Accessibility links

Breaking News

ဆူဒန္ကို အၾကမ္းဖက္၀ါဒအားေပးတဲ႔ ႏိုင္ငံ သတ္မွတ္ခ်က္ အေမရိကန္ ျပန္လည္ရုပ္သိမ္းလိုက္ၿပီ


အေမရိကန္ ဘ႑ာေရး၀န္ႀႀကီးႏွင့္ Sudan ၀န္ႀကီးခ်ဳပ္တို႔ ေတြ႔ဆံုစဥ္
အေမရိကန္ ဘ႑ာေရး၀န္ႀႀကီးႏွင့္ Sudan ၀န္ႀကီးခ်ဳပ္တို႔ ေတြ႔ဆံုစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ဆူဒန္ႏိုင္ငံဟာ Osama bin Laden ေခါင္းေဆာင္တဲ့ အယ္လ္ကိုင္းဒါး အၾကမ္းဖက္အဖြဲ႔အစည္းအပါအဝင္ အၾကမ္းဖက္သမားေတြကို လက္ခံ ခိုလႈံခြင့္ေပးၿပီး၊ ေထာက္ခံပ့ံပိုးခဲ့တာ ခိုင္လံုတဲ့ အတြက္ အေမရိကန္ျပည္ေထာင္စုက ဆူဒန္ႏိုင္ငံကို အၾကမ္းဖက္ဝါဒ ပံ့ပိုးတဲ့ ႏိုင္ငံအျဖစ္ သတ္မွတ္ေၾကာင္း ၁၉၉၃ ခုနွစ္က ေၾကညာခဲ့ပါတယ္။

ဒီလို စာရင္းဝင္အျဖစ္ သတ္မွတ္ခံရလ်င္၊ ဆိုးက်ိဳးေတြနဲ႔ ရင္ဆိုင္ရပါတယ္။အဲဒီ ႏိုင္ငံမ်ိဳးကို ႏိုင္ငံတကာက ပစ္ပယ္ ပါတယ္။ ရင္းႏွီးျမွဳပ္ႏွံသူေတြကလည္း ဒီစာရင္းဝင္ ႏိုင္ငံေတြကို ေရွာင္ၾကၿပီး၊ တျခားႏိုင္ငံအေတာ္မ်ားမ်ားကပါ ဆက္ဆံရမွာ တြန္႔ဆုတ္ၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔လည္း တိုက္ရိုက္ေထာက္ပံ့တာ အေတာ္မ်ားမ်ား ေပးခြင့္မရွိပါဘူး။ ကမၻာ့ဘဏ္နဲ႔ ႏိုင္ငံတကာေငြေၾကးရန္ပံုေငြအဖြဲ႔ ကေန အဲဒီႏိုင္ငံကို ေငြေခ်းမယ္ဆိုလ်င္လည္း အေမရိကန္က ကန္႔ကြက္ရပါတယ္။

အၾကမ္းဖက္ဝါဒ ေထာက္ခံအားေပးတဲ့ ႏိုင္ငံရယ္လို႔ သတ္မွတ္ခံရၿပီဆိုတာနဲ႔ ကမၻာ့ စီးပြားေရးစနစ္ နယ္ပယ္မွာ ပါဝင္ႏိုင္ဖို႔ နည္းမ်ိဳးစံုနဲ႔ ကန္႔သတ္ခံရပါေတာ့တယ္။ ဥပေဒေၾကာင္းအရ၊ တရားမမႈ ဒါမွမဟုတ္ ရာဇဝတ္မႈေတြနဲ႔ တရားစြဲခံရလ်င္ အခ်ဳပ္အျခာအာဏာပိုင္တဲ့ အစိုးရ တရပ္အေနနဲ႔ ကင္းလြတ္ခြင့္ရွိေပမဲ့လည္း ဒီအခြင့္အေရး ဆံုးရံႈးသြားပါတယ္။

ဒါ့ေၾကာင့္ အယ္လ္ကိုင္းဒါးတိုက္ခိုက္မႈမွာ ေသဆံုးခဲ့ရသူေတြရဲ႕ မိသားစုေတြက အေမရိကန္ တရားရံုးေတြမွာ ဆူဒန္အစိုးရကို ေနာက္ေၾကာင္းျပန္တရားစြဲဆိုခဲ့ၾကပါတယ္။ သီးျခားအမႈေတြကေတာ့၊ ၁၉၉၈ ခုႏွစ္က တန္ဇန္နီးယားႏိုင္ငံ၊ ဒါရာဆလမ္ၿမိဳ႔နဲ႔ ကင္ညာႏိုင္ငံ၊ ႏိုင္ရိုဘီၿမိဳ႕ေတြက အေမရိကန္သံရံုးေတြတိုက္ခိုက္မႈ၊ ယီမင္ႏိုင္ငံမွာ အေမရိကန္ေရတပ္ဖ်က္သေဘၤာ Cole တိုက္ခိုက္ခံရမႈေတြအတြင္း၊ ေသဆံုးခဲ့ရသူေတြရဲ႕ မိသားစုေတြက ဆူဒန္အစိုးရကို တရားစြဲခဲ့ၾကရာမွာ အေမရိကန္တရားရံုးေတြက နစ္နာေၾကးေပးေလ်ာ္ဖို႔ အမိန္႔ခ်မွတ္ခဲ့ၾကပါတယ္။

၂၀၁၉ ခုႏွစ္ၾသဂုတ္လမွာေတာ့ ဆူဒန္ျပည္သူေတြက ကာလရွည္ၾကာစြာ အုပ္စိုးေနတဲ့ အာဏာရွင္ကို ျဖတ္ခ်ခဲ့ၿပီးေနာက္၊ ယာယီ အစိုးရသစ္က ဆူဒန္ႏိုင္ငံ၊ အပယ္ခံေနရတဲ့ အဆင့္ကေန ပယ္ဖ်က္ၿပီး ႏိုင္ငံတကာအသိုင္းအဝိုင္းထဲ ျပန္ဝင္ဆန္႔ေအာင္ ေရွ႔ဆံုးက ဦးစားေပးလုပ္မယ္လို႔ ေၾကညာလိုက္ပါတယ္။ အဆံုးမွာေတာ့၊ ဆူဒန္အစိုးရက ေသဆံုးခဲ့တဲ့ အေမရိကန္ မိသားစုဝင္ တရားလိုေတြအတြက္ နစ္နာေၾကး စုစုေပါင္း ေဒၚလာ ၃၃၅ သန္း ေလ်ာ္ေၾကးေပးဖို႔ သေဘာတူလိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စုက ဆူဒန္ႏိုင္ငံရဲ႕ ျဖစ္ထြန္း တိုးတက္မႈေတြကို ျပန္လည္သံုးသပ္ၿပီး ဒီဇင္ဘာလ ၁၄ ရက္ေန႔က အၾကမ္းဖက္ဝါဒ ေထာက္ခံပ့ံပိုးတဲ့ စာရင္းကေန ပယ္ဖ်က္ေပးလိုက္ပါတယ္။အေမရိကန္ကြန္ကရက္လႊတ္ေတာ္ကေန ဆူဒန္အစိုးရရဲ႕ အခ်ဳပ္အျခာအာဏာပိုင္စိုးမႈဆိုင္ရာ ကင္းလြတ္ခြင့္ပါ စကားလံုးအသံုးအႏံႈး အမ်ားစု အပါအဝင္၊ ရန္ပံုေငြခြဲေဝခ်ထားေရး ျပင္ဆင္ျဖည့္စြက္ခ်က္ အက္ဥပေဒကို ဒီဇင္ဘာလ ၂၈ ရက္ေန႔ ကျပဌာန္းခဲ့ပါတယ္။

ဒီျပဌာန္းခ်က္ေၾကာင့္ ဆူဒန္ႏိုင္ငံဟာ အေမရိကန္ျပည္ေထာင္စုနဲ႔ တင္မကဘဲ၊ ႏိုင္ငံတကာ အသိုင္းအဝိုင္း တခုလံုးနဲ႔ပါ ဆက္ဆံႏိုင္တဲ့အထိ အေျပာင္းလဲႀကီး ေျပာင္းလဲသြားပါၿပီ။

အဓိက ပိတ္ဆို႔မႈေတြ ပယ္ဖ်က္ေပးလိုက္တာေၾကာင့္၊ ဆူဒန္ႏိုင္ငံရဲ႕ ပိုင္ဆိုင္မႈေတြနဲ႔ ပတ္သက္ၿပီး လက္လႊတ္ရမယ့္အေျခအေနကေန၊ ကမၻာ့စီးပြားေရးနယ္ပယ္ထဲ အျပည့္အဝျပန္လည္ ဝင္ဆန္႔ႏိုင္သလို၊ ကုန္သြယ္ေရးနဲ႔ ရင္းနွီးျမွဳပ္ႏွံမႈ အလားအလာေကာင္းေတြ ပြင့္လန္းလာမွာျဖစ္ပါတယ္။ ဆူဒန္ျပည္သူေတြ ဆက္လက္ လိုအပ္ေနဆဲျဖစ္တဲ့၊ လြတ္ေျမာက္မႈ၊ ၿငိမ္းခ်မ္းေရးနဲ႔ တရားမွ်တေရးအတြက္ က်ေနာ္တို႔က ေထာက္ခံအားေပးေနပါတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားေၾကာင္းပါ။

..............

ဆူဒန်ကို အကြမ်းဖက်ဝါဒအားပေးတဲ့ နိုင်ငံ သတ်မှတ်ချက် အမေရိကန် ပြန်လည်ရုပ်သိမ်းလိုက်ပြီ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ဆူဒန်နိုင်ငံဟာ Osama bin Laden ခေါင်းဆောင်တဲ့ အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့အစည်းအပါအဝင် အကြမ်းဖက်သမားတွေကို လက်ခံ ခိုလှုံခွင့်ပေးပြီး၊ ထောက်ခံပံ့ပိုးခဲ့တာ ခိုင်လုံတဲ့ အတွက် အမေရိကန်ပြည်ထောင်စုက ဆူဒန်နိုင်ငံကို အကြမ်းဖက်ဝါဒ ပံ့ပိုးတဲ့ နိုင်ငံအဖြစ် သတ်မှတ်ကြောင်း ၁၉၉၃ ခုနှစ်က ကြေညာခဲ့ပါတယ်။

ဒီလို စာရင်းဝင်အဖြစ် သတ်မှတ်ခံရလျင်၊ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရပါတယ်။အဲဒီ နိုင်ငံမျိုးကို နိုင်ငံတကာက ပစ်ပယ် ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကလည်း ဒီစာရင်းဝင် နိုင်ငံတွေကို ရှောင်ကြပြီး၊ တခြားနိုင်ငံအတော်များများကပါ ဆက်ဆံရမှာ တွန့်ဆုတ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း တိုက်ရိုက်ထောက်ပံ့တာ အတော်များများ ပေးခွင့်မရှိပါဘူး။ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ကနေ အဲဒီနိုင်ငံကို ငွေချေးမယ်ဆိုလျင်လည်း အမေရိကန်က ကန့်ကွက်ရပါတယ်။

အကြမ်းဖက်ဝါဒ ထောက်ခံအားပေးတဲ့ နိုင်ငံရယ်လို့ သတ်မှတ်ခံရပြီဆိုတာနဲ့ ကမ္ဘာ့ စီးပွားရေးစနစ် နယ်ပယ်မှာ ပါဝင်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကန့်သတ်ခံရပါတော့တယ်။ ဥပဒေကြောင်းအရ၊ တရားမမှု ဒါမှမဟုတ် ရာဇဝတ်မှုတွေနဲ့ တရားစွဲခံရလျင် အချုပ်အခြာအာဏာပိုင်တဲ့ အစိုးရ တရပ်အနေနဲ့ ကင်းလွတ်ခွင့်ရှိပေမဲ့လည်း ဒီအခွင့်အရေး ဆုံးရှုံးသွားပါတယ်။

ဒါ့ကြောင့် အယ်လ်ကိုင်းဒါးတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေက အမေရိကန် တရားရုံးတွေမှာ ဆူဒန်အစိုးရကို နောက်ကြောင်းပြန်တရားစွဲဆိုခဲ့ကြပါတယ်။ သီးခြားအမှုတွေကတော့၊ ၁၉၉၈ ခုနှစ်က တန်ဇန်နီးယားနိုင်ငံ၊ ဒါရာဆလမ်မြို့နဲ့ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တွေက အမေရိကန်သံရုံးတွေတိုက်ခိုက်မှု၊ ယီမင်နိုင်ငံမှာ အမေရိကန်ရေတပ်ဖျက်သင်္ဘော Cole တိုက်ခိုက်ခံရမှုတွေအတွင်း၊ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေက ဆူဒန်အစိုးရကို တရားစွဲခဲ့ကြရာမှာ အမေရိကန်တရားရုံးတွေက နစ်နာကြေးပေးလျော်ဖို့ အမိန့်ချမှတ်ခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်သြဂုတ်လမှာတော့ ဆူဒန်ပြည်သူတွေက ကာလရှည်ကြာစွာ အုပ်စိုးနေတဲ့ အာဏာရှင်ကို ဖြတ်ချခဲ့ပြီးနောက်၊ ယာယီ အစိုးရသစ်က ဆူဒန်နိုင်ငံ၊ အပယ်ခံနေရတဲ့ အဆင့်ကနေ ပယ်ဖျက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းထဲ ပြန်ဝင်ဆန့်အောင် ရှေ့ဆုံးက ဦးစားပေးလုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ အဆုံးမှာတော့၊ ဆူဒန်အစိုးရက သေဆုံးခဲ့တဲ့ အမေရိကန် မိသားစုဝင် တရားလိုတွေအတွက် နစ်နာကြေး စုစုပေါင်း ဒေါ်လာ ၃၃၅ သန်း လျော်ကြေးပေးဖို့ သဘောတူလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ဆူဒန်နိုင်ငံရဲ့ ဖြစ်ထွန်း တိုးတက်မှုတွေကို ပြန်လည်သုံးသပ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့က အကြမ်းဖက်ဝါဒ ထောက်ခံပံ့ပိုးတဲ့ စာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။အမေရိကန်ကွန်ကရက်လွှတ်တော်ကနေ ဆူဒန်အစိုးရရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုဆိုင်ရာ ကင်းလွတ်ခွင့်ပါ စကားလုံးအသုံးအနှုံး အများစု အပါအဝင်၊ ရန်ပုံငွေခွဲဝေချထားရေး ပြင်ဆင်ဖြည့်စွက်ချက် အက်ဥပဒေကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ကပြဌာန်းခဲ့ပါတယ်။

ဒီပြဌာန်းချက်ကြောင့် ဆူဒန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ တင်မကဘဲ၊ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးနဲ့ပါ ဆက်ဆံနိုင်တဲ့အထိ အပြောင်းလဲကြီး ပြောင်းလဲသွားပါပြီ။

အဓိက ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးလိုက်တာကြောင့်၊ ဆူဒန်နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး လက်လွှတ်ရမယ့်အခြေအနေကနေ၊ ကမ္ဘာ့စီးပွားရေးနယ်ပယ်ထဲ အပြည့်အဝပြန်လည် ဝင်ဆန့်နိုင်သလို၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းတွေ ပွင့်လန်းလာမှာဖြစ်ပါတယ်။ ဆူဒန်ပြည်သူတွေ ဆက်လက် လိုအပ်နေဆဲဖြစ်တဲ့၊ လွတ်မြောက်မှု၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးအတွက် ကျနော်တို့က ထောက်ခံအားပေးနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားကြောင်းပါ။

XS
SM
MD
LG