Accessibility links

Breaking News

တန္ဇန္နီးယားေ႐ြးေကာက္ပြဲ မသမာမႈ႐ွိ-မ႐ွိ ျပန္သံုးသပ္ဖို႔ ကန္ တိုက္တြန္း


တန္ဇန္နီးယားမဲဆႏၵရွင္တဦး မဲထည့္စဥ္
တန္ဇန္နီးယားမဲဆႏၵရွင္တဦး မဲထည့္စဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

တန္ဇန္နီးယားႏိုင္ငံမွာ ေအာက္တိုဘာလ ၂၈ ရက္ေန႔ကက်င္းပခဲ့တဲ့ သမၼတေရြးေကာက္ပြဲဟာ မသမာမႈေတြရွိခဲ့တယ္လို႔၊ အတိုက္အခံေတြက ကန္႔ကြက္ စိန္ေခၚလိုက္ၿပီး ေရြးေကာက္ပြဲ အသစ္တရပ္ျပန္လည္က်င္းပဖို႕ ေတာင္းဆိုေနတာေၾကာင့္ အာဏာပိုင္ေတြက အတိုက္အခံေတြကို ႏွိမ္နင္းေနပါတယ္။

အမွန္ပါဘဲ။ အဓိကအတိုက္အခံပါတီရဲ႕ သမၼတကိုယ္စားလွယ္ေလာင္းအျဖစ္ဝင္အေရြးခံတဲ့ Tundu Lissu အဖမ္းခံရၿပီး မၾကာခင္က ျပန္လြတ္လာတယ္လို႔ သတင္းေတြမွာေဖၚျပၾကပါတယ္။

တန္ဇန္နီးယားႏိုင္ငံ ေရြးေကာက္ပြဲအတြင္း၊ မူမမွန္တာေတြ၊ ႏိုင္ငံေရးနဲ႔ ဆက္ႏြယ္ၿပီးဖမ္းဆီးတာေတြနဲ႔ အၾကမ္းဖက္ရုန္းရင္ဆန္ခတ္မႈစတဲ့၊ သတင္းေတြေၾကာင့္ စိုးရိမ္မိပါေၾကာင္း၊ အာဏာပိုင္ေတြအေနနဲ႔ မသမာမႈေတြနဲ႔ ပတ္သက္လို႔ စိုးရိမ္မကင္းျဖစ္ရတာေတြကို အျပည့္အဝကိုင္တြယ္ၾကပါရန္နဲ႕ အရပ္သားေတြကို အင္အားသံုးႏွိမ္နင္းတဲ့ စြပ္စြဲခ်က္ေတြကိုလည္း ျပန္လည္သံုးသပ္ၾကပါလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က Twitter ကေန တိုက္တြန္းလိုက္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယေျပာခြင့္ရပုဂၢိဳလ္ Cale Brown ကလည္း ဒီေရြးေကာက္ပြဲ စာရင္းဇယားကြဲလြဲမႈေတြဟာ ဒီမိုကေရစီကို တန္ဖိုးထားပါတယ္ဆိုတဲ့၊ တန္ဇန္နီးယားႏိုင္ငံရဲ႕ သႏၷိ႒ာန္ခိုင္မာမႈကို ေမးခြန္းထုတ္စရာ ရွိလာတယ္လို႔ေျပာပါတယ္။

တန္ဇန္နီးယားႏိုင္ငံ ေရြးေကာက္ပြဲေကာ္မရွင္က သမၼတေရြးေကာက္ပြဲမွာ သမၼတ John Magufuli အႏိုင္ရတယ္လို႔ ေၾကညာလိုက္ခ်ိန္မွာ၊ ေရြးေကာက္ပြဲ ရလဒ္နဲ႔ ပတ္သက္လို႔ မဲမသမာမႈေတြ၊ ဖမ္းဆီးတာေတြနဲ႔ အၾကမ္းဖက္တိုက္ခိုက္တာေတြ စတဲ့ ရိုက္ခိုက္မႈေတြေၾကာင့္ အေမရိကန္ျပည္ေထာင္စုက ဘဝင္မက်ျဖစ္ေနရဆဲပါဘဲ။

သက္ဆိုင္သူအားလံုးအေနနဲ႔ အျငင္းပြားမႈေတြရွိခဲ့လ်င္၊ ထိန္းထိန္းသိမ္းသိမ္းနဲ႔ ၿငိမ္းခ်မ္းစြာအေျဖရွာၾကဖို႔ အေမရိကန္ျပည္ေထာင္စုက ဆက္လက္တိုက္တြန္းပါတယ္။ တန္ဇန္နီးယားအာဏာပိုင္ေတြအေနနဲ႕ မဲမသမာမႈေတြနဲ႔ လံုၿခံဳေရးတပ္ဖြဲ႔ေတြက အၾကမ္းဖက္ ႏွိမ္နင္းတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို စံုစမ္းစစ္ေဆးဖို႔ လိုအပ္သလို၊ ေရြးေကာက္ပြဲအျငင္းပြားမႈေတြနဲ႔ ပတ္သက္ၿပီး ယွဥ္ၿပိဳင္ၾကတဲ့ ကိုယ္စားလွယ္ေလာင္းေတြ၊ ၿငိမ္းခ်မ္းစြာ ေျဖရွင္းႏိုင္ၾကေစဖို႔ စိတ္ခ်ရေအာင္ အေထာက္အကူျပဳရမွာ ျဖစ္ပါတယ္။

တန္ဇန္နီးယားအစိုးရအေနနဲ႔ သတင္းရယူပိုင္ခြင့္၊ အင္တာနက္လြတ္လပ္ခြင့္ျမွင့္တင္ေရး၊ လြတ္လပ္စြာ ထုတ္ေဖၚေျပာဆိုခြင့္၊ လြတ္လပ္ ၿငိမ္းခ်မ္းစြာစုေဝးခြင့္ အပါအဝင္၊ အေျခခံ လြတ္လပ္ခြင့္နဲ႔ လူ႔အခြင့္အေရးကို ေလးစားလိုက္နာပါရန္ အေမရိကန္ျပည္ေထာင္စုက ေတာင္းဆိုပါတယ္။

ေရြးေကာက္ပြဲ ဝင္ေရာက္စြက္ဖက္တာေတြနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္တာေတြအတြက္ တာဝန္ရွိသူေတြကို အေမရိကန္က သင့္ေတာ္သလို အေရးယူႏိုင္ေရးအတြက္ မိတ္ဖက္ႏိုင္ငံေတြနဲ႔ ပူးေပါင္း ညွိႏိႈင္းၿပီး စဥ္းစားေနပါတယ္။

တန္ဇန္နီးယားျပည္သူေတြအေနနဲ႔ ကမၻာတဝန္းမွာရွိတဲ့ တျခားျပည္သူေတြလိုပါဘဲ။ ပြင့္လင္းျမင္သားမႈနဲ႔ တာဝန္ခံတဲ့ အုပ္ခ်ဳပ္မႈကို ထိုက္တန္ၾကသလို၊ တန္ျပန္လက္စားေျခမွာကို ေၾကာက္စရာမလိုဘဲ၊ ဥပေဒေဘာင္အတြင္းက တန္းတူညီမွ်တဲ့အခြင့္အေရးအတြက္ ေတာင္းဆိုပိုင္ခြင့္ရွိရမွာျဖစ္တယ္လို႔ ဒုတိယေျပာခြင့္ရ Cale Brown ကေထာက္ျပပါတယ္။

အေမရိကန္နဲ႔ တန္ဇန္နီးယားႏိုင္ငံ ဆက္ဆံေရး တိုးတက္ေကာင္းမြန္ေစဖို႔၊ ႏိုင္ငံေရးလုပ္ငန္းစဥ္မွာ မျဖစ္မေနပါဝင္ရမယ့္သူေတြ အားလံုးကို ကိုယ္စားျပဳပါဝင္ေစရမွာျဖစ္သလို၊ သူတို႔အေနနဲ႔ လူ႔အခြင့္အေရးနဲ႔ အေျခခံလြတ္လပ္ေရးကို အသံုးခ်ႏိုင္စြမ္းရွိရမွာျဖစ္ေၾကာင္းပါ။

.............

တန်ဇန်နီးယားရွေးကောက်ပွဲ မသမာမှုရှိ-မရှိ ပြန်သုံးသပ်ဖို့ ကန် တိုက်တွန်း

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

တန်ဇန်နီးယားနိုင်ငံမှာ အောက်တိုဘာလ ၂၈ ရက်နေ့ကကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲဟာ မသမာမှုတွေရှိခဲ့တယ်လို့၊ အတိုက်အခံတွေက ကန့်ကွက် စိန်ခေါ်လိုက်ပြီး ရွေးကောက်ပွဲ အသစ်တရပ်ပြန်လည်ကျင်းပဖို့ တောင်းဆိုနေတာကြောင့် အာဏာပိုင်တွေက အတိုက်အခံတွေကို နှိမ်နင်းနေပါတယ်။

အမှန်ပါဘဲ။ အဓိကအတိုက်အခံပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းအဖြစ်ဝင်အရွေးခံတဲ့ Tundu Lissu အဖမ်းခံရပြီး မကြာခင်က ပြန်လွတ်လာတယ်လို့ သတင်းတွေမှာဖေါ်ပြကြပါတယ်။

တန်ဇန်နီးယားနိုင်ငံ ရွေးကောက်ပွဲအတွင်း၊ မူမမှန်တာတွေ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီးဖမ်းဆီးတာတွေနဲ့ အကြမ်းဖက်ရုန်းရင်ဆန်ခတ်မှုစတဲ့၊ သတင်းတွေကြောင့် စိုးရိမ်မိပါကြောင်း၊ အာဏာပိုင်တွေအနေနဲ့ မသမာမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်ရတာတွေကို အပြည့်အဝကိုင်တွယ်ကြပါရန်နဲ့ အရပ်သားတွေကို အင်အားသုံးနှိမ်နင်းတဲ့ စွပ်စွဲချက်တွေကိုလည်း ပြန်လည်သုံးသပ်ကြပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က Twitter ကနေ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ် Cale Brown ကလည်း ဒီရွေးကောက်ပွဲ စာရင်းဇယားကွဲလွဲမှုတွေဟာ ဒီမိုကရေစီကို တန်ဖိုးထားပါတယ်ဆိုတဲ့၊ တန်ဇန်နီးယားနိုင်ငံရဲ့ သန္နိဋ္ဌာန်ခိုင်မာမှုကို မေးခွန်းထုတ်စရာ ရှိလာတယ်လို့ပြောပါတယ်။

တန်ဇန်နီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က သမ္မတရွေးကောက်ပွဲမှာ သမ္မတ John Magufuli အနိုင်ရတယ်လို့ ကြေညာလိုက်ချိန်မှာ၊ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ မဲမသမာမှုတွေ၊ ဖမ်းဆီးတာတွေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ စတဲ့ ရိုက်ခိုက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုက ဘဝင်မကျဖြစ်နေရဆဲပါဘဲ။

သက်ဆိုင်သူအားလုံးအနေနဲ့ အငြင်းပွားမှုတွေရှိခဲ့လျင်၊ ထိန်းထိန်းသိမ်းသိမ်းနဲ့ ငြိမ်းချမ်းစွာအဖြေရှာကြဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက်တိုက်တွန်းပါတယ်။ တန်ဇန်နီးယားအာဏာပိုင်တွေအနေနဲ့ မဲမသမာမှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ လိုအပ်သလို၊ ရွေးကောက်ပွဲအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေ၊ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ကြစေဖို့ စိတ်ချရအောင် အထောက်အကူပြုရမှာ ဖြစ်ပါတယ်။

တန်ဇန်နီးယားအစိုးရအနေနဲ့ သတင်းရယူပိုင်ခွင့်၊ အင်တာနက်လွတ်လပ်ခွင့်မြှင့်တင်ရေး၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ လွတ်လပ် ငြိမ်းချမ်းစွာစုဝေးခွင့် အပါအဝင်၊ အခြေခံ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပါရန် အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။

ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေအတွက် တာဝန်ရှိသူတွေကို အမေရိကန်က သင့်တော်သလို အရေးယူနိုင်ရေးအတွက် မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်း ညှိနှိုင်းပြီး စဉ်းစားနေပါတယ်။

တန်ဇန်နီးယားပြည်သူတွေအနေနဲ့ ကမ္ဘာတဝန်းမှာရှိတဲ့ တခြားပြည်သူတွေလိုပါဘဲ။ ပွင့်လင်းမြင်သားမှုနဲ့ တာဝန်ခံတဲ့ အုပ်ချုပ်မှုကို ထိုက်တန်ကြသလို၊ တန်ပြန်လက်စားခြေမှာကို ကြောက်စရာမလိုဘဲ၊ ဥပဒေဘောင်အတွင်းက တန်းတူညီမျှတဲ့အခွင့်အရေးအတွက် တောင်းဆိုပိုင်ခွင့်ရှိရမှာဖြစ်တယ်လို့ ဒုတိယပြောခွင့်ရ Cale Brown ကထောက်ပြပါတယ်။

အမေရိကန်နဲ့ တန်ဇန်နီးယားနိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေဖို့၊ နိုင်ငံရေးလုပ်ငန်းစဉ်မှာ မဖြစ်မနေပါဝင်ရမယ့်သူတွေ အားလုံးကို ကိုယ်စားပြုပါဝင်စေရမှာဖြစ်သလို၊ သူတို့အနေနဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ရေးကို အသုံးချနိုင်စွမ်းရှိရမှာဖြစ်ကြောင်းပါ။

XS
SM
MD
LG