Accessibility links

Breaking News

အတိုက္အခံ သတင္းသမား Ruhollah Zam ကို အီရန္ကြြပ္မ်က္မႈ အေမရိကန္ ျပင္းျပင္းထန္ထန္ ရႈတ္ခ်


အတိုက္အခံ သတင္းသမား Ruhollah Zam ကို တရားရံုးအမိန္႔ ခ်စဥ္
အတိုက္အခံ သတင္းသမား Ruhollah Zam ကို တရားရံုးအမိန္႔ ခ်စဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အီရန္အတိုက္အခံ သတင္းေထာက္ Ruhollah Zam ကိုျပန္ေပးဆြဲ ကြပ္မ်က္ လိုက္တာဟာ ႏိုင္ငံတကာစံေတြကို လွ်စ္လ်ဴ ရႈၿပီး ေျပာင္ေျပာင္တင္းတင္း ရက္စက္စြာ ႏႈတ္ပိတ္လိုက္တာျဖစ္တယ္ဆိုတာကို၊ ရက္စက္တဲ့ အီရန္အစိုးရကိုယ္တိုင္ေတာင္မွ မွတ္သားေလာက္စရာ ျဖစ္ေနပါၿပီ။

လူၾကိဳက္မ်ားေရပန္းစားတဲ့ အီရန္အစိုးရဆန႔္က်င္ေရး AmadNews website ထူေထာင္သူ သတင္းေထာက္ Ruhollah Zam ကို ကမာၻေပၚမွာ အဂတိတရားေတြကို ဝါဒ ျဖန႔္ေနတယ္ဆိုတဲ့ ျပစ္မႈနဲ႔ အီရန္တရား႐ုံးတ႐ုံးကေန၊ ေသဒဏ္ခ်မွတ္လိုက္ၿပီးေနာက္၊ ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာ ႀကိဳးမိန႔္ေပး ကြပ္မ်က္လိုက္ပါတယ္။ ဒါေပမဲ့ အီရန္အာဏာပိုင္ေတြရဲ႕ အျမင္မွာေတာ့၊ Mr. Zam ရဲ႕ တကယ့္ျပစ္မႈက သူတို႔ စိုးမိုးအုပ္ခ်ဳပ္ေနတဲ့ စနစ္နဲ႔ ခံယူခ်က္ခ်င္းမတူသူေတြအေပၚ ႏွိပ္ကြပ္မႈေတြအတြက္ စိန္ေခၚေနတယ္လို႔ ရႈျမင္တာျဖစ္ပါတယ္။

IRGC အီရန္ေတာ္လွန္ေရးျပည္ေစာင့္တပ္ကေန ျပင္သစ္ႏိုင္ငံမွာ ႏိုင္ငံေရးခိုလႈံခြင့္နဲ႔ ေနထိုင္တဲ့ Mr. Zam ကို ျပန္ေပးဆြဲခဲ့ၿပီး ၂၀၁၉ ခုႏွစ္မွာ အီရန္ႏိုင္ငံကို ျပန္လည္ေခၚေဆာင္သြားခဲ့တာပါ။ ၂၀၂၀ ျပည့္ႏွစ္ ေဖေဖၚဝါရီလမွာ ႐ုံးထုတ္ စစ္ေဆးခဲ့ပါတယ္။ အီရန္ႏိုင္ငံမွာ၂၀၁၇ ခုႏွစ္က အစိုးရဆန႔္က်င္ေရး ဆႏၵထုတ္ေဖၚပြဲနဲ႔ လူထုအုံႂကြမႈေတြကို Mr. Zam က လႈံ႕ေဆာ္စည္း႐ုံးခဲ့တယ္လို႔ စြပ္စြဲၿပီး၊ ႐ုပ္ျမင္သံၾကားကေန အတင္းအဓမၼ ဝန္ခံခိုင္းခဲ့ၿပီး၊ ဇြန္လအတြင္း သူ႔ကို ေသဒဏ္ခ်မွတ္ခဲ့ပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က Mr. Zam ကို ကြပ္မ်က္လိုက္တာဟာ တရားမွ်တမႈမရွိတဲ့ ရက္စက္တဲ့ လုပ္ရပ္ပါဘဲလို႔ ျပင္းထန္စြာအျပစ္တင္ ရႈတ္ခ်လိုက္ပါတယ္။ အၾကမ္းဖက္ ႏွိပ္ကြပ္မႈေတြနဲ႔ ၄၁ ႏွစ္ၾကာ အုပ္ခ်ဳပ္ခဲ့တဲ့ သက္တမ္းတေလွ်ာက္ ေသဆုံးခဲ့ရတာနဲ႔ အဖမ္းခံရတဲ့ သတင္းသမားေပါင္း ၈၆၀ ေက်ာ္ရွိခဲ့တဲ့၊ အီရန္အစိုးရရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈနဲ႔ အဂတိလိုက္စားမႈ ေတြကို Mr. Zam က ေဖၚထုတ္ခဲ့ ေရးသားခဲ့လို႔ပါဘဲတဲ့။ အီရန္ျပည္သူေတြအေနနဲ႕ လြတ္လပ္စြာေရးသားတဲ့ အျမင္အမ်ိဳးမ်ိဳးရွိတဲ့ သတင္းမီဒီယာေတြကို ၾကည့္ရႈခြင့္နဲ႔ ထိုက္တန္သလို၊ ဆင္ဆာတည္းျဖတ္တာေတြ၊ သတင္းသမားေတြကို ဖမ္းဆီတာေတြနဲ႔ ကြပ္မ်က္တာေတြကိုလည္း အလိုမရွိၾကပါဘူးလို႔ ဝန္ႀကီး Pompeo က Twitter ကေနေရးသားလိုက္ပါတယ္။

Ruhollah Zam ကြပ္မ်က္မႈနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း စိတ္ပ်က္တဲ့အေၾကာင္း အေလးအနက္ေျပာဆိုၾကပါတယ္။ ကုလသမဂၢလူ႔အခြင့္အေရးေကာ္မရွင္ မဟာမင္းႀကီး Michelle Bachelet က ဒီကြပ္မ်က္မႈကို စိတ္ပ်က္ဝမ္းနည္းေၾကာင္းေျပာပါတယ္။ Mr. Zam ရဲ႕ အမႈဟာ ျပည္သူေတြကို ျပစ္ဒဏ္ေပးတဲ့၊ အေျခခံအေၾကာင္းျပခ်က္ တခုအေနနဲ႕ ႏွိပ္စက္ၿပီး ႏိုင္ငံပိုင္ သတင္းဌာနေတြကေန အတင္းအဓမၼဝန္ခံခိုင္းတဲ့ အစဥ္အလာရဲ႕ သေကၤတျဖစ္တယ္လို႔ မဟာမင္းႀကီး Bachelet က ဆိုပါတယ္။

CPJ သတင္းသမားမ်ားကာကြယ္ေစာင့္ေရွာက္ေရးေကာ္မတီ အႀကီးအကဲ Sherif Mansour ကလည္း Mr. Zam ေသဆံုးရတာဟာ စက္ဆုတ္ဖြယ္ရာ၊ ရွက္စရာလုပ္ရပ္ျဖစ္တယ္လို႔ ေျပာပါတယ္။

ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ဒီကြပ္မ်က္မႈဟာ လူမဆန္သလို၊ လက္ခံႏိုင္စရာအေၾကာင္းမရွိဘူးလို႔ ေဖၚျပလိုက္ၿပီး၊ ဒီဇင္ဘာလ ၁၄ ရက္ေန႔မွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ဥေရာပ-အီရန္ စီးပြားေရးနွီးေႏွာဖလွယ္ပြဲကို ဂ်ာမနီ၊ ၾသစႀတီးယား၊ အီတလီႏိုင္ငံတို႔နဲ႔အတူ၊ မတက္ေရာက္ဘဲ ခရီးစဥ္ ဖ်က္သိမ္းခဲ့ပါတယ္။

အီရန္နဲ႔ ဗင္နီဇြဲလားႏိုင္ငံဆိုင္ရာ အေမရိကန္အထူးကိုယ္စားလွယ္၊ Elliott Abrams က အီရန္ နဘမ္းအားကစား ခ်န္ပီယံ Navid Afkari ကို စက္တင္ဘာလတုန္းက ကြက္မ်က္ခဲ့ၿပီးေနာက္၊ Mr. Zam ကို ကြပ္မ်က္လိုက္တာလို႔ ေထာက္ျပပါတယ္။

အာဏာတည္ၿမဲေရးနဲ႔ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ႏိုင္ငံတကာဥပေဒေတြကို ပစ္ပယ္ဖို႔ လက္တြန္႔ျခင္းမရွိတဲ့၊ ရက္စက္တဲ့၊ တယူသန္အစိုးရတရပ္နဲ႔ က်ေနာ္တို႔ ႀကံဳေတြ႔ေနၾကရတယ္ဆိုတာကို ေနာက္ထပ္တႀကိမ္ သတိေပးလိုက္တာပါဘဲတဲ့။

ဒါ့ေၾကာင့္၊ ကမၻာေပၚမွာ အၾကမ္းဖက္ဝါဒကို ဦးေဆာင္ေထာက္ခံအားေပးေနတဲ့ ႏိုင္ငံအေနနဲ႔ ကမၻ့ာ အေသအေပ်ာက္အမ်ားဆံုးလက္နက္ကို ဘယ္ေတာ့မွ မထုတ္လုပ္ႏိုင္ဖို႔ သိပ္အေရးႀကီးပါတယ္လို႔ အီရန္နဲ႔ ဗင္နီဇြဲလားႏိုင္ငံဆိုင္ရာ အေမရိကန္အထူးကိုယ္စားလွယ္၊ Elliott Abrams က ေျပာဆိုလိုက္ေၾကာင္းပါ။

.................

အတိုက်အခံ သတင်းသမား Ruhollah Zam ကို အီရန်ကွပ်မျက်မှု အမေရိကန် ပြင်းပြင်းထန်ထန် ရှုတ်ချ
(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အီရန်အတိုက်အခံ သတင်းထောက် Ruhollah Zam ကိုပြန်ပေးဆွဲ ကွပ်မျက် လိုက်တာဟာ နိုင်ငံတကာစံတွေကို လျှစ်လျူ ရှုပြီး ပြောင်ပြောင်တင်းတင်း ရက်စက်စွာ နှုတ်ပိတ်လိုက်တာဖြစ်တယ်ဆိုတာကို၊ ရက်စက်တဲ့ အီရန်အစိုးရကိုယ်တိုင်တောင်မှ မှတ်သားလောက်စရာ ဖြစ်နေပါပြီ။

လူကြိုက်များရေပန်းစားတဲ့ အီရန်အစိုးရဆန့်ကျင်ရေး AmadNews website ထူထောင်သူ သတင်းထောက် Ruhollah Zam ကို ကမ္ဘာပေါ်မှာ အဂတိတရားတွေကို ဝါဒ ဖြန့်နေတယ်ဆိုတဲ့ ပြစ်မှုနဲ့ အီရန်တရားရုံးတရုံးကနေ၊ သေဒဏ်ချမှတ်လိုက်ပြီးနောက်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကြိုးမိန့်ပေး ကွပ်မျက်လိုက်ပါတယ်။ ဒါပေမဲ့ အီရန်အာဏာပိုင်တွေရဲ့ အမြင်မှာတော့၊ Mr. Zam ရဲ့ တကယ့်ပြစ်မှုက သူတို့ စိုးမိုးအုပ်ချုပ်နေတဲ့ စနစ်နဲ့ ခံယူချက်ချင်းမတူသူတွေအပေါ် နှိပ်ကွပ်မှုတွေအတွက် စိန်ခေါ်နေတယ်လို့ ရှုမြင်တာဖြစ်ပါတယ်။

IRGC အီရန်တော်လှန်ရေးပြည်စောင့်တပ်ကနေ ပြင်သစ်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ နေထိုင်တဲ့ Mr. Zam ကို ပြန်ပေးဆွဲခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အီရန်နိုင်ငံကို ပြန်လည်ခေါ်ဆောင်သွားခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီလမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ အီရန်နိုင်ငံမှာ၂၀၁၇ ခုနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒထုတ်ဖေါ်ပွဲနဲ့ လူထုအုံကြွမှုတွေကို Mr. Zam က လှုံ့ဆော်စည်းရုံးခဲ့တယ်လို့ စွပ်စွဲပြီး၊ ရုပ်မြင်သံကြားကနေ အတင်းအဓမ္မ ဝန်ခံခိုင်းခဲ့ပြီး၊ ဇွန်လအတွင်း သူ့ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က Mr. Zam ကို ကွပ်မျက်လိုက်တာဟာ တရားမျှတမှုမရှိတဲ့ ရက်စက်တဲ့ လုပ်ရပ်ပါဘဲလို့ ပြင်းထန်စွာအပြစ်တင် ရှုတ်ချလိုက်ပါတယ်။ အကြမ်းဖက် နှိပ်ကွပ်မှုတွေနဲ့ ၄၁ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သက်တမ်းတလျှောက် သေဆုံးခဲ့ရတာနဲ့ အဖမ်းခံရတဲ့ သတင်းသမားပေါင်း ၈၆၀ ကျော်ရှိခဲ့တဲ့၊ အီရန်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ အဂတိလိုက်စားမှု တွေကို Mr. Zam က ဖေါ်ထုတ်ခဲ့ ရေးသားခဲ့လို့ပါဘဲတဲ့။ အီရန်ပြည်သူတွေအနေနဲ့ လွတ်လပ်စွာရေးသားတဲ့ အမြင်အမျိုးမျိုးရှိတဲ့ သတင်းမီဒီယာတွေကို ကြည့်ရှုခွင့်နဲ့ ထိုက်တန်သလို၊ ဆင်ဆာတည်းဖြတ်တာတွေ၊ သတင်းသမားတွေကို ဖမ်းဆီတာတွေနဲ့ ကွပ်မျက်တာတွေကိုလည်း အလိုမရှိကြပါဘူးလို့ ဝန်ကြီး Pompeo က Twitter ကနေရေးသားလိုက်ပါတယ်။

Ruhollah Zam ကွပ်မျက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စိတ်ပျက်တဲ့အကြောင်း အလေးအနက်ပြောဆိုကြပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် မဟာမင်းကြီး Michelle Bachelet က ဒီကွပ်မျက်မှုကို စိတ်ပျက်ဝမ်းနည်းကြောင်းပြောပါတယ်။ Mr. Zam ရဲ့ အမှုဟာ ပြည်သူတွေကို ပြစ်ဒဏ်ပေးတဲ့၊ အခြေခံအကြောင်းပြချက် တခုအနေနဲ့ နှိပ်စက်ပြီး နိုင်ငံပိုင် သတင်းဌာနတွေကနေ အတင်းအဓမ္မဝန်ခံခိုင်းတဲ့ အစဉ်အလာရဲ့ သင်္ကေတဖြစ်တယ်လို့ မဟာမင်းကြီး Bachelet က ဆိုပါတယ်။

CPJ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ အကြီးအကဲ Sherif Mansour ကလည်း Mr. Zam သေဆုံးရတာဟာ စက်ဆုတ်ဖွယ်ရာ၊ ရှက်စရာလုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီကွပ်မျက်မှုဟာ လူမဆန်သလို၊ လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ ဖေါ်ပြလိုက်ပြီး၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဥရောပ-အီရန် စီးပွားရေးနှီးနှောဖလှယ်ပွဲကို ဂျာမနီ၊ သြစတြီးယား၊ အီတလီနိုင်ငံတို့နဲ့အတူ၊ မတက်ရောက်ဘဲ ခရီးစဉ် ဖျက်သိမ်းခဲ့ပါတယ်။

အီရန်နဲ့ ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်၊ Elliott Abrams က အီရန် နဘမ်းအားကစား ချန်ပီယံ Navid Afkari ကို စက်တင်ဘာလတုန်းက ကွက်မျက်ခဲ့ပြီးနောက်၊ Mr. Zam ကို ကွပ်မျက်လိုက်တာလို့ ထောက်ပြပါတယ်။

အာဏာတည်မြဲရေးနဲ့ ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတကာဥပဒေတွေကို ပစ်ပယ်ဖို့ လက်တွန့်ခြင်းမရှိတဲ့၊ ရက်စက်တဲ့၊ တယူသန်အစိုးရတရပ်နဲ့ ကျနော်တို့ ကြုံတွေ့နေကြရတယ်ဆိုတာကို နောက်ထပ်တကြိမ် သတိပေးလိုက်တာပါဘဲတဲ့။

ဒါ့ကြောင့်၊ ကမ္ဘာပေါ်မှာ အကြမ်းဖက်ဝါဒကို ဦးဆောင်ထောက်ခံအားပေးနေတဲ့ နိုင်ငံအနေနဲ့ ကမ္ဘ့ာ အသေအပျောက်အများဆုံးလက်နက်ကို ဘယ်တော့မှ မထုတ်လုပ်နိုင်ဖို့ သိပ်အရေးကြီးပါတယ်လို့ အီရန်နဲ့ ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်၊ Elliott Abrams က ပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG