Accessibility links

Breaking News

ပါကစၥတန္ႏုိင္ငံ ကုိဗစ္-၁၉ တုိက္ဖ်က္ေရးအတြက္ ကန္ ကူညီ


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ပါကစၥတန္ႏိုင္ငံရဲ႕ COVID-19 ကပ္ေရာဂါကာကြယ္တိုက္ဖ်က္ေရးမွာ အေမရိကန္ျပည္ေထာင္စုက ပူးေပါင္းေဆာင္ရြက္ဖို႔ သႏၷိ႒ာန္ခ်မွတ္ထားပါတယ္။ USAID အေမရိကန္ႏိုင္ငံတကာဖြံ႔ၿဖိဳးမႈ ေအဂ်င္စီနဲ႔ NDMA ေခၚ ပါကစၥတန္အမ်ိဳးသား သဘာဝေဘးအႏၱရာယ္စီမံခန္႔ခြဲမႈ အာဏာပိုင္အဖြဲ႔တို႔ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ Punjab ျပည္နယ္ အထူးက်န္းမာေရးျပဳစု ေစာင့္ေရွက္မႈနဲ႔ ေဆးပညာဌာန ကတဆင့္၊ COVID-19 လူနာေတြအတြက္ အသက္ရွဴ အကူစက္ Ventilators အသစ္ ၄၆ ခုကို ေဆးရံု ၁၃ ရံုကို ျဖန္႔ေဝလွဴဒါန္းလိုက္ပါတယ္။

ဒီတႀကိမ္ေပးပို႔တာနဲ႔ဆိုရင္ အေမရိကန္က ပါကစၥတန္ကို ေပးပို႔တဲ့အသက္ရွဴ အကူစက္ ၂၀၀ ရွိသြားပါၿပီ။ ဒီ Ventilators ေတြေပးပို႔ႏိုင္ဖို႔အတြက္ အေမရိကန္အေျခစိုက္ Chemonics ဖံြ႔ၿဖိဳးမႈအက်ိဳးေဆာင္ကုမၸဏီက NDMA ပါကစၥတန္သဘာဝေဘးအႏၱရာယ္စီမံခန္႔ခြဲမႈအာဏာပိုင္အဖြဲ႔နဲ႔ ညွိႏိႈင္း ေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။

ပါကစၥတန္ႏိုင္ငံရဲ႕ COVID-19 ကပ္ေရာဂါ တံု႔ျပန္ေရးအတြက္ဘဲ ရည္ရြယ္ၿပီး ဒီ ထိေရာက္ၿပီး သယ္ပိုးရလြယ္ကူတဲ့ Ventilators ေတြကို ပံ့ပိုးေနတာမဟုတ္ပါဘူး။ Punjab ျပည္နယ္က်န္းမာေရးဌာနအေနနဲ႔ ကပ္ေရာဂါလြန္ကာလမွာေတာင္၊ အသည္းအသန္လူနာေတြအတြက္ အသက္ကယ္ႏိုင္တဲ့ စြမ္းရည္ ပိုတိုးလာမွာျဖစ္တယ္လို႔ အေမရိကန္ေကာင္စစ္ဝန္ခ်ဳပ္ Catherine Rodriguez ကေျပာပါတယ္။ပါကစၥတန္ႏိုင္ငံရဲ႕ NDMA, က်န္းမာေရးဝန္ႀကီးဌာနနဲ႔ Punjab ျပည္နယ္က်န္းမားဌာနတို႔ရဲ႕ ထဲထဲဝင္ဝင္ပံ့ပိုးမႈနဲ႔ ဦးေဆာင္မႈကို ေက်းဇူးတင္ပါတယ္လို႔ Ms. Rodriguez ကေျပာပါတယ္။

အေမရိကန္ - ပါကစၥတန္ မိတ္ဖက္ဆက္ဆံေရးအရ၊ ႏိုင္ငံတဝန္းဓါတ္ခြဲစစ္ေဆးတာေတြ တိုးခ်ဲ႕တာ၊ ေရာဂါအေျခအေနေစာင့္ၾကည့္တာ၊ ေရာဂါကူးစက္မႈ ဆက္စပ္၊ ဆန္းစစ္တာ၊ ကူးစက္မႈကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရးနဲ႔ လူနာျပဳစုေစာင့္ေရွာက္ေရးေတြမွာ တိုးတက္မႈရွိေအာင္ ကူညီေနပါတယ္။ပါကစၥတန္အစိုးရရဲ႔ Coronavirus ကပ္ေရာဂါတိုက္ဖ်က္ေရးနဲ႔ ႏိုင္ငံသားေတြကို အကာအကြယ္ေပးေရး ေအာင္ျမင္ေစဖို႔ အေမရိကန္ျပည္ေထာင္စုက မိတ္ဖက္အျဖစ္ ဆက္လက္ ကူညီေနပါတယ္လို႔ USAID အေမရိကန္ႏိုင္ငံတကာဖြ႔ံၿဖိဳးမႈေအးဂ်င္စီ ညႊန္ၾကားေရးမွဴ း Julie Koenen ကေျပာပါတယ္။

ပါကစၥတန္က ကိုဗစ္လူနာေတြ ကုသဖို႔နဲ႔ ေအာက္စီဂ်င္ေပးႏိုင္ဖို႔ အဆင္သင့္ရွိေနေအာင္၊ ေဒသခံ က်န္းမာေရးဝန္ထမ္းေတြ စြမ္းေဆာင္ရည္ျမင့္မားေအာင္၊ ဒီ Ventilators အသက္ရွဴ အကူစက္ေတြက အေရးႀကီးတဲ့ ကရိယာအျဖစ္ အေထာက္အကူျပဳမွာျဖစ္ပါတယ္။

ႏိုင္ငံတဝန္း က်န္းမားေရးျပဳစုေစာင့္ေရွာက္မႈ ဝန္ပိေနတာေတြေလ်ာ့ပါးေအာင္နဲ႔၊ အသက္ေတြကယ္ဆယ္ႏိုင္ဖို႔ ပါကစၥတန္အမ်ိဳးသား သဘာဝေဘးအႏၱရာယ္စီမံခန္႔ခြဲေရးအာဏာပိုင္အဖြဲ႔၊ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ေဒသခံ က်န္းမာေရးတာဝန္ရွိသူေတြနဲ႔အတူ အေမရိကန္ျပည္ေထာင္စုက ပူးေပါင္းေဆာင္ရြက္ေနပါတယ္လို႔ USAID အေမရိကန္ႏိုင္ငံတကာဖြ႔ံၿဖိဳးမႈေအဂ်င္စီ ညႊန္ၾကားေရးမွဴ း Julie Koenen ကေျပာဆိုလိုက္ေၾကာင္းပါ။

.................

ပါကစ္စတန်နိုင်ငံ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ကန် ကူညီ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ပါကစ္စတန်နိုင်ငံရဲ့ COVID-19 ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးမှာ အမေရိကန်ပြည်ထောင်စုက ပူးပေါင်းဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။ USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီနဲ့ NDMA ခေါ် ပါကစ္စတန်အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ Punjab ပြည်နယ် အထူးကျန်းမာရေးပြုစု စောင့်ရှေက်မှုနဲ့ ဆေးပညာဌာန ကတဆင့်၊ COVID-19 လူနာတွေအတွက် အသက်ရှူ အကူစက် Ventilators အသစ် ၄၆ ခုကို ဆေးရုံ ၁၃ ရုံကို ဖြန့်ဝေလှူဒါန်းလိုက်ပါတယ်။

ဒီတကြိမ်ပေးပို့တာနဲ့ဆိုရင် အမေရိကန်က ပါကစ္စတန်ကို ပေးပို့တဲ့အသက်ရှူ အကူစက် ၂၀၀ ရှိသွားပါပြီ။ ဒီ Ventilators တွေပေးပို့နိုင်ဖို့အတွက် အမေရိကန်အခြေစိုက် Chemonics ဖွံ့ဖြိုးမှုအကျိုးဆောင်ကုမ္ပဏီက NDMA ပါကစ္စတန်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့နဲ့ ညှိနှိုင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ COVID-19 ကပ်ရောဂါ တုံ့ပြန်ရေးအတွက်ဘဲ ရည်ရွယ်ပြီး ဒီ ထိရောက်ပြီး သယ်ပိုးရလွယ်ကူတဲ့ Ventilators တွေကို ပံ့ပိုးနေတာမဟုတ်ပါဘူး။ Punjab ပြည်နယ်ကျန်းမာရေးဌာနအနေနဲ့ ကပ်ရောဂါလွန်ကာလမှာတောင်၊ အသည်းအသန်လူနာတွေအတွက် အသက်ကယ်နိုင်တဲ့ စွမ်းရည် ပိုတိုးလာမှာဖြစ်တယ်လို့ အမေရိကန်ကောင်စစ်ဝန်ချုပ် Catherine Rodriguez ကပြောပါတယ်။ပါကစ္စတန်နိုင်ငံရဲ့ NDMA, ကျန်းမာရေးဝန်ကြီးဌာနနဲ့ Punjab ပြည်နယ်ကျန်းမားဌာနတို့ရဲ့ ထဲထဲဝင်ဝင်ပံ့ပိုးမှုနဲ့ ဦးဆောင်မှုကို ကျေးဇူးတင်ပါတယ်လို့ Ms. Rodriguez ကပြောပါတယ်။

အမေရိကန် - ပါကစ္စတန် မိတ်ဖက်ဆက်ဆံရေးအရ၊ နိုင်ငံတဝန်းဓါတ်ခွဲစစ်ဆေးတာတွေ တိုးချဲ့တာ၊ ရောဂါအခြေအနေစောင့်ကြည့်တာ၊ ရောဂါကူးစက်မှု ဆက်စပ်၊ ဆန်းစစ်တာ၊ ကူးစက်မှုကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ လူနာပြုစုစောင့်ရှောက်ရေးတွေမှာ တိုးတက်မှုရှိအောင် ကူညီနေပါတယ်။ပါကစ္စတန်အစိုးရရဲ့ Coronavirus ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ နိုင်ငံသားတွေကို အကာအကွယ်ပေးရေး အောင်မြင်စေဖို့ အမေရိကန်ပြည်ထောင်စုက မိတ်ဖက်အဖြစ် ဆက်လက် ကူညီနေပါတယ်လို့ USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေးဂျင်စီ ညွှန်ကြားရေးမှူ း Julie Koenen ကပြောပါတယ်။

ပါကစ္စတန်က ကိုဗစ်လူနာတွေ ကုသဖို့နဲ့ အောက်စီဂျင်ပေးနိုင်ဖို့ အဆင်သင့်ရှိနေအောင်၊ ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေ စွမ်းဆောင်ရည်မြင့်မားအောင်၊ ဒီ Ventilators အသက်ရှူ အကူစက်တွေက အရေးကြီးတဲ့ ကရိယာအဖြစ် အထောက်အကူပြုမှာဖြစ်ပါတယ်။

နိုင်ငံတဝန်း ကျန်းမားရေးပြုစုစောင့်ရှောက်မှု ဝန်ပိနေတာတွေလျော့ပါးအောင်နဲ့၊ အသက်တွေကယ်ဆယ်နိုင်ဖို့ ပါကစ္စတန်အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဒေသခံ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ ညွှန်ကြားရေးမှူ း Julie Koenen ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG