Accessibility links

Breaking News

ဗင္နီဇြဲလားမွာ အက်ဥ္းက်ေနတဲ့ CITGO ေရနံကုမၸဏီအမႈေဆာင္ ၆ ဦး ျပန္လႊတ္ေပးေရး ကန္ႀကိဳးပမ္း


ဗင္နီဇြဲလားမွာ အက်ဥ္းက်ေနတဲ့ CITGO ေရနံကုမၸဏီအမႈေဆာင္ ၆ ဦး
ဗင္နီဇြဲလားမွာ အက်ဥ္းက်ေနတဲ့ CITGO ေရနံကုမၸဏီအမႈေဆာင္ ၆ ဦး

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

CITGO 6 လို႔ နာမည္ေပးထားတဲ့ အေမရိကန္ CITGO ေရနံကုမၸဏီက အမႈေဆာင္လူႀကီး ၆ ေယာက္ကို ဗင္နီဇြဲလားႏိုင္ငံရဲ႕ အနၱရာယ္အမ်ားဆံုး၊အက်ဥ္းေထာင္ထဲ မတရားေထာင္ခ်ခဲ့တာ ႏိုဝင္ဘာလ ၁၂ ရက္ေန႔က ၃ ႏွစ္ျပည့္သြားပါၿပီ။

CITGO 6 ထဲမွာပါဝင္သူေတြကေတာ့ Tomeu Vadell, Jose Luis Zambrano, Alirio Zambrano, Jorge Toledo, Gustavo Cardenas နဲ႔ Jose Pereira တို႔ျဖစ္ၾကၿပီး၊ သူတို႔ကို ဗင္နီဇြဲလားႏိုင္ငံရဲ႔ Caracas ၿမိဳ႕မွာ စီးပြားေရးလုပ္ငန္း အစည္းအေဝးေတြကို တက္ေရာက္ဖို႔၊ တမင္ အကြက္ဆင္ ဖိတ္ေခၚခဲ့ၿပီး၊ မ်က္ႏွာဖံုးစြပ္ ေထာက္လွမ္းေရးေတြက မတရား ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ Texas ျပည္နယ္အေျခစိုက္ CITGO ေရနံထုတ္လုပ္ေရးေကာ္ပိုေရးရွင္းရဲ႕ အလုပ္အမႈေဆာင္လူႀကီး ၆ ေယာက္ကို၊ ျပစ္မႈက်ဴးလြန္ေၾကာင္း ဥပေဒအရ သက္ေသအေထာက္အထားနဲ႔ တရားစီရင္ျခင္းမရွိဘဲ၊ ဗင္နီဇြဲလားအက်ဥ္းေထာင္ထဲမွာ ၃ ႏွစ္ၾကာ ထိန္းသိမ္းထားတာျဖစ္ပါတယ္။

အက်ဥ္းခ်ထားတဲ့ CITGO 6 အေမရိကန္ႏိုင္ငံသား ၆ ေယာက္ ထဲက Cardenas နဲ႔ Toledo တို႕ကို ဒီႏွစ္ ဇူလိုင္လ တုန္းက ေနအိမ္အက်ယ္ခ်ဳပ္အျဖစ္ ေလွ်ာ့ေပါ့ေပးခဲ့ပါတယ္။ သူတို႔ကို လာဘ္ေပးမႈ တရားစြဲဆိုၿပီး ထိ္န္းသိမ္းထားတာပါ။ အေမရိကန္နဲ႔ ဗင္နီဇြဲလားႏိုင္ငံ ဆက္ဆံေရး ပ်က္ျပားေနခ်ိန္မွာ၊ ႏိုင္ငံေရးအရ အေပးအယူလုပ္ႏိုင္ေအာင္၊ တရားမဝင္တဲ့ Nicolas Maduro အစိုးရက သူတို႔ကို တမင္အကြက္ဆင္ ဖမ္းဆီးခဲ့တာလို႔ အမ်ားစုက ယူဆပါတယ္။

COVID-19 ကပ္ေရာဂါကာလမွာ ေထာင္က်ေနတဲ့သူေတြ ေရာဂါကူးႏိုင္တဲ့ အေျခအေနနဲ႔ရင္ဆိုင္ေရၿပီး၊ CITGO 6 ထဲက အနည္းဆံုး တေယာက္ ကူးစက္ႏိုင္ဖြယ္ရွိတယ္လို႔ သတင္းရပါတယ္။

CITGO 6 အက်ဥ္းက်ေနတဲ့ ၆ ေယာက္ကို ခၽြင္းခ်က္မရွိျပန္လႊတ္ၿပီး အေမရိကန္ျပည္ေထာင္စုကို ျပန္ပို႔ေပးဖို႔၊ အေမရိကန္အစိုးရက ထပ္ခါတလဲလဲ ေတာင္းဆိုေနပါတယ္။

ဒီ အေမရိကန္ ၆ ေယာက္နဲ႔ သူတို႔ရဲ႔ မိသားစုေတြ ဒုကၡခံစားေနၾကရတာ အေတာ္ေလးၾကာေနပါၿပီ၊ မိသားစုေတြ ျပန္လည္ဆံုစည္းႏိုင္ေရးအတြက္ မာဒူရိုအေနနဲ႔ ႏိုင္ငံေရးကို ေဘးဖယ္ထားဖို႔ အခ်ိန္တန္ၿပီလို႔ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ရဲ႕ မၾကာခင္က ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ႏိုင္ငံရပ္ျခားမွာ ဓါးစာခံအျဖစ္ထိန္းသိမ္းခံေနရသူ၊ မတရားအဖမ္းခံေနရသူ၊ အေမရိကန္ႏိုင္ငံသားအားလံုး အိမ္ျပန္ေခၚႏိုင္ဖို႔ သမၼတထရမ့္ရဲ႕ သႏၷိ႒ာန္ အခိုင္အမာ ခ်မွတ္ထားမႈကို ဘယ္သူကမွ ယံုမွားသံသယ မျဖစ္သင့္ဘူးလို႔လည္းဆိုပါတယ္။

သမၼတရဲ႕ ဓါးစာခံေရးရာ အထူးကိုယ္စားလွယ္ Roger Carstens၊ ဗင္နီဇြဲလားႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ Elliot Abrams တို႔နဲ႔အတူ ဒီရည္မွန္းခ်က္အထေျမာက္ေအာင္ က်ေနာ္တို႔ အစြမ္းကုန္ ဆက္လက္ ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာဆိုလိုက္ေၾကာင္းပါ။

.............

ဗင်နီဇွဲလားမှာ အကျဉ်းကျနေတဲ့ CITGO ရေနံကုမ္ပဏီအမှုဆောင် ၆ ဦး ပြန်လွှတ်ပေးရေး ကန်ကြိုးပမ်း

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

CITGO 6 လို့ နာမည်ပေးထားတဲ့ အမေရိကန် CITGO ရေနံကုမ္ပဏီက အမှုဆောင်လူကြီး ၆ ယောက်ကို ဗင်နီဇွဲလားနိုင်ငံရဲ့ အန္တရာယ်အများဆုံး၊အကျဉ်းထောင်ထဲ မတရားထောင်ချခဲ့တာ နိုဝင်ဘာလ ၁၂ ရက်နေ့က ၃ နှစ်ပြည့်သွားပါပြီ။

CITGO 6 ထဲမှာပါဝင်သူတွေကတော့ Tomeu Vadell, Jose Luis Zambrano, Alirio Zambrano, Jorge Toledo, Gustavo Cardenas နဲ့ Jose Pereira တို့ဖြစ်ကြပြီး၊ သူတို့ကို ဗင်နီဇွဲလားနိုင်ငံရဲ့ Caracas မြို့မှာ စီးပွားရေးလုပ်ငန်း အစည်းအဝေးတွေကို တက်ရောက်ဖို့၊ တမင် အကွက်ဆင် ဖိတ်ခေါ်ခဲ့ပြီး၊ မျက်နှာဖုံးစွပ် ထောက်လှမ်းရေးတွေက မတရား ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ Texas ပြည်နယ်အခြေစိုက် CITGO ရေနံထုတ်လုပ်ရေးကော်ပိုရေးရှင်းရဲ့ အလုပ်အမှုဆောင်လူကြီး ၆ ယောက်ကို၊ ပြစ်မှုကျူးလွန်ကြောင်း ဥပဒေအရ သက်သေအထောက်အထားနဲ့ တရားစီရင်ခြင်းမရှိဘဲ၊ ဗင်နီဇွဲလားအကျဉ်းထောင်ထဲမှာ ၃ နှစ်ကြာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

အကျဉ်းချထားတဲ့ CITGO 6 အမေရိကန်နိုင်ငံသား ၆ ယောက် ထဲက Cardenas နဲ့ Toledo တို့ကို ဒီနှစ် ဇူလိုင်လ တုန်းက နေအိမ်အကျယ်ချုပ်အဖြစ် လျှော့ပေါ့ပေးခဲ့ပါတယ်။ သူတို့ကို လာဘ်ပေးမှု တရားစွဲဆိုပြီး ထိန်းသိမ်းထားတာပါ။ အမေရိကန်နဲ့ ဗင်နီဇွဲလားနိုင်ငံ ဆက်ဆံရေး ပျက်ပြားနေချိန်မှာ၊ နိုင်ငံရေးအရ အပေးအယူလုပ်နိုင်အောင်၊ တရားမဝင်တဲ့ Nicolas Maduro အစိုးရက သူတို့ကို တမင်အကွက်ဆင် ဖမ်းဆီးခဲ့တာလို့ အများစုက ယူဆပါတယ်။

COVID-19 ကပ်ရောဂါကာလမှာ ထောင်ကျနေတဲ့သူတွေ ရောဂါကူးနိုင်တဲ့ အခြေအနေနဲ့ရင်ဆိုင်ရေပြီး၊ CITGO 6 ထဲက အနည်းဆုံး တယောက် ကူးစက်နိုင်ဖွယ်ရှိတယ်လို့ သတင်းရပါတယ်။

CITGO 6 အကျဉ်းကျနေတဲ့ ၆ ယောက်ကို ချွင်းချက်မရှိပြန်လွှတ်ပြီး အမေရိကန်ပြည်ထောင်စုကို ပြန်ပို့ပေးဖို့၊ အမေရိကန်အစိုးရက ထပ်ခါတလဲလဲ တောင်းဆိုနေပါတယ်။

ဒီ အမေရိကန် ၆ ယောက်နဲ့ သူတို့ရဲ့ မိသားစုတွေ ဒုက္ခခံစားနေကြရတာ အတော်လေးကြာနေပါပြီ၊ မိသားစုတွေ ပြန်လည်ဆုံစည်းနိုင်ရေးအတွက် မာဒူရိုအနေနဲ့ နိုင်ငံရေးကို ဘေးဖယ်ထားဖို့ အချိန်တန်ပြီလို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ မကြာခင်က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံရပ်ခြားမှာ ဓါးစာခံအဖြစ်ထိန်းသိမ်းခံနေရသူ၊ မတရားအဖမ်းခံနေရသူ၊ အမေရိကန်နိုင်ငံသားအားလုံး အိမ်ပြန်ခေါ်နိုင်ဖို့ သမ္မတထရမ့်ရဲ့ သန္နိဋ္ဌာန် အခိုင်အမာ ချမှတ်ထားမှုကို ဘယ်သူကမှ ယုံမှားသံသယ မဖြစ်သင့်ဘူးလို့လည်းဆိုပါတယ်။

သမ္မတရဲ့ ဓါးစာခံရေးရာ အထူးကိုယ်စားလှယ် Roger Carstens၊ ဗင်နီဇွဲလားနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Elliot Abrams တို့နဲ့အတူ ဒီရည်မှန်းချက်အထမြောက်အောင် ကျနော်တို့ အစွမ်းကုန် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG