Accessibility links

Breaking News

အေမရိကန္ စစ္ျပန္မ်ားေန႔


မွတ္တမ္းဓါတ္ပံု- အေမရိကန္စစ္ျပန္ စစ္မႈထမ္းေဟာင္းမ်ားေန႔ကို ၂၀၁၇ ႏို၀င္ဘာ ၂၀ ရက္ေန႔က က်င္းပစဥ္
မွတ္တမ္းဓါတ္ပံု- အေမရိကန္စစ္ျပန္ စစ္မႈထမ္းေဟာင္းမ်ားေန႔ကို ၂၀၁၇ ႏို၀င္ဘာ ၂၀ ရက္ေန႔က က်င္းပစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ျပည္တြင္းစစ္အတြင္း တုိင္းျပည္ကုိေျပာၾကားတဲ့ သူ႔ရဲ႕ အထင္ကရ Gettysburg မိန္႔ခြန္းမွာ သမၼတ Abraham Lincoln က “လြတ္လပ္မႈဆုိတာဟာ ကမၻာေျမေပၚက ေပ်ာက္ကြယ္သြားမွာ မဟုတ္ပါဘူး” လုိ႔ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။ သမၼတ Lincoln ရဲ႕ ဒီေျပာဆုိခ်က္ဟာ သန္းေပါင္းမ်ားစြာေသာ အေမရိကန္ႏုိင္ငံသားေတြတင္သာ မကဘဲ အေမရိကန္ရဲ႕ လြတ္လပ္မႈကုိ ထိန္းသိမ္းႏုိင္ေရးအတြက္ တုိက္ပြဲ၀င္ေနၾကတဲ့ လက္နက္ကုိင္တပ္ဖြဲ႔၀င္ေတြအပါအ၀င္ တျခားႏုိင္ငံေတြအတြက္လည္း စိတ္ဓါတ္ခြန္အား ျဖစ္ေစခဲ့ပါတယ္။

ႏုိ၀င္ဘာ ၁၁ ရက္ေန႔မွာ က်ေရာက္တဲ့ အေမရိကန္စစ္ျပန္ စစ္မႈထမ္းေဟာင္းမ်ားေန႔မွာ ဒီ စစ္မႈထမ္းေတြရဲ႕ တာ၀န္ထမ္းလုိစိတ္ရွိတဲ့ စံတန္ဖုိးေတြနဲ႔ ေပးဆပ္ခဲ့မႈေတြအတြက္ အေမရိကန္ ျပည္သူေတြက ေလးစား ဂုဏ္ျပဳၾကပါတယ္။ ယူနီေဖာင္းစ၀တ္ စစ္မႈထမ္းဘ၀က အနားယူသြားၿပီးတဲ့ေနာက္ လြတ္လပ္တဲ့ တုိင္းျပည္မွာေနထုိင္ရျခင္းရဲ႕ အက်ဳိးေက်းဇူးေတြကုိ သူတုိ႔က သက္ေသအျဖစ္ ျပသေနတာလည္း ျဖစ္ပါတယ္။

၁၉၁၈ ခုႏွစ္မွာ ပထမကမၻာစစ္ႀကီး စစ္ေျပၿငိမ္းေၾကာင္း လက္မွတ္ထုိးခဲ့တဲ့ေန႔ အစြဲျပဳၿပီး ႏုိ၀င္ဘာလ ၁၁ ရက္ေန႔ကုိ စစ္ျပန္ စစ္မႈထမ္းေဟာင္းမ်ားေန႔အျဖစ္ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။ ဥေရာပတုိက္အပါအ၀င္ အာရွ၊ အာဖရိကန္၊ ပစိဖိတ္ေဒသတြင္းက ကၽြန္းစုေတြနဲ႔ ေတာင္အေမရိကန္ ကမ္းလြန္ပင္လယ္ျပင္ေတြမွာ ျဖစ္ပြားခဲ့တဲ့ အဲဒီ ပထမကမၻာစစ္ကုိ “စစ္ပြဲေတြအားလုံး အဆုံးသတ္ေရးအတြက္ ျဖစ္ပြားတဲ့ စစ္ပြဲ” လုိ႔ သတ္မွတ္ ေခၚဆုိခဲ့ၾကတာပါ။ ဒါေပမယ့္ အဲဒီေနာက္မွာ စစ္ပြဲေတြ ထပ္မံျဖစ္ေပၚခဲ့ပါတယ္။ ၁၉၅၄ ခုႏွစ္မွာေတာ့ စစ္ပြဲေတြမွာ တာ၀န္ထမ္းေဆာင္ခဲ့ၾကတဲ့ တပ္မေတာ္သားေတြအပါအ၀င္ ၿငိမ္းခ်မ္းတဲ့ကာလမွာ တာ၀န္ထမ္းေဆာင္ခဲ့ၾကသူေတြအတြက္ပါ ရည္စူးၿပီး သမၼတ Dwight Eisenhower က အမ်ားျပည္သူ အားလပ္ရက္ေန႔ - စစ္ျပန္ စစ္မႈထမ္းေဟာင္းမ်ားေန႔အျဖစ္ တုိးခ်ဲ႕ သတ္မွတ္ေပးခဲ့တာပါ။

အဲဒီ အစဥ္အလာကုိ အေမရိကန္အစုိးရအဆက္ဆက္က ကေန႔အခ်ိန္ထိ ဆက္လက္ ထိန္းသိမ္းထားၿပီး စစ္မႈထမ္းေတြ တာ၀န္ထမ္းေဆာင္မႈက အနားယူသြားၿပီးတဲ့အခါ အလုပ္အကုိင္ရရွိေရးနဲ႔ အရပ္သားဘ၀ကုိ ျပန္ေရာက္တဲ့အခ်ိန္ အဆင္ေျပ ေခ်ာေမြ႔ေစေရးတုိ႔အတြက္ ကူညီ ေဆာင္ရြက္ေပးေနပါတယ္။

စစ္ျပန္ စစ္မႈထမ္းေဟာင္းမ်ားေန႔ရဲ႕ အေျခခံအခ်က္ဟာ စစ္ပြဲေတြအေၾကာင္းခ်ည္း သက္သက္မဟုတ္ပါဘူး။ ဒီေန႔ဟာ တုိက္ပြဲေတြမွာ အႏုိင္ရခဲ့တာနဲ႔ ဆုံးရႈံးခဲ့တာေတြအတြက္ က်င္းပျခင္းမဟုတ္သလုိ၊ ႏုိင္ငံေရးအရ ေအာင္ပြဲဆင္ခဲ့တာနဲ႔ နယ္ေျမေတြ သိမ္းပုိက္ႏုိင္ခဲ့တာေတြကုိလည္း ေအာင္ပြဲခံတဲ့ေန႔မဟုတ္ပါဘူး။ တကယ္ေတာ့ ဒီေန႔ဟာ ၿဗိတိန္၊ ကေနဒါ၊ ေတာင္အေမရိကနဲ႔ တျခားႏုိင္ငံေတြမွာ စစ္ျပန္ စစ္မႈထမ္းေဟာင္းေတြရဲ႕ တာ၀န္ထမ္းေဆာင္ခဲ့မႈနဲ႔ ေပးဆပ္ခဲ့မႈေတြအတြက္ ဂုဏ္ျပဳတဲ့ အမွတ္ရေအာက္ေမ့ဖြယ္ေန႔ တေန႔ျဖစ္ပါတယ္။

................

အမေရိကန် စစ်ပြန်များနေ့

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်ပြည်တွင်းစစ်အတွင်း တိုင်းပြည်ကိုပြောကြားတဲ့ သူ့ရဲ့ အထင်ကရ Gettysburg မိန့်ခွန်းမှာ သမ္မတ Abraham Lincoln က “လွတ်လပ်မှုဆိုတာဟာ ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး” လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ သမ္မတ Lincoln ရဲ့ ဒီပြောဆိုချက်ဟာ သန်းပေါင်းများစွာသော အမေရိကန်နိုင်ငံသားတွေတင်သာ မကဘဲ အမေရိကန်ရဲ့ လွတ်လပ်မှုကို ထိန်းသိမ်းနိုင်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအပါအဝင် တခြားနိုင်ငံတွေအတွက်လည်း စိတ်ဓါတ်ခွန်အား ဖြစ်စေခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ အမေရိကန်စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့မှာ ဒီ စစ်မှုထမ်းတွေရဲ့ တာဝန်ထမ်းလိုစိတ်ရှိတဲ့ စံတန်ဖိုးတွေနဲ့ ပေးဆပ်ခဲ့မှုတွေအတွက် အမေရိကန် ပြည်သူတွေက လေးစား ဂုဏ်ပြုကြပါတယ်။ ယူနီဖောင်းစဝတ် စစ်မှုထမ်းဘဝက အနားယူသွားပြီးတဲ့နောက် လွတ်လပ်တဲ့ တိုင်းပြည်မှာနေထိုင်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို သူတို့က သက်သေအဖြစ် ပြသနေတာလည်း ဖြစ်ပါတယ်။

၁၉၁၈ ခုနှစ်မှာ ပထမကမ္ဘာစစ်ကြီး စစ်ပြေငြိမ်းကြောင်း လက်မှတ်ထိုးခဲ့တဲ့နေ့ အစွဲပြုပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ကို စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပတိုက်အပါအဝင် အာရှ၊ အာဖရိကန်၊ ပစိဖိတ်ဒေသတွင်းက ကျွန်းစုတွေနဲ့ တောင်အမေရိကန် ကမ်းလွန်ပင်လယ်ပြင်တွေမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ပထမကမ္ဘာစစ်ကို “စစ်ပွဲတွေအားလုံး အဆုံးသတ်ရေးအတွက် ဖြစ်ပွားတဲ့ စစ်ပွဲ” လို့ သတ်မှတ် ခေါ်ဆိုခဲ့ကြတာပါ။ ဒါပေမယ့် အဲဒီနောက်မှာ စစ်ပွဲတွေ ထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာတော့ စစ်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားတွေအပါအဝင် ငြိမ်းချမ်းတဲ့ကာလမှာ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေအတွက်ပါ ရည်စူးပြီး သမ္မတ Dwight Eisenhower က အများပြည်သူ အားလပ်ရက်နေ့ - စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့အဖြစ် တိုးချဲ့ သတ်မှတ်ပေးခဲ့တာပါ။

အဲဒီ အစဉ်အလာကို အမေရိကန်အစိုးရအဆက်ဆက်က ကနေ့အချိန်ထိ ဆက်လက် ထိန်းသိမ်းထားပြီး စစ်မှုထမ်းတွေ တာဝန်ထမ်းဆောင်မှုက အနားယူသွားပြီးတဲ့အခါ အလုပ်အကိုင်ရရှိရေးနဲ့ အရပ်သားဘဝကို ပြန်ရောက်တဲ့အချိန် အဆင်ပြေ ချောမွေ့စေရေးတို့အတွက် ကူညီ ဆောင်ရွက်ပေးနေပါတယ်။

စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့ရဲ့ အခြေခံအချက်ဟာ စစ်ပွဲတွေအကြောင်းချည်း သက်သက်မဟုတ်ပါဘူး။ ဒီနေ့ဟာ တိုက်ပွဲတွေမှာ အနိုင်ရခဲ့တာနဲ့ ဆုံးရှုံးခဲ့တာတွေအတွက် ကျင်းပခြင်းမဟုတ်သလို၊ နိုင်ငံရေးအရ အောင်ပွဲဆင်ခဲ့တာနဲ့ နယ်မြေတွေ သိမ်းပိုက်နိုင်ခဲ့တာတွေကိုလည်း အောင်ပွဲခံတဲ့နေ့မဟုတ်ပါဘူး။ တကယ်တော့ ဒီနေ့ဟာ ဗြိတိန်၊ ကနေဒါ၊ တောင်အမေရိကနဲ့ တခြားနိုင်ငံတွေမှာ စစ်ပြန် စစ်မှုထမ်းဟောင်းတွေရဲ့ တာဝန်ထမ်းဆောင်ခဲ့မှုနဲ့ ပေးဆပ်ခဲ့မှုတွေအတွက် ဂုဏ်ပြုတဲ့ အမှတ်ရအောက်မေ့ဖွယ်နေ့ တနေ့ဖြစ်ပါတယ်။

XS
SM
MD
LG