Accessibility links

Breaking News

ႏိုင္ငံတကာဖံြ႔ၿဖိဳးေရးအတြက္ USAID ဓာတ္ခဲြခန္း ဖြင္႔လွစ္ 


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

USAID အေမရိကန္ႏိုင္ငံတကာ ဖြံ႔ၿဖိဳးမႈေအဂ်င္စီက ကမၻာတဝန္းဖြံ႔ၿဖိဳးမႈ ဓါတ္ခြဲစမ္းသပ္ခန္းတခုကို လြန္ခဲ့တဲ့ ၆ ႏွစ္က စတင္ထူေထာင္ခဲ့ပါတယ္။ သိပၸံနဲ႔ နည္းပညာ၊ တီထြင္ဖန္တီးမႈနဲ႔ မိတ္ဖက္ ပူးေပါင္းမႈေတြကတဆင့္၊ အလြန္အမင္းဆင္ရဲမြဲေတမႈ အဆံုးသတ္ႏိုင္ေရး ရည္ရြယ္ၿပီး၊ တီထြင္ဖန္တီးမႈ ယႏၲရားတခု ထူေထာင္တာျဖစ္ပါတယ္။

ဒီဓါတ္ခြဲခန္းကို အစီအစဥ္ေတြထုတ္လုပ္ဖို႔ သီးသန္႔ ထူေထာင္ထားတာမဟုတ္ပါဘူး။ ရွိၿပီးသား အစီအစဥ္ေတြ ပိုေကာင္းေအာင္ နည္းလမ္းေတြရွာေဖြဖို႔၊ အေမရိကန္အခြန္ထမ္းေတြအတြက္ တင္မဟုတ္ဘဲ၊ ဖြံ႔ၿဖိဳးမႈအစီအစဥ္ေတြရဲ႕ အက်ိဳးေက်းဇူးေတြခံစားေနၾကသူေတြအတြက္ပါ၊ ပိုၿပီး ထိေရာက္မႈရွိၿပီး၊ တာဝန္ခံမႈရွိေအာင္ ထူေထာင္ထားတာျဖစ္တယ္လို႔ ကမၻာတဝန္းဖြံ႔ၿဖိဳးမႈဓါတ္ခြဲခန္းရံုးအဖြဲ႔ အမႈေဆာင္ညႊန္ၾကားေရးမွဴ း Harry Bader ကေျပာပါတယ္။

“USAID အေမရိကန္ႏိုင္ငံတကာ ဖြံ႔ၿဖိဳးမႈေအဂ်င္စီရံုးေတြရွိတဲ့ ေဒသအားလံုးနဲ႔ ဖြံ႔ၿဖိဳးမႈ က႑အားလံုး ၿခံဳငံုၿပီး၊ က်ေနာ္တို႔ရဲ႕ ႏိုင္ငံတကာမိတ္ဖက္ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ ေနပါတယ္။ ကူးစက္ေရာဂါနဲ႔ တျခားေရာဂါေတြကအစ၊ အလြန္အမင္းဆင္းရဲမြဲေတမႈနဲ႔ ပညာမသင္ႏိုင္ၾကတဲ့ အျဖစ္ေတြအဆံုး ကိုင္တြယ္ရာမွာ၊ သိပၸံနဲ႔ နည္းပညာ တီထြင္ဖန္တီးမႈ၊ Digital နည္းပညာေတြကို အျပည့္အဝ အသံုးခ်ႏိုင္ဖို႔ ဒီ ဓါတ္ခြဲခန္းက ပံ့ပိုးေပးပါတယ္။ ကမၻာတဝန္း၊ အရပ္ဘက္အဖြြဲ႔အစည္းေတြ စြမ္းေဆာင္ရည္ ျမင့္မားေအာင္ တည္ေဆာက္ရင္း၊ မတူကြဲျပားမႈေတြအၾကား၊ အျပန္အလွန္နားလည္သည္းခံမႈ တိုးလာၿပီး ဒီမိုကေရစီလူ႕ေဘာင္ကို ေရွ႕ရႈႏိုင္ဖို႔ျဖစ္တယ္လို႔ ေျပာသြားတာပါ။ ”

ဒီဓါတ္ခြဲခန္းအေနနဲ႔ USAID အေမရိကန္ႏိုင္ငံတကာ ဖြံ႔ၿဖိဳးမႈေအဂ်င္စီရဲ႕ တီထြင္ဖန္တီးမႈ အားလံုးအတြက္ အက်ံဳးဝင္တယ္လို႔လည္း ဆိုပါတယ္။

“ကမၻာတဝန္း တကၠသိုလ္ ၁၀၀ ေက်ာ္ပါဝင္တဲ့ ပူးေပါင္းေဆာင္ရြက္မႈ လုပ္ငန္းစုႀကီးကတဆင့္၊ က်ေနာ္တို႔ရဲ႕ သိပၸံ သုတသနလုပ္ငန္းေတြကို ပဏာမအေနနဲ႔ အာရံုစိုက္ ေဆာင္ရြက္တာျဖစ္ပါတယ္။”

လူသားထုရင္ဆိုင္ေနရတဲ့ ျပႆနာေတြနဲ႔ ဖြံ႔ၿဖိဳးမႈအတြက္ ေမးစရာရွိတဲ့ ေမးခြန္းေတြကို က်ေနာ္တို႔ရဲ႔ ေအဂ်င္စီ တခုတည္းက အေျဖေပးႏိုင္မွာ မဟုတ္ဘူးဆိုတာ နားလည္ပါတယ္။ ကမၻာတဝန္း သုေတသနလုပ္ေနၾကတဲ့အဖြဲ႔အစည္းေပါင္း ၁၀၀ ေက်ာ္ပါဝင္တဲ့ လုပ္ငန္းစုႀကီးရဲ႕ စြမ္းေဆာင္ရည္ ပိုခိုင္မာေအာင္၊ ထိေရာက္မႈရွိေအာင္၊ က်ေနာ္တို႔ ကူညီခ်င္တာျဖစ္ပါတယ္လို႔ ညႊန္ၾကားေရးမွဴ း Bader ကေျပာပါတယ္။ သုေတသီေတြ အခ်င္းခ်င္း ယိုင္းပင္းတဲ့အစီအစဥ္ျဖစ္တယ္လို႔ လည္းဆိုပါတယ္။

“ဖြံ႔ံၿဖိဳးဆဲႏိုင္ငံေတြမွာ ႏိုင္ငံတကာသိပၸံပညာရွင္ေတြနဲ႔ အတူတြဲလုပ္ေနၾကတဲ့ အေမရိကန္သိပၸံပညာရွင္ေတြကို ဒီ သုေတသီအခ်င္းခ်င္းရိုင္းပင္းတဲ့ အစီအစဥ္အရ၊ က်ေနာ္တို႔က ပံ့ပိုးေပးေနပါတယ္။ ႏိုင္ငံတကာသိပၸံပညာရွင္ေတြနဲ႔ သုေတသီေတြ၊ စြမ္းရည္ျမင့္မားေအာင္၊ သူတို႔ရဲ႕ တီထြင္မႈေတြတန္းတူ ပါဝင္ႏိုင္ေအာင္ ေထာက္ပံ့ေပးမွာျဖစ္တယ္လို႔ ေျပာသြားတာပါ။”

ဖြံ႔ၿဖိဳးမႈအတြက္ ေနာက္ထပ္ စမ္းသပ္တီထြင္မႈကို ဦးေဆာင္တဲ့ အစီအစဥ္လည္းရွိပါေသးတယ္လို႔ ညႊန္ၾကားေရးမွဴ း Bader ကေျပာပါတယ္။

“ကမၻာတဝန္း ဘယ္ေနရာကျဖစ္ျဖစ္၊ ဘယ္သူဘဲျဖစ္ျဖစ္၊ ဘာအေၾကာင္းအရာနဲ႔ဘဲ ဆိုင္ဆိုင္၊ အႀကံေကာင္း ဉာဏ္ေကာင္း အစီအစဥ္ေတြကိုအခ်ိန္မေရြးအဆိုျပဳ တင္သြင္းႏိုင္တဲ့ စနစ္ တခုျဖစ္ပါတယ္။ ဒီ ဓါတ္ခြဲခန္းက သူတို႔နဲ႔ အတူ တြဲလုပ္သြားမွာပါ။ အေထာက္အထားကိုအေျခခံတဲ့ လုပ္ငန္းစဥ္ျဖစ္ၿပီး၊ လုပ္ေဆာင္မႈအတြက္ အခေၾကးေငြနဲ႔ အထိုက္အေလ်ာက္ မွတ္တမ္းတင္ႏိုင္ရမွာျဖစ္ပါတယ္။ ကိုယ့္ႏိုင္ငံအတြင္းမွာေရာ၊ တျခားႏိုင္ငံေတြမွာပါ၊ ဖြံ႔ၿဖိဳးေရးအတြက္ တန္းတူ ပါဝင္ျဖည့္ဆည္းႏိုင္ေအာင္၊ စြမ္းေဆာင္ရည္ျမင့္မားေရးနဲ႔ အစဥ္အလာမဟုတ္တဲ့ မိတ္ဖက္ေတြနဲ႔ပါ ပူးေပါင္းေဆာင္ရြက္ဖို႔ျဖစ္ပါတယ္လို႔ ေျပာသြားတာပါ။”

ႏိုင္ငံတကာဖြံ႔ၿဖိဳးေရး တိုးတက္ေအာင္၊ ကုန္က်စားရိတ္သက္သာေအာင္နဲ႔၊ ျမန္ဆန္ထိေရာက္မႈရွိေအာင္အတြက္၊ က်ေနာ္တို႔က Digital နည္းပညာ၊ AI artificial intelligence၊ ကိန္းဂဏန္းတြက္ခ်က္မႈ နည္းစနစ္အသစ္ေတြ၊ Crypto ေခၚ Online ေငြေၾကးသံုးစြဲမႈ ပိတ္ဆို႔ေရးနည္းလမ္းေတြ ပိုၿပီး အသံုးျပဳ ေနပါတယ္လို႔ ညႊန္ၾကားေရးမွဴး Harry Bader ကေျပာဆိုလိုက္ေၾကာင္းပါ။

.............

နိုင်ငံတကာဖွံ့ဖြိုးရေးအတွက် USAID ဓာတ်ခွဲခန်း ဖွင့်လှစ်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

USAID အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီက ကမ္ဘာတဝန်းဖွံ့ဖြိုးမှု ဓါတ်ခွဲစမ်းသပ်ခန်းတခုကို လွန်ခဲ့တဲ့ ၆ နှစ်က စတင်ထူထောင်ခဲ့ပါတယ်။ သိပ္ပံနဲ့ နည်းပညာ၊ တီထွင်ဖန်တီးမှုနဲ့ မိတ်ဖက် ပူးပေါင်းမှုတွေကတဆင့်၊ အလွန်အမင်းဆင်ရဲမွဲတေမှု အဆုံးသတ်နိုင်ရေး ရည်ရွယ်ပြီး၊ တီထွင်ဖန်တီးမှု ယန္တရားတခု ထူထောင်တာဖြစ်ပါတယ်။

ဒီဓါတ်ခွဲခန်းကို အစီအစဉ်တွေထုတ်လုပ်ဖို့ သီးသန့် ထူထောင်ထားတာမဟုတ်ပါဘူး။ ရှိပြီးသား အစီအစဉ်တွေ ပိုကောင်းအောင် နည်းလမ်းတွေရှာဖွေဖို့၊ အမေရိကန်အခွန်ထမ်းတွေအတွက် တင်မဟုတ်ဘဲ၊ ဖွံ့ဖြိုးမှုအစီအစဉ်တွေရဲ့ အကျိုးကျေးဇူးတွေခံစားနေကြသူတွေအတွက်ပါ၊ ပိုပြီး ထိရောက်မှုရှိပြီး၊ တာဝန်ခံမှုရှိအောင် ထူထောင်ထားတာဖြစ်တယ်လို့ ကမ္ဘာတဝန်းဖွံ့ဖြိုးမှုဓါတ်ခွဲခန်းရုံးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူ း Harry Bader ကပြောပါတယ်။

“USAID အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီရုံးတွေရှိတဲ့ ဒေသအားလုံးနဲ့ ဖွံ့ဖြိုးမှု ကဏ္ဍအားလုံး ခြုံငုံပြီး၊ ကျနော်တို့ရဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက် နေပါတယ်။ ကူးစက်ရောဂါနဲ့ တခြားရောဂါတွေကအစ၊ အလွန်အမင်းဆင်းရဲမွဲတေမှုနဲ့ ပညာမသင်နိုင်ကြတဲ့ အဖြစ်တွေအဆုံး ကိုင်တွယ်ရာမှာ၊ သိပ္ပံနဲ့ နည်းပညာ တီထွင်ဖန်တီးမှု၊ Digital နည်းပညာတွေကို အပြည့်အဝ အသုံးချနိုင်ဖို့ ဒီ ဓါတ်ခွဲခန်းက ပံ့ပိုးပေးပါတယ်။ ကမ္ဘာတဝန်း၊ အရပ်ဘက်အဖွဲ့အစည်းတွေ စွမ်းဆောင်ရည် မြင့်မားအောင် တည်ဆောက်ရင်း၊ မတူကွဲပြားမှုတွေအကြား၊ အပြန်အလှန်နားလည်သည်းခံမှု တိုးလာပြီး ဒီမိုကရေစီလူ့ဘောင်ကို ရှေ့ရှုနိုင်ဖို့ဖြစ်တယ်လို့ ပြောသွားတာပါ။ ”

ဒီဓါတ်ခွဲခန်းအနေနဲ့ USAID အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီရဲ့ တီထွင်ဖန်တီးမှု အားလုံးအတွက် အကျုံးဝင်တယ်လို့လည်း ဆိုပါတယ်။

“ကမ္ဘာတဝန်း တက္ကသိုလ် ၁၀၀ ကျော်ပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစုကြီးကတဆင့်၊ ကျနော်တို့ရဲ့ သိပ္ပံ သုတသနလုပ်ငန်းတွေကို ပဏာမအနေနဲ့ အာရုံစိုက် ဆောင်ရွက်တာဖြစ်ပါတယ်။”

လူသားထုရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ဖွံ့ဖြိုးမှုအတွက် မေးစရာရှိတဲ့ မေးခွန်းတွေကို ကျနော်တို့ရဲ့ အေဂျင်စီ တခုတည်းက အဖြေပေးနိုင်မှာ မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ ကမ္ဘာတဝန်း သုတေသနလုပ်နေကြတဲ့အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ လုပ်ငန်းစုကြီးရဲ့ စွမ်းဆောင်ရည် ပိုခိုင်မာအောင်၊ ထိရောက်မှုရှိအောင်၊ ကျနော်တို့ ကူညီချင်တာဖြစ်ပါတယ်လို့ ညွှန်ကြားရေးမှူ း Bader ကပြောပါတယ်။ သုတေသီတွေ အချင်းချင်း ယိုင်းပင်းတဲ့အစီအစဉ်ဖြစ်တယ်လို့ လည်းဆိုပါတယ်။

“ဖွံံ့ဖြိုးဆဲနိုင်ငံတွေမှာ နိုင်ငံတကာသိပ္ပံပညာရှင်တွေနဲ့ အတူတွဲလုပ်နေကြတဲ့ အမေရိကန်သိပ္ပံပညာရှင်တွေကို ဒီ သုတေသီအချင်းချင်းရိုင်းပင်းတဲ့ အစီအစဉ်အရ၊ ကျနော်တို့က ပံ့ပိုးပေးနေပါတယ်။ နိုင်ငံတကာသိပ္ပံပညာရှင်တွေနဲ့ သုတေသီတွေ၊ စွမ်းရည်မြင့်မားအောင်၊ သူတို့ရဲ့ တီထွင်မှုတွေတန်းတူ ပါဝင်နိုင်အောင် ထောက်ပံ့ပေးမှာဖြစ်တယ်လို့ ပြောသွားတာပါ။”

ဖွံ့ဖြိုးမှုအတွက် နောက်ထပ် စမ်းသပ်တီထွင်မှုကို ဦးဆောင်တဲ့ အစီအစဉ်လည်းရှိပါသေးတယ်လို့ ညွှန်ကြားရေးမှူ း Bader ကပြောပါတယ်။

“ကမ္ဘာတဝန်း ဘယ်နေရာကဖြစ်ဖြစ်၊ ဘယ်သူဘဲဖြစ်ဖြစ်၊ ဘာအကြောင်းအရာနဲ့ဘဲ ဆိုင်ဆိုင်၊ အကြံကောင်း ဉာဏ်ကောင်း အစီအစဉ်တွေကိုအချိန်မရွေးအဆိုပြု တင်သွင်းနိုင်တဲ့ စနစ် တခုဖြစ်ပါတယ်။ ဒီ ဓါတ်ခွဲခန်းက သူတို့နဲ့ အတူ တွဲလုပ်သွားမှာပါ။ အထောက်အထားကိုအခြေခံတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး၊ လုပ်ဆောင်မှုအတွက် အခကြေးငွေနဲ့ အထိုက်အလျောက် မှတ်တမ်းတင်နိုင်ရမှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအတွင်းမှာရော၊ တခြားနိုင်ငံတွေမှာပါ၊ ဖွံ့ဖြိုးရေးအတွက် တန်းတူ ပါဝင်ဖြည့်ဆည်းနိုင်အောင်၊ စွမ်းဆောင်ရည်မြင့်မားရေးနဲ့ အစဉ်အလာမဟုတ်တဲ့ မိတ်ဖက်တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်လို့ ပြောသွားတာပါ။”

နိုင်ငံတကာဖွံ့ဖြိုးရေး တိုးတက်အောင်၊ ကုန်ကျစားရိတ်သက်သာအောင်နဲ့၊ မြန်ဆန်ထိရောက်မှုရှိအောင်အတွက်၊ ကျနော်တို့က Digital နည်းပညာ၊ AI artificial intelligence၊ ကိန်းဂဏန်းတွက်ချက်မှု နည်းစနစ်အသစ်တွေ၊ Crypto ခေါ် Online ငွေကြေးသုံးစွဲမှု ပိတ်ဆို့ရေးနည်းလမ်းတွေ ပိုပြီး အသုံးပြု နေပါတယ်လို့ ညွှန်ကြားရေးမှူး Harry Bader ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG