Accessibility links

Breaking News

ဗင္နီဇြဲလား Maduro အစိုးရကို ကူညီပံ့ပိုးသူေတြအေပၚ အေမရိကန္အစိုးရ အေရးယူမည္ 


ဗင္နီဇြဲလား သမၼတ Nicolas Maduro
ဗင္နီဇြဲလား သမၼတ Nicolas Maduro

(Zawgyi/Unicode)

ဗင္နီဇြဲလားျပည္သူေတြနဲ႔ သူတို႔ရဲ႕ ၾကားျဖတ္အစိုးရ - ယာယီသမၼတ Juan Guaido တို႔နဲ႔ အတူ အေမရိကန္ျပည္ေတာင္စုက မားမားရပ္ရပ္ ရပ္တည္ေနပါတယ္။ ဒါဟာ၊ ဗင္နီဇြဲလားႏိုင္ငံ ဒီမိုကေရစီေရးကို ေမွးမွိန္ေအာင္ လုပ္ေနတဲ့ Nicolas Maduro နဲ႔ သူ႔ရဲ႕ တရားမဝင္အစိုးရကို ပ့ံပိုး ကူညီေနသူေတြကို ဆန္႔က်င္ ကန္႔ကြက္ရတဲ့ အေၾကာင္းရင္းေတြအမ်ားႀကီးအနက္ တခ်က္ျဖစ္ပါတယ္။

ဒီလို ပံ့ပိုးကူညီေနသူေတြထဲမွာ တရုတ္ျပည္သူ႔သမၼတႏိုင္ငံပိုင္ CEIEC တရုတ္အမ်ိဳးသား Electronics ထုတ္ကုန္၊သြင္းကုန္ေကာ္ပိုေရးရွင္း လည္းပါဝင္ပါတယ္။ အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနအဆိုအရ၊ တရားမဝင္ Maduro အစိုးရအတြက္၊ ဗင္နီဇြဲလားႏိုင္ငံတြင္း ဆင္ဆာျဖတ္ေတာက္တာေတြကို ျပဳျပင္ထိန္သိမ္းထားႏိုင္ဖို႔ လိုအပ္တဲ့ စက္ကရိယာေတြကို CEIEC က ပံ့ပိုးေပးေနတာျဖစ္ပါတယ္။ ႏိုင္ငံပိုင္ဆက္သြယ္ေရးဌာနျဖစ္တဲ့၊ ဗင္နီဇြဲလားအမ်ိဳးသားတယ္လီဖုန္းကုမၸဏီအတြက္ ကြန္ျပဴ တာ software နဲ႔ ေလ့က်င့္သင္တန္းေတြ၊ နည္းပညာကၽြမ္းက်င္မႈနဲ႔ ဝန္ထမ္းေတြ စြမ္းရည့္ျမွင့္တင္ေပးတာေတြ ပါဝင္ပါတယ္။

Maduro အစိုးရက CEIEC က ပံ့ပိုးထားတဲ့ နည္းပညာနဲ႔ စက္ကရိယာေတြကို အသံုးျပဳၿပီး၊ ႏိုင္ငံသားေတြရဲ႕ ဒီမိုကေရစီအခြင့္အေရးေတြကို ဖိႏွိပ္တာ၊ သူတို႔ရဲ႕ ႏိုင္ငံေရး သေဘာထားအျမင္ ထုတ္ေဖၚခြင့္မရေအာင္ အၾကပ္ကိုင္ၿခိမ္းေျခာက္တာ၊ ဒါမွမဟုတ္ သူတို႔အသံေတြ မၾကားရေအာင္ ပိတ္ပင္တာေတြ ထပ္ခါတလဲလဲ လုပ္ေဆာင္ေနတယ္လို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ဒါတင္မကေသးပါဘူး။ ႏိုင္ငံရဲ႕ အင္တာနက္ဝန္ေဆာင္မႈ ၇၀ ရာခိုင္ႏံႈးကို ထိန္းခ်ဳပ္ထားတဲ့ ဗင္နီဇြဲလားအမ်ိဳးသားတယ္လီဖုန္းကုမၸဏီက ပုဂၢလိကပိုင္ သတင္းစာေတြကို မၾကာခဏ ဆင္ဆာျဖတ္၊ ပိတ္ပင္တာနဲ႕ ၾကားျဖတ္အစိုးရအဖြဲ႔ဝင္ေတြရဲ႕ online ကေန တိုက္ရိုက္ထုတ္လႊင့္ခ်က္ေတြကိုလည္း၊ ပံုမွန္ ကပ်က္ယပ်က္လုပ္ေနတာပါ။

အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ OFAC ေခၚ ႏိုင္ငံျခားအေျခပစၥည္းထိန္းခ်ဳပ္မႈရံုးကေန အုပ္ခ်ဳပ္မႈအာဏာ ညႊန္ၾကားခ်က္အမွတ္ ၁၃၆၉၂ အရ ႏိုဝင္ဘာလ ၃၀ ရက္ေန႔က CEIEC ကို ပိတ္ဆိုမႈနဲ႔ အေရးယူလိုက္ပါတယ္။

ဗင္နီဇြဲလားႏိုင္ငံမွာ ဒီမိုကေရစီမထြန္းကားေအာင္၊ တရားမဝင္ Maduro အစိုးရရဲ႕ ႀကိဳးပမ္းမႈကို တရုတ္ႏိုင္ငံပိုင္ကုမၸဏီက ပံ့ပိုးေနတယ္လို႔ အေမရိကန္ဘ႑ာေရးဌာနက သတ္မွတ္ လိုက္တာျဖစ္ပါတယ္။ အင္တာနက္ဝန္ေဆာင္မႈ ကန္႔သတ္တာေတြ၊ ႏိုင္ငံေရးအတိုက္အခံေတြနဲ႔ ကန္႔ကြက္ဆန္႔က်င္သူေတြကို၊ Digital နည္းပညာနဲ႔ Cyber ေထာက္လွမ္းတာေတြစတဲ့ Maduro ရဲ႕ ႀကိဳးပမ္းမႈကို ပံ့ပိုးေပးေနတာျဖစ္ပါတယ္။ တရုတ္ျပည္မွာ ျပည္သူေတြကို ထိန္းခ်ဳပ္၊ ဆင္ဆာလုပ္တဲ့ေနရာမွာ အသံုးျပဳတဲ့ နည္းပညာ၊ စက္ကရိယာေတြနဲ႔ ပံုစံ တူေတြ ပံ့ပိုးေနတာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ CEIEC ရဲ႕ ပိုင္ဆိုင္မႈနဲ႔ အက်ိဳးစီးပြားအားလံုး ခ်ိတ္ပိတ္ၿပီး၊ သူတို႔နဲ႔ ဆက္စပ္တဲ့ အေမရိကန္ႏိုင္ငံသားေတြပါ ပိတ္ဆို႔မႈ နဲ႔ အေရးယူမွာျဖစ္ပါတယ္။ အထူးကင္းလြတ္ခြင့္ကလြဲလို႔၊ CEIEC နဲ႔ အေမရိကန္ႏိုင္ငံသားေတြ စီးပြားေရးပူးေပါင္းေဆာင္ရြက္ခြင့္လည္းမရွိေတာ့ပါဘူး။

တရုတ္ကုမၸဏီေတြနဲ႔ စီးပြားေရးလုပ္ေနတဲ့၊ အေမရိကန္ပိုင္နက္မွာ ရွိတဲ့ ကုမၸဏီေတြအေနနဲ႔ CEIEC နဲ႔ ေငြလႊဲေျပာင္းတာေတြကို ဇန္္နဝါရီလ ၁၄ ရက္ေန႔မတိုင္မွီ အၿပီးျဖတ္ၾကဖို႔ ညႊန္ၾကားထယးပါတယ္။

ဒီမိုကေရစီတန္ဖိုးေတြနဲ႔ လမ္းစဥ္ေတြကို ဖံုးလႊမ္းၿပီး၊ ၾသဇာအရွိန္အဝါနဲ႔ အာဏာတည္ၿမဲေရး ဦးစားေပးေနတဲ့ Maduro အစိုးရက CEIEC လို တရုတ္ႏိုင္ငံပိုင္ ေကာ္ပိုေရးရွင္းႀကီးေတြကို အားကိုးေနရတာျဖစ္ပါတယ္။ ဒီမိုကေရစီလိုလား ေတာင့္တနၾကတဲ့ ဗင္နီဇြဲလားျပည္သူေတြနဲ႔ ကမၻာတဝန္းက တျခားျပည္ေတြကို ဖိႏွိပ္ဖို႔ ပံ့ပိုးကူညီေနသူ ဘယ္သူ႕ကိုမဆို ပစ္မွတ္ထားဖို႔အတြက္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ခ်ီတံုခ်တုံ စဥ္းစားေနမွာမဟုတ္ဘူးလို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး Steven Mmuchin ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားေၾကာင္းပါ။

..............

ဗင်နီဇွဲလား Maduro အစိုးရကို ကူညီပံ့ပိုးသူတွေအပေါ်အမေရိကန်အစိုးရ အရေးယူမည်
(Unicode)

ဗင်နီဇွဲလားပြည်သူတွေနဲ့ သူတို့ရဲ့ ကြားဖြတ်အစိုးရ - ယာယီသမ္မတ Juan Guaido တို့နဲ့ အတူ အမေရိကန်ပြည်တောင်စုက မားမားရပ်ရပ် ရပ်တည်နေပါတယ်။ဒါဟာ၊ ဗင်နီဇွဲလားနိုင်ငံ ဒီမိုကရေစီရေးကို မှေးမှိန်အောင် လုပ်နေတဲ့ Nicolas Maduro နဲ့ သူ့ရဲ့ တရားမဝင်အစိုးရကို ပံ့ပိုး ကူညီနေသူတွေကို ဆန့်ကျင် ကန့်ကွက်ရတဲ့ အကြောင်းရင်းတွေအများကြီးအနက် တချက်ဖြစ်ပါတယ်။

ဒီလို ပံ့ပိုးကူညီနေသူတွေထဲမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံပိုင် CEIEC တရုတ်အမျိုးသား Electronics ထုတ်ကုန်၊သွင်းကုန်ကော်ပိုရေးရှင်း လည်းပါဝင်ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအဆိုအရ၊ တရားမဝင် Maduro အစိုးရအတွက်၊ ဗင်နီဇွဲလားနိုင်ငံတွင်း ဆင်ဆာဖြတ်တောက်တာတွေကို ပြုပြင်ထိန်သိမ်းထားနိုင်ဖို့ လိုအပ်တဲ့ စက်ကရိယာတွေကိုCEIEC က ပံ့ပိုးပေးနေတာဖြစ်ပါတယ်။နိုင်ငံပိုင်ဆက်သွယ်ရေးဌာနဖြစ်တဲ့၊ ဗင်နီဇွဲလားအမျိုးသားတယ်လီဖုန်းကုမ္ပဏီအတွက်ကွန်ပြူ တာ software နဲ့ လေ့ကျင့်သင်တန်းတွေ၊ နည်းပညာကျွမ်းကျင်မှုနဲ့ ဝန်ထမ်းတွေ စွမ်းရည့်မြှင့်တင်ပေးတာတွေ ပါဝင်ပါတယ်။

Maduro အစိုးရက CEIEC က ပံ့ပိုးထားတဲ့ နည်းပညာနဲ့ စက်ကရိယာတွေကို အသုံးပြုပြီး၊ နိုင်ငံသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ဖိနှိပ်တာ၊ သူတို့ရဲ့ နိုင်ငံရေး သဘောထားအမြင် ထုတ်ဖေါ်ခွင့်မရအောင် အကြပ်ကိုင်ခြိမ်းခြောက်တာ၊ ဒါမှမဟုတ် သူတို့အသံတွေ မကြားရအောင် ပိတ်ပင်တာတွေ ထပ်ခါတလဲလဲ လုပ်ဆောင်နေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါတင်မကသေးပါဘူး။ နိုင်ငံရဲ့ အင်တာနက်ဝန်ဆောင်မှု ၇၀ ရာခိုင်နှုံးကို ထိန်းချုပ်ထားတဲ့ ဗင်နီဇွဲလားအမျိုးသားတယ်လီဖုန်းကုမ္ပဏီက ပုဂ္ဂလိကပိုင် သတင်းစာတွေကို မကြာခဏ ဆင်ဆာဖြတ်၊ ပိတ်ပင်တာနဲ့ ကြားဖြတ်အစိုးရအဖွဲ့ဝင်တွေရဲ့ online ကနေ တိုက်ရိုက်ထုတ်လွှင့်ချက်တွေကိုလည်း၊ ပုံမှန် ကပျက်ယပျက်လုပ်နေတာပါ။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ OFAC ခေါ် နိုင်ငံခြားအခြေပစ္စည်းထိန်းချုပ်မှုရုံးကနေ အုပ်ချုပ်မှုအာဏာ ညွှန်ကြားချက်အမှတ် ၁၃၆၉၂ အရ နိုဝင်ဘာလ ၃၀ ရက်နေ့က CEIEC ကို ပိတ်ဆိုမှုနဲ့ အရေးယူလိုက်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ ဒီမိုကရေစီမထွန်းကားအောင်၊ တရားမဝင် Maduro အစိုးရရဲ့ကြိုးပမ်းမှုကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီက ပံ့ပိုးနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက သတ်မှတ် လိုက်တာဖြစ်ပါတယ်။ အင်တာနက်ဝန်ဆောင်မှု ကန့်သတ်တာတွေ၊ နိုင်ငံရေးအတိုက်အခံတွေနဲ့ ကန့်ကွက်ဆန့်ကျင်သူတွေကို၊ Digital နည်းပညာနဲ့Cyber ထောက်လှမ်းတာတွေစတဲ့ Maduroရဲ့ ကြိုးပမ်းမှုကို ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ တရုတ်ပြည်မှာ ပြည်သူတွေကို ထိန်းချုပ်၊ ဆင်ဆာလုပ်တဲ့နေရာမှာ အသုံးပြုတဲ့ နည်းပညာ၊ စက်ကရိယာတွေနဲ့ပုံစံ တူတွေ ပံ့ပိုးနေတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ CEIEC ရဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားအားလုံး ချိတ်ပိတ်ပြီး၊ သူတို့နဲ့ ဆက်စပ်တဲ့ အမေရိကန်နိုင်ငံသားတွေပါ ပိတ်ဆို့မှု နဲ့ အရေးယူမှာဖြစ်ပါတယ်။ အထူးကင်းလွတ်ခွင့်ကလွဲလို့၊ CEIEC နဲ့ အမေရိကန်နိုင်ငံသားတွေ စီးပွားရေးပူးပေါင်းဆောင်ရွက်ခွင့်လည်းမရှိတော့ပါဘူး။

တရုတ်ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်နေတဲ့၊ အမေရိကန်ပိုင်နက်မှာ ရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ CEIEC နဲ့ ငွေလွှဲပြောင်းတာတွေကို ဇန်နဝါရီလ ၁၄ ရက်နေ့မတိုင်မှီ အပြီးဖြတ်ကြဖို့ ညွှန်ကြားထယးပါတယ်။

ဒီမိုကရေစီတန်ဖိုးတွေနဲ့ လမ်းစဉ်တွေကို ဖုံးလွှမ်းပြီး၊ သြဇာအရှိန်အဝါနဲ့ အာဏာတည်မြဲရေး ဦးစားပေးနေတဲ့ Maduro အစိုးရက CEIEC လို တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှင်းကြီးတွေကို အားကိုးနေရတာဖြစ်ပါတယ်။ ဒီမိုကရေစီလိုလား တောင့်တနကြတဲ့ ဗင်နီဇွဲလားပြည်သူတွေနဲ့ ကမ္ဘာတဝန်းက တခြားပြည်တွေကို ဖိနှိပ်ဖို့ပံ့ပိုးကူညီနေသူ ဘယ်သူ့ကိုမဆို ပစ်မှတ်ထားဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ချီတုံချတုံ စဉ်းစားနေမှာမဟုတ်ဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mmuchin ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားကြောင်းပါ။

XS
SM
MD
LG