဆုံးဆိုတာကို မီးမောင်းထိုး ပြသနေ တယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

သမိုင်းအရ ဟောင်ကောင်က လွတ်လပ်ပွင့်လင်းတဲ့ စနစ်ကနေ အကျိုးအမြတ်တွေရနေတာပါ။ ဒီစနစ်ကပဲ Joshua Wong, Agnes Chow, Ivan Lam, နဲ့ Jimmy Lai တို့လို ဒီမိုကရေစီ လိုလားသူ နိုင်ငံသားတွေအတွက် ဂုဏ်ယူစရာ ဖြစ်နေတာပါ။

ကုလသမဂ္ဂက ကြီးမှူးပြီး တရုတ်နဲ့ ဗြိတိန်နှစ်နိုင်ငံအကြား သဘောတူ လက်မှတ်ရေးထိုးထားတဲ့ the Basic Law ဥပဒေအောက်မှာ ဟောင်ကောင်သားတွေ အနေနဲ့ သူတို့ရဲ့ အခွင့် အရေး တွေကို လွတ်လွတ်လပ်လပ် ကျင့်သုံးရပိုင်ခွင့် ရှိသင့်ပါတယ်။ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းအောက်မှာလည်း သူတို့တစ်တွေ ဒီအခွင့် အရေးကို ခံစားသင့်ပါတယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

ဟောင်ကောင်ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေ အမြင့်ဆုံး ရရှိခံစားရစေဖို့နဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်ချုပ်ခြယ်မှုအောက်မှာ ဒုက္ခရောက် နေရသူတွေအားလုံးအတွက် အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာတစ်ဝှမ်းက မဟာမိတ်တွေ၊လက်တွေဖော်တွေနဲ့ အတူ ဆက်ပြီး အလုပ်လုပ်သွားပါမယ်။ ဟောင်ကောင်ပြည်သူတွေ၊ တရုတ်ပြည်သူပြည်သားအားလုံးနဲ့ Joshua Wong, Agnes Chow, Ivan Lam, Jimmy Lai တို့နဲ့အတူ၊ ကျွန်တော်တို့အတူ ရပ်တည်သွားပါမယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ် ခင်ဗျား။

XS
SM
MD
LG