Accessibility links

Breaking News

ႏိုင္ဂ်ီးရီးယား လက္နက္ကိုင္တစုရဲ႕ ဖမ္းဆီးခံ ကန္ႏိုင္ငံသား အထူးတပ္ဖဲြ႕ ကယ္ဆယ္


မွတ္တမ္းဓါတ္ပံု ၂၀၁၄ မတ္လတုန္းက ႏိုင္ဂ်ီးရီးယားမွာ ကန္ဦးေဆာင္တပ္မ်ားက သင္တန္းေပးေနစဥ္
မွတ္တမ္းဓါတ္ပံု ၂၀၁၄ မတ္လတုန္းက ႏိုင္ဂ်ီးရီးယားမွာ ကန္ဦးေဆာင္တပ္မ်ားက သင္တန္းေပးေနစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ လက္နက္ကိုင္အဖြဲ႔တဖြဲ႔က ဖမ္းထားတဲ့ အေမရိကန္ႏိုင္ငံသားတေယာက္ကို အေမရိကန္အထူးတပ္ဖြဲ႕က ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ ဒီလိုကယ္တင္ႏိုင္ခဲ့တာဟာ၊ ကမၻာတဝန္းမွာရွိတဲ့ ကိုယ့္ႏိုင္ငံသားေတြကို အကာအကြယ္ေပးမယ္ဆိုတဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ သႏၷိ႒ာန္ကို ျမွင့္တင္ေပးလိုက္တာျဖစ္ပါတယ္။

ႏိုင္ဂ်ီးရီးယားႏိုင္ငံရဲ႕ အိမ္နီးခ်င္း ႏိုင္ဂ်ာႏိုင္ငံမွာ မိသားစုနဲ႔ အတူ ေနထိုင္တဲ့ အသက္ ၂၇ ႏွစ္အရြယ္ လယ္သမားတေယာက္ လြတ္ေျမာက္ေအာင္ကယ္တင္ႏိုင္ခဲ့တဲ့ စစ္ဆင္ေရးျဖစ္ပါတယ္။ သူ႔ရဲ႕ လယ္ေတာကေန ျပန္ေပးအဆြဲခံရၿပီး သူ႔ဖခင္ကို ေငြေတာင္းၿပီး ေရြးခိုင္း ခဲ့ပါတယ္။ စစ္တပ္ဘက္က အက်အဆံုးမရွိဘဲ၊ သူ႔ကို အျမန္ဆံုးကယ္တင္ႏိုင္ေရးအတြက္ အေမရိကန္ျပည္ေထာင္စုက ႏိုင္ဂ်ီးရီးယားႏိုင္ငံနဲ႔ ႏိုင္ဂ်ာႏိုင္ငံ အစိုးရေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ခဲ့ပါတယ္။

ဒီစစ္ဆင္ေရးအထေျမာက္ေအာင္ ပ့့ံပိုးခဲ့ၾကတဲ့ ႏိုင္ငံတကာမိတ္ဖက္ေတြကို အသိအမွတ္ျပဳေလးစားပါေၾကာင္း၊ အေမရိကန္ျပည္ေထာင္စုအေနနဲ႕ ကမၻာတဝန္းရွိ က်ေနာ္တို႔ရဲ႕ အက်ိဳးစီးပြားနဲ႔ က်ေနာ္တို႔ရဲ႕ ျပည္သူေတြကို ဆက္လက္အကာအကြယ္ေပးေနမွာျဖစ္တယ္လို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ Jonathan Hoffman က ထုတ္ျပန္ခ်က္မွာေဖၚျပထားပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကလည္း ဒီစစ္ဆင္ေရးမွာ ပါဝင္ခဲ့ၾကတဲ့ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးစစ္သည္ေတြကို ခ်ီးက်ဴးလိုက္ပါတယ္။

“အထူးတပ္ဖြဲ႔ဝင္ေတြကို ေက်းဇူးတင္ေၾကာင္းေျပာလိုပါတယ္။ ဒါဟာ တကယ့္ကို စြန္႔စားရတဲ့ ျဖစ္ရပ္ပါဘဲ။ အေမရိကန္ႏိုင္ငံသားေတြ ရန္ျပဳ ေႏွာက္ယွက္တာေတြ ခံေနၾကတာဆိုေတာ့ အခုလို တခုခု လုပ္ကိုလုပ္ျပရမွာပါ။ ေနာက္ထပ္ ဒါမ်ိဳးမျဖစ္ရေအာင္ လုပ္ျပရမွာပါ လို႔ေျပာသြားတာပါ။ ”

သမၼတထရမ့္ေျပာသလိုပါဘဲ၊ အမ်ိဳးသားအၾကမ္းဖက္မႈ တန္ျပန္တိုက္ဖ်က္ေရးအဖြဲ႔ ညႊန္ၾကားေရးမွဴး Chris Miller ကလည္း Twitter ကေန သူ႔ရဲ႕ သေဘာထားကို အခုလိုေဖၚျပလိုက္ပါတယ္။

“က်ေနာ္တို႔ရဲ႕ ႏိုင္ငံသားေတြ အိမ္ျပန္ႏိုင္ေအာင္၊ က်ေနာ္တို႔မွာ ႀကီးျမတ္တဲ့စြမ္းေဆာင္ရည္ရွိၿပီး၊ ဘယ္ေနရာမွာဘဲျဖစ္ျဖစ္ အရာအားလံုးကို အေမရိကန္အစိုးရက လက္လွမ္းမွီတယ္ဆိုတာကို ရာဇဝတ္ဂိုဏ္းေတြအားလံုးနဲ႔ အၾကမ္းဖက္သမားေတြနဲ႔ ဆက္စပ္ေနတဲ့ အဖြဲ႔ေတြကို ျပတ္သားတဲ့အမွာစကားတရပ္ပါဘဲ”လို႔ ဆိုပါတယ္။

အဖမ္းခံေနရတဲ့ အေမရိကန္ႏိုင္ငံသားေတြ စိတ္ခ်လံုၿခံဳစြာ အိမ္ျပန္ႏိုင္ေရးအတြက္ အေမရိကန္ျပည္ေထာင္စုက သႏၷိ႒ာန္ခ်ထားပါတယ္။ ဓါးစာခံေတြ မိသားစုေတြနဲ႔ ျပန္လည္ဆံုစည္းႏိုင္ေရးအတြက္ အားထုတ္ခဲ့ၾကတဲ့ က်ေနာ္တို႔ စစ္တပ္ရဲ႕ စြမ္းစြမ္းတမံ ရဲစြမ္းသတၱိနဲ႔ စြမ္းေဆာင္ရည္၊ ေထာက္လွမ္းေရးကၽြမ္းက်င္သူေတြရဲ႕ ပံ့ပိုးမႈနဲ႔ က်ေနာ္တို႔ရဲ႕ သံတမန္ေရးက်ိဳးပမ္းမႈေတြကို ေက်းဇူးတင္ရွိပါေၾကာင္း၊ ဓါးစာခံအျဖစ္ ထိန္းသိမ္းခံေနရတဲ့ အေမရိကန္ႏိုင္ငံသားဘယ္သူ႔ကိုမဆို က်ေနာ္တို႔က ဘယ္ေတာ့မွ ပစ္ထားမွာမဟုတ္ပါဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ရဲ႕ ေၾကညာခ်က္မွာေဖၚျပထားေၾကာင္းပါ။

...............

နိုင်ဂျီးရီးယား လက်နက်ကိုင်တစုရဲ့ ဖမ်းဆီးခံ ကန်နိုင်ငံသား အထူးတပ်ဖွဲ့ ကယ်ဆယ်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းထားတဲ့ အမေရိကန်နိုင်ငံသားတယောက်ကို အမေရိကန်အထူးတပ်ဖွဲ့က အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီလိုကယ်တင်နိုင်ခဲ့တာဟာ၊ ကမ္ဘာတဝန်းမှာရှိတဲ့ ကိုယ့်နိုင်ငံသားတွေကို အကာအကွယ်ပေးမယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သန္နိဋ္ဌာန်ကို မြှင့်တင်ပေးလိုက်တာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ဂျာနိုင်ငံမှာ မိသားစုနဲ့ အတူ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် လယ်သမားတယောက် လွတ်မြောက်အောင်ကယ်တင်နိုင်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ သူ့ရဲ့ လယ်တောကနေ ပြန်ပေးအဆွဲခံရပြီး သူ့ဖခင်ကို ငွေတောင်းပြီး ရွေးခိုင်း ခဲ့ပါတယ်။ စစ်တပ်ဘက်က အကျအဆုံးမရှိဘဲ၊ သူ့ကို အမြန်ဆုံးကယ်တင်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက နိုင်ဂျီးရီးယားနိုင်ငံနဲ့ နိုင်ဂျာနိုင်ငံ အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးအထမြောက်အောင် ပံ့ပိုးခဲ့ကြတဲ့ နိုင်ငံတကာမိတ်ဖက်တွေကို အသိအမှတ်ပြုလေးစားပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာတဝန်းရှိ ကျနော်တို့ရဲ့ အကျိုးစီးပွားနဲ့ ကျနော်တို့ရဲ့ ပြည်သူတွေကို ဆက်လက်အကာအကွယ်ပေးနေမှာဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ Jonathan Hoffman က ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးစစ်သည်တွေကို ချီးကျူးလိုက်ပါတယ်။

“အထူးတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ဒါဟာ တကယ့်ကို စွန့်စားရတဲ့ ဖြစ်ရပ်ပါဘဲ။ အမေရိကန်နိုင်ငံသားတွေ ရန်ပြု နှောက်ယှက်တာတွေ ခံနေကြတာဆိုတော့ အခုလို တခုခု လုပ်ကိုလုပ်ပြရမှာပါ။ နောက်ထပ် ဒါမျိုးမဖြစ်ရအောင် လုပ်ပြရမှာပါ လို့ပြောသွားတာပါ။ ”

သမ္မတထရမ့်ပြောသလိုပါဘဲ၊ အမျိုးသားအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအဖွဲ့ ညွှန်ကြားရေးမှူး Chris Miller ကလည်း Twitter ကနေ သူ့ရဲ့ သဘောထားကို အခုလိုဖေါ်ပြလိုက်ပါတယ်။

“ကျနော်တို့ရဲ့ နိုင်ငံသားတွေ အိမ်ပြန်နိုင်အောင်၊ ကျနော်တို့မှာ ကြီးမြတ်တဲ့စွမ်းဆောင်ရည်ရှိပြီး၊ ဘယ်နေရာမှာဘဲဖြစ်ဖြစ် အရာအားလုံးကို အမေရိကန်အစိုးရက လက်လှမ်းမှီတယ်ဆိုတာကို ရာဇဝတ်ဂိုဏ်းတွေအားလုံးနဲ့ အကြမ်းဖက်သမားတွေနဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေကို ပြတ်သားတဲ့အမှာစကားတရပ်ပါဘဲ”လို့ ဆိုပါတယ်။

အဖမ်းခံနေရတဲ့ အမေရိကန်နိုင်ငံသားတွေ စိတ်ချလုံခြုံစွာ အိမ်ပြန်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားပါတယ်။ ဓါးစာခံတွေ မိသားစုတွေနဲ့ ပြန်လည်ဆုံစည်းနိုင်ရေးအတွက် အားထုတ်ခဲ့ကြတဲ့ ကျနော်တို့ စစ်တပ်ရဲ့ စွမ်းစွမ်းတမံ ရဲစွမ်းသတ္တိနဲ့ စွမ်းဆောင်ရည်၊ ထောက်လှမ်းရေးကျွမ်းကျင်သူတွေရဲ့ ပံ့ပိုးမှုနဲ့ ကျနော်တို့ရဲ့ သံတမန်ရေးကျိုးပမ်းမှုတွေကို ကျေးဇူးတင်ရှိပါကြောင်း၊ ဓါးစာခံအဖြစ် ထိန်းသိမ်းခံနေရတဲ့ အမေရိကန်နိုင်ငံသားဘယ်သူ့ကိုမဆို ကျနော်တို့က ဘယ်တော့မှ ပစ်ထားမှာမဟုတ်ပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ကြေညာချက်မှာဖေါ်ပြထားကြောင်းပါ။

XS
SM
MD
LG