Accessibility links

Breaking News

မဲေခါင္ျမစ္ကို တရုတ္တႏိုင္ငံတည္း ႀကီးစိုးခ်ဳပ္ကိုင္မည္႔အေရး အေမရိကန္စိုးရိမ္


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ျမစ္ဆိုတာ ပထဝီအေနအထားအရ သဘာဝအေလ်ာက္ တည္ရွိေနတာတင္ မကပါဘူး။လူသားေတြရဲ႕ ဘဝအတြက္ အေျခခံအက်ဆံုး လိုအပ္ခ်က္တရပ္ ျဖစ္ပါတယ္လို႔ အေရွ႔အာရွနဲ႔ ပစိဖိတ္ေဒသေရးရာ အေမရိကန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး David Stilwell ကေျပာဆိုလိုက္ပါတယ္။ မၾကာခင္က က်င္းပခဲ့တဲ့ ႏိုင္ငံေတြျဖတ္သန္းစီးဆင္းတဲ့ ျမစ္ေၾကာင္းမ်ား အုပ္ခ်ဳပ္ကြပ္ကဲမႈ ခိုင္မာေရးဆိုင္ရာ၊ အင္ဒို-ပစိဖိတ္ညီလာခံဖြင့္ပြဲမွာ Mr. Stilwell က ေျပာဆိုလိုက္တာပါ။

ဒီမွန္တဲ့ သစၥာစကားကို သေဘာအေပါက္ဆံုးကေတာ့ မဲေခါင္ျမစ္ကို မွီခိုေနၾကတဲ့ ျပည္သူေတြဘဲျဖစ္ပါတယ္။ျမစ္အထက္ပိုင္းက ေရေတြကိုထိန္းခ်ဳပ္ခဲ့ရင္ ျဖစ္ေပၚလာမယ့္ ဆိုးက်ိဳးေတြကို သူတို႔တေတြ ခံစားၾကရမွာျဖစ္လို႔ပါဘဲ။ မဲေခါင္ျမစ္ကို အသက္တမွ်တန္ဘိုးထား မွီခိုေနၾကရသူ သန္းနဲ႔ ခ်ီတဲ့ ျပည္သူေတြရဲ႕ ဘဝကို တိုက္ရိုက္ ဆိုးက်ိဳးသက္ေရာက္ေစႏိုင္ပါတယ္လို႔ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး David Stilwell ကေထာက္ျပပါတယ္။

EWC- The East-West Center နဲ႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ပူးေပါင္းၿပီး၊ မဲေခါင္-အေမရိကန္ မိတ္ဖက္ပူးေပါင္းေဆာင္ရြက္ေရး online ညီလာခံကို ေအာက္တိုဘာလ ၁၅ ရက္ေန႔က က်င္းပခဲ့ပါတယ္။အင္ဒို-ပစိဖိတ္ေဒသက မူဝါဒေရးစြဲသူေတြ၊ တတ္သိပညာရွင္ေတြ၊ CSO လူထုအေျချပဳအဖြဲ႔အစည္းကိုယ္စားလွယ္ေတြနဲ႔ ႏိုင္ငံေတြျဖတ္သန္းစီးဆင္းတဲ့ျမစ္ေၾကာင္းမ်ားဆိုင္ရာ မျဖစ္မေနပါဝင္သင့္တဲ့ကိုယ္စားလွယ္ေတြက မဲေခါင္ျမစ္ ေရရွည္တည္တံ့မယ့္ဖြံ႔ၿဖိဳးမႈနဲ႔ စီမံခန္႔ခြဲေရးပူးေပါင္းေဆာင္ရြက္မႈေတြအတြက္ အေကာင္းဆံုးက်င့္သံုးမယ့္ နည္းလမ္းေတြကို ေဆြးေႏြး ဖလွယ္ခဲ့ၾကပါတယ္။

အေမရိကန္ျပည္ေထာင္စုနဲ႔ မဲေခါင္ျမစ္ေအာက္ပိုင္းေဒသ ၅ ႏိုင္ငံ ဆက္ဆံေရးတိုးခ်ဲ႕ေရးနဲ႔ မဲေခါင္-အေမရိကန္မိတ္ဖက္ပူးေပါင္းေဆာင္ရြက္ေရး အစီအစဥ္အသစ္နဲ႔ ပတ္သက္ၿပီး လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Stilwell က မီးေမာင္းထိုးျပခဲ့ပါတယ္။အေမရိကန္ျပည္ေထာင္စုက MRC ေခၚ မဲေခါင္ျမစ္ေကာ္မရွင္နဲ႔ ႏိုင္ငံေတြျဖတ္သန္းစီးဆင္းတဲ့ျမစ္ေၾကာင္းဆိုင္ရာ စီမံအုပ္ခ်ဳပ္မႈ ပြင့္လင္းျမင္သာမႈရွိေစေရးအတြက္သာမက၊ ေဒသတခြင္အတြက္ ၂၀၀၉ ခုႏွစ္ကစၿပီး ေဒၚလာ သန္းေပါင္း ၃၉၀၀ ပ့ံပိုးခဲ့ၿပီးျဖစ္လို႔၊မဲေခါင္ေဒသကို ကူညီမယ့္ အေမရိကန္ရဲ႕ သႏၷိ႒ာန္ ခိုင္မာတယ္ဆိုတာကို သက္ေသျပႏိုင္တဲ့အေၾကာင္း ထပ္ဆင့္ေျပာဆိုလိုက္ပါတယ္။

တရုတ္ႏိုင္ငံက မဲေခါင္ျမစ္စီးဆင္းမႈကို တႏိုင္ငံတည္း ေမာင္ပိုင္စီးဖို႔ ႀကံရြယ္ေနတာကိုလည္း အေမရိကန္က စိုးရိမ္တဲ့အေၾကာင္း လက္ေထာက္ဝန္ႀကီး Stilwell ကေျပာပါတယ္။ MRC မဲေခါင္ျမစ္ေကာ္မရွင္ကတဆင့္၊ တႏွစ္ပတ္လံုး ေရစီးဆင္းမႈပမာဏစာရင္းဇယားေတြကို ေသေသခ်ာခ်ာ မွတ္တမ္းတင္ဖို႔လိုအပ္တယ္လို႔ အႀကံျပဳပါတယ္။

ထိုင္းႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Michael DeSombre ကလည္း မဲေခါင္ေဒသရဲ႔ ေအာင္ျမင္မႈဟာ၊ ပူးေပါင္းေဆာင္ရြက္မႈေတြနဲ႔ ခိုင္မာတဲ့ဌာနအဖြဲ႔အစည္းေတြေပၚမွာဘဲ မူတည္တာမဟုတ္ဘဲ၊ ေရစီးဆင္းမႈ ပမာဏစာရင္းဇယားေတြ ပြင့္လင္းျမင္သာမႈရွိတဲ့အေပၚမွာလည္း မူတည္ပါတယ္လို႔ ညီလာခံ အပိတ္မိန္႔ခြန္းမွာ ေထာက္ျပသြားပါတယ္။

ဒါ့ေၾကာင့္မို႔လို႔၊ အေမရိကန္ျပည္ေထာင္စုက မဲေခါင္ျမစ္ေရစီဆင္းမႈပမာဏ မွတ္တမ္းတင္ဖို႔ ဦးေဆာင္အဖြဲ႔ကို ထူေထာင္လိုက္ပါတယ္။ ႏိုင္ငံ ၆၀ ေက်ာ္ရဲ႕ အစိုးရေတြနဲ႔ NGO အစိုးရမဟုတ္တဲ့ အဖြဲ႔အစည္းေတြ က ဒီအဖြဲ႔အတြက္ စာရင္းဇယားေတြ မွ်ေဝ ဖလွယ္ၾကရင္း၊ သိပၸံကို လက္ေတြ႔ အေျခခံၿပီး ဆံုးျဖတ္ခ်က္ခ်ႏိုင္ၾကဖို႔ျဖစ္ပါတယ္။

ဝန္ႀကီး Pompeo မႏွစ္က ေၾကညာလိုက္တဲ့ The MekongWater.org ဆိုတဲ့ Website မွာ မိုးေလဝသ ခန္႔မွန္းတာကအစ၊ လူထုတြင္း သိပၸံအသိပညာေပးတဲ့အဆံုး ရွာေဖြေလ့လာႏိုင္တဲ့ စာမ်က္နွာ ၄၀ ေက်ာ္ထည့္သြင္းထားပါတယ္။ ဒီ Website ကို ဒီထက္ပိုအသံုးတည့္ေအာင္ ေလ့လာစရာေတြ တိုးၿပီး ထည့္သြင္းမယ့္အစီအစဥ္ လာမယ့္သီတင္းပတ္ေတြအတြင္း စတင္ေတာ့မယ္လို႔ လည္းဆိုပါတယ္။

မဲေခါင္ေဒသႏိုင္ငံေတြအေနနဲ႔ ဒီအရင္းအျမစ္ေတြကို အေျခခံ မွ်ေဝၾကၿပီး၊ သာယာဝေျပာတဲ့၊ ေရရွည္တည္တံ့မယ့္၊ က်န္းမာသန္စြမ္းတဲ့အနာဂတ္ကို တည္ေဆာက္ႏိုင္ၾကဖို႔အတြက္ ကမၻာတဝန္းက မဟာမိတ္ေတြ၊ မိတ္ေဆြေတြနဲ႔အတူ ပူးေပါင္းေဆာင္ရြက္ဖို႔ အေမရိကန္ျပည္ေထာင္စုက သႏၷိ႒ာန္ခ်မွတ္ ထားေၾကာင္းပါ။

.................

မဲခေါင်မြစ်ကို တရုတ်တနိုင်ငံတည်း ကြီးစိုးချုပ်ကိုင်မည့်အရေး အမေရိကန်စိုးရိမ်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

မြစ်ဆိုတာ ပထဝီအနေအထားအရ သဘာဝအလျောက် တည်ရှိနေတာတင် မကပါဘူး။လူသားတွေရဲ့ ဘဝအတွက် အခြေခံအကျဆုံး လိုအပ်ချက်တရပ် ဖြစ်ပါတယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ကပြောဆိုလိုက်ပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ နိုင်ငံတွေဖြတ်သန်းစီးဆင်းတဲ့ မြစ်ကြောင်းများ အုပ်ချုပ်ကွပ်ကဲမှု ခိုင်မာရေးဆိုင်ရာ၊ အင်ဒို-ပစိဖိတ်ညီလာခံဖွင့်ပွဲမှာ Mr. Stilwell က ပြောဆိုလိုက်တာပါ။

ဒီမှန်တဲ့ သစ္စာစကားကို သဘောအပေါက်ဆုံးကတော့ မဲခေါင်မြစ်ကို မှီခိုနေကြတဲ့ ပြည်သူတွေဘဲဖြစ်ပါတယ်။မြစ်အထက်ပိုင်းက ရေတွေကိုထိန်းချုပ်ခဲ့ရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို သူတို့တတွေ ခံစားကြရမှာဖြစ်လို့ပါဘဲ။ မဲခေါင်မြစ်ကို အသက်တမျှတန်ဘိုးထား မှီခိုနေကြရသူ သန်းနဲ့ ချီတဲ့ ပြည်သူတွေရဲ့ ဘဝကို တိုက်ရိုက် ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ကထောက်ပြပါတယ်။

EWC- The East-West Center နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပူးပေါင်းပြီး၊ မဲခေါင်-အမေရိကန် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး online ညီလာခံကို အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။အင်ဒို-ပစိဖိတ်ဒေသက မူဝါဒရေးစွဲသူတွေ၊ တတ်သိပညာရှင်တွေ၊ CSO လူထုအခြေပြုအဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ နိုင်ငံတွေဖြတ်သန်းစီးဆင်းတဲ့မြစ်ကြောင်းများဆိုင်ရာ မဖြစ်မနေပါဝင်သင့်တဲ့ကိုယ်စားလှယ်တွေက မဲခေါင်မြစ် ရေရှည်တည်တံ့မယ့်ဖွံ့ဖြိုးမှုနဲ့ စီမံခန့်ခွဲရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် အကောင်းဆုံးကျင့်သုံးမယ့် နည်းလမ်းတွေကို ဆွေးနွေး ဖလှယ်ခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မဲခေါင်မြစ်အောက်ပိုင်းဒေသ ၅ နိုင်ငံ ဆက်ဆံရေးတိုးချဲ့ရေးနဲ့ မဲခေါင်-အမေရိကန်မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အသစ်နဲ့ ပတ်သက်ပြီး လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Stilwell က မီးမောင်းထိုးပြခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုက MRC ခေါ် မဲခေါင်မြစ်ကော်မရှင်နဲ့ နိုင်ငံတွေဖြတ်သန်းစီးဆင်းတဲ့မြစ်ကြောင်းဆိုင်ရာ စီမံအုပ်ချုပ်မှု ပွင့်လင်းမြင်သာမှုရှိစေရေးအတွက်သာမက၊ ဒေသတခွင်အတွက် ၂၀၀၉ ခုနှစ်ကစပြီး ဒေါ်လာ သန်းပေါင်း ၃၉၀၀ ပံ့ပိုးခဲ့ပြီးဖြစ်လို့၊မဲခေါင်ဒေသကို ကူညီမယ့် အမေရိကန်ရဲ့ သန္နိဋ္ဌာန် ခိုင်မာတယ်ဆိုတာကို သက်သေပြနိုင်တဲ့အကြောင်း ထပ်ဆင့်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံက မဲခေါင်မြစ်စီးဆင်းမှုကို တနိုင်ငံတည်း မောင်ပိုင်စီးဖို့ ကြံရွယ်နေတာကိုလည်း အမေရိကန်က စိုးရိမ်တဲ့အကြောင်း လက်ထောက်ဝန်ကြီး Stilwell ကပြောပါတယ်။ MRC မဲခေါင်မြစ်ကော်မရှင်ကတဆင့်၊ တနှစ်ပတ်လုံး ရေစီးဆင်းမှုပမာဏစာရင်းဇယားတွေကို သေသေချာချာ မှတ်တမ်းတင်ဖို့လိုအပ်တယ်လို့ အကြံပြုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Michael DeSombre ကလည်း မဲခေါင်ဒေသရဲ့ အောင်မြင်မှုဟာ၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ခိုင်မာတဲ့ဌာနအဖွဲ့အစည်းတွေပေါ်မှာဘဲ မူတည်တာမဟုတ်ဘဲ၊ ရေစီးဆင်းမှု ပမာဏစာရင်းဇယားတွေ ပွင့်လင်းမြင်သာမှုရှိတဲ့အပေါ်မှာလည်း မူတည်ပါတယ်လို့ ညီလာခံ အပိတ်မိန့်ခွန်းမှာ ထောက်ပြသွားပါတယ်။

ဒါ့ကြောင့်မို့လို့၊ အမေရိကန်ပြည်ထောင်စုက မဲခေါင်မြစ်ရေစီဆင်းမှုပမာဏ မှတ်တမ်းတင်ဖို့ ဦးဆောင်အဖွဲ့ကို ထူထောင်လိုက်ပါတယ်။ နိုင်ငံ ၆၀ ကျော်ရဲ့ အစိုးရတွေနဲ့ NGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ က ဒီအဖွဲ့အတွက် စာရင်းဇယားတွေ မျှဝေ ဖလှယ်ကြရင်း၊ သိပ္ပံကို လက်တွေ့ အခြေခံပြီး ဆုံးဖြတ်ချက်ချနိုင်ကြဖို့ဖြစ်ပါတယ်။

ဝန်ကြီး Pompeo မနှစ်က ကြေညာလိုက်တဲ့ The MekongWater.org ဆိုတဲ့ Website မှာ မိုးလေဝသ ခန့်မှန်းတာကအစ၊ လူထုတွင်း သိပ္ပံအသိပညာပေးတဲ့အဆုံး ရှာဖွေလေ့လာနိုင်တဲ့ စာမျက်နှာ ၄၀ ကျော်ထည့်သွင်းထားပါတယ်။ ဒီ Website ကို ဒီထက်ပိုအသုံးတည့်အောင် လေ့လာစရာတွေ တိုးပြီး ထည့်သွင်းမယ့်အစီအစဉ် လာမယ့်သီတင်းပတ်တွေအတွင်း စတင်တော့မယ်လို့ လည်းဆိုပါတယ်။

မဲခေါင်ဒေသနိုင်ငံတွေအနေနဲ့ ဒီအရင်းအမြစ်တွေကို အခြေခံ မျှဝေကြပြီး၊ သာယာဝပြောတဲ့၊ ရေရှည်တည်တံ့မယ့်၊ ကျန်းမာသန်စွမ်းတဲ့အနာဂတ်ကို တည်ဆောက်နိုင်ကြဖို့အတွက် ကမ္ဘာတဝန်းက မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချမှတ် ထားကြောင်းပါ။

XS
SM
MD
LG