Accessibility links

Breaking News

ေက်းဇူးေတာ္ေန႔ သမိုင္းေၾကာင္း 


ပထမဦးဆံုး ေက်းဇူးေတာ္ေန႔ က်င္းပစဥ္
ပထမဦးဆံုး ေက်းဇူးေတာ္ေန႔ က်င္းပစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

၁၆၂၁ ခုႏွစ္ စက္တင္ဘာလ ၂၁ ရက္ေန႔နဲ႔ ႏိုဝင္ဘာလ ၁၁ ရက္ေန႔ ဝန္းက်င္အတြင္း၊ ဒီေခတ္ မက္ဆာခ် ဴ းဆက္ျပည္နယ္ျဖစ္လာတဲ့ Plymouth Colony နယ္ေျမသစ္ကို ေရာက္ရွိလာၾကတဲ့၊ အဂၤလိပ္လူမ်ိဳး အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ကေလး ၅၃ ေယာာက္ဟာ သူတို႔ရဲ႔ ေကာက္ပဲသီးႏွံေတြျဖစ္ထြန္းလို႔ ေက်းဇူးတင္တဲ့အေနနဲ႔ ပထမဆံုးေကာက္သစ္စားပြဲက်င္းပခဲ့ရာမွာ ေဒသခံအင္ဒီယန္း ၉၀ ခန္႔ လည္း ပါဝင္ဆင္ႏႊဲခဲ့ပါတယ္။

သူတို႔အတြက္ ေက်းဇူးတင္စရာေတြအမ်ားႀကီးပါဘဲ။ အဲဒီမတိုင္မီ တႏွစ္၊ ၁၆၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလလယ္မွာ၊ ကိုလိုနီနယ္ေျမသစ္ရွာေဖြၾကသူ ၁၀၂ ေယာက္နဲ႔ သေဘၤာသား ၃၀ ပါဝင္တဲ့ Mayflower သေဘၤာႀကီးဟာ ေျမာက္အေမရိကားတိုက္ အေရွ႔ဘက္ကမ္းေျခကို ဆိုက္ကပ္ခဲ့ပါတယ္။ ေကာက္သစ္စားပြဲက်င္းပၾကသူေတြဟာ အဲဒီ Mayflower သေဘၤာကို စီးနင္းလိုက္ပါခဲ့ၾကသူေတြျဖစ္ပါတယ္။ အဂၤလန္ႏိုင္ငံမွာေတာ့၊ သူတို႔ေတြဟာ Roman Catholic ဘာသာကေန ခြဲထြက္တဲ့ Puritans လို႔ေခၚတဲ့ Protestant ခရစ္ယာန္ေတြျဖစ္ၾကၿပီး၊သူတို႔ကို အယူဝါဒျပင္းထန္သူ၊ တရားမဝင္ဘာသာကိုးကြယ္သူေတြအျဖစ္ သေဘာထားၾကတာျဖစ္ပါတယ္။

ဒါေၾကာင့္ ဥေရာပမွာေနရတာ စိတ္ပ်က္ၾကၿပီး Virginia ကိုလိုနီနယ္ေျမသစ္ကို ဦးတည္ထြက္ခြာခဲ့ၾကပါတယ္။ ဒါေပမဲ့ ေဆာင္းရာသီ မိုးေလဝသအေျခအေနေၾကာင့္၊ သူတို႔ ဦးတည္တဲ့အရပ္ရဲ႕ အေရွ႔ေျမာက္ဘက္ မိုင္ ၂၂၀ အေက်ာ္၊ Cape Cod ကမ္းေျခမွာ သေဘၤာေက်ာက္ခ်ခဲ့ရပါတယ္။

ဒါေပမဲ့ အဆင္ေျပတယ္လို႔ ေျပာရမွာပါ။ မူလ ေက်ာက္ခ် ရပ္နားခဲ့တဲ့ Cape Cod ကမ္းေျခ ပင္လယ္ေအာ္ တဘက္ကမ္း၊ ကုန္းတြင္းပိုင္းမွာ အေျခခ်ဖို႔ ကိုလိုနီနယ္ေျမသစ္ရွာသူေတြက ဆံုးျဖတ္လိုက္ၾကၿပီး၊ ယံုၾကည္ရာကို လြတ္လပ္စြာ ကိုးကြယ္ႏိုင္တဲ့ အသိုင္းအဝိုင္းကို ထူေထာင္ႏိုင္ခဲ့ၾကပါတယ္။

ေရာက္ကာစ ပထမႏွစ္မွာေတာ့ သူတို႔ခက္ခက္ခဲခဲရုန္းကန္ခဲ့ၾကရေပမဲ့ ႏွစ္ကုန္ပိုင္းမွာ အေျခတက် ျဖစ္လာခဲ့ပါတယ္။ ရာသီဥတုဆိုးဝါးတဲ့ဒဏ္၊ ေရာဂါဘယေတြနဲ႔ အစာေရစာရွားပါးမႈဒဏ္ေတြေၾကာင့္ နယ္ေျမသစ္ရွာသူ ၁၀၂ ေယာက္အနက္ ထက္ဝက္ေလာက္ တႏွစ္အတြင္းေသဆံုးခဲ့ရပါတယ္။

ဒါေပမဲ့ ေႏြရာသီနဲ႔ ေဆာင္းဦးေပါက္မွာ ေကာက္ကံသီးႏွံ အထြက္ေကာင္းတဲ့အတြက္ အမ်ိဳးသား ၂၂ ေယာက္၊ အမ်ိဳးသမီး ၄ ေယာက္။ မိန္းကေလး ၅ ေယာက္၊ လူပ်ိဳေပါက္ ၉ ေယာက္နဲ႔ ကေလး ၁၃ ေယာက္တို႔ဟာ သူတို႔ရဲ႕ အိမ္နီးခ်င္း ေဒသခံ Wampanoag အင္ဒီယန္းေတြနဲ႔အတူ ေကာက္သစ္စားပြဲ ဆင္ႏႊဲခဲ့ၾကပါတယ္။

မက္ဆာခ်ဴ းဆက္ျပည္နယ္အေနနဲ႔ သူတို႔ျပည္နယ္က ေက်းဇူးေတာ္ေန႔ကို ပထမဆံုးဆင္ႏႊဲတာပါလို႔ ေျပာလို႔မရပါဘူး။၁၆၂၀ ျပည့္ႏွစ္မတိုင္ခင္ကတည္းက Florida, Texas, Maine နဲ႔ Virginia ျပည္နယ္ေတြမွာ စပိန္ စူးစမ္းရွာေဖြသူေတြနဲ႔ အဂၤလိပ္ကိုလိုနီ နယ္ေျမသစ္ရွာသူေတြက ေက်းဇူးေတာ္ေန႔ကို ဘာသာေရးပြဲအေနနဲ႔ ဆင္ႏႊဲခဲ့ၾကတဲ့ သမိုင္းမွတ္တမ္း အေထာက္အထားေတြလည္းရွိပါတယ္။

ဒါေပမဲ့၊ ဒီလို ေဒသခံေတြ သီးျခား ဆင္ႏြဲတဲ့ပြဲေလးေတြအေနနဲ႔ႏွစ္စဥ္က်င္းပႏိုင္ေအာင္၊ ေရရွည္ခံဖို႔ မလြယ္ပါဘူး။ ဒါ့ေၾကာင့္၊ မက္ဆာခ်ဳးဆက္ျပည္နယ္သားေတြက အင္တိုက္အားတိုက္ ႀကိဳးပမ္းေဆာ္ၾသခဲ့ၾကၿပီး၊ ၁၈၆၃ ခုႏွစ္ သမၼတ Abraham Lincoln လက္ထက္မွာ ျပည္နယ္အားလံုး ေခတ္သစ္ ေက်းဇူးေတာ္ေန႔ဆင္ႏႊဲၾကဖို႔ ပထမဆံုးအႀကိမ္ တရားဝင္ အမိန္႔ျပန္တမ္းထုတ္လိုက္ပါတယ္။သမၼတ Franklin Delano Roosevelt လက္ထက္က်မွ ေက်းဇူးေတာ္ေန႔ကို ႏွစ္စဥ္ ႏိုဝင္ဘာလ စတုထၳပတ္မွာ က်င္းပဖို႔ ေျပာင္းေရႊ႔သတ္မွတ္လိုက္ပါတယ္။

ေက်းဇူးေတာ္ေန႔ဟာ ေရႊ႔ေျပာင္းအေျခခ်သူေတြရဲ႕၊ ေက်းဇူးတရားကို ခ်ီးမြန္းတဲ့ဆုေတာင္းပြဲကေန စတင္ခဲ့တာျဖစ္ပါတယ္။ သူတို႔ရဲ႕ အိမ္နီးခ်င္းေဒသခံေတြကသာ ေဖးမကူညီတာမရွိခဲ့ရင္၊ ေျမာက္အေမရိကားတိုက္ကိုေရာက္ရွိတဲ့ ပထမႏွစ္အတြင္း သူတို႔ အသက္ရွင္ေနႏိုင္ၾကမွာ မဟုတ္ပါဘူး။

ဒီေန႔မွာေတာ့ COVID-19 ကပ္ေရာဂါ အႏၱရာယ္ေၾကာင့္ ေက်းဇူးေတာ္ေန႔ အစဥ္အလာအတိုင္း မိသားစုေတြ၊ မိတ္ေဆြေတြ မစုေဝးႏိုင္ၾကေတာ့ေပမဲ့ အမ်ားစုကေတာ့ ကိုယ့္အိမ္မွာ သီးျခားဆင္ႏႊဲၾကၿပီး၊ ေတာက္ပတဲ့အနာဂတ္အတြက္ အခြင့္ေကာင္းတရပ္အေနနဲ႔ ေနာက္ထပ္တၾကိမ္ ေက်းဇူးေတာ္ ခ်ီးမြန္းၾကမွာျဖစ္ေၾကာင္းပါ။

...............

ကျေးဇူးတော်နေ့ သမိုင်းကြောင်း

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

၁၆၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့နဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ဝန်းကျင်အတွင်း၊ ဒီခေတ် မက်ဆာချ ူ းဆက်ပြည်နယ်ဖြစ်လာတဲ့ Plymouth Colony နယ်မြေသစ်ကို ရောက်ရှိလာကြတဲ့၊ အင်္ဂလိပ်လူမျိုး အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး ၅၃ ယောာက်ဟာ သူတို့ရဲ့ ကောက်ပဲသီးနှံတွေဖြစ်ထွန်းလို့ ကျေးဇူးတင်တဲ့အနေနဲ့ ပထမဆုံးကောက်သစ်စားပွဲကျင်းပခဲ့ရာမှာ ဒေသခံအင်ဒီယန်း ၉၀ ခန့် လည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။

သူတို့အတွက် ကျေးဇူးတင်စရာတွေအများကြီးပါဘဲ။ အဲဒီမတိုင်မီ တနှစ်၊ ၁၆၂၀ ပြည့်နှစ် နိုဝင်ဘာလလယ်မှာ၊ ကိုလိုနီနယ်မြေသစ်ရှာဖွေကြသူ ၁၀၂ ယောက်နဲ့ သင်္ဘောသား ၃၀ ပါဝင်တဲ့ Mayflower သင်္ဘောကြီးဟာ မြောက်အမေရိကားတိုက် အရှေ့ဘက်ကမ်းခြေကို ဆိုက်ကပ်ခဲ့ပါတယ်။ ကောက်သစ်စားပွဲကျင်းပကြသူတွေဟာ အဲဒီ Mayflower သင်္ဘောကို စီးနင်းလိုက်ပါခဲ့ကြသူတွေဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့၊ သူတို့တွေဟာ Roman Catholic ဘာသာကနေ ခွဲထွက်တဲ့ Puritans လို့ခေါ်တဲ့ Protestant ခရစ်ယာန်တွေဖြစ်ကြပြီး၊သူတို့ကို အယူဝါဒပြင်းထန်သူ၊ တရားမဝင်ဘာသာကိုးကွယ်သူတွေအဖြစ် သဘောထားကြတာဖြစ်ပါတယ်။

ဒါကြောင့် ဥရောပမှာနေရတာ စိတ်ပျက်ကြပြီး Virginia ကိုလိုနီနယ်မြေသစ်ကို ဦးတည်ထွက်ခွာခဲ့ကြပါတယ်။ ဒါပေမဲ့ ဆောင်းရာသီ မိုးလေဝသအခြေအနေကြောင့်၊ သူတို့ ဦးတည်တဲ့အရပ်ရဲ့ အရှေ့မြောက်ဘက် မိုင် ၂၂၀ အကျော်၊ Cape Cod ကမ်းခြေမှာ သင်္ဘောကျောက်ချခဲ့ရပါတယ်။

ဒါပေမဲ့ အဆင်ပြေတယ်လို့ ပြောရမှာပါ။ မူလ ကျောက်ချ ရပ်နားခဲ့တဲ့ Cape Cod ကမ်းခြေ ပင်လယ်အော် တဘက်ကမ်း၊ ကုန်းတွင်းပိုင်းမှာ အခြေချဖို့ ကိုလိုနီနယ်မြေသစ်ရှာသူတွေက ဆုံးဖြတ်လိုက်ကြပြီး၊ ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်နိုင်တဲ့ အသိုင်းအဝိုင်းကို ထူထောင်နိုင်ခဲ့ကြပါတယ်။

ရောက်ကာစ ပထမနှစ်မှာတော့ သူတို့ခက်ခက်ခဲခဲရုန်းကန်ခဲ့ကြရပေမဲ့ နှစ်ကုန်ပိုင်းမှာ အခြေတကျ ဖြစ်လာခဲ့ပါတယ်။ ရာသီဥတုဆိုးဝါးတဲ့ဒဏ်၊ ရောဂါဘယတွေနဲ့ အစာရေစာရှားပါးမှုဒဏ်တွေကြောင့် နယ်မြေသစ်ရှာသူ ၁၀၂ ယောက်အနက် ထက်ဝက်လောက် တနှစ်အတွင်းသေဆုံးခဲ့ရပါတယ်။

ဒါပေမဲ့ နွေရာသီနဲ့ ဆောင်းဦးပေါက်မှာ ကောက်ကံသီးနှံ အထွက်ကောင်းတဲ့အတွက် အမျိုးသား ၂၂ ယောက်၊ အမျိုးသမီး ၄ ယောက်။ မိန်းကလေး ၅ ယောက်၊ လူပျိုပေါက် ၉ ယောက်နဲ့ ကလေး ၁၃ ယောက်တို့ဟာ သူတို့ရဲ့ အိမ်နီးချင်း ဒေသခံ Wampanoag အင်ဒီယန်းတွေနဲ့အတူ ကောက်သစ်စားပွဲ ဆင်နွှဲခဲ့ကြပါတယ်။

မက်ဆာချူ းဆက်ပြည်နယ်အနေနဲ့ သူတို့ပြည်နယ်က ကျေးဇူးတော်နေ့ကို ပထမဆုံးဆင်နွှဲတာပါလို့ ပြောလို့မရပါဘူး။၁၆၂၀ ပြည့်နှစ်မတိုင်ခင်ကတည်းက Florida, Texas, Maine နဲ့ Virginia ပြည်နယ်တွေမှာ စပိန် စူးစမ်းရှာဖွေသူတွေနဲ့ အင်္ဂလိပ်ကိုလိုနီ နယ်မြေသစ်ရှာသူတွေက ကျေးဇူးတော်နေ့ကို ဘာသာရေးပွဲအနေနဲ့ ဆင်နွှဲခဲ့ကြတဲ့ သမိုင်းမှတ်တမ်း အထောက်အထားတွေလည်းရှိပါတယ်။

ဒါပေမဲ့၊ ဒီလို ဒေသခံတွေ သီးခြား ဆင်နွဲတဲ့ပွဲလေးတွေအနေနဲ့နှစ်စဉ်ကျင်းပနိုင်အောင်၊ ရေရှည်ခံဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့်၊ မက်ဆာချုးဆက်ပြည်နယ်သားတွေက အင်တိုက်အားတိုက် ကြိုးပမ်းဆော်သြခဲ့ကြပြီး၊ ၁၈၆၃ ခုနှစ် သမ္မတ Abraham Lincoln လက်ထက်မှာ ပြည်နယ်အားလုံး ခေတ်သစ် ကျေးဇူးတော်နေ့ဆင်နွှဲကြဖို့ ပထမဆုံးအကြိမ် တရားဝင် အမိန့်ပြန်တမ်းထုတ်လိုက်ပါတယ်။သမ္မတ Franklin Delano Roosevelt လက်ထက်ကျမှ ကျေးဇူးတော်နေ့ကို နှစ်စဉ် နိုဝင်ဘာလ စတုထ္ထပတ်မှာ ကျင်းပဖို့ ပြောင်းရွှေ့သတ်မှတ်လိုက်ပါတယ်။

ကျေးဇူးတော်နေ့ဟာ ရွှေ့ပြောင်းအခြေချသူတွေရဲ့၊ ကျေးဇူးတရားကို ချီးမွန်းတဲ့ဆုတောင်းပွဲကနေ စတင်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်နီးချင်းဒေသခံတွေကသာ ဖေးမကူညီတာမရှိခဲ့ရင်၊ မြောက်အမေရိကားတိုက်ကိုရောက်ရှိတဲ့ ပထမနှစ်အတွင်း သူတို့ အသက်ရှင်နေနိုင်ကြမှာ မဟုတ်ပါဘူး။

ဒီနေ့မှာတော့ COVID-19 ကပ်ရောဂါ အန္တရာယ်ကြောင့် ကျေးဇူးတော်နေ့ အစဉ်အလာအတိုင်း မိသားစုတွေ၊ မိတ်ဆွေတွေ မစုဝေးနိုင်ကြတော့ပေမဲ့ အများစုကတော့ ကိုယ့်အိမ်မှာ သီးခြားဆင်နွှဲကြပြီး၊ တောက်ပတဲ့အနာဂတ်အတွက် အခွင့်ကောင်းတရပ်အနေနဲ့ နောက်ထပ်တကြိမ် ကျေးဇူးတော် ချီးမွန်းကြမှာဖြစ်ကြောင်းပါ။

XS
SM
MD
LG